ဒေါက်တာ ဝင်းမြတ်အေး၏ကွင်းဆက်အမှုအဖြစ် ဒေါ်လာ(၄)သန်းနီးပါး၊ ကျပ်သိန်းပေါင်းနှစ်သိန်းကျော် နစ်နာမှုဖြင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ထပ်တိုးတရားစွဲ

 2718

Iris (NP News) - နိုဝင်ဘာ ၃၀
လူကယ်ပြန်ဝန်ကြီးဟောင်း ဒေါက်တာ ဝင်းမြတ်အေး၏ ရဟတ်ယာဉ်တစ်စီးငှားရမ်းမှုကိစ္စနှင့် ဆက်စပ်၍ နိုင်ငံတော်က ဒေါ်လာ(၄)သန်းနီးပါးနှင့် ကျပ်သိန်းပေါင်း(၂)သိန်းကျော် ဆုံးရှုံးနစ်နာမှုဆိုင်ရာ အဂတိလိုက်စားမှုတို့ကြောင့် နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် နိုဝင်ဘာ(၃၀)ရက်တွင် အမှုဖွင့်တိုင်ကြားခံရကြောင်း သတင်းရရှိသည်။

ဒေါက်တာ ဝင်းမြတ်အေးက ဝန်ကြီးအဖြစ်တာဝန်ယူစဉ်အတွင်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်ဟုဆိုကာ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှတစ်ဆင့် ဥပဒေကိုကျော်လွှန်ကာ ငှားရမ်းသုံးစွဲခဲ့ကြောင်း၊ ယင်းကိုလည်း သက်တမ်းများကြိုတင်တိုးခဲ့ကြောင်း စစ်ဆေးတွေ့ရှိထားသည်ဟု သိရသည်။ ယင်းအချက်ကြောင့် ဒေါက်တာ ဝင်းမြတ်အေးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားခဲ့ပြီး အသေးစိတ်ကို ကွင်းဆက်ထပ်မံဖော်ထုတ်ချက်အရ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ်(၁/၂၀၁၇)ကို လိုက်နာမှုမရှိ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မှတ်ချက်၊ လေကြောင်းပို့ဆောင်မှု ညွှန်ကြားမှုဦးစီးဌာနတို့၏အကြံပြုချက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ရဟတ်ယာဉ်ကို ငှားရမ်းစာချုပ် ချုပ်ဆိုခဲ့ကြခြင်းဖြစ်ကြောင်း၊ ယင်းမှာ ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန်ပျက်ကွက်ခြင်းမျိုးဖြစ်ပြီး ငှားရမ်းထားတဲ့စာချုပ်သက်တမ်းပါ ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ပျံသန်းအသုံးပြုချိန်နာရီ(၇၂၀)တွင် ၈၄ ဒဿမ ၉၅ နာရီသာ ပျံသန်းအသုံးပြုခဲ့ကြောင်း၊ လျော့နည်းပျံသန်းချိန် ၆၃၅ ဒဿမ ၀၅ နာရီအတွက် လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းကိုပင် ကျော်လွန်ကာ ထပ်မံ၍ ငှားရမ်းစာချုပ်ကို သက်တမ်းတိုးခဲ့ကြောင်းလည်း သိရသည်။ ယင်းကဲ့သို့ နိုင်ငံတော်ကနစ်နာမှုကို မစိစစ်ဘဲ ထပ်မံသက်တမ်းတိုးခဲ့ခြင်းအပြင် ဒေါ်လာ(၃ ဒဿမ ၅) သန်းကျော် ပိုမိုပေးချေခဲ့ရခြင်းများကြောင့် နိုင်ငံတော်ဘဏ္ဍာငွေကို အလွဲသုံးစားမှုလုပ်ရာရောက်ခဲ့ကြောင်းလည်း ဆိုနိုင်သည်။ ရဟတ်ယာဉ်သုံးစွဲမှုတွင် ယခင်အစိုးရများလက်ထက်က တပ်မတော်ပိုင်ရဟတ်ယာဉ်၊ လေယာဉ်များကို အသင့်သုံးနိုင်ရန်ပေးအပ်၍ နိုင်ငံတော်ဘတ်ဂျက်ကိုချွေတာခဲ့သော်လည်း ဝန်ကြီးဌာနထံ ကြိုတင်တင်ပြတောင်းခံခြင်းလည်းမပြုဘဲ NLD အစိုးရလက်ထက်၌ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်၍ သုံးစွဲခွင့်မရှိသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာရန်ပုံငွေထဲမှ သုံးစွဲထားခြင်းမျိုးဖြစ်ကြောင်းလည်း သိရသည်။ သဘာဝဘေးဆိုင်ရာရန်ပုံငွေထဲမှလည်း ရဟတ်ယာဉ်ဝယ်ယူရေးခေါင်းစဉ်ဖြင့် ကျပ်သိန်းပေါင်း(၂၃၀၀၀၀)ကျော်ကို ပေးချေထားခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာငွေကို ထိခိုက်နစ်နာစေခဲ့ပြန်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဆိုသည်။

