ရွှေဘိုမြို့နယ်၊ ကျားကျေးရွာ၌ ပြည်သူ(၈)ဦး တုတ်၊ဓားများဖြင့် ရိုက်နှက်၊ခုတ်သတ်ခံရ

 11289

NP News - ဒီဇင်ဘာ ၁ဝ
စစ်ကိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကျားကျေးရွာနေ ပြည်သူ(၈)ဦးအား ဒီဇင်ဘာလ (၉)ရက် ညနေ(၅)နာရီခန့်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့မှ “သူလျို၊ ဒလန်၊ သတင်းပေးများ”ဟုစွပ်စွဲကာ ကျေးရွာအတွင်း ဝင်ရောက်သတ်ဖြတ်ခဲ့ကြောင်း စစ်ကောင်စီ၏ ဒီဇင်ဘာလ(၁ဝ)ရက် ညနေပိုင်းထုတ်ပြန်ချက်အရသိရသည်။

ရွှေဘိုမြို့နယ်၊ ကျားကျေးရွာနေရွာသား(၈) ဦးတို့သည် ၎င်းတို့၏ နေ အိမ်များ၌ရှိနေစဉ် အမည်မသိလက်နက်ကိုင်အင်အား(၃ဝ)ဦးခန့်သည် မျက်နှာဖုံးများတပ်ဆင်ကာ သေနတ်၊ တုတ်၊ ဓားများကိုင်ဆောင်၍ ရောက်ရှိလာပြီး ကျေးရွာအားပိတ်ဆို၍ ၎င်းတို့အားလက်ပြန်ကြိုတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ထို့နောက်ကျေးရွာအရှေ့ဘက်ရှိ တဲ့စုအနီးတွင် “သူလျို၊ ဒလန်၊ သတင်း ပေးများ”ဟုစွပ်စွဲကာ တုတ်၊ ဓားများဖြင့် ရက်စက်စွာဝိုင်းဝန်းထိုးခုတ်၊ ရိုက်နှက်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အဆိုပါဖြစ်စဉ်တွင် ရွာခံ (၄)ဦးနှင့်မြို့ပေါ်မှ (၅)ဦးတို့ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးကိုပြန်လည်လွှတ်ပေးခဲ့ကာ (၈)ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ယင်းကဲ့သို့ သတ်ဖြတ်မှုကြောင့် ရွှေဘိုမြို့နယ်၊ ကျားကျေးရွာနေသူများဖြစ်သည့် ဦးမြင့်(၆၇)နှစ်၊ မောင်အောင်ခိုင်(၂၇)နှစ် ၊ မောင်ကျော်ထက်အောင်(၁၆)နှစ်၊ မောင်အောင်မျိုးနိုင်(၂၇)နှစ်၊ မောင်ဇင်မင်းထက်(၁၇) နှစ်၊ မောင်မျိုးမြင့်(၂ဝ)နှစ်၊ မောင်ဇော်ထက်အောင်(၁၉)နှစ် နှင့် မောင်ပြည့်ဖြိုးသူ(၁၇)နှစ်တို့ (၈)ဦး၏ ခန္ဓာကိုယ်အနှံ့အပြားတွင် ထိုးသွင်း၊ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။ ထို့ကြောင့် အ ကြောင်းမဲ့ရက်စက်စွာလုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

zawgyi version
ေ႐ႊဘိုၿမိဳ႕နယ္၊ က်ားေက်း႐ြာ၌ ျပည္သူ(၈)ဦး တုတ္၊ဓားမ်ားျဖင့္ ႐ိုက္ႏွက္၊ခုတ္သတ္ခံရ
NP News - ဒီဇင္ဘာ ၁ဝ
စစ္ကိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္၊ က်ားေက်း႐ြာေန ျပည္သူ(၈)ဦးအား ဒီဇင္ဘာလ (၉)ရက္ ညေန(၅)နာရီခန႔္တြင္ အမည္မသိလက္နက္ကိုင္အဖြဲ႕မွ “သူလ်ိဳ၊ ဒလန္၊ သတင္းေပးမ်ား”ဟုစြပ္စြဲကာ ေက်း႐ြာအတြင္း ဝင္ေရာက္သတ္ျဖတ္ခဲ့ေၾကာင္း စစ္ေကာင္စီ၏ ဒီဇင္ဘာလ(၁ဝ)ရက္ ညေနပိုင္းထုတ္ျပန္ခ်က္အရသိရသည္။

ေ႐ႊဘိုၿမိဳ႕နယ္၊ က်ားေက်း႐ြာေန႐ြာသား(၈) ဦးတို႔သည္ ၎တို႔၏ ေန အိမ္မ်ား၌ရွိေနစဥ္ အမည္မသိလက္နက္ကိုင္အင္အား(၃ဝ)ဦးခန႔္သည္ မ်က္ႏွာဖုံးမ်ားတပ္ဆင္ကာ ေသနတ္၊ တုတ္၊ ဓားမ်ားကိုင္ေဆာင္၍ ေရာက္ရွိလာၿပီး ေက်း႐ြာအားပိတ္ဆို၍ ၎တို႔အားလက္ျပန္ႀကိဳတုပ္၍ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။ထို႔ေနာက္ေက်း႐ြာအေရွ႕ဘက္ရွိ တဲ့စုအနီးတြင္ “သူလ်ိဳ၊ ဒလန္၊ သတင္း ေပးမ်ား”ဟုစြပ္စြဲကာ တုတ္၊ ဓားမ်ားျဖင့္ ရက္စက္စြာဝိုင္းဝန္းထိုးခုတ္၊ ႐ိုက္ႏွက္သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထား သည္။

အဆိုပါျဖစ္စဥ္တြင္ ႐ြာခံ (၄)ဦးႏွင့္ၿမိဳ႕ေပၚမွ (၅)ဦးတို႔ဖမ္းဆီးခဲ့ျခင္းျဖစ္ၿပီး အမ်ိဳးသမီးတစ္ဦးကိုျပန္လည္လႊတ္ေပးခဲ့ကာ (၈)ဦးကို သတ္ျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သတင္းမ်ားထြက္ေပၚလ်က္ရွိသည္။

ယင္းကဲ့သို႔ သတ္ျဖတ္မႈေၾကာင့္ ေ႐ႊဘိုၿမိဳ႕နယ္၊ က်ားေက်း႐ြာေနသူမ်ားျဖစ္သည့္ ဦးျမင့္(၆၇)ႏွစ္၊ ေမာင္ေအာင္ခိုင္(၂၇)ႏွစ္ ၊ ေမာင္ေက်ာ္ထက္ေအာင္(၁၆)ႏွစ္၊ ေမာင္ေအာင္မ်ိဳးႏိုင္(၂၇)ႏွစ္၊ ေမာင္ဇင္မင္းထက္(၁၇) ႏွစ္၊ ေမာင္မ်ိဳးျမင့္(၂ဝ)ႏွစ္၊ ေမာင္ေဇာ္ထက္ေအာင္(၁၉)ႏွစ္ ႏွင့္ ေမာင္ျပည့္ၿဖိဳးသူ(၁၇)ႏွစ္တို႔ (၈)ဦး၏ ခႏၶာကိုယ္အႏွံ႔အျပားတြင္ ထိုးသြင္း၊ ျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ေၾကာင္းသိရသည္။ ထို႔ေၾကာင့္ အ ေၾကာင္းမဲ့ရက္စက္စြာလုပ္ႀကံသတ္ျဖတ္မႈက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီထိေရာက္စြာအျပစ္ေပးအေရးယူႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.