မြန်မာပလာဇာကို သပိတ်မှောက်သည့်အနေဖြင့် ဆိုင်ခန်းအများစု ရွှေ့ပြောင်း၊ ပိတ်သိမ်း

 2616

NP News - နိုဝင်ဘာ ၂၆
စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုအနေဖြင့် လူငယ်(၁ဝ) ဦးခန့်သည် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သော ပါရမီနှင့် ၎င်းတို့၏ဘက်တော်သားပိုင် Omni Focus ယာဉ်လိုင်းများကို တစ်ပတ်တိတိ စီးနင်း ခြင်းမရှိဘဲ သပိတ်မှောက်သည့် ကမ်ပိန်းလှုံ့ဆော်မှုကို နိုဝင်ဘာလ(၂၅) ရက် နေ့လည်ပိုင်းက မြန်မာပလာဇာ၏ ပရိုမိုးရှင်းဧရိယာအတွင်း ပြုလုပ်ခဲ့ရာ လုံခြုံရေးဝန်ထမ်းများမှ ထိုလူငယ်များမအား ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးခဲ့ ကြသည်။ အဆိုပါလုပ်ရပ်နှင့်ပတ်သက်၍ မြန်မာပလာဇာတာဝန်ရှိသူများမှလည်း ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သတင်းနှင့်အတူ မြန်မာပလာဇာကို ဘွိုင်းကော့ လုပ်ကြရန် တိုက်တွန်းလှုံ့ဆော်စာများ သည်လည်း မိနစ်ပိုင်းအတွင်း တပြိုင်နက် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။ အလားတူ မြန်မာပလာဇာ အတွင်းရှိ ဆိုင်ခန်းအများစုသည်လည်း ပိတ်သိမ်းမှုများရှိခဲ့ကြောင်း၊ အချို့ဆိုင်များဆိုလျှင် ယနေ့(နိုဝင်ဘာလ ၂၆) ရက်မှစတင်၍ ယာယီပိတ်သိမ်းမည်ဖြစ်ကြောင်း၊ အချို့ဆိုင်ခန်းများသည် ဆိုင်ခန်းနေရာကိုတောင် ပြောင်းရွှေ့ မည်ဖြစ်ကြောင်း စသဖြင့် ယင်းတို့၏ သက်ဆိုင်ရာပေ့ချ်များတွင် အသီးသီး အသိပေးကြေညာခဲ့ကြသည်။

မြန်မာပလာဇာ အုပ်ချုပ်ရေးရုံးအဖွဲ့က “ မိမိတို့အနေဖြင့် ဒီမိုကရေစီနည်းကျ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို အပြည့်အဝလက်ခံထားပြီး ထိုသို့ပြုမူဆောင်ရွက်ခြင်းများအပေါ်တားဆီးပိတ်ပင်သော မူဝါဒ များ အလျဉ်းမရှိပါ။ ယနေ့ဖြစ်စဉ်တွင် ကျွန်ုပ်တို့၏လုံခြုံရေးဝန်ထမ်းများသည် အေးချမ်းစွာပြုမူ ပြောဆိုဆောင် ရွက်ရမည့်အစား မသင့်တော်လွဲမှားစွာ ပြုမူဆောင်ရွက်ခဲ့သည်ကို သိရှိရသည့်အတွက် အထူးပင်စိတ်မကောင်း ဖြစ်ရပါသည် ။ အထက်ပါကိစ္စရပ်နှင့်ပတ်သက်ပြီး ပါဝင်ပတ်သက်သူများနှင့် အများပြည်သူအနေဖြင့် မည်သို့ခံစားရသည်ကို လည်း ကောင်းစွာသိရှိနားလည်ပါသည်။ ထိုကဲ့သို့ဖြစ်ခဲ့သည့်အပေါ် မြန်မာပလာဇာမှ အနူးအညွတ်တောင်းပန်အ ပ်ပါသည်” ဟု မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်ရေးသားကာ ယင်းတို့၏ လူမှုကွန်ရက်များမှတဆင့် ပြန်လည်တောင်းပန်ထားသည်ကို တွေ့ရသည်။

