ကမ္ဘာကျော် Plus size မော်ဒယ်တွေကဘယ်သူတွေလဲ
 1074
ဝတီ (NP News) - နိုဝင်ဘာ ၁၄
အခုနောက်ပိုင်းခေတ်မှာမော်ဒယ်ဆိုရင် ပိန်သွယ်နေမှမဟုတ်ဘဲပြည့်ပြည့်ဖြိုးဖြိုးမော်ဒယ်လ်တွေလည်းနေရာအတော်ရလာနေပါပြီ။ ဒီဇိုင်နာတွေကလည်းဝဝဖြိုးဖြိုးအမျိုးသ မီးတွေအတွက် သီးသန့်ဆိုက်ဒ်တွေဂရုတစိုက်ထုတ်လာပြီးအဲဒီအဝတ်အစားတွေကို Plus size မော်ဒယ်တွေကို ဝတ်ပြခိုင်းပါတယ်။ ဒီလိုနဲ့Plus size လို့ခေါ်တဲ့ မော်ဒယ်အကိတ်ကြီးတွေဟာ သူ့ကဏ္ဍနဲ့သူအောင်မြင်ကျော်ကြားလာကြပါတော့တယ်။ ဒါကြောင့် လက်ရှိ ကမ္ဘာပေါ်မှာနာမည်ကြီးနေတဲ့ Plus size မော်ဒယ်တွေကဘယ်သူတွေလဲဆိုတာ စုစည်းဖော်ပြလိုက်ပါတယ်။
zawgyi version
ဝတီ (NP News) - နိုဝင်ဘာ ၁၄
ဖလူဗီယာ လာဆာဒါ
သူကတော့ ဘရာဇီးသူပါ။ ဘရာဇီးသူဆိုပေမယ့် သူကနိုင်ငံရပ်ခြားမှာပါအောင်မြင်ကျော် ကြားနေပါပြီ။ သူဟာ အရပ် ၅ ပေ၊ ၇ လက်မ ရှိပါတယ်။ ထူးခြားတဲ့အချက်ကတော့ သူဟာ အိမ်ထောင်သည်ဖြစ်ပြီး သမီးတစ်ယောက်တောင်ရှိပါတယ်။ တစ်သားမွေးတသွေးလှဆိုသလိုပဲ ကလေးအမေဖြစ်နေတာတောင် သူကပြည့်ပြည့်တင်းတင်းနဲ့ လှပနေတုန်းပါပဲ။
zawgyi version
ဖလူဗီယာ လာဆာဒါ
ပရက်ရှတ်စ်လီ
လက်ရှိကမ္ဘာ့ထိပ်တန်း Plus size မော်ဒယ်တွေထဲမှာ အရပ် ၅ ပေ၊ ၁၁ လက်မရှိတဲ့ပရက်ရှတ်စ်လီဆိုတဲ့ ဒီမော်ဒယ်လ်ပါပဲ။ သူဟာ မော်ဒယ်လ်ဖြစ်တဲ့အပြင်ဖက်ရှင်လောကမှာလူ မျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှု၊ ကျား၊ မခွဲခြားမှုမရှိရေးအတွက်ပါအားသွန်ခွန် စိုက်တစ်တပ်တအားပါဝင်လုပ်ဆောင်ပါတယ်။ လူမည်းလည်းဖြစ်၊ Plus size လည်းဖြစ်နေပေမယ့် သူ့အလှဓာတ်ပုံတွေဟာ ကမ္ဘာကျော်ဖက်ရှင်မဂ္ဂဇင်းကြီးတွေမှာဖော်ပြခံရလေ့ရှိတယ်။ တကယ့် ထိပ်တန်းဖက်ရှင်ရှိုးပွဲကြီးတွေမှာလည်း သူပါဝင်ကိုယ်ဟန်ပြခွင့်ရလေ့ရှိပါတယ်။
zawgyi version
ပရက္ရွတ္စ္လီ
ခရစ္စတယ်လ်ရန်
ဒီအမေရိကန်သူဟာ အသက်(၁၄)နှစ်အရွယ်ကတည်းကမော်ဒယ်အလုပ်စလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ဝိတ်လျှော့ဖို့အပြောခံလာရပါတယ်။ သူလည်းအစားအသောက်ဆင်ခြင်ရုံသာမက
အားကစားပါလုပ်ပြီး ဝိတ်ကျအောင် နှစ်တွေနဲ့ချီလုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်းဝိတ် ကပေါင်(၇ဝ)တောင်တက်လာပါသေးတယ်။ ဒါနဲ့ပဲနောက်ပိုင်းမှာတော့ သူက Plus size မော်ဒယ်လ်ဆိုပြီးတော့ မော်ဒယ်လောကထဲကို တကျော့ပြန်ဝင်လာပါတယ်။ ပြီးတော့မော်ဒယ်လ်တစ်ယောက်အနေနဲ့ဝိတ်ကျဖို့ ဘယ်လောက်အထိအစာအငတ်ခံခဲ့ရကြောင်း
