NLD သူရဦးတင်ဦး၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်နှင့် စည်သူဘိုကလေးတင်အောင်တို့အား နစက ဥက္ကဋ္ဌက တစ်ရက်တည်း ဆက်တိုက်သွားရောက်တွေ့ဆုံ

 1940

Iris (NP News) - ဒီဇင်ဘာ ၅
နစက ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NLD ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်နှင့် သဘင်ဂီတအနုပညာနယ်ပယ်မှ ထိပ်ခေါင်ပုဂ္ဂိုလ်ကြီးဖြစ်သူ စည်သူဘိုကလေးတင်အောင်တို့အား သွားရောက်တွေ့ဆုံ ဂါရဝပြုခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့သို့ ရောက်ရှိနေစဉ်အတွင်း ဒီဇင်ဘာ(၅)ရက်က သွားရောက်တွေ့ဆုံခဲ့ခြင်းမျိုးဖြစ်ပြီး ကနဦးအဖြစ် NLD နာယက သူရဦးတင်ဦးအား ဗဟန်းမြို့နယ် သံလွင်လမ်းရှိနေထိုင်ရာနေအိမ်သို့ နံနက်ပိုင်း၌ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံမှု၌ ကျန်းမာရေးအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားခြင်းမျိုးဖြစ်ပြီး ၎င်း၏နစကအဖွဲ့ဝင်များနှင့်လည်း မိတ်ဆက်ပေးခဲ့သည်ဟု သိရသည်။ “ ဘဘဦးတင်ဦးရဲ့လက်ကို ဆုပ်ကိုင်ရင်းနဲ့ တော်တော်ကျန်းမာသေးတာပဲ။ တော်တော်သန်မာသေးတာပဲလို့တော့ ပြောတယ် ” ဟု သူရဦးတင်ဦး၏အိမ်နှင့်ပုံမှန်အဆက်အသွယ်ရှိသော သတင်းသမားတစ်ဦးက ၎င်း၏လူမှုကွန်ရက်တွင် ဒီဇင်ဘာ(၅)ရက် နေ့လယ်ပိုင်း၌ရေးသားထားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်ကလည်း သူရဦးတင်ဦး၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်၍ လိုအပ်ချက်များရှိပါက ချက်ခြင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တပ်မတော်ဆေးရုံများတွင် လိုအပ်သည့်ဆေးကုသမှုများခံယူနိုင်ရေးအတွက် တာဝန်ရှိသူများကို တိုက်ရိုက်ညွှန်ကြားချက်ပေးထားမည်ဖြစ်ကြောင်း အသိပေးခဲ့သည်ဟု ဆိုသည်။ ယင်းအပြင် အားဖြည့်ငှက်သိုက်များနှင့် တပ်မတော်ထုတ်စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းနောက်တွင် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းအနီးရှိ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်၏နေအိမ်သို့ ဆက်လက်သွားရောက်ခဲ့ကြောင်းလည်း သိရသည်။ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ဖူးသည့် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အား သွားရောက်တွေ့ဆုံမှုတွင်လည်း ကျန်းမာရေးအခြေအနေကို ဦးစားပေးမေးမြန်းခဲ့သကဲ့သို့ အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်ပေးမည့်အကြောင်းလည်း အသိပေးခဲ့သည်ဟု ဆိုသည်။ ယင်းအပြင် နိုင်ငံတွင်း၌ဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေများကို ရှင်းပြခဲ့ကြောင်း နစက သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပြီး လိုအပ်သောအကြံဉာဏ်များလည်း ရယူခဲ့ပုံကြောင်းလည်း သုံးသပ်စရာရှိနေသည်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အား နေပြည်တော်တွင် ၎င်းကိုယ်တိုင်ဦးဆောင်တည်ဆောက်နေသော ဗုဒ္ဓဥယျာဉ်တော်နှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိစ္စကို ရှင်းပြခဲ့ပြီး အားဖြည့်ငှက်သိုက်များနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

