မင်းသားကြီးအာနိုး အနှစ်နှစ်အလလ ပိပိရိရိဖုံးဖိထားတဲ့ အရှုပ်တော်ပုံ

3290

ဝတီ (NP News) - ဒီဇင်ဘာ ၁၁
ကမ္ဘာကျော်မင်းသားကြီး အာနိုးရွှာဇနက်ဂါရဲ့ ဘဝဇာတ်ကြောင်းဟာ ဟောလီဝုဒ်လောကသားတွေထဲမှာ တမူထူးခြားတဲ့ဘဝဇာတ်ကြောင်းတစ်ခုပါ။ သူဟာကမ္ဘာ့အဆင့်ကာယဗလမောင်ကနေ ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူးအဆင့်အထိ အဆင့်ဆင့်တက်လှမ်းနိုင်ခဲ့သူပါ။ အဲဒီကာလ နှစ်ခုစပ်ကြားမှာ သူဟာဘဝအတက်အကျ၊ လောကဓံမျိုးစုံကို ကြုံတွေ့ဖြတ်သန်းခဲ့ရပါတယ်။ ရုပ်ရှင်ပရိသတ်အများစုကတော့သူ့ ဇာတ်ကားတွေကို အခုထက်ထိ တသသအောက်မေ့သတိရနေပြီး သူ့ကို လေးစားအားကျနေကြတုန်းဆိုပေမယ့် လက်တွေ့ဘဝမှာတော့ သူဟာ အမှားကြီးတစ်ခုကို ကျူးလွန်မိပြီး ဂုဏ်သိက္ခာစွန်းထင်းသွားခဲ့ရပါတယ်။ အဲဒါကတော့ သူ့ရဲ့တိတ်တိတ်ပုန်းသားကိစ္စပါပဲ။ မင်းသားကြီး နှစ်ပေါင်းများစွာ ပိပိရိရိဖုံးဖိထားခဲ့တဲ့ ဒီလျှို့ဝှက်ချက်ဟာမီဒီယာကြီးတစ်ခုကြောင့် ၂ဝ၁၁ ခုနှစ်မှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ရပါတယ်။ အဲဒီသားက သူနဲ့သူ့အိမ်အကူမှောက်မှားမိရာက ရလာတဲ့သားဖြစ်ပါတယ်။ အိမ်ကြီးရှင်သခင်ရုပ်ရှင်မင်းသားကြီးနဲ့ အိမ်အကူဟာ ၁၉၉ဝ ပြည့်လွန်နှစ်တွေမှာ ဖောက်ပြားခဲ့ကြတာဖြစ်ပြီး ကလေးတစ်ယောက်ရသွားခဲ့တာဖြစ်ပါတယ်။ ဒီကလေးကိစ္စကို ပိပိရိရိ ဖုံးဖိထားကြတာကလေးအသက် (၁ဝ) နှစ်ကျော်လာတဲ့အထိပဲဆိုတော့ ဒီကိစ္စလည်း ဘူးပေါ်သလိုပေါ်သွားရောတော်တော်နဲ့ကို အတောမသတ်နိုင်တော့ပါဘူး။ ဒီတော့ မင်းသားကြီးရဲ့ဂုဏ်သိက္ခာလည်း ဟိုးအောက်ဆုံးအထိထိုးကျသွားခဲ့ရပါတော့တယ်။ မင်းသားကြီးရဲ့ဇနီးချော မာရီယာရှရီဗာကလည်း အိမ်ပေါ်ကဆင်းသွားပြီး ကွာရှင်းခွင့်လျှောက်ထားပါတော့တယ်။ အဲဒီကာလဟာအာနိုးတို့မိသားစုထဲမှာ မုန်တိုင်းအင်မတန်ထန်နေတဲ့အချိန် ဖြစ်သွားတာပေါ့။ အခုတော့ အဲဒီကိစ္စပေါ်သွားတာ နှစ်ပေါင်း (၁ဝ)နှစ် တိုင်လာခဲ့ပါပြီ။ ဒီနေ့ဒီအချိန်မှာတော့ မင်းသားကြီးရဲ့ မိသားစုဘဝဟာ ပြန်ပြီးတည်ငြိမ်အေးဆေး နေပါပြီ။ ဒီလောက်အထိ ဂုဏ်သတင်းကျ ဆင်းရလောက်တဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာကို မင်းသားကြီးကိုင် တွယ်ဖြေရှင်းခဲ့ပုံကကျွန်မတို့တွေအတွက် သင်ခန်းစာယူစရာကောင်းလှပါတယ်။