အတွေ့အကြုံတွေ၊ မော်ဒယ်လောကထဲမှာ ဘယ်လောက်အထိအခက်အခဲတွေတွေ့ခဲ့ကြောင်းအတွေ့အကြုံတွေကို စာအုပ်ရေးသားထုတ်ဝေခဲ့ပါတယ်။ သူ့အရပ်က ၅ ပေ၊ ၉ လက်မရှိပါတယ်။
zawgyi version
ခရစ္စတယ်လ်ရန်
ကန်ဒစ် ဟတ်ဖိုင်း
အရပ် ၅ ပေ၊ ၉ လက်မရှိတဲ့ ဒီ Plus size မော်ဒယ်ဟာလည်း အမေရိကန်သူပါ။ သူဟာ ဆယ်ကျော်သက်အရွယ်လေးမှာတင် ဆယ်ကျော်သက်အလှမယ်ဘွဲ့ရခဲ့ပါတယ်။ Plus size မော်ဒယ်လောကမှာ သူနာမည်ကြီးနေတာ အတော်ကြာနေပါပြီ။ ဒါကြောင့်တကယ့်စူပါမော်ဒယ်အဆင့်တောင်ရောက်နေပါပြီ။
zawgyi version
ကန်ဒစ် ဟတ်ဖိုင်း
တာရာလင်း
အရပ်အမြင့် ၅ ပေ၊ ၇ လက်မရှိပြီး အကိတ်မော်ဒယ်အဖြစ်နာမည်ကြီးနေတဲ့တာရာလင်းဟာ အမေရိကန်သူဖြစ်ပါတယ်။ နာမည်ကြီးဖက်ရှင်မဂ္ဂဇင်းတချို့မှာသူ့ပုံတွေပါသွားပြီးနောက်မှာတော့ ဖက်ရှင်လောကသားတွေ အာရုံစိုက်တာကို ခံလာရပါတယ်။ အခုဆိုရင်တော့ သူ့ပုံမပါဖူးတဲ့ နာမည်ကြီးဖက်ရှင်မဂ္ဂဇင်းရယ်လို့မရှိတော့သလောက်တောင်ဖြစ် နေပါပြီ။
zawgyi version
တာရာလင်း
ကလိုဝီမာရှယ်လ်
အရပ်အမြင့် ၅ ပေ၊ ၁၀ လက်မရှိတဲ့ ကလိုဝီမာရှယ်လ်ကတော့ အင်္ဂလန်သူဖြစ်ပါတယ်။ သူဟာ အင်္ဂ လန်အလှမယ်ပြိုင်ပွဲကြီးမှာ ဒုတိယချိတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း မော်ဒယ်လ်အေဂျင်စီကြီးတစ်ခုက သူ့ကို စာချုပ်ချုပ်လိုက်တော့တာပါ။ အခုဆိုရင် သူဟာအကိတ်ကြီးတွေအတွက် အထူးထုတ်လုပ်တဲ့ အဝတ်အထည် အမှတ်တံဆိပ်တွေမှာမော်ဒယ်လ်လုပ်ပေးနေရပါပြီ။
zawgyi version
ကလိုဝီမာရှယ်လ်
ရော့ဘင်လော်လေ
Plus size မော်ဒယ်လို့ နာမည်ကြီးနေတဲ့ ဒီသြစတြေးလျသူကတော့ အရပ် ၆ ပေ၊ ၂ လက်မရှိပါတယ်။ သူဟာ သြစတြေးလျ နာမည်ကြီးဖက်ရှင်မဂ္ဂဇင်းတစ်ခုမှာ ပထမဦးဆုံးပါဝင်ခွင့်ရတဲ့ Plus size မော် ဒယ်လ်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကမ္ဘာတလွှားက ထိပ်သီးဖက်ရှင်မဂ္ဂဇင်းမျက်နှာဖုံးမှန်သမျှ သူ့ပုံနဲ့မကင်းတော့ပါဘူး။ ဒါ့အပြင် ထိတ်ထိတ်ကြဲဖက်ရှင်ဒီဇိုင်နာ ကမ်ပိန်းတစ်ခုမှာလည်း
သူဟာ ပထမဦးဆုံးပါဝင်ခွင့်ရတဲ့ Plus size မော်ဒယ်လ်ဖြစ်လာပါသေးတယ်။
zawgyi version
ရော့ဘင်လော်လေ
ဂျပ်စ်တင်းလီဂေါ့တ်