မြန်မာပလာဇာတွင် ဖွင့်လှစ်လျက်ရှိသည့် ဆိုင်များအနက် City Mark (Market Place) ၊ အင်းဝစာအုပ်နှင့် ကော်ဖီဆိုင်ခွဲ၊ Luxuri မှ pop-up store ၊ ဒို့ရိုးရာမြေ ဖယောင်းမြေအိုးနဲ့ Stone Therapy ဆိုင်၊ ဝါဆိုလန်း Promotion Counter ၊ nichii ၊ KFC အစရှိသည့် ဆိုင်အများစုသည် ယာယီပိတ်သိမ်းကြောင်းနှင့် ဆိုင်ခန်းပြောင်းရွေ့ကြောင်း ကြေညာထားသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားမှုအပြီး နာရီပိုင်းအတွင်း အဆိုပါလူငယ်များအား ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ယင်းတို့အနေဖြင့် ယခုဖြစ်ရပ်အား သေချာစွာပြန်လည်သုံးသပ်ပြီး ထပ်မံမဖြစ်ပွားစေရန် တာဝန်ရှိသူများကို ပိုမိုတင်းကြပ် သည့် စည်းမျဉ်းစည်းကမ်းများနှင့် တာဝန်ခံများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာပလာဇာဘက်က ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

Zawgyi Version;
ျမန္မာပလာဇာကို သပိတ္ေမွာက္သည့္အေနျဖင့္ ဆိုင္ခန္းအမ်ားစု ေရႊ႕ေျပာင္း၊ ပိတ္သိမ္း
NP News - ႏိုဝင္ဘာ ၂၆
စစ္အာဏာရွင္ဆန္႔က်င္ေရးလႈပ္ရွားမႈတစ္ခုအေနျဖင့္ လူငယ္(၁ဝ) ဦးခန္႔သည္ စစ္တပ္ပိုင္စီးပြားေရးလုပ္ငန္း တစ္ခုျဖစ္ေသာ ပါရမီႏွင့္ ၎တို႔၏ဘက္ေတာ္သားပိုင္ Omni Focus ယာဥ္လိုင္းမ်ားကို တစ္ပတ္တိတိ စီးနင္း ျခင္းမရွိဘဲ သပိတ္ေမွာက္သည့္ ကမ္ပိန္းလႈံ႕ေဆာ္မႈကို ႏိုဝင္ဘာလ(၂၅) ရက္ ေန႔လည္ပိုင္းက ျမန္မာပလာဇာ၏ ပ႐ိုမိုးရွင္းဧရိယာအတြင္း ျပဳလုပ္ခဲ့ရာ လံုျခံဳေရးဝန္ထမ္းမ်ားမွ ထိုလူငယ္မ်ားမအား ဝိုင္းဝန္း႐ိုက္ႏွက္ ဖမ္းဆီးခဲ့ ၾကသည္။ အဆိုပါလုပ္ရပ္ႏွင့္ပတ္သက္၍ ျမန္မာပလာဇာတာဝန္ရွိသူမ်ားမွလည္း ျပန္လည္ေတာင္းပန္ခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္သတင္းႏွင့္အတူ ျမန္မာပလာဇာကို ဘြိဳင္းေကာ့ လုပ္ၾကရန္ တိုက္တြန္းလႈံ႕ေဆာ္စာမ်ား သည္လည္း မိနစ္ပိုင္းအတြင္း တၿပိဳင္နက္ လူမႈကြန္ရက္ေပၚတြင္ ပ်ံ႕ႏွံ႕လာခဲ့သည္။ အလားတူ ျမန္မာပလာဇာ အတြင္းရွိ ဆိုင္ခန္းအမ်ားစုသည္လည္း ပိတ္သိမ္းမႈမ်ားရွိခဲ့ေၾကာင္း၊ အခ်ဳိ႕ဆိုင္မ်ားဆိုလွ်င္ ယေန႔(ႏိုဝင္ဘာလ ၂၆) ရက္မွစတင္၍ ယာယီပိတ္သိမ္းမည္ျဖစ္ေၾကာင္း၊ အခ်ဳိ႕ဆိုင္ခန္းမ်ားသည္ ဆိုင္ခန္းေနရာကိုေတာင္ ေျပာင္းေရႊ႕ မည္ျဖစ္ေၾကာင္း စသျဖင့္ ယင္းတို႔၏ သက္ဆိုင္ရာေပ့ခ်္မ်ားတြင္ အသီးသီး အသိေပးေၾကညာခဲ့ၾကသည္။

