တာလီဘန်တို့က လွန်ခဲ့တဲ့နှစ်ပေါင်း(၂ဝ)က၎င်းတို့ဖောက်ခွဲဖြိုချခဲ့တဲ့ Bamiyan ဗုဒ္ဓရုပ်ပွားတော်တွေဆီ ကမ္ဘာလှည့်ခရီးသွားတွေလာရောက်လည်ပတ်ဖို့ဖိတ်ခေါ်

 1339

ရောင်နီ (NP News) - နိုဝင်ဘာ ၂၉
အေဒီ(၆)ရာစုဝန်းကျင်က အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဘာမီယန်တောင်ကြားရှိ ကျောက်ဆောင်ချောက်ကမ်းပါးတစ်ခုမှာ ထုဆစ်ထားတဲ့ အမြင့်ပေ(၁၅ဝ)ကျော်ရှိပြီး နှစ်ပေါင်း (၁၄ဝဝ)ကျော် သက်တမ်းရှိတဲ့ ရပ် တော်မူ Bamiyan ဗုဒ္ဓရုပ်ပွားတော်ကြီးကို ၂ဝဝ၁ ခုနှစ်မှာ တာလီဘန်တို့က ပြင်းထန်တဲ့ဖောက်ခွဲရေးပစ္စည်းတွေနဲ့ဖြိုခွင်းခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းဝေဖန်မှုတွေနဲ့ပြည့်နှက်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ တာလီဘန်တို့ကအဆိုပါသမိုင်းဝင်နေရာကို ပြန်လည်တာဝန်ယူနေပြီဖြစ်ပြီးအများပြည်သူလာရောက်လည်ပတ်နိုင်ဖို့ ဖွင့်ချလိုက်ပြီပဲဖြစ်ပါတယ်။

NBC သတင်းဌာနရဲ့ယခုသီတင်းပတ်တွင်ဖော်ပြချက်အရ လာရောက် လေ့လာလိုတဲ့ ခရီးသွားတွေအနေနဲ့ တာလီဘန်အစောင့်တွေထံ(၅)ဒေါ် လာနဲ့ညီမျှတဲ့ ငွေကိုလွှဲပြောင်းပေးပြီး လက်မှတ်ဝယ်ကာ ယခင်ကဗုဒ္ဓရုပ်ပွားတော်ကြီးတွေရှိခဲ့တဲ့ ကျောက်ချိုင့်ကို ကြည့်ရှုလေ့လာနိုင်မယ်လို့ သိရပါတယ်။ အဆိုပါနေရာကိုရောက်ရှိနေတဲ့ အာဖဂန်ဧည့်သည်တစ်ဦးဖြစ်သူက ရုပ်ပွားတော်တွေကို ဆုံးရှုံးရခြင်းအတွက် ဝမ်းနည်းကြေကွဲဖို့လာရောက်ခြင်းမဟုတ်ဘဲ ၎င်းတို့ရဲ့ပျက်စီးခြင်းအတွက်ဂုဏ်ပြုဖို့သာ လာရောက်ခြင်းဖြစ်တယ်လို့ NBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ရုပ်ပွားတော်တွေကိုဖျက်ဆီးဖို့အတွက် တာလီဘန်ပူးတွဲတည်ထောင်သူ မူလာ အိုမာက ၂ဝဝ၁ ခုနှစ်မှာအမိန့်ပေးခဲ့သော်လည်း ယင်းကျောက်ချိုင့်ကြီးတွေကို ကမ္ဘာလှည့်ခရီးသည်တွေ ဆွဲဆောင်ရာနေရာအဖြစ် ထိန်းသိမ်းထားဖို့လည်း အမိန့်ပေးခဲ့ပါတယ်။ ယင်းနောက်အိုမာဟာ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်ဆီးခြင်းနဲ့ပတ်သက်ပြီး အာဖဂန်လူမျိုးတွေထက် ရုပ်ပွားတော်တွေရဲ့ကံကြမ္မာကို အနောက်နိုင်ငံတွေကပိုမိုစိုးရိမ်နေပုံရတာကိုစိတ်ပျက်လက်ပျက်နဲ့စောဒကတက်ခဲ့ကာ မွတ်ဆလင်တွေအနေနဲ့ကတော့ ယင်းကဲ့သို့ဖြိုခွင်းခြင်းအတွက်ဂုဏ်ယူသင့်ကြောင်း၊ ရုပ်တုတွေကို အစ္စလာမ့်ဥပဒေနဲ့အညီဖောက်ခွဲခြင်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

