မြန်မာစစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေရောင်းချနေတဲ့ကုမ္ပဏီမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတာကြောင့် သြစတြေးလျ Future Fund ဝေဖန်ခံနေရ

1004

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂၉
သြစတြေးလျအစိုးရရန်ပုံငွေတစ်ရပ်ဖြစ်တဲ့ Future Fund ဟာ မြန်မာ စစ်ကောင်စီကို တိုက်ခိုက်ရေးသုံးစစ်လေယာဉ်တွေရောင်းချနေတဲ့တ ရုတ်အစိုးရထိန်းချုပ်ထားတဲ့ စစ်လက်နက်ပစ္စည်းကုမ္ပဏီမှာရင်းနှီးမြှုပ်နှံနေတယ်လို့ဗြိတိန်အခြေစိုက် Guardian သတင်းဌာနကဖော်ပြပါတယ်။သြစတြေးလျ Future Fund ဟာ မြန်မာစစ်ကောင်စီနဲ့စီးပွားရေးလုပ် ငန်းတွေလုပ်ကိုင်နေတဲ့ကုမ္ပဏီ (၁၄)ခုထဲပါဝင်နေပြီး အမေရိကန်ဒေါ် လာ(၁၅၇)သန်းရင်းနှီးမြှုပ်နှံထားတယ်လို့သိရပါတယ်။
အဆိုပါ Future Fund ဟာ တရုတ်စစ်လက်နက်ပစ္စည်းများထုတ်လုပ်ရေးလေကြောင်းကော်ပိုရေးရှင်း AVIC ရဲ့လုပ်ငန်းခွဲငါးခုမှာ အမေရိကန်ဒေါ်လာ(၄ ဒသမ ၉)သန်းရင်းနှီးမြှုပ်နှံထားသလို မြန်မာစစ်ကောင်စီအ တွက်စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်နေပြီး အိန္ဒိယအစိုးရထိန်းချုပ်ထားတဲ့ Bharat Electronics ကုမ္ပဏီမှာအမေရိကန်ဒေါ်လာ (၁၇ ဒသ မ ၈)သန်းရင်းနှီးမြှုပ်နှံထားတယ်လို့သိရပါတယ်။
ဒါ့ပြင် Future Fund ဟာ သြစတြေးလျအစိုးရကိုယ်စားရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန်ဒေါ်လာ (၂ဝဝ)ဘီလျံရင်းနှီးမြှုပ်နှံထားတယ်လို့သိရပါတယ်။ ၂ဝ၁၉ ခုနှစ်က ကုလသမဂ္ဂအချက်လက်ရှာဖွေရေးမစ်ရှင်က တ ရုတ်အစိုးရပိုင် AVIC ဟာ မြန်မာစစ်ကောင်စီကို စစ်လက်နက်ပစ္စည်း တွေလွှဲပြောင်းရောင်းချတာမျိုးတွေလုပ်နေတဲ့အတွက် နိုင်ငံတကာလူအခွင့်ရေးဥပဒေတွေကို ချိုးဖောက်နေတယ်လို့စွပ်စွဲခဲ့ဖူးပါတယ်။ AVIC လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ AviChina မှာ သြစတြေးလျကရင်းနှီးမြှုပ်နှံမှုအ များဆုံးလုပ်ထားပြီး ကချင်ပြည်နယ်မှာစစ်ကောင်စီက ထိုးစစ်ဆင်ချိန်အတွင်း အသုံးပြုခဲ့တဲ့ K-8 အမျိုးအစားအပေါ့စားတိုက်ခိုက်ရေးသုံးလေ ယာဉ်တွေကို ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တယ်လို့သိရပါတယ်။ မြန်မာစစ်ကောင်စီဟာ ၂ဝ၁၅ ခုနှစ်က AVIC ကုမ္ပဏီထံကနေ အမေရိကန်ဒေါ် လာ သန်း(၅၆ဝ)တန်ကြေးရှိ 16 JF-17M တိုက်လေယာဉ်တွေမှာယူခဲ့ပြီး ၂ဝ၁၈ ခုနှစ်မှာ မှာယူထားတဲ့ စစ်လေယာဉ်တွေထဲက (၄)စင်းကိုပထမဆုံးအသုတ်အဖြစ်ပို့ဆောင်ခဲ့ဖူးပါတယ်။ AVIC ဟာ အဆိုပါတိုက် ခိုက်ရေးသုံးလေယာဉ်တွေမှာတပ်ဆင်နိုင်ဖို့ PL-5E ဒုံးကျည်တွေနဲ့ PL-12 ဒုံးကျည်တွေကို ၂ဝ၁၈-၂ဝ၁၉ ခုနှစ်အတွင်းပေးပို့ခဲ့ဖူးတယ်လို့ Stockholm International Peace Research Institute Arms Transfers Database ဆွေးနွေးပွဲပြောဆိုချက်တွေအရသိရပါတယ်။