ယင်းနောက်တွင် ဗဟန်းမြို့နယ် ရွှေဂုံတိုင် SSC အထူးကုဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသော စည်သူ ဘိုကလေးတင်အောင်အား သွားရောက်ကြည့်ရှုခဲ့ပြီး ကျန်းမာရေးအခြေအနေနှင့် မိသားစုရေးရာကိစ္စများကို မေးမြန်းခဲ့ကြောင်း၊ ထောက်ပံ့ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်းလည်း နစက ပြန်ကြားရေး၏ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version
NLD သူရဦးတင္ဦး၊ ဗုိလ္ခ်ဳပ္ၾကီးေဟာင္း ဦးခင္ညြန္႔ႏွင့္ စည္သူဘုိကေလးတင္ေအာင္တုိ႔အား နစက ဥကၠ႒က တစ္ရက္တည္း ဆက္တုိက္သြားေရာက္ေတြ႔ဆုံ
Iris (NP News) - ဒီဇင္ဘာ ၅
နစက ေခါင္းေဆာင္ ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္က NLD ထိပ္တန္းေခါင္းေဆာင္တစ္ဦးျဖစ္သူ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေဟာင္း သူရဦးတင္ဦး ၊ ႏုိင္ငံေတာ္၀န္ၾကီးခ်ဳပ္ေဟာင္း ဗုိလ္ခ်ဳပ္ၾကီး ခင္ညြန္႔ႏွင့္ သဘင္ဂီတအႏုပညာနယ္ပယ္မွ ထိပ္ေခါင္ပုဂၢိဳလ္ၾကီးျဖစ္သူ စည္သူဘုိကေလးတင္ေအာင္တုိ႔အား သြားေရာက္ေတြ႔ဆုံ ဂါရ၀ျပဳခဲ့ေၾကာင္း သတင္းရရွိသည္။

