ထိုင်းနိုင်ငံလယောင်မြို့ရှိ စက်ရုံတွင်အလုပ်လုပ်ကိုင်နေသည့်မြန်မာလုပ်သား(၆)ဦးပျောက်ဆုံးနေ၍သွားရောက်စုံစမ်းရာ ဖမ်းဆီးထောင်ချခြင်းခံထားရဟုဆို

 1732

NP News - နိုဝင်ဘာ ၁၃
ထိုင်းနိုင်ငံ လယောင်မြို့ရှိ Rubber Wood Management Rayong Co., Ltd စက်ရုံတွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား(၆)ဦးပျောက်ဆုံးနေကြောင်းသတင်းများရရှိသည့်အတွက် ထိုင်းနိုင်ငံရှိမြန်မာနိုင်ငံအလုပ်သမားသံအရာရှိရုံးမှတာဝန်ရှိသူများကနို ဝင်ဘာလ(၁၂)ရက်က သက်ဆိုင်ရာဒေသခံအလုပ်အကိုင်ဦးစီးဌာန၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး၊ ကျန်းမာရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးရုံးတို့မှတာဝန်ရှိသူ များနှင့်အတူ သွားရောက်စုံစမ်းစစ်ဆေးခဲ့ကြောင်းသံအရာရှိရုံး၏ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့သွားရောက်စုံစမ်းစစ်ဆေးခဲ့ရာ အလုပ်သမား(၆)ဦးအနက်(၂)ဦးကရန်ဖြစ်ခြင်း၊ အ လုပ်သမားများဆူပူအုံကြွစေရန်လှုံဆော်ခြင်း၊ Quarantineဝင်စဉ်အရက်သောက်ခြင်းတို့ကြောင့် အလုပ်ရှင်၏အစီအစဉ်ဖြင့်လူဝင်မှုကြီးကြပ်ရေးအားဖမ်းဆီးထိန်းချုပ်စေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါအလုပ်သမား(၆)ဦးအားအလုပ်သမားရေးရာအပိုင်းအရ ဆောင်ရွက်ရန်ဖြစ်၍ အချုပ်ထောင်မှထုတ်ပေးရန်၊ လုပ်ခလစာကျန်ရှိခြင်းအားအမြန်ထုတ်ပေးရန်တောင်းဆိုခဲ့သော်လည်း အလုပ်သမား(၆)ဦးအားအလုပ်(၂)ရက်ပျက်ကွက်သဖြင့် သက်ဆိုင်ရာအလုပ်သမားရုံးတွင်အလုပ်ထုတ်ကြောင်းကြေညာခဲ့ပြီးဖြစ်သည့်အ တွက် အလုပ်သမားများသည် တရားမဝင်တော့၍ လူဝင်မှုကြီးကြပ်ရေးမှဖမ်းခြင်းဖြစ် ကြောင်း၊ တရားသူကြီးမှဆုံးဖြတ်ချက်ချပြီးဖြစ်သဖြင့် ထောင်မှထုတ်ပေး၍မရကြောင်း အထောက်အထားများသည် တရားမဝင်တော့ကြောင်း၊ သက်ဆိုင်ရာ IDC စခန်းမှတစ် ဆင့် မြန်မာပြည်သို့ပြန်ပို့မည်ဖြစ်ကြောင်း၊ လုပ်ခလစာကျန်ရှိခြင်းအတွက် HR အ ပြောင်းအလဲဖြစ်၍ အခက်အခဲရှိပြီးအမြန်ဆောင်ရွက်ပေးမည်ဟုသိရှိရကြောင်းသံအရာ ရှိရုံးကထုတ်ပြန်ထားသည်။

ထို့ကြောင့် အလုပ်သမားများအားအလုပ်ရေးရာမူဘောင်အတွင်းမှအရေးယူခြင်းမပြုဘဲ ဖမ်းဆီးထောင်ချခြင်းသည်မလျော်ကန်သည့်အပြင် စည်းမျဉ်းစည်းကမ်းနှင့်မကိုက်ညီကြောင်း၊ အထောက်အထားများစုဆောင်း၍ တရားစွဲခြင်းအပါအဝင် မြန်မာအလုပ်သ မားများစေလွှတ်ခြင်းအား ပြင်းထန်စွာထိန်းချုပ်သွားမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးကသုံးသပ်ပြောကြားထားသည်။ အဆိုပါအလုပ်သမားရေးရာကိစ္စအတွက် တောင်းဆိုမှုများပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံးက နိုဝင်ဘာလ(၁၃)ရက်ကအ လုပ်သမားဝန်ကြီး ဌာန၊ ဝန်ကြီးနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။

