စက်ရုံမီးလောင်မှုဖြစ်စဉ်တွင် ဆုံးရှုံးမှုကြီးမားသော်လည်း ဈေးကွက်အတွင်း ယံယံစားသုံးကုန်များကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းသွားမည်ဟုဆို

1162

NP News - ဒီဇင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းအတွင်းရှိ ယံယံအသင့်စားခေါက်ဆွဲ(ရသာချိုကုမ္ပဏီ) စက်ရုံသည် ဒီဇင်ဘာလ(၁) ရက် ည(၁ဝ) နာရီကျော်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုကြီးမားခဲ့ကြောင်း၊ စားသုံးသူများထံ မကြာခင်အရောက်ပြန်လာမည်ဖြစ်ကြောင်း ယံယံဘက်မှ ယနေ့(ဒီဇင်ဘာလ ၂) ရက်၊ နေ့လည်ပိုင်းတွင် အသိပေးထုတ်ပြန်လိုက်သည်။
ယံယံခေါက်ဆွဲစက်ရုံမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယံယံအသင့်စားခေါက်ဆွဲစက်ရုံ (ရသာချိုကုမ္ပဏီ) ပိုင်ရှင်ဖြစ်သူ ဦးဝေဖြိုးသည် စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်နေသော မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်အသင်း (UMFCCI) တွင် ဒုတိယဥက္ကဋ္ဌ တာဝန်ယူထားသူဖြစ်ကြောင်း၊ ၎င်းသည် ယခင်ကတည်းက ခြိမ်းခြောက်ခံခဲ့ရကြောင်း စသည့်သတင်းများလည်း လူမှုကွန်ရက်တွင်ထွက်ပေါ်လာသည်ကို တွေ့ရသည်။
ယံယံ အသင့်စားခေါက်ဆွဲသည် မြန်မာနိုင်ငံတွင် ဈေးကွက်အခိုင်အမာရရှိထားသည့်ထုတ်ကုန်တစ်မျိုးဖြစ်ပြီး ယခုမီးလောင်မှုဖြစ်စဉ်တွင် စက်ရုံတစ်ခုလုံးနီးပါး ဆုံးရှုံးခဲ့ကြောင်း ကနဦးသိထားရသော်လည်း မီးလောင်မှု ဖြစ်ပွားရသည့်အကြောင်းအရင်းနှင့် ဆုံးရှုံးမှုပမာဏအတိအကျကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။
“ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် တည်ရှိသော ယံယံအသင့်စားခေါက်ဆွဲစက်ရုံတွင် မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါဖြစ်ရပ်ကြောင့် ကြီးမားသော ဆုံးရှုံးမှုများစွာဖြစ်ခဲ့ရပြီး၊ စိုးရိမ်ပူပန်ပေး ကြပါ သော စားသုံးသူပြည်သူများကိုလည်း ယခုကဲ့သို့မမျှော်လင့်ဘဲ ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုအတွက် ယံယံ မြန်မာမှ ညှိုးငယ်စွာတောင်းပန်အပ်ပါသည်။ ယံယံ အသင့်စားခေါက်ဆွဲများကို ဈေးကွက်အတွင်းသို့ အမြန်ဆုံး ပြန်လည်ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း” ယံယံမြန်မာ(ရသာချိုစက်မှုလုပ်ငန်းလီမိတက်) မှ အသိပေးကြေညာလိုက်သည်။
ယံယံခေါက်ဆွဲစက်ရုံ မီးလောင်မှုဖြစ်စဉ်သည် ဒီဇင်ဘာလ(၁) ရက်၊ ည(၁ဝ) နာရီ (၃ဝ) မိနစ်အချိန်မှစတင်ခဲ့ပြီး ဒီဇင်ဘာလ(၂) ရက်၊ နံနက်အစော မနက်(၁) နာရီ (၃ဝ) မိနစ်အချိန်မှသာ မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ယံယံခေါက်ဆွဲစက်ရုံ မီးလောင်မှုဖြစ်စဉ်အတွင်း ဝိုင်းဝန်းကူညီမီးငြှိမ်းသတ်ပေးခဲ့ကြသော မြန်မာနိုင်ငံမီး သတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်စခန်း အသီးသီးမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ လူမှုရေးပရဟိတအသင်းအဖွဲ့များနှင့် စိုးရိမ်ပူပန်ပေးကြ ပါသော စားသုံးသူ ပြည်သူများအား ကျေးဇူးအထူးတင်ကြောင်း ယံယံဘက်မှ ပြောကြားထားသည်ကို တွေ့ရသည်။