ဒီကိစ္စလည်းဖုံးမနိုင်ဖိမရဖြစ်လာရော မင်းသားကြီးက သူမှားခဲ့ကြောင်းပွင့်ပွင့်လင်းလင်းပဲဝန်ခံလိုက်ပါတယ်။ ဇနီးဖြစ်သူ မာရီယာစတုတ္ထမြောက်ရင်သွေးလွယ်ထားရချိန်မှာပဲ သူတို့အိမ်အကူမိုင်ဒရက်ဘီနာမှာလည်း ကိုယ်ဝန်ရှိလာတာပါ။ ဒါပေမဲ့ အိမ်အကူရဲ့ကိုယ်ဝန်ဟာ သူနဲ့ရတဲ့ ကိုယ်ဝန်လို့ မင်းသားကြီးကမထင်ခဲ့မိပါဘူးတဲ့။ အိမ်အကူရဲ့ကလေးရှစ် နှစ်သားအရွယ်ရောက်လာမှပဲ သူနဲ့ရုပ်ချင်းအတော်ဆင်နေတာကို မင်း သားကြီးက သတိထားမိလာပြီး သူနဲ့ရတဲ့ကလေးမှန်းသိသွားပါတယ်။ ဒါ ပေမဲ့လည်း အဲဒီအချိန်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်နေတဲ့ မင်းသား ကြီးက ဒါကိုဆက်ပြီးဖုံးဖိထားပြန်ပါတယ်။ ဇနီးသည် မာရီယာက တဖြည်းဖြည်းနဲ့ သံသယဝင်လာပြီး ပေါ်တင်မေးလာတော့မှပဲ မင်းသား ကြီးက သူ အိမ်အကူနဲ့ဖောက်ပြန်ခဲ့မိကြောင်း ဝန်ခံတော့တာပါ။ သူက တာဝန်မယူချင်တဲ့ တချို့ယောက်ျားတွေလို မိန်းမသားဘက်ကိုချည်းပဲ တစ်ဖက်သတ်အပြစ်မဖို့ဘဲ သူ့အမှားကိုအေးအေးဆေးဆေးပဲဝန်ခံလိုက် ပါတယ်။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာလေ။ ဒါ့အပြင် သူက ဇနီးသည် မာရီယာကိုရောမာရီယာနဲ့ရတဲ့ သားသမီးလေးယောက်လုံးကိုပါ သူ့အမှားအတွက်အနူးအညွတ် တောင်းပန်လိုက်ပါတယ်။ ဒါတင်မက မိသားစုနဲ့ပြန်ပြီး အဆင်ပြေအောင်လည်း သူကအတတ်နိုင်ဆုံးနှစ်ရှည် လများကြိုးစားခဲ့ပါတယ်။ ပြီးတော့ သူ့အမှားအတွက် တာဝန်ယူတဲ့အ နေနဲ့အိမ်အကူနဲ့သူ့သားအတွက်လည်း အိမ်ကြီးတစ်လုံးဝယ်ပေးလိုက်ပါသေးတယ်။ ဒီကိစ္စကြီးဟိုးလေးတကျော်ဖြစ်နေတဲ့အချိန်ဟာ သူ့အတွက် စိတ်ဓာတ်ကျစရာ အကောင်းဆုံးအချိန်၊ ဇနီးကလည်း ကွာရှင်းခွင့် လျှောက်ထားတဲ့အချိန် ဖြစ်နေပေမယ့် သူကအိမ်အကူနဲ့ရတဲ့သားလေးနဲ့ ဆက်ဆံရေးအဆင်ပြေအောင်လည်း တစ်ဖက်က ကြိုးစားခဲ့ပြန်ပါတယ်။
အဲဒီသားနာမည်ကတော့ ဂျိုးဆက်ဖ်ဘီနာပါ။ `အဲဒီအချိန်က မိသားစုဝင်အားလုံးအတွက်အရမ်းကိုမှ ခက်ခဲတဲ့အချိန်ပေါ့။ ဒါပေမဲ့ ဖြစ်တာတွေက ဖြစ်ပြီးသွားပြီဆိုတော့ ဘယ်လိုအကောင်းဆုံး ဖြေရှင်းမလဲဆိုတာကိုပဲ စဉ်းစားအဖြေရှာရတော့တယ်`လို့ မင်းသားကြီးကပြောခဲ့ပါတယ်။ သူက သားသမီးတွေအကုန်လုံးနဲ့ပြန်အဆင်ပြေအောင်ပဲ အဓိကထားကြိုးစား ခဲ့တာပါ။ ဂျိုးဆက်ဖ်ဟာ အာနိုးတို့မိသားစုနေတဲ့ စံအိမ်ကြီးထဲမှာပဲ