ရန္ကုန္ျမိဳ႕သုိ႔ ေရာက္ရွိေနစဥ္အတြင္း ဒီဇင္ဘာ(၅)ရက္က သြားေရာက္ေတြ႔ဆုံခဲ့ျခင္းမ်ဳိးျဖစ္ျပီး ကနဦးအျဖစ္ NLD နာယက သူရဦးတင္ဦးအား ဗဟန္းျမိဳ႕နယ္ သံလြင္လမ္းရွိေနထုိင္ရာေနအိမ္သုိ႔ နံနက္ပုိင္း၌ သြားေရာက္ေတြ႔ဆုံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆုိပါေတြ႔ဆုံမႈ၌ က်န္းမာေရးအေျခအေနမ်ားကုိ ေမးျမန္းအားေပးစကားေျပာၾကားျခင္းမ်ဳိးျဖစ္ျပီး ၄င္း၏နစကအဖြဲ႔၀င္မ်ားႏွင့္လည္း မိတ္ဆက္ေပးခဲ့သည္ဟု သိရသည္။ “ ဘဘဦးတင္ဦးရဲ႕လက္ကုိ ဆုပ္ကုိင္ရင္းနဲ႔ ေတာ္ေတာ္က်န္းမာေသးတာပဲ။ ေတာ္ေတာ္သန္မာေသးတာပဲလုိ႔ေတာ့ ေျပာတယ္ ” ဟု သူရဦးတင္ဦး၏အိမ္ႏွင့္ပုံမွန္အဆက္အသြယ္ရွိေသာ သတင္းသမားတစ္ဦးက ၄င္း၏လူမႈကြန္ရက္တြင္ ဒီဇင္ဘာ(၅)ရက္ ေန႔လယ္ပုိင္း၌ေရးသားထားသည္။ ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္ဘက္ကလည္း သူရဦးတင္ဦး၏ က်န္းမာေရးအေျခအေနႏွင့္ပတ္သက္၍ လုိအပ္ခ်က္မ်ားရွိပါက ခ်က္ျခင္းေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း၊ တပ္မေတာ္ေဆးရုံမ်ားတြင္ လုိအပ္သည့္ေဆးကုသမႈမ်ားခံယူႏုိင္ေရးအတြက္ တာ၀န္ရွိသူမ်ားကုိ တုိက္ရုိက္ညႊန္ၾကားခ်က္ေပးထားမည္ျဖစ္ေၾကာင္း အသိေပးခဲ့သည္ဟု ဆုိသည္။ ယင္းအျပင္ အားျဖည့္ငွက္သုိက္မ်ားႏွင့္ တပ္မေတာ္ထုတ္စားေသာက္ဖြယ္ရာမ်ားကုိ ေပးအပ္ခဲ့ေၾကာင္း သိရသည္။ ယင္းေနာက္တြင္ မရမ္းကုန္းျမိဳ႕နယ္ ကမၻာေအးဘုရားလမ္းအနီးရွိ ဗုိလ္ခ်ဳပ္ၾကီးေဟာင္း ဦးခင္ညြန္႔၏ေနအိမ္သုိ႔ ဆက္လက္သြားေရာက္ခဲ့ေၾကာင္းလည္း သိရသည္။ ႏုိင္ငံေတာ္၀န္ၾကီးခ်ဳပ္တာ၀န္ကုိ ထမ္းေဆာင္ခဲ့ဖူးသည့္ ဗုိလ္ခ်ဳပ္ၾကီးေဟာင္း ဦးခင္ညြန္႔အား သြားေရာက္ေတြ႔ဆုံမႈတြင္လည္း က်န္းမာေရးအေျခအေနကုိ ဦးစားေပးေမးျမန္းခဲ့သကဲ့သုိ႔ အခိ်န္ႏွင့္တေျပးညီ ကူညီေဆာင္ရြက္ေပးမည့္အေၾကာင္းလည္း အသိေပးခဲ့သည္ဟု ဆုိသည္။ ယင္းအျပင္ ႏုိင္ငံတြင္း၌ျဖစ္ေပၚေျပာင္းလဲေနေသာ ႏုိင္ငံေရးအေျခအေနမ်ားကုိ ရွင္းျပခဲ့ေၾကာင္း နစက သတင္းျပန္ၾကားေရးက ထုတ္ျပန္ထားျပီး လုိအပ္ေသာအၾကံဥာဏ္မ်ားလည္း ရယူခဲ့ပုံေၾကာင္းလည္း သုံးသပ္စရာရွိေနသည္။ ဗုိလ္ခ်ဳပ္ၾကီးေဟာင္း ဦးခင္ညြန္႔အား ေနျပည္ေတာ္တြင္ ၄င္းကုိယ္တုိင္ဦးေဆာင္တည္ေဆာက္ေနေသာ ဗုဒၶဥယ်ာဥ္ေတာ္ႏွင့္ မာရ၀ိဇယဗုဒၶရုပ္ပြားေတာ္ျမတ္ၾကီးကိစၥကုိ ရွင္းျပခဲ့ျပီး အားျဖည့္ငွက္သုိက္မ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ားကုိ ေပးအပ္ခဲ့ေၾကာင္းလည္း သိရသည္။

ယင္းေနာက္တြင္ ဗဟန္းျမိဳ႕နယ္ ေရႊဂုံတုိင္ SSC အထူးကုေဆးရုံၾကီး၌ ေဆးကုသမႈခံယူေနရေသာ စည္သူ ဘုိကေလးတင္ေအာင္အား သြားေရာက္ၾကည့္ရႈခဲ့ျပီး က်န္းမာေရးအေျခအေနႏွင့္ မိသားစုေရးရာကိစၥမ်ားကုိ ေမးျမန္းခဲ့ေၾကာင္း၊ ေထာက္ပံ့ေငြမ်ားႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္ခဲ့ေၾကာင္းလည္း နစက ျပန္ၾကားေရး၏ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.