ကျွန်းလည်ကျေးရွာမှ ရွာသူ၊ရွာသားများကိုအကြောင်းအမျိုးမျိုးပြစွပ်စွဲ၍သတ်ဖြတ်ခြင်းနှင့်အိုးအိမ်ဖျက်ဆီးသူများကို ဖမ်းဆီးရမိရေးဆောင်ရွက်နေဟုဆို

 1671

NP News - နိုဝင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ကျွန်းလည်ကျေးရွာရှိ တံတားနှင့်စာသင် ကျောင်းကို အကြမ်းဖက်သမားများဖောက်ခွဲဖျက်ဆီးရန်စီစဉ်နေကြပြီး ကပဲကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝင်များ၏ နေအိမ်များကို ဝင် ရောက်တိုက်ခိုက်လုယက်ရန်စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး နစကသတင်းမှန်ပြန်ကြားရေးအဖွဲ့ကိုမေးမြန်းရာ “ရိုး သားစွာနေထိုင်ကြတဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေကို အကြောင်းအမျိုးမျိုးပြစွပ်စွဲပြီး အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ အိုးအိမ်တွေကို ဖျက်ဆီးခြင်းပြုလုပ်တဲ့အကြမ်းဖက်သမားတွေကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပါတယ်”ဟု တာဝန်ရှိသူတစ်ဦးကဖြေကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၂)ရက်လည်း အဆိုပါကျွန်းလည်ကျေးရွာရှိ ကျေးရွာသ မဝါယမဥက္ကဋ္ဌ၏ နေအိမ်သို့အမည်မသိ လက်နက်ကိုင်(၂ဝ)ဦးခန့် ဆိုင်ကယ်(၁ဝ)စီးဖြင့် ရောက်ရှိလာကာ ဒလန်ဟုစွပ်စွဲ၍ နေအိမ်အားဝိုင်းထားပြီး လက်နက်ကိုင်(၆)ဦးခန့်မှ နေအိမ်အတွင်းဝင်ရောက်၍ သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ အိမ်မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ပြီး ဆိုင်ကယ်(၂)စီးအားယူဆောင်ခဲ့သည့်ဖြစ်စဉ်ရှိခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာသို့လုံခြုံရေးပူးပေါင်းအဖွဲ့များက သွားရောက်စစ်ဆေးခဲ့ရာနေ အိမ်မီးလောင်ကျွမ်းပျက်စီးပြီး ဦးသန်းနိုင်၊ ဇနီးဖြစ်သူဒေါ်တင်တင်ဝင်းနှင့်ဦးလေးဖြစ်သူ ဦးသန်းတို့ သုံးဦးလက်နက်ငယ်ဒဏ်ရာများရရှိခဲ့ကာ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်ဒဏ်ရာများရရှိခဲ့သူသုံးဦးအားဆေးရုံသို့ပို့ဆောင်စဉ် ဒေါ်တင်တင်ဝင်းမှာ ရရှိသည်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းထုတ်ပြန်ထားသည်။ အဆိုပါသတင်းများကြောင့်လည်း ဒေသခံများက စိုးရိမ်ပူပန်လျက်ရှိကြောင်းသိရသည်။

zawgyi version
ကြၽန္းလည္ေက်း႐ြာမွ ႐ြာသူ၊႐ြာသားမ်ားကိုအေၾကာင္းအမ်ိဳးမ်ိဳးျပစြပ္စြဲ၍သတ္ျဖတ္ျခင္းႏွင့္အိုး အိမ္ဖ်က္ဆီးသူမ်ားကို ဖမ္းဆီးရမိေရးေဆာင္႐ြက္ေနဟုဆို
NP News - ႏိုဝင္ဘာ ၁၄
စစ္ကိုင္းတိုင္းေဒသႀကီး၊ တန႔္ဆည္ၿမိဳ႕နယ္၊ ကြၽန္းလည္ေက်း႐ြာရွိ တံတားႏွင့္စာသင္ ေက်ာင္းကို အၾကမ္းဖက္သမားမ်ားေဖာက္ခြဲဖ်က္ဆီးရန္စီစဥ္ေနၾကၿပီး ကပဲေက်း႐ြာမွ ျပည္ခိုင္ၿဖိဳးပါတီဝင္မ်ား၏ ေနအိမ္မ်ားကို ဝင္ ေရာက္တိုက္ခိုက္လုယက္ရန္စီစဥ္ေနေၾကာင္း သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။

