ပေကျင်းအိုလံပစ်ပွဲတော်ကြီးကို နိုင်ငံရေးအရသပိတ်မှောက်ကြတဲ့ နိုင်ငံတွေဟာ တန်ရာတန်ကြေးအဖြစ် ပြန်လည်ပေးဆပ်ရလိမ့်မယ်လို့ တရုတ် အာဏာပိုင်တွေ သတိပေး

 1215

မိုးတိမ် (NP News) - ဒီဇင်ဘာ ၉
၂၀၂၂ ခုနှစ် ပေကျင်းနွေရာသီအိုလံပစ်ပွဲတော်ကို သံတမန်ရေးရာသပိတ်မှောက်ကြတဲ့နိုင်ငံတွေအနေနဲ့ တန်ရာတန်ကြေးကို ပြန်လည်ပေးဆပ်ရလိမ့်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပြောကြားလိုက်ပါတယ်။

အိုလံပစ်ပွဲတော်တွေကို အားကစားကဏ္ဍစုံလင်စွာနဲ့ နိုင်ငံရေးအရောင်အသွေးမရှိစေဘဲ ကျင်းပလေ့ရှိပေမယ့် ဒီတစ်ကြိမ်ကျင်းပမယ့် ပွဲတော်ကိုတော့ အမေရိကန်က ဦးဆောင်ပြီး သံတမန်ရေးရာသပိတ်မှောက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်အစိုးရထိပ်တန်းခေါင်းဆောင်များဖြစ်စေ၊ သံတမန်အသိုင်းအဝိုင်းက တာဝန်ရှိသူဖြစ်စေ ဘယ်သူ့ကိုမှစေလွှတ်ခြင်းမရှိဘဲ သံတမန်ရေးရာသပိတ်မှောက်ခြင်းကို လုပ်ဆောင်သွားမယ်လို့ ဒီဇင်ဘာ(၇)ရက်က အတိအလင်းကြေညာခဲ့ပါတယ်။ အမေရိကန်အစိုးရဘက်က တရားဝင်ကြေညာပြီးတဲ့နောက်မှာတော့ အမေရိကန်အလိုကျနိုင်ငံတွေဖြစ်တဲ့ ကနေဒါ၊ ဗြိတိန်နဲ့ သြစတြေးလျတို့ကပါ သပိတ်မှောက်မယ်လို့ ရှေ့ဆင့်နောက်ဆင့် ကြေညာလာပါတယ်။ ဂျပန်၊ တောင်ကိုရီးယား အစရှိတဲ့နိုင်ငံတွေကတော့ သံတမန်တစ်ဦးတစ်လေမှ စေလွှတ်ခြင်းမရှိတာမျိုးမဟုတ်ဘဲ အစိုးရခေါင်းဆောင်အစား သံတမန်တစ်ဦး သို့မဟုတ် ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်တာမျိုးလုပ်မယ်လို့ အသိပေးထားပါတယ်။ “ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ သြစတြေးလျတို့ဟာ အိုလံပစ်ပွဲတော်ကို ဦးတည်ပြီးတော့ နိုင်ငံရေးအရထိုးနှက်မှုလုပ်ဆောင်တာဟာ သူတို့ကိုယ်တိုင် အားကစားနဲ့နိုင်ငံရေးကိုပါ သီးခြားခွဲပြီးရပ်တည်ပြတာမျိုး မလုပ်နိုင်ခြင်းမျိုးဖြစ်တဲ့အတွက် သူတို့လုပ်ဆောင်ခဲ့တဲ့အမှားအတိုင်း မလွဲမသွေတန်ရာတန်ကြေး ပြန်လည်ပေးဆပ်ရပါလိမ့်မယ် ” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ့်ဝန်ဘင်းက မီဒီယာတွေကို ပြောပါတယ်။ တရုတ်အိုလံပစ်ကို သပိတ်မှောက်ခြင်းလုပ်ဖို့အတွက် ခေါင်းစဉ်ရှာဖွေမှုကတော့ ရှင်းကျန်းဒေသက ဝီဂါမွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်ဆောင်တာကြောင့်လို့ ကင်ပွန်းတပ်ထားပါတယ်။ တရားဝင်မကြေညာခင်ကတည်းကလည်း တရုတ်အိုလံပစ်ကို သံတမန်ရေးရာ သပိတ်မှောက်မှုတွေလုပ်ဆောင်သွားဖို့ စဉ်းစားနေတယ်လို့ အမေရိကန်က ဦးဆောင်သတင်းစကားပါးမှုတွေ လုပ်ခဲ့ပါသေးတယ်။ အထူးသဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှာ စတင်ကျင်းပမယ့် ပေကျင်းအိုလံပစ်ပွဲတော်ကြီးအတွက် အခမ်းအနားဖိတ်ကြားရေးအစီအစဉ်တွေ မစတင်ခင်ကတည်းက လေသံကြိုပစ်ခဲ့တာမျီုးလည်း ဖြစ်ပါတယ်။