ျမန္မာပလာဇာ အုပ္ခ်ဳပ္ေရး႐ုံးအဖြဲ႕က “ မိမိတို႔အေနျဖင့္ ဒီမိုကေရစီနည္းက် လြတ္လပ္စြာ ေျပာဆိုပိုင္ခြင့္ကို အျပည့္အဝလက္ခံထားၿပီး ထိုသို႔ျပဳမူေဆာင္႐ြက္ျခင္းမ်ားအေပၚတားဆီးပိတ္ပင္ေသာ မူဝါဒ မ်ား အလ်ဥ္းမရွိပါ။ ယေန႔ျဖစ္စဥ္တြင္ ကြၽႏ္ုပ္တို႔၏လုံၿခဳံေရးဝန္ထမ္းမ်ားသည္ ေအးခ်မ္းစြာျပဳမူ ေျပာဆိုေဆာင္ ႐ြက္ရမည့္အစား မသင့္ေတာ္လြဲမွားစြာ ျပဳမူေဆာင္႐ြက္ခဲ့သည္ကို သိရွိရသည့္အတြက္ အထူးပင္စိတ္မေကာင္း ျဖစ္ရပါသည္ ။ အထက္ပါကိစၥရပ္ႏွင့္ပတ္သက္ၿပီး ပါဝင္ပတ္သက္သူမ်ားႏွင့္ အမ်ားျပည္သူအေနျဖင့္ မည္သို႔ခံစားရသည္ကို လည္း ေကာင္းစြာသိရွိနားလည္ပါသည္။ ထိုကဲ့သို႔ျဖစ္ခဲ့သည့္အေပၚ ျမန္မာပလာဇာမွ အႏူးအၫြတ္ေတာင္းပန္အ ပ္ပါသည္” ဟု ျမန္မာ၊ အဂၤလိပ္ ႏွစ္ဘာသာျဖင့္ေရးသားကာ ယင္းတို႔၏ လူမႈကြန္ရက္မ်ားမွတဆင့္ ျပန္လည္ေတာင္းပန္ထားသည္ကို ေတြ႕ရသည္။

ျမန္မာပလာဇာတြင္ ဖြင့္လွစ္လ်က္ရွိသည့္ ဆိုင္မ်ားအနက္ City Mark (Market Place) ၊ အင္းဝစာအုပ္ႏွင့္ ေကာ္ဖီဆိုင္ခြဲ၊ Luxuri မွ pop-up store ၊ ဒို႔႐ိုးရာေျမ ဖေယာင္းေျမအိုးနဲ႔ Stone Therapy ဆိုင္၊ ဝါဆိုလန္း Promotion Counter ၊ nichii ၊ KFC အစရွိသည့္ ဆိုင္အမ်ားစုသည္ ယာယီပိတ္သိမ္းေၾကာင္းႏွင့္ ဆိုင္ခန္းေျပာင္းေရြ႕ေၾကာင္း ေၾကညာထားသည္။

အဆိုပါျဖစ္စဥ္ျဖစ္ပြားမႈအၿပီး နာရီပိုင္းအတြင္း အဆိုပါလူငယ္မ်ားအား ျပန္လည္လႊတ္ေပးခဲ့ေၾကာင္း၊ ယင္းတို႔အေနျဖင့္ ယခုျဖစ္ရပ္အား ေသခ်ာစြာျပန္လည္သံုးသပ္ၿပီး ထပ္မံမျဖစ္ပြားေစရန္ တာဝန္ရွိသူမ်ားကို ပိုမိုတင္းၾကပ္ သည့္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ တာဝန္ခံမ်ားကို တိုးႁမွင့္သြားမည္ျဖစ္ေၾကာင္း ျမန္မာပလာဇာဘက္က ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.