ယူနက်စကိုကတာလီဘန်တွေကို Bamiyan နဲ့နိုင်ငံတစ်ဝှမ်းရှိ အခြားနေ ရာတွေရဲ့ အကြွင်းအကျန်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်ပြီးခဲ့တဲ့သြဂုတ်လက တောင်းဆိုခဲ့တယ်လို့သိရပါတယ်။

zawgyi version
တာလီဘန္တို႔က လြန္ခဲ့တဲ့ႏွစ္ေပါင္း(၂ဝ)က၎တို႔ေဖာက္ခြဲၿဖိဳခ်ခဲ့တဲ့ Bamiyan ဗုဒၶ႐ုပ္ပြားေတာ္ေတြဆီ ကမာၻလွည့္ခရီးသြားေတြလာေရာက္လည္ပတ္ဖို႔ဖိတ္ေခၚ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၉
ေအဒီ(၆)ရာစုဝန္းက်င္က အာဖဂန္နစၥတန္ႏိုင္ငံအလယ္ပိုင္း ဘာမီယန္ေတာင္ၾကားရွိ ေက်ာက္ေဆာင္ေခ်ာက္ကမ္းပါးတစ္ခုမွာ ထုဆစ္ထားတဲ့ အျမင့္ေပ(၁၅ဝ)ေက်ာ္ရွိၿပီး ႏွစ္ေပါင္း (၁၄ဝဝ)ေက်ာ္ သက္တမ္းရွိတဲ့ ရပ္ ေတာ္မူ Bamiyan ဗုဒၶ႐ုပ္ပြားေတာ္ႀကီးကို ၂ဝဝ၁ ခုႏွစ္မွာ တာလီဘန္တို႔က ျပင္းထန္တဲ့ေဖာက္ခြဲေရးပစၥည္းေတြနဲ႔ၿဖိဳခြင္းခဲ့တာေၾကာင့္ ကမာၻတစ္ဝွမ္းေဝဖန္မႈေတြနဲ႔ျပည့္ႏွက္ခဲ့ပါတယ္။ ယခုအခ်ိန္မွာေတာ့ တာလီဘန္တို႔ကအဆိုပါသမိုင္းဝင္ေနရာကို ျပန္လည္တာဝန္ယူေနၿပီျဖစ္ၿပီးအမ်ားျပည္သူလာေရာက္လည္ပတ္ႏိုင္ဖို႔ ဖြင့္ခ်လိုက္ၿပီပဲျဖစ္ပါတယ္။

NBC သတင္းဌာနရဲ႕ယခုသီတင္းပတ္တြင္ေဖာ္ျပခ်က္အရ လာေရာက္ ေလ့လာလိုတဲ့ ခရီးသြားေတြအေနနဲ႔ တာလီဘန္အေစာင့္ေတြထံ(၅)ေဒၚ လာနဲ႔ညီမွ်တဲ့ ေငြကိုလႊဲေျပာင္းေပးၿပီး လက္မွတ္ဝယ္ကာ ယခင္ကဗုဒၶ႐ုပ္ပြားေတာ္ႀကီးေတြရွိခဲ့တဲ့ ေက်ာက္ခ်ိဳင့္ကို ၾကည့္ရႈေလ့လာႏိုင္မယ္လို႔ သိရပါတယ္။ အဆိုပါေနရာကိုေရာက္ရွိေနတဲ့ အာဖဂန္ဧည့္သည္တစ္ဦးျဖစ္သူက ႐ုပ္ပြားေတာ္ေတြကို ဆုံးရႈံးရျခင္းအတြက္ ဝမ္းနည္းေၾကကြဲဖို႔လာေရာက္ျခင္းမဟုတ္ဘဲ ၎တို႔ရဲ႕ပ်က္စီးျခင္းအတြက္ဂုဏ္ျပဳဖို႔သာ လာေရာက္ျခင္းျဖစ္တယ္လို႔ NBC သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။

႐ုပ္ပြားေတာ္ေတြကိုဖ်က္ဆီးဖို႔အတြက္ တာလီဘန္ပူးတြဲတည္ေထာင္သူ မူလာ အိုမာက ၂ဝဝ၁ ခုႏွစ္မွာအမိန႔္ေပးခဲ့ေသာ္လည္း ယင္းေက်ာက္ခ်ိဳင့္ႀကီးေတြကို ကမာၻလွည့္ခရီးသည္ေတြ ဆြဲေဆာင္ရာေနရာအျဖစ္ ထိန္းသိမ္းထားဖို႔လည္း အမိန႔္ေပးခဲ့ပါတယ္။ ယင္းေနာက္အိုမာဟာ ဗုဒၶ႐ုပ္ပြားေတာ္ေတြကို ဖ်က္ဆီးျခင္းနဲ႔ပတ္သက္ၿပီး အာဖဂန္လူမ်ိဳးေတြထက္ ႐ုပ္ပြားေတာ္ေတြရဲ႕ကံၾကမၼာကို အေနာက္ႏိုင္ငံေတြကပိုမိုစိုးရိမ္ေနပုံရတာကိုစိတ္ပ်က္လက္ပ်က္နဲ႔ေစာဒကတက္ခဲ့ကာ မြတ္ဆလင္ေတြအေနနဲ႔ကေတာ့ ယင္းကဲ့သို႔ၿဖိဳခြင္းျခင္းအတြက္ဂုဏ္ယူသင့္ေၾကာင္း၊ ႐ုပ္တုေတြကို အစၥလာမ့္ဥပေဒနဲ႔အညီေဖာက္ခြဲျခင္းျဖစ္တယ္လို႔ေျပာၾကားခဲ့ပါတယ္။

ယူနက္စကိုကတာလီဘန္ေတြကို Bamiyan နဲ႔ႏိုင္ငံတစ္ဝွမ္းရွိ အျခားေန ရာေတြရဲ႕ အႂကြင္းအက်န္ေတြကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔အတြက္ၿပီးခဲ့တဲ့ၾသဂုတ္လက ေတာင္းဆိုခဲ့တယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.