အိုလံပစ်ကော်မတီအကြီးအကဲတွေကတော့ အားကစားနဲ့နိုင်ငံရေးကို ရောထွေးရပ်တည်တာမျိုးမလုပ်ဘဲ အားကစားဆန်ဆန်သာ ရပ်တည်မယ်လို့ ကြေညာထားပါတယ်။ အထူးသဖြင့် အိုလံပစ်ပြိုင်ပွဲလိုမျိုး ကမ္ဘာလုံးဆိုင်ရာအားကစားပြိုင်ပွဲကြီးတွေအပေါ်မှာ နိုင်ငံရေးအရောင်စွန်းထင်းလာတာဟာ အိုလံပစ်ပြိုင်ပွဲကြီးတွေရဲ့သမိုင်းကြောင်းကိုပါ ညစ်ထေးအောင်လုပ်သလိုဖြစ်ပြီး နိုင်ငံရေးဝင်ပါလာတာနဲ့အမျှ အားကစားပြိုင်ပွဲတွေဟာ သက်ဆိုးမရှည်စေနိုင်ဘူးလို့လည်း ထောက်ပြကြပါတယ်။

Zawgyi Version
ေပက်င္းအုိလံပစ္ပြဲေတာ္ၾကီးကုိ ႏုိင္ငံေရးအရသပိတ္ေမွာက္ၾကတဲ့ ႏုိင္ငံေတြဟာ တန္ရာတန္ေၾကးအျဖစ္ ျပန္လည္ေပးဆပ္ရလိမ့္မယ္လုိ႔ တရုတ္ အာဏာပုိင္ေတြ သတိေပး
မုိးတိမ္ (NP News) - ဒီဇင္ဘာ ၉
၂၀၂၂ ခုႏွစ္ ေပက်င္းေႏြရာသီအုိလံပစ္ပြဲေတာ္ကုိ သံတမန္ေရးရာသပိတ္ေမွာက္ၾကတဲ့ႏုိင္ငံေတြအေနနဲ႔ တန္ရာတန္ေၾကးကို ျပန္လည္ေပးဆပ္ရလိမ့္မယ္လုိ႔ တရုတ္ႏုိင္ငံျခားေရး၀န္ၾကီးဌာန ေျပာေရးဆုိခြင့္ရွိသူက တု႔ံျပန္ေျပာၾကားလိုက္ပါတယ္။