ဝယ်ယူခဲ့သော ရဟတ်ယာဉ်ကိုလည်း အသုံးပြုခြင်း၊ ပြုပြင်ခြင်းခေါင်းစဉ်အောက်မှနေ၍ ပုဂ္ဂလိကကုမ္ပဏီတစ်ခုထံ လုပ်ငန်းအပ်နှံခဲ့ကြောင်း၊ ယင်းကဲ့သို့အပ်နှံမှုကိုလည်း လုပ်ထုံးလုပ်နည်းအတိုင်း တင်ဒါခေါ်ယူခြင်းမျိုးမလုပ်သည့်အပြင် ဘဏ္ဍာရေးစည်းမျဉ်းသတ်မှတ်ချက်ကိုပါ ချိုးဖောက်ခဲ့ကြောင်း သိရသည်။ အဆိုပါကုမ္ပဏီကိုလည်း လုပ်ငန်းထိန်းသိမ်းမှုမလုပ်ခင်ကတည်းက ဝန်ဆောင်ခအဖြစ် ဒေါ်လာ(၂၇၀၀၀၀)သာ ပေးချေသင့်သည့်ပမာဏထက်ပို၍ ငါးလစာအဖြစ် ဒေါ်လာ ၄၉၂၆၆၇ (၅ သိန်းနီးပါး)ကို ရဟတ်ယာဉ်မမြင်ရခင်ကတည်းက ကြိုတင်ပေးချေခဲ့ကြောင်းလည်း ဆိုသည်။ ယင်းကဲ့သို့ အထွေထွေ အဂတိလိုက်စားချိုးဖောက်မှုများရှိနေခဲ့သည့်အတွက် ဒေါက်တာ ဝင်းမြတ်အေးကို သြဂုတ်လ(၂၇)ရက်က ပထမသတင်းပေးတိုင်ကြားချက်ကို ကိုးကား၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်းတွင် တိုင်ကြားထားပြီးပြီဖြစ်ကြောင်းလည်း သိရသည်။ ယင်းကိစ္စနှင့်ဆက်စပ်၍လည်း နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို နိုင်ငံရေးရာထူးရှိစဉ်အတွင်းက နိုင်ငံတော်ဘဏ္ဍာငွေနစ်နာမှုရှိနေသည့်တိုင် လုပ်ပိုင်ခွင့်အာဏာအလွဲသုံးစားပြု၍ အဂတိလိုက်စားမှုအားပေးခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ နေပြည်တော် ဘုရားကုန်းမြို့မရဲစခန်း၌ပင် နိုဝင်ဘာ(၃၀)ရက်က တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်အရ ရဟတ်ယာဉ်ကိစ္စအတွက် နိုင်ငံတော်က နစ်နာခဲ့သည့်ငွေကြေးပမာဏမှာ ဒေါ်လာ(၃)သန်းခွဲ၊ ဒေါ်လာငါးသိန်းနီးပါးနှင့် ကျပ်သိန်းပေါင်း(၂၃၀၀၀၀)ဟု သိရပြီး ယင်းပမာဏနှင့်ထိုက်တန်သော သုံးစွဲမှုရှိခဲ့ခြင်း မရှိခဲ့ခြင်းကို ဖမ်းဆီးရမိထားခြင်းမရှိသေးသော ဒေါက်တာဝင်းမြတ်အေးကိုယ်စား ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က တရားရုံးတွင်သာ ခုခံချေပရတော့မည်လည်း ဖြစ်သည်။

သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဏာသိမ်းပြီးချိန်မှစ၍ ဆက်သွယ်ရေး၊ သဘာဝဘေး၊ လျို့ဝှက်အက်၊ အဂတိမှု၊ ရွေးကောက်ပွဲမဲမသမာမှုကိစ္စအပါအဝင် အမှု(၁၁)ခုဖြင့် တရားစွဲဆိုထားပြီး လက်ရှိ ရဟတ်ယာဉ်အမှုမှာလည်း ထပ်တိုးလာသည့် အဂတိမှုတစ်ခုဖြစ်နေသည်ကို တွေ့ရသည်။

Zawgyi Version
ေဒါက္တာ ၀င္းျမတ္ေအး၏ကြင္းဆက္အမႈအျဖစ္ ေဒၚလာ(၄)သန္းနီးပါး၊ က်ပ္သိန္းေပါင္းႏွစ္သိန္းေက်ာ္ နစ္နာမႈျဖင့္ ဦး၀င္းျမင့္ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ကုိ ထပ္တုိးတရားစြဲ
Iris (NP News) - ႏုိ၀င္ဘာ ၃၀
လူကယ္ျပန္၀န္ၾကီးေဟာင္း ေဒါက္တာ ၀င္းျမတ္ေအး၏ ရဟတ္ယာဥ္တစ္စီးငွားရမ္းမႈကိစၥႏွင့္ ဆက္စပ္၍ ႏုိင္ငံေတာ္က ေဒၚလာ(၄)သန္းနီးပါးႏွင့္ က်ပ္သိန္းေပါင္း(၂)သိန္းေက်ာ္ ဆုံးရႈံးနစ္နာမႈဆုိင္ရာ အဂတိလုိက္စားမႈတုိ႔ေၾကာင့္ ႏုိင္ငံေတာ္သမၼတေဟာင္း ဦး၀င္းျမင့္ႏွင့္ ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္တုိ႔ကုိ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးဥပေဒျဖင့္ ႏုိ၀င္ဘာ(၃၀)ရက္တြင္ အမႈဖြင့္တုိင္ၾကားခံရေၾကာင္း သတင္းရရွိသည္။

