စင်ကာပူအခြေစိုက် SC Auto ကုမ္ပဏီက မြန်မာနိုင်ငံ၌ လျှပ်စစ်ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်ရန် ဆောင်ရွက်နေ

 5466

NP News - နိုဝင်ဘာ ၂၄
စင်ကာပူအခြေစိုက် SC Auto ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ခရီးသည်တင်မော်တော် ယာဉ်များတပ်ဆင်ထုတ်လုပ်ရောင်းချခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ပြီး မော်တော်ကားစက်ရုံကို ၂ဝ၁၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ရန်ကုန်စက်မှုဇုန်၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် SC NEUSTAR အမှတ်တံဆိပ်ဥရောပ စံချိန်စံညွှန်းမီ ခရီးသည်တင် ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စက်ရုံမှ တစ်နှစ်လျှင် ဘတ်စ်ကားအစီးရေ (၆ဝဝ) အထိထုတ်လုပ်နိုင်ပြီး ထုတ်လုပ်မှု၏ (၅ဝ) ရာခိုင်နှုန်းကို အာဆီယံနိုင်ငံများသို့ တင်ပို့နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

ထို့ပြင်ကုမ္ပဏီအနေဖြင့် စင်ကာပူနိုင်ငံတွင် လျှပ်စစ်ဘတ်စ်ကားများ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး နှစ်အနည်းငယ်အတွင်းတွင် မြန်မာနိုင်ငံ၌လည်း လျှပ်စစ်ဘတ်စ်ကားများ တပ်ဆင်ထုတ်လုပ်နိုင် ရေးပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်ခရီးသည်တင်ယာဉ် (E-Bus)များကို ပြည်တွင်းဈေးကွက်၌ ထုတ်လုပ်ဖြန့်ချီနိုင်ရေးနှင့် လိုအပ်သည့် ယာဉ် ပစ္စည်းအစိတ်အပိုင်းများတင်သွင်းရာတွင် အခက်အခဲများမပေါ်ပေါက်စေရေးအတွက် ဆက်လက်ဆောင်ရွက် ပေးမည့် အစီအစဉ်များကိုလည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အဆိုပါစက်ရုံသို့ နိုဝင်ဘာလ ၂၂ ရက်ကသွားရောက်စဉ် ဆွေးနွေးညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

အဆိုပါစက်ရုံသည် ကုန်ကြမ်းများနှင့် နည်းပညာကို အီးယူနိုင်ငံများမှရယူပြီး Complete Knocked–Down (CKD) စနစ်ဖြင့် စင်ကာပူနိုင်ငံတွင်ရှိသည့် SC Auto (Singapore) စက်ရုံကဲ့သို့ပင် မြန်မာနိုင်ငံတွင် စတင်ထုတ်လုပ်သည့် စက်ရုံတစ်ရုံဖြစ်ကြောင်းသိရသည်။ SC Auto စက်ရုံသည် မြန်မာနိုင်ငံ၏ ရာသီဥတု၊ လမ်းအနေအထားများနှင့် ကိုက်ညီသည့် ဘတ်စ်ကားများကို ပထမဦးဆုံးထုတ်လုပ်သည့်စက်ရုံဖြစ်ပြီး စက်ရုံစတင်ဖွင့်လှစ်ချိန်မှနောင်လာ မည့်လေးနှစ်တာအတွင်း ဝန်ထမ်းပေါင်း ၄ဝဝ ကျော်အထိခန့်အပ်ကာ မော်တော်ကားများတိုးချဲ့ထုတ်လုပ်ရန်ရည် မှန်းထားကြောင်းသိရသည်။

Zawgyi Version;
စင္ကာပူအေျခစိုက္ SC Auto ကုမၸဏီက ျမန္မာႏိုင္ငံ၌ လွ်ပ္စစ္ဘတ္စ္ကားမ်ား တပ္ဆင္ထုတ္လုပ္ရန္ ေဆာင္႐ြက္ေန
NP News - ႏိုဝင္ဘာ ၂၄
စင္ကာပူအေျခစိုက္ SC Auto ကုမၸဏီသည္ ျမန္မာႏိုင္ငံတြင္ ရာႏႈန္းျပည့္ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ ခရီးသည္တင္ေမာ္ေတာ္ ယာဥ္မ်ားတပ္ဆင္ထုတ္လုပ္ေရာင္းခ်ျခင္း၊ ျပဳျပင္ထိန္းသိမ္းျခင္းလုပ္ငန္း ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး ေမာ္ေတာ္ကားစက္႐ုံကို ၂ဝ၁၉ ခုႏွစ္တြင္ ရန္ကုန္တိုင္းေဒသႀကီး မဂၤလာဒုံၿမိဳ႕နယ္ရွိ ရန္ကုန္စက္မႈဇုန္၌ ဖြင့္လွစ္ခဲ့ေၾကာင္းသိရသည္။