အုိလံပစ္ပြဲေတာ္ေတြကုိ အားကစားက႑စုံလင္စြာနဲ႔ ႏုိင္ငံေရးအေရာင္အေသြးမရွိေစဘဲ က်င္းပေလ့ရွိေပမယ့္ ဒီတစ္ၾကိမ္က်င္းပမယ့္ ပြဲေတာ္ကုိေတာ့ အေမရိကန္က ဦးေဆာင္ျပီး သံတမန္ေရးရာသပိတ္ေမွာက္ေၾကာင္း ေၾကညာခဲ့တာျဖစ္ပါတယ္။ အထူးသျဖင့္ အေမရိကန္အစုိးရထိပ္တန္းေခါင္းေဆာင္မ်ားျဖစ္ေစ၊ သံတမန္အသုိင္းအ၀ုိင္းက တာ၀န္ရွိသူျဖစ္ေစ ဘယ္သူ႔ကုိမွေစလႊတ္ျခင္းမရွိဘဲ သံတမန္ေရးရာသပိတ္ေမွာက္ျခင္းကုိ လုပ္ေဆာင္သြားမယ္လုိ႔ ဒီဇင္ဘာ(၇)ရက္က အတိအလင္းေၾကညာခဲ့ပါတယ္။ အေမရိကန္အစုိးရဘက္က တရား၀င္ေၾကညာျပီးတဲ့ေနာက္မွာေတာ့ အေမရိကန္အလုိက်ႏုိင္ငံေတြျဖစ္တဲ့ ကေနဒါ၊ ျဗိတိန္နဲ႔ ၾသစေၾတးလ်တုိ႔ကပါ သပိတ္ေမွာက္မယ္လုိ႔ ေရွ႕ဆင့္ေနာက္ဆင့္ ေၾကညာလာပါတယ္။ ဂ်ပန္၊ ေတာင္ကုိရီးယား အစရွိတဲ့ႏုိင္ငံေတြကေတာ့ သံတမန္တစ္ဦးတစ္ေလမွ ေစလႊတ္ျခင္းမရွိတာမ်ဳိးမဟုတ္ဘဲ အစုိးရေခါင္းေဆာင္အစား သံတမန္တစ္ဦး သို႔မဟုတ္ ကုိယ္စားလွယ္အဖြဲ႔ကုိ ေစလႊတ္တာမ်ဳိးလုပ္မယ္လုိ႔ အသိေပးထားပါတယ္။ “ အေမရိကန္၊ ျဗိတိန္၊ ကေနဒါနဲ႔ ၾသစေၾတးလ်တုိ႔ဟာ အုိလံပစ္ပြဲေတာ္ကုိ ဦးတည္ျပီးေတာ့ ႏုိင္ငံေရးအရထုိးႏွက္မႈလုပ္ေဆာင္တာဟာ သူတုိ႔ကုိယ္တုိင္ အားကစားနဲ႔ႏုိင္ငံေရးကုိပါ သီးျခားခြဲျပီးရပ္တည္ျပတာမ်ဳိး မလုပ္ႏုိင္ျခင္းမ်ဳိးျဖစ္တဲ့အတြက္ သူတုိ႔လုပ္ေဆာင္ခဲ့တဲ့အမွားအတုိင္း မလြဲမေသြတန္ရာတန္ေၾကး ျပန္လည္ေပးဆပ္ရပါလိမ့္မယ္ ” လုိ႔ တရုတ္ႏုိင္ငံျခားေရး၀န္ၾကီးဌာန ေျပာေရးဆုိခြင့္ရွိသူ ၀မ့္၀န္ဘင္းက မီဒီယာေတြကုိ ေျပာပါတယ္။ တရုတ္အုိလံပစ္ကုိ သပိတ္ေမွာက္ျခင္းလုပ္ဖုိ႔အတြက္ ေခါင္းစဥ္ရွာေဖြမႈကေတာ့ ရွင္းက်န္းေဒသက ၀ီဂါမြတ္ဆလင္ေတြအေပၚ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြလုပ္ေဆာင္တာေၾကာင့္လုိ႔ ကင္ပြန္းတပ္ထားပါတယ္။ တရား၀င္မေၾကညာခင္ကတည္းကလည္း တရုတ္အုိလံပစ္ကုိ သံတမန္ေရးရာ သပိတ္ေမွာက္မႈေတြလုပ္ေဆာင္သြားဖုိ႔ စဥ္းစားေနတယ္လုိ႔ အေမရိကန္က ဦးေဆာင္သတင္းစကားပါးမႈေတြ လုပ္ခဲ့ပါေသးတယ္။ အထူးသျဖင့္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္၀ါရီ ၂၀ ရက္မွာ စတင္က်င္းပမယ့္ ေပက်င္းအုိလံပစ္ပြဲေတာ္ၾကီးအတြက္ အခမ္းအနားဖိတ္ၾကားေရးအစီအစဥ္ေတြ မစတင္ခင္ကတည္းက ေလသံၾကိဳပစ္ခဲ့တာမ်ဳီးလည္း ျဖစ္ပါတယ္။

အုိလံပစ္ေကာ္မတီအၾကီးအကဲေတြကေတာ့ အားကစားနဲ႔ႏုိင္ငံေရးကုိ ေရာေထြးရပ္တည္တာမ်ဳိးမလုပ္ဘဲ အားကစားဆန္ဆန္သာ ရပ္တည္မယ္လုိ႔ ေၾကညာထားပါတယ္။ အထူးသျဖင့္ အုိလံပစ္ျပိဳင္ပြဲလုိမ်ဳိး ကမၻာလုံးဆုိင္ရာအားကစားျပိဳင္ပြဲၾကီးေတြအေပၚမွာ ႏုိင္ငံေရးအေရာင္စြန္းထင္းလာတာဟာ အုိလံပစ္ျပိဳင္ပြဲၾကီးေတြရဲ႕သမုိင္းေၾကာင္းကုိပါ ညစ္ေထးေအာင္လုပ္သလုိျဖစ္ျပီး ႏုိင္ငံေရး၀င္ပါလာတာနဲ႔အမွ် အားကစားျပိဳင္ပြဲေတြဟာ သက္ဆုိးမရွည္ေစႏုိင္ဘူးလုိ႔လည္း ေထာက္ျပၾကပါတယ္။

Related news

© 2021. All rights reserved.