Zawgyi Version;
စက္႐ုံမီးေလာင္မႈျဖစ္စဥ္တြင္ ဆုံးရႈံးမႈႀကီးမားေသာ္လည္း ေဈးကြက္အတြင္း ယံယံစားသုံးကုန္မ်ားကို အျမန္ဆုံး ျပန္လည္ျဖည့္တင္းသြားမည္ဟုဆို
NP News - ဒီဇင္ဘာ ၂
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေဇကမာၻဝင္းအတြင္းရွိ ယံယံအသင့္စားေခါက္ဆြဲ(ရသာခ်ိဳကုမၸဏီ) စက္႐ုံသည္ ဒီဇင္ဘာလ(၁) ရက္ ည(၁ဝ) နာရီေက်ာ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ဆုံးရႈံးမႈႀကီးမားခဲ့ေၾကာင္း၊ စားသုံးသူမ်ားထံ မၾကာခင္အေရာက္ျပန္လာမည္ျဖစ္ေၾကာင္း ယံယံဘက္မွ ယေန႔(ဒီဇင္ဘာလ ၂) ရက္၊ ေန႔လည္ပိုင္းတြင္ အသိေပးထုတ္ျပန္လိုက္သည္။
ယံယံေခါက္ဆြဲစက္႐ုံမီးေလာင္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ယံယံအသင့္စားေခါက္ဆြဲစက္႐ုံ (ရသာခ်ိဳကုမၸဏီ) ပိုင္ရွင္ျဖစ္သူ ဦးေဝၿဖိဳးသည္ စစ္ေကာင္စီႏွင့္ပူးေပါင္းေဆာင္႐ြက္ေနေသာ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္ မႈလုပ္ငန္းရွင္အသင္း (UMFCCI) တြင္ ဒုတိယဥကၠ႒ တာဝန္ယူထားသူျဖစ္ေၾကာင္း၊ ၎သည္ ယခင္ကတည္းက ၿခိမ္းေျခာက္ခံခဲ့ရေၾကာင္း စသည့္သတင္းမ်ားလည္း လူမႈကြန္ရက္တြင္ထြက္ေပၚလာသည္ကို ေတြ႕ရသည္။
ယံယံ အသင့္စားေခါက္ဆြဲသည္ ျမန္မာႏိုင္ငံတြင္ ေဈးကြက္အခိုင္အမာရရွိထားသည့္ထုတ္ကုန္တစ္မ်ိဳးျဖစ္ၿပီး ယခုမီးေလာင္မႈျဖစ္စဥ္တြင္ စက္႐ုံတစ္ခုလုံးနီးပါး ဆုံးရႈံးခဲ့ေၾကာင္း ကနဦးသိထားရေသာ္လည္း မီးေလာင္မႈ ျဖစ္ပြားရသည့္အေၾကာင္းအရင္းႏွင့္ ဆုံးရႈံးမႈပမာဏအတိအက်ကို ထုတ္ျပန္ထားျခင္းမရွိေသးေပ။
“ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ တည္ရွိေသာ ယံယံအသင့္စားေခါက္ဆြဲစက္႐ုံတြင္ မီးေလာင္ ကြၽမ္းမႈျဖစ္ပြားခဲ့ပါသည္။ အဆိုပါျဖစ္ရပ္ေၾကာင့္ ႀကီးမားေသာ ဆုံးရႈံးမႈမ်ားစြာျဖစ္ခဲ့ရၿပီး၊ စိုးရိမ္ပူပန္ေပး ၾကပါ ေသာ စားသုံးသူျပည္သူမ်ားကိုလည္း ယခုကဲ့သို႔မေမွ်ာ္လင့္ဘဲ ျဖစ္ပြားခဲ့သည့္ မီးေလာင္ကြၽမ္းမႈအတြက္ ယံယံ ျမန္မာမွ ညႇိဳးငယ္စြာေတာင္းပန္အပ္ပါသည္။ ယံယံ အသင့္စားေခါက္ဆြဲမ်ားကို ေဈးကြက္အတြင္းသို႔ အျမန္ဆုံး ျပန္လည္ျဖည့္ဆည္းေပးသြားမည္ျဖစ္ေၾကာင္း” ယံယံျမန္မာ(ရသာခ်ိဳစက္မႈလုပ္ငန္းလီမိတက္) မွ အသိေပးေၾကညာလိုက္သည္။
ယံယံေခါက္ဆြဲစက္႐ုံ မီးေလာင္မႈျဖစ္စဥ္သည္ ဒီဇင္ဘာလ(၁) ရက္၊ ည(၁ဝ) နာရီ (၃ဝ) မိနစ္အခ်ိန္မွစတင္ခဲ့ၿပီး ဒီဇင္ဘာလ(၂) ရက္၊ နံနက္အေစာ မနက္(၁) နာရီ (၃ဝ) မိနစ္အခ်ိန္မွသာ မီးျငႇိမ္းသတ္ႏိုင္ခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံမီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။ ယံယံေခါက္ဆြဲစက္႐ုံ မီးေလာင္မႈျဖစ္စဥ္အတြင္း ဝိုင္းဝန္းကူညီမီးျငႇိမ္းသတ္ေပးခဲ့ၾကေသာ ျမန္မာႏိုင္ငံမီး သတ္ဦးစီးဌာနမွ တာဝန္ရွိသူမ်ား၊ ၿမိဳ႕နယ္မီးသတ္စခန္း အသီးသီးမွ ဝန္ထမ္းမ်ား၊ ၾကက္ေျခနီအသင္းအဖြဲ႕မ်ား၊ လူမႈေရးပရဟိတအသင္းအဖြဲ႕မ်ားႏွင့္ စိုးရိမ္ပူပန္ေပးၾက ပါေသာ စားသုံးသူ ျပည္သူမ်ားအား ေက်းဇူးအထူးတင္ေၾကာင္း ယံယံဘက္မွ ေျပာၾကားထားသည္ကို ေတြ႕ရသည္။