လက္ရွိအခ်ိန္တြင္ SC NEUSTAR အမွတ္တံဆိပ္ဥေရာပ စံခ်ိန္စံၫႊန္းမီ ခရီးသည္တင္ ဘတ္စ္ကားမ်ား တပ္ဆင္ထုတ္လုပ္ေရာင္းခ်ျခင္း လုပ္ငန္းကို ေဆာင္႐ြက္လ်က္ရွိၿပီး အဆိုပါ စက္႐ုံမွ တစ္ႏွစ္လွ်င္ ဘတ္စ္ကားအစီးေရ (၆ဝဝ) အထိထုတ္လုပ္ႏိုင္ၿပီး ထုတ္လုပ္မႈ၏ (၅ဝ) ရာခိုင္ႏႈန္းကို အာဆီယံႏိုင္ငံမ်ားသို႔ တင္ပို႔ႏိုင္ရန္ ျပင္ဆင္ေဆာင္႐ြက္လွ်က္ရွိေၾကာင္းသိရသည္။

ထို႔ျပင္ကုမၸဏီအေနျဖင့္ စင္ကာပူႏိုင္ငံတြင္ လွ်ပ္စစ္ဘတ္စ္ကားမ်ား ထုတ္လုပ္ႏိုင္ေရးအတြက္ သုေတသနလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ ရွိၿပီး ႏွစ္အနည္းငယ္အတြင္းတြင္ ျမန္မာႏိုင္ငံ၌လည္း လွ်ပ္စစ္ဘတ္စ္ကားမ်ား တပ္ဆင္ထုတ္လုပ္ႏိုင္ ေရးျပင္ဆင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

လွ်ပ္စစ္ခရီးသည္တင္ယာဥ္ (E-Bus)မ်ားကို ျပည္တြင္းေဈးကြက္၌ ထုတ္လုပ္ျဖန႔္ခ်ီႏိုင္ေရးႏွင့္ လိုအပ္သည့္ ယာဥ္ ပစၥည္းအစိတ္အပိုင္းမ်ားတင္သြင္းရာတြင္ အခက္အခဲမ်ားမေပၚေပါက္ေစေရးအတြက္ ဆက္လက္ေဆာင္႐ြက္ ေပးမည့္ အစီအစဥ္မ်ားကိုလည္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္ႏိုင္ဦးက အဆိုပါစက္႐ုံသို႔ ႏိုဝင္ဘာလ ၂၂ ရက္ကသြားေရာက္စဥ္ ေဆြးေႏြးညႇိႏႈိင္းေပးခဲ့ေၾကာင္းသိရသည္။

အဆိုပါစက္႐ုံသည္ ကုန္ၾကမ္းမ်ားႏွင့္ နည္းပညာကို အီးယူႏိုင္ငံမ်ားမွရယူၿပီး Complete Knocked–Down (CKD) စနစ္ျဖင့္ စင္ကာပူႏိုင္ငံတြင္ရွိသည့္ SC Auto (Singapore) စက္႐ုံကဲ့သို႔ပင္ ျမန္မာႏိုင္ငံတြင္ စတင္ထုတ္လုပ္သည့္ စက္႐ုံတစ္႐ုံျဖစ္ေၾကာင္းသိရသည္။ SC Auto စက္႐ုံသည္ ျမန္မာႏိုင္ငံ၏ ရာသီဥတု၊ လမ္းအေနအထားမ်ားႏွင့္ ကိုက္ညီသည့္ ဘတ္စ္ကားမ်ားကို ပထမဦးဆုံးထုတ္လုပ္သည့္စက္႐ုံျဖစ္ၿပီး စက္႐ုံစတင္ဖြင့္လွစ္ခ်ိန္မွေနာင္လာ မည့္ေလးႏွစ္တာအတြင္း ဝန္ထမ္းေပါင္း ၄ဝဝ ေက်ာ္အထိခန႔္အပ္ကာ ေမာ္ေတာ္ကားမ်ားတိုးခ်ဲ႕ထုတ္လုပ္ရန္ရည္ မွန္းထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.