zawgyi version
ထိုင္းႏိုင္ငံလေယာင္ၿမိဳ႕ရွိ စက္႐ုံတြင္အလုပ္လုပ္ကိုင္ေနသည့္ျမန္မာလုပ္သား(၆)ဦးေပ်ာက္ဆုံးေန၍သြားေရာက္စုံစမ္းရာ ဖမ္းဆီးေထာင္ခ်ျခင္းခံထားရဟုဆို
NP News - ႏိုဝင္ဘာ ၁၃
ထိုင္းႏိုင္ငံ လေယာင္ၿမိဳ႕ရွိ Rubber Wood Management Rayong Co., Ltd စက္႐ုံတြင္အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာလုပ္သား(၆)ဦးေပ်ာက္ဆုံးေနေၾကာင္းသတင္းမ်ားရရွိသည့္အတြက္ ထိုင္းႏိုင္ငံရွိျမန္မာႏိုင္ငံအလုပ္သမားသံအရာရွိ႐ုံးမွတာဝန္ရွိသူမ်ားကႏို ဝင္ဘာလ(၁၂)ရက္က သက္ဆိုင္ရာေဒသခံအလုပ္အကိုင္ဦးစီးဌာန၊ အလုပ္သမားကာကြယ္ေစာင့္ေရွာက္ေရး႐ုံး၊ က်န္းမာေရးဌာန၊ လူဝင္မႈႀကီးၾကပ္ေရး႐ုံးတို႔မွတာဝန္ရွိသူ မ်ားႏွင့္အတူ သြားေရာက္စုံစမ္းစစ္ေဆးခဲ့ေၾကာင္းသံအရာရွိ႐ုံး၏ထုတ္ျပန္ခ်က္အရ သိရသည္။

ထိုသို႔သြားေရာက္စုံစမ္းစစ္ေဆးခဲ့ရာ အလုပ္သမား(၆)ဦးအနက္(၂)ဦးကရန္ျဖစ္ျခင္း၊ အ လုပ္သမားမ်ားဆူပူအုံႂကြေစရန္လႈံေဆာ္ျခင္း၊ Quarantineဝင္စဥ္အရက္ေသာက္ျခင္းတို႔ေၾကာင့္ အလုပ္ရွင္၏အစီအစဥ္ျဖင့္လူဝင္မႈႀကီးၾကပ္ေရးအားဖမ္းဆီးထိန္းခ်ဳပ္ေစခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါအလုပ္သမား(၆)ဦးအားအလုပ္သမားေရးရာအပိုင္းအရ ေဆာင္႐ြက္ရန္ျဖစ္၍ အခ်ဳပ္ေထာင္မွထုတ္ေပးရန္၊ လုပ္ခလစာက်န္ရွိျခင္းအားအျမန္ထုတ္ေပးရန္ေတာင္းဆိုခဲ့ေသာ္လည္း အလုပ္သမား(၆)ဦးအားအလုပ္(၂)ရက္ပ်က္ကြက္သျဖင့္ သက္ဆိုင္ရာအလုပ္သမား႐ုံးတြင္အလုပ္ထုတ္ေၾကာင္းေၾကညာခဲ့ၿပီးျဖစ္သည့္အ တြက္ အလုပ္သမားမ်ားသည္ တရားမဝင္ေတာ့၍ လူဝင္မႈႀကီးၾကပ္ေရးမွဖမ္းျခင္းျဖစ္ ေၾကာင္း၊ တရားသူႀကီးမွဆုံးျဖတ္ခ်က္ခ်ၿပီးျဖစ္သျဖင့္ ေထာင္မွထုတ္ေပး၍မရေၾကာင္း အေထာက္အထားမ်ားသည္ တရားမဝင္ေတာ့ေၾကာင္း၊ သက္ဆိုင္ရာ IDC စခန္းမွတစ္ ဆင့္ ျမန္မာျပည္သို႔ျပန္ပို႔မည္ျဖစ္ေၾကာင္း၊ လုပ္ခလစာက်န္ရွိျခင္းအတြက္ HR အ ေျပာင္းအလဲျဖစ္၍ အခက္အခဲရွိၿပီးအျမန္ေဆာင္႐ြက္ေပးမည္ဟုသိရွိရေၾကာင္းသံအရာ ရွိ႐ုံးကထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ အလုပ္သမားမ်ားအားအလုပ္ေရးရာမူေဘာင္အတြင္းမွအေရးယူျခင္းမျပဳဘဲ ဖမ္းဆီးေထာင္ခ်ျခင္းသည္မေလ်ာ္ကန္သည့္အျပင္ စည္းမ်ဥ္းစည္းကမ္းႏွင့္မကိုက္ညီေၾကာင္း၊ အေထာက္အထားမ်ားစုေဆာင္း၍ တရားစြဲျခင္းအပါအဝင္ ျမန္မာအလုပ္သ မားမ်ားေစလႊတ္ျခင္းအား ျပင္းထန္စြာထိန္းခ်ဳပ္သြားမည္ျဖစ္ေၾကာင္း အလုပ္သမားသံအရာရွိ႐ုံးကသုံးသပ္ေျပာၾကားထားသည္။ အဆိုပါအလုပ္သမားေရးရာကိစၥအတြက္ ေတာင္းဆိုမႈမ်ားျပဳလုပ္ရန္ အလုပ္သမားသံအရာရွိ႐ုံးက ႏိုဝင္ဘာလ(၁၃)ရက္ကအ လုပ္သမားဝန္ႀကီး ဌာန၊ ဝန္ႀကီးႏွင့္ေတြ႕ဆုံခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.