Justice For Myanmar က ပြောရေးဆိုခွင့်ရှိသူမရတနာမောင်က " သြစတြေးလျ Future Fund ဟာ မြန်မာစစ်ကောင်စီနဲ့ဆက်နွယ်နေတဲ့ကုမ္ပ ဏီတွေထံကနေအကျိုးအမြတ်တွေရယူဖို့ ကြိုးပမ်းနေတယ်။ ဩစတြေး လျနိုင်ငံရဲ့ Future Fund အနေနဲ့ မြန်မာစစ်တပ်ကိုလက်နက်ရောင်းချနေတဲ့ကုမ္ပဏီတွေ၊ စစ်တပ်ရဲ့အကြမ်းဖက်စစ်ဆင်ရေးတွေအတွက် ငွေ ကြေးထောက်ပံ့နေတဲ့ကုမ္ပဏီတွေဆီကနေ အကျိုးအမြတ်ရှာဖွေနေတာကတော့ စိတ်ပျက်ဝမ်းနည်းစရာပါပဲ။ ဩစတြေးလျအနေနဲ့ မြန်မာပြည်သူတွေရဲ့အသက်တွေနဲ့ မြန်မာ့အနာဂတ်ကိုအထိခိုက်ခံပြီး အကျိုးအ မြတ်ရရှိနေမှုတွေကို ရပ်တန့်ဖို့အချိန်တန်ပါပြီ”လို့ပြောပါတယ်။
အိန္ဒိယကုမ္ပဏီတစ်ခုဖြစ်တဲ့ Bharat Electronics ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာလည်း စစ်ကောင်စီကို စစ် လက်နက်ပစ္စည်းရောင်းချတာမျိုးတွေရှိနေဆဲဖြစ်ကြောင်း၊ အဆိုပါကုမ္ပဏီဟာ စစ်ကောင်စီကို ရေဒါ၊ ဆိုနာ၊ ကမ်းရိုးတန်းစောင့်ကြည့်ရေးစနစ်၊ ရီမုနဲ့ထိန်းချုပ်နိုင်တဲ့စစ်လက်နက်တွေ ပံ့ပိုးရောင်းချခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
zawgyi version
ျမန္မာစစ္ေကာင္စီကို စစ္လက္နက္ပစၥည္းေတြေရာင္းခ်ေနတဲ့ကုမၸဏီမွာရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္ေနတာေၾကာင့္ ၾသစေၾတးလ် Future Fund ေဝဖန္ခံေနရ
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂၉
ၾသစေၾတးလ်အစိုးရရန္ပုံေငြတစ္ရပ္ျဖစ္တဲ့ Future Fund ဟာ ျမန္မာ စစ္ေကာင္စီကို တိုက္ခိုက္ေရးသုံးစစ္ေလယာဥ္ေတြေရာင္းခ်ေနတဲ့တ ႐ုတ္အစိုးရထိန္းခ်ဳပ္ထားတဲ့ စစ္လက္နက္ပစၥည္းကုမၸဏီမွာရင္းႏွီးျမႇဳပ္ႏွံေနတယ္လို႔ၿဗိတိန္အေျခစိုက္ Guardian သတင္းဌာနကေဖာ္ျပပါတယ္။ၾသစေၾတးလ် Future Fund ဟာ ျမန္မာစစ္ေကာင္စီနဲ႔စီးပြားေရးလုပ္ ငန္းေတြလုပ္ကိုင္ေနတဲ့ကုမၸဏီ (၁၄)ခုထဲပါဝင္ေနၿပီး အေမရိကန္ေဒၚ လာ(၁၅၇)သန္းရင္းႏွီးျမႇဳပ္ႏွံထားတယ္လို႔သိရပါတယ္။
အဆိုပါ Future Fund ဟာ တ႐ုတ္စစ္လက္နက္ပစၥည္းမ်ားထုတ္လုပ္ေရးေလေၾကာင္းေကာ္ပိုေရးရွင္း AVIC ရဲ႕လုပ္ငန္းခြဲငါးခုမွာ အေမရိကန္ေဒၚလာ(၄ ဒသမ ၉)သန္းရင္းႏွီးျမႇဳပ္ႏွံထားသလို ျမန္မာစစ္ေကာင္စီအ တြက္စစ္လက္နက္ပစၥည္းေတြထုတ္လုပ္ေနၿပီး အိႏၵိယအစိုးရထိန္းခ်ဳပ္ထားတဲ့ Bharat Electronics ကုမၸဏီမွာအေမရိကန္ေဒၚလာ (၁၇ ဒသ မ ၈)သန္းရင္းႏွီးျမႇဳပ္ႏွံထားတယ္လို႔သိရပါတယ္။