ေဒါက္တာ ၀င္းျမတ္ေအးက ၀န္ၾကီးအျဖစ္တာ၀န္ယူစဥ္အတြင္း သဘာ၀ေဘးအႏၱရာယ္ကာကြယ္ေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳရန္အတြက္ဟုဆုိကာ ၂၀၁၉ ခုႏွစ္မွ ၂၀၂၁ ခုႏွစ္အတြက္ အမ်ဳိးသားသဘာ၀ေဘးအႏၱရာယ္ဆုိင္ရာစီမံခန္႔ခြဲမႈရန္ပုံေငြမွတစ္ဆင့္ ဥပေဒကုိေက်ာ္လႊန္ကာ ငွားရမ္းသုံးစြဲခဲ့ေၾကာင္း၊ ယင္းကုိလည္း သက္တမ္းမ်ားၾကိဳတင္တုိးခဲ့ေၾကာင္း စစ္ေဆးေတြ႔ရွိထားသည္ဟု သိရသည္။ ယင္းအခ်က္ေၾကာင့္ ေဒါက္တာ ၀င္းျမတ္ေအးအား အဂတိလုိက္စားမႈတုိက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္အေရးယူထားခဲ့ျပီး အေသးစိတ္ကုိ ကြင္းဆက္ထပ္မံေဖာ္ထုတ္ခ်က္အရ ႏုိင္ငံေတာ္သမၼတရုံး၏ ညႊန္ၾကားခ်က္အမွတ္(၁/၂၀၁၇)ကုိ လုိက္နာမႈမရွိ၊ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရုံး၏ မွတ္ခ်က္၊ ေလေၾကာင္းပုိ႔ေဆာင္မႈ ညႊန္ၾကားမႈဦးစီးဌာနတုိ႔၏အၾကံျပဳခ်က္မ်ားကုိ ထည့္သြင္းစဥ္းစားျခင္းမရွိဘဲ ရဟတ္ယာဥ္ကုိ ငွားရမ္းစာခ်ဳပ္ ခ်ဳပ္ဆုိခဲ့ၾကျခင္းျဖစ္ေၾကာင္း၊ ယင္းမွာ ဘ႑ာေရးစည္းမ်ဥ္းမ်ားကုိ လုိက္နာရန္ပ်က္ကြက္ျခင္းမ်ဳိးျဖစ္ျပီး ငွားရမ္းထားတဲ့စာခ်ဳပ္သက္တမ္းပါ ၂၀၁၉ ခုႏွစ္မွ ၂၀၂၁ ခုႏွစ္အထိ ပ်ံသန္းအသုံးျပဳခ်ိန္နာရီ(၇၂၀)တြင္ ၈၄ ဒႆမ ၉၅ နာရီသာ ပ်ံသန္းအသုံးျပဳခဲ့ေၾကာင္း၊ ေလ်ာ့နည္းပ်ံသန္းခ်ိန္ ၆၃၅ ဒႆမ ၀၅ နာရီအတြက္ ေလလြင့္ဆုံးရႈံးမႈမ်ား ျဖစ္ေပၚခဲ့ျပီး ယင္းကုိပင္ ေက်ာ္လြန္ကာ ထပ္မံ၍ ငွားရမ္းစာခ်ဳပ္ကုိ သက္တမ္းတုိးခဲ့ေၾကာင္းလည္း သိရသည္။ ယင္းကဲ့သုိ႔ ႏုိင္ငံေတာ္ကနစ္နာမႈကုိ မစိစစ္ဘဲ ထပ္မံသက္တမ္းတုိးခဲ့ျခင္းအျပင္ ေဒၚလာ(၃ ဒႆမ ၅) သန္းေက်ာ္ ပုိမုိေပးေခ်ခဲ့ရျခင္းမ်ားေၾကာင့္ ႏုိင္ငံေတာ္ဘ႑ာေငြကုိ အလြဲသုံးစားမႈလုပ္ရာေရာက္ခဲ့ေၾကာင္းလည္း ဆုိႏုိင္သည္။ ရဟတ္ယာဥ္သုံးစြဲမႈတြင္ ယခင္အစုိးရမ်ားလက္ထက္က တပ္မေတာ္ပုိင္ရဟတ္ယာဥ္၊ ေလယာဥ္မ်ားကုိ အသင့္သုံးႏုိင္ရန္ေပးအပ္၍ ႏုိင္ငံေတာ္ဘတ္ဂ်က္ကုိေခၽြတာခဲ့ေသာ္လည္း ၀န္ၾကီးဌာနထံ ၾကိဳတင္တင္ျပေတာင္းခံျခင္းလည္းမျပဳဘဲ NLD အစုိးရလက္ထက္၌ လုပ္ထုံးလုပ္နည္းမ်ားကို ေက်ာ္လြန္၍ သုံးစြဲခြင့္မရွိသည့္ သဘာ၀ေဘးအႏၱရာယ္ စီမံခန္႔ခြဲမႈဆုိင္ရာရန္ပုံေငြထဲမွ သုံးစြဲထားျခင္းမ်ဳိးျဖစ္ေၾကာင္းလည္း သိရသည္။ သဘာ၀ေဘးဆုိင္ရာရန္ပုံေငြထဲမွလည္း ရဟတ္ယာဥ္၀ယ္ယူေရးေခါင္းစဥ္ျဖင့္ က်ပ္သိန္းေပါင္း(၂၃၀၀၀၀)ေက်ာ္ကုိ ေပးေခ်ထားျခင္းေၾကာင့္ ႏုိင္ငံေတာ္ဘ႑ာေငြကုိ ထိခုိက္နစ္နာေစခ့ဲျပန္ေၾကာင္း စစ္ေဆးေတြ႔ရွိရသည္ဟု ဆုိသည္။