အဆိုပါသတင္းႏွင့္ပတ္သက္ၿပီး နစကသတင္းမွန္ျပန္ၾကားေရးအဖြဲ႕ကိုေမးျမန္းရာ “႐ိုး သားစြာေနထိုင္ၾကတဲ့ ေက်း႐ြာသူ၊ ေက်း႐ြာသားေတြကို အေၾကာင္းအမ်ိဳးမ်ိဳးျပစြပ္စြဲၿပီး အႏိုင္က်င့္သတ္ျဖတ္ျခင္း၊ အိုးအိမ္ေတြကို ဖ်က္ဆီးျခင္းျပဳလုပ္တဲ့အၾကမ္းဖက္သမားေတြကို ဖမ္းဆီးရမိေရးေဆာင္႐ြက္လ်က္ရွိပါတယ္”ဟု တာဝန္ရွိသူတစ္ဦးကေျဖၾကားသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ (၁၂)ရက္လည္း အဆိုပါကြၽန္းလည္ေက်း႐ြာရွိ ေက်း႐ြာသ မဝါယမဥကၠ႒၏ ေနအိမ္သို႔အမည္မသိ လက္နက္ကိုင္(၂ဝ)ဦးခန႔္ ဆိုင္ကယ္(၁ဝ)စီးျဖင့္ ေရာက္ရွိလာကာ ဒလန္ဟုစြပ္စြဲ၍ ေနအိမ္အားဝိုင္းထားၿပီး လက္နက္ကိုင္(၆)ဦးခန႔္မွ ေနအိမ္အတြင္းဝင္ေရာက္၍ ေသနတ္မ်ားျဖင့္ ပစ္ခတ္ျခင္း၊ အိမ္မီးရႈိ႕ဖ်က္ဆီးျခင္းမ်ားျပဳလုပ္ၿပီး ဆိုင္ကယ္(၂)စီးအားယူေဆာင္ခဲ့သည့္ျဖစ္စဥ္ရွိခဲ့ေၾကာင္းသိရသည္။ အဆိုပါျဖစ္စဥ္ျဖစ္ပြားရာေနရာသို႔လုံၿခဳံေရးပူးေပါင္းအဖြဲ႕မ်ားက သြားေရာက္စစ္ေဆးခဲ့ရာေန အိမ္မီးေလာင္ကြၽမ္းပ်က္စီးၿပီး ဦးသန္းႏိုင္၊ ဇနီးျဖစ္သူေဒၚတင္တင္ဝင္းႏွင့္ဦးေလးျဖစ္သူ ဦးသန္းတို႔ သုံးဦးလက္နက္ငယ္ဒဏ္ရာမ်ားရရွိခဲ့ကာ လုံၿခဳံေရးပူးေပါင္းတပ္ဖြဲ႕ဝင္မ်ားမွ လက္နက္ငယ္ဒဏ္ရာမ်ားရရွိခဲ့သူသုံးဦးအားေဆး႐ုံသို႔ပို႔ေဆာင္စဥ္ ေဒၚတင္တင္ဝင္းမွာ ရရွိသည္ဒဏ္ရာျဖင့္ ေသဆုံးသြားခဲ့ေၾကာင္းထုတ္ျပန္ထားသည္။ အဆိုပါသတင္းမ်ားေၾကာင့္လည္း ေဒသခံမ်ားက စိုးရိမ္ပူပန္လ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.