ဒါ့ျပင္ Future Fund ဟာ ၾသစေၾတးလ်အစိုးရကိုယ္စားရင္းႏွီးျမႇဳပ္ႏွံမႈေပါင္း အေမရိကန္ေဒၚလာ (၂ဝဝ)ဘီလ်ံရင္းႏွီးျမႇဳပ္ႏွံထားတယ္လို႔သိရပါတယ္။ ၂ဝ၁၉ ခုႏွစ္က ကုလသမဂၢအခ်က္လက္ရွာေဖြေရးမစ္ရွင္က တ ႐ုတ္အစိုးရပိုင္ AVIC ဟာ ျမန္မာစစ္ေကာင္စီကို စစ္လက္နက္ပစၥည္း ေတြလႊဲေျပာင္းေရာင္းခ်တာမ်ိဳးေတြလုပ္ေနတဲ့အတြက္ ႏိုင္ငံတကာလူအခြင့္ေရးဥပေဒေတြကို ခ်ိဳးေဖာက္ေနတယ္လို႔စြပ္စြဲခဲ့ဖူးပါတယ္။ AVIC လုပ္ငန္းခြဲတစ္ခုျဖစ္တဲ့ AviChina မွာ ၾသစေၾတးလ်ကရင္းႏွီးျမႇဳပ္ႏွံမႈအ မ်ားဆုံးလုပ္ထားၿပီး ကခ်င္ျပည္နယ္မွာစစ္ေကာင္စီက ထိုးစစ္ဆင္ခ်ိန္အတြင္း အသုံးျပဳခဲ့တဲ့ K-8 အမ်ိဳးအစားအေပါ့စားတိုက္ခိုက္ေရးသုံးေလ ယာဥ္ေတြကို ထုတ္လုပ္တဲ့ကုမၸဏီျဖစ္တယ္လို႔သိရပါတယ္။ ျမန္မာစစ္ေကာင္စီဟာ ၂ဝ၁၅ ခုႏွစ္က AVIC ကုမၸဏီထံကေန အေမရိကန္ေဒၚ လာ သန္း(၅၆ဝ)တန္ေၾကးရွိ 16 JF-17M တိုက္ေလယာဥ္ေတြမွာယူခဲ့ၿပီး ၂ဝ၁၈ ခုႏွစ္မွာ မွာယူထားတဲ့ စစ္ေလယာဥ္ေတြထဲက (၄)စင္းကိုပထမဆုံးအသုတ္အျဖစ္ပို႔ေဆာင္ခဲ့ဖူးပါတယ္။ AVIC ဟာ အဆိုပါတိုက္ ခိုက္ေရးသုံးေလယာဥ္ေတြမွာတပ္ဆင္ႏိုင္ဖို႔ PL-5E ဒုံးက်ည္ေတြနဲ႔ PL-12 ဒုံးက်ည္ေတြကို ၂ဝ၁၈-၂ဝ၁၉ ခုႏွစ္အတြင္းေပးပို႔ခဲ့ဖူးတယ္လို႔ Stockholm International Peace Research Institute Arms Transfers Database ေဆြးေႏြးပြဲေျပာဆိုခ်က္ေတြအရသိရပါတယ္။
Justice For Myanmar က ေျပာေရးဆိုခြင့္ရွိသူမရတနာေမာင္က " ၾသစေၾတးလ် Future Fund ဟာ ျမန္မာစစ္ေကာင္စီနဲ႔ဆက္ႏြယ္ေနတဲ့ကုမၸ ဏီေတြထံကေနအက်ိဳးအျမတ္ေတြရယူဖို႔ ႀကိဳးပမ္းေနတယ္။ ဩစေၾတး လ်ႏိုင္ငံရဲ႕ Future Fund အေနနဲ႔ ျမန္မာစစ္တပ္ကိုလက္နက္ေရာင္းခ်ေနတဲ့ကုမၸဏီေတြ၊ စစ္တပ္ရဲ႕အၾကမ္းဖက္စစ္ဆင္ေရးေတြအတြက္ ေငြ ေၾကးေထာက္ပံ့ေနတဲ့ကုမၸဏီေတြဆီကေန အက်ိဳးအျမတ္ရွာေဖြေနတာကေတာ့ စိတ္ပ်က္ဝမ္းနည္းစရာပါပဲ။ ဩစေၾတးလ်အေနနဲ႔ ျမန္မာျပည္သူေတြရဲ႕အသက္ေတြနဲ႔ ျမန္မာ့အနာဂတ္ကိုအထိခိုက္ခံၿပီး အက်ိဳးအ ျမတ္ရရွိေနမႈေတြကို ရပ္တန႔္ဖို႔အခ်ိန္တန္ပါၿပီ”လို႔ေျပာပါတယ္။
အိႏၵိယကုမၸဏီတစ္ခုျဖစ္တဲ့ Bharat Electronics ဟာ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းမွာလည္း စစ္ေကာင္စီကို စစ္ လက္နက္ပစၥည္းေရာင္းခ်တာမ်ိဳးေတြရွိေနဆဲျဖစ္ေၾကာင္း၊ အဆိုပါကုမၸဏီဟာ စစ္ေကာင္စီကို ေရဒါ၊ ဆိုနာ၊ ကမ္း႐ိုးတန္းေစာင့္ၾကည့္ေရးစနစ္၊ ရီမုနဲ႔ထိန္းခ်ဳပ္ႏိုင္တဲ့စစ္လက္နက္ေတြ ပံ့ပိုးေရာင္းခ်ခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။