၀ယ္ယူခဲ့ေသာ ရဟတ္ယာဥ္ကုိလည္း အသုံးျပဳျခင္း၊ ျပဳျပင္ျခင္းေခါင္းစဥ္ေအာက္မွေန၍ ပုဂၢလိကကုမၸဏီတစ္ခုထံ လုပ္ငန္းအပ္ႏွံခဲ့ေၾကာင္း၊ ယင္းကဲ့သုိ႔အပ္ႏွံမႈကုိလည္း လုပ္ထုံးလုပ္နည္းအတုိင္း တင္ဒါေခၚယူျခင္းမ်ဳိးမလုပ္သည့္အျပင္ ဘ႑ာေရးစည္းမ်ဥ္းသတ္မွတ္ခ်က္ကုိပါ ခ်ဳိးေဖာက္ခဲ့ေၾကာင္း သိရသည္။ အဆုိပါကုမၸဏီကုိလည္း လုပ္ငန္းထိန္းသိမ္းမႈမလုပ္ခင္ကတည္းက ၀န္ေဆာင္ခအျဖစ္ ေဒၚလာ(၂၇၀၀၀၀)သာ ေပးေခ်သင့္သည့္ပမာဏထက္ပုိ၍ ငါးလစာအျဖစ္ ေဒၚလာ ၄၉၂၆၆၇ (၅ သိန္းနီးပါး)ကုိ ရဟတ္ယာဥ္မျမင္ရခင္ကတည္းက ၾကိဳတင္ေပးေခ်ခဲ့ေၾကာင္းလည္း ဆုိသည္။ ယင္းကဲ့သို႔ အေထြေထြ အဂတိလုိက္စားခ်ဳိးေဖာက္မႈမ်ားရွိေနခဲ့သည့္အတြက္ ေဒါက္တာ ၀င္းျမတ္ေအးကုိ ၾသဂုတ္လ(၂၇)ရက္က ပထမသတင္းေပးတုိင္ၾကားခ်က္ကုိ ကုိးကား၍ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ အရ ေနျပည္ေတာ္ ဘုရားကုန္းျမိဳ႕မရဲစခန္းတြင္ တုိင္ၾကားထားျပီးျပီျဖစ္ေၾကာင္းလည္း သိရသည္။ ယင္းကိစၥႏွင့္ဆက္စပ္၍လည္း ႏုိင္ငံေတာ္သမၼတေဟာင္း ဦး၀င္းျမင့္၊ အတုိင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္တုိ႔ကုိ ႏုိင္ငံေရးရာထူးရွိစဥ္အတြင္းက ႏုိင္ငံေတာ္ဘ႑ာေငြနစ္နာမႈရွိေနသည့္တုိင္ လုပ္ပုိင္ခြင့္အာဏာအလြဲသုံးစားျပဳ၍ အဂတိလုိက္စားမႈအားေပးခဲ့သည္ဟုဆုိကာ အဂတိလုိက္စားမႈတုိက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၅ အရ ေနျပည္ေတာ္ ဘုရားကုန္းျမိဳ႕မရဲစခန္း၌ပင္ ႏုိ၀င္ဘာ(၃၀)ရက္က တရားစြဲဆုိလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ ရဟတ္ယာဥ္ကိစၥအတြက္ ႏုိင္ငံေတာ္က နစ္နာခဲ့သည့္ေငြေၾကးပမာဏမွာ ေဒၚလာ(၃)သန္းခြဲ၊ ေဒၚလာငါးသိန္းနီးပါးႏွင့္ က်ပ္သိန္းေပါင္း(၂၃၀၀၀၀)ဟု သိရျပီး ယင္းပမာဏႏွင့္ထုိက္တန္ေသာ သုံးစြဲမႈရွိခဲ့ျခင္း မရွိခဲ့ျခင္းကုိ ဖမ္းဆီးရမိထားျခင္းမရွိေသးေသာ ေဒါက္တာ၀င္းျမတ္ေအးကုိယ္စား ဦး၀င္းျမင့္ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္တုိ႔က တရားရုံးတြင္သာ ခုခံေခ်ပရေတာ့မည္လည္း ျဖစ္သည္။

သမၼတေဟာင္း ဦး၀င္းျမင့္ႏွင့္ အတုိင္ပင္ခံေဟာင္း ေဒၚေအာင္ဆန္းစုၾကည္တုိ႔ကုိ အာဏာသိမ္းျပီးခ်ိန္မွစ၍ ဆက္သြယ္ေရး၊ သဘာ၀ေဘး၊ လ်ဳိ႕၀ွက္အက္၊ အဂတိမႈ၊ ေရြးေကာက္ပြဲမဲမသမာမႈကိစၥအပါအ၀င္ အမႈ(၁၁)ခုျဖင့္ တရားစြဲဆုိထားျပီး လက္ရွိ ရဟတ္ယာဥ္အမႈမွာလည္း ထပ္တုိးလာသည့္ အဂတိမႈတစ္ခုျဖစ္ေနသည္ကုိ ေတြ႔ရသည္။

Picture

Htet Nay Aung

01/12/2021 09:46

Youtube မှာ NP ကတင်တဲ့ Videos လေးတွေအမြဲတမ်းကြည့်ဖြစ်ပါတယ်။ အခု NP News Youtube Channel ကိုရှာမရတော့လို့ပါ။ ဘယ်မှာကြည့်လို့ရမလဲခဗျာ။

Related news

© 2021. All rights reserved.