ထောင်ထောင်မောင်းမောင်း ထွားထွားကျိုင်းကျိုင်း ဒီမော်ဒယ်လ်ကတော့ကနေဒါသူပါ။ သူ့ကိုယ်ခန္ဓာဟာ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့မြင်သူတကာ မက်လောက်စရာဖြစ်နေတဲ့အပြင် မျက်နှာလေးကလည်းလှပြီး အဲဒီအလှကိုရွှေရောင်ဆံနွယ်တွေက ထပ်အားဖြည့်ပေးထားပါသေးတယ်။ အသားအရည်ကလည်း လှ၊ ခန္ဓာကိုယ်ကောက်ကြောင်းတွေကလည်း အထင်းသားဖြစ်နေတဲ့အပြင် သူ့ခြေတံတွေကလည်း မြင်ရသူပုရိသအပေါင်း ရင်ဖိုသွားလောက်အောင်လှနေပါသေးတယ်။ ဒီလိုအလှပိုင်ရှင်မျိုးကို မဂ္ဂဇင်းမျက်နှာဖုံးရှင်အဖြစ် ရွေးချယ်ဖော်ပြလိုက်တော့မဂ္ဂဇင်းပရိသတ်တွေ သဘောအကျကြီးကျသွားတော့တာပေါ့။ ဒါကြောင့်လည်း သူဟာနာမည်တစ်လုံးရသွားပြီး အခုဆိုရင်ကြော်ငြာတွေပါအများကြီး ရိုက်နေရပါပြီ။
zawgyi version
ဂျပ်စ်တင်းလီဂေါ့တ်
ဂျန်နီရွတ်ခ်
သူဟာလည်း ခန္ဓာကိုယ်က ကိတ်သလောက် မျက်နှာလေးက နုနယ်လှပပါတယ်။ မော်ဒယ်လ်လောကထဲ သူရောက်တာသိပ်မကြာသေးဘူးဆိုပေမယ့် ခေါင်းကြီးသတင်းတွေမှာတော့သူ့နာမည်က နေရာယူနေပါပြီ။ ရေကူးဝတ်စုံတွေ ထုတ်လုပ်တဲ့ နာမည်ကျော် ကုမ္ပဏီကြီးတစ်ခုကပိန်ပိန်သွယ်သွယ်တွေအ တွက်သာမက ဝဝဖြိုးဖြိုးတွေဝတ်ဖို့အတွက်ပါ ရေကူးဝတ်စုံအထူးဆိုက်ဒ်တွေထုတ်လုပ်လိုက်ပါတယ်။ ပြီးတော့ အဲဒါတွေကိုဝတ်ပြဖို့ဂျန်နီရွတ်ခ်ကို သုံးလိုက်ပါတယ်။ နုထွားကြီးလို့ပြောလို့ရမယ့် ဂျန်နီရွတ်ခ်ဟာ အရပ် ၅ ပေ၊ ၁ဝ လက်မရှိပါသတဲ့လေ။
zawgyi version
ဂျန်နီရွတ်ခ်
အက်ရှ်လေ ဂရေဟမ်
အော်မြင်ကျော်ကြား Plus size မော်ဒယ်များအကြောင်း ပြောမယ်ဆိုရင် အက်ရှ်လေ ဂရေဟမ်မပါဘဲ ဘယ်လိုမှ မပြည့်စုံနိုင်ပါဘူး။ အရပ် ၅ ပေ၊ ၉ လက်မ ရှိတဲ့ သူဟာအမေရိကန်သူဖြစ်ပြီး ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး Plus size မော်ဒယ်လို့ ပြောလို့ရပါတယ်။ သူ ဘယ်လောက်အထိအောင်မြင်သလဲဆိုရင် ရုပ်ရှင်ကားကြီးတွေတောင်ရိုက်နေရတဲ့အထိပါပဲ။ America’s Next Top Model မှာလည်းသူကဒိုင်လုပ်ပါသေးတယ်။ ဒါ့အပြင်ကမ္ဘာ့အဆင့် အလှမယ်ပြိုင်ပွဲကြီးတွေမှာလည်း အစီအစဉ်တင်ဆက်သူ လုပ်ခွင့်ရပါသေးတယ်။
ကဲ.. ပိန်မှ၊ သွယ်မှ လှတာမဟုတ်ဘဲ တောင့်တောင့်တင်းတင်း၊ ပြည့်ပြည့်တင်းတင်းတွေလည်းသူ့အ လှနဲ့သူရှိတာပဲဆိုတာကို ဒီကမ္ဘာကျော် Plus size မော်ဒယ်တွေကသက်သေပြနေပါတယ်။ ဒါကြောင့် အဝလွန်တာမျိုးမဟုတ်ဘဲ တော်ရုံတန်ရုံ ပြည့်တာမျိုးလောက်ကတော့ အစာအငတ်ခံပြီးကိုယ့်ကိုယ်ကိုယ် မညှဉ်းဆဲသင့်ပါဘူး။ ကိုယ့်အရပ်အမောင်းနဲ့ကိုက်ညီတဲ့ ကိုယ်အလေးချိန်ဖြစ်နေရင်ပြီးတာပါပဲ။အဝလွန်ရင်တော့ကျန်းမာရေးအတွက် မကောင်းတာမို့ ဝိတ်လျှော့ရမှာပါ။
zawgyi version
အက်ရှ်လေ ဂရေဟမ်
Related news
© 2021. All rights reserved.