အိမ်အကူရဲ့သားအနေနဲ့ကြီးပြင်းခဲ့ရတာဆိုတော့ အဖေ့မျက်စိအောက်မှာ အဖေတူ အမေကွဲမောင်နှမ လေးယောက်နဲ့အတူ ကြီးပြင်းခဲ့ရတာပေါ့။ ဂျိုးဆက်ဖ်က သူနဲ့ရတဲ့ ကလေးဆိုတာပေါ်သွားပြီးတဲ့နောက်မှာတော့ မင်းသားကြီးက ဂျိုးဆက်ဖ်တို့သားအမိအတွက် အိမ်ကြီးတစ်လုံး
ဝယ်ပေးရုံသာမကသားကိုလည်း ငွေရေးကြေးရေးလိုလေသေးမရှိအောင်
အပြည့်အဝထောက်ပံ့ခဲ့ပါတယ်။ ဒါ့အပြင်သားကို ဖခင်မေတ္တာတွေလည်းပေးခဲ့ပါသေးတယ်။ သူတို့သားအဖ နှစ်ယောက် အပြင်အတူထွက်လည်ကြ၊ ထွက်စားကြတယ်လေ။ ဒါ့အပြင် ဂျိုးဆက်ဖ်ကလည်း အဖေလိုပဲ ဝိတ်တုံးကြီးတွေ မရတာဝါသနာပါတော့သားအဖနှစ်ယောက် အား ကစားလည်း အတူလုပ်ကြတာပေါ့။ ဒါ့အပြင် ဂျိုးဆက်ဖ်ရဲ့မွေးနေ့ပွဲတွေ၊
ဘွဲ့ယူတဲ့အခမ်းအနားတွေကိုလည်း မင်းသားကြီး အာနိုးကတက်ရောက်ဂုဏ်ပြုပေးပါတယ်။
zawgyi version
မင္းသားႀကီးအာႏိုး အႏွစ္ႏွစ္အလလ ပိပိရိရိဖုံးဖိထားတဲ့ အရႈပ္ေတာ္ပုံ
ဝတီ (NP News) - ဒီဇင္ဘာ ၁၁
ကမာၻေက်ာ္မင္းသားႀကီး အာႏိုး႐ႊာဇနက္ဂါရဲ႕ ဘဝဇာတ္ေၾကာင္းဟာ ေဟာလီဝုဒ္ေလာကသားေတြထဲမွာ တမူထူးျခားတဲ့ဘဝဇာတ္ေၾကာင္းတစ္ခုပါ။ သူဟာကမာၻ႔အဆင့္ကာယဗလေမာင္ကေန ကယ္လီဖိုးနီးယား ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးအဆင့္အထိ အဆင့္ဆင့္တက္လွမ္းႏိုင္ခဲ့သူပါ။ အဲဒီကာလ ႏွစ္ခုစပ္ၾကားမွာ သူဟာဘဝအတက္အက်၊ ေလာကဓံမ်ိဳးစုံကို ႀကဳံေတြ႕ျဖတ္သန္းခဲ့ရပါတယ္။ ႐ုပ္ရွင္ပရိသတ္အမ်ားစုကေတာ့သူ႔ ဇာတ္ကားေတြကို အခုထက္ထိ တသသေအာက္ေမ့သတိရေနၿပီး သူ႔ကို ေလးစားအားက်ေနၾကတုန္းဆိုေပမယ့္ လက္ေတြ႕ဘဝမွာေတာ့ သူဟာ အမွားႀကီးတစ္ခုကို က်ဴးလြန္မိၿပီး ဂုဏ္သိကၡာစြန္းထင္းသြားခဲ့ရပါတယ္။ အဲဒါကေတာ့ သူ႔ရဲ႕တိတ္တိတ္ပုန္းသားကိစၥပါပဲ။ မင္းသားႀကီး ႏွစ္ေပါင္းမ်ားစြာ ပိပိရိရိဖုံးဖိထားခဲ့တဲ့ ဒီလွ်ိဳ႕ဝွက္ခ်က္ဟာမီဒီယာႀကီးတစ္ခုေၾကာင့္ ၂ဝ၁၁ ခုႏွစ္မွာ ဟိုးေလးတေက်ာ္ေက်ာ္ျဖစ္သြားခဲ့ရပါတယ္။ အဲဒီသားက သူနဲ႔သူ႔အိမ္အကူေမွာက္မွားမိရာက ရလာတဲ့သားျဖစ္ပါတယ္။ အိမ္ႀကီးရွင္သခင္႐ုပ္ရွင္မင္းသားႀကီးနဲ႔ အိမ္အကူဟာ ၁၉၉ဝ ျပည့္လြန္ႏွစ္ေတြမွာ ေဖာက္ျပားခဲ့ၾကတာျဖစ္ၿပီး ကေလးတစ္ေယာက္ရသြားခဲ့တာျဖစ္ပါတယ္။ ဒီကေလးကိစၥကို ပိပိရိရိ ဖုံးဖိထားၾကတာကေလးအသက္ (၁ဝ) ႏွစ္ေက်ာ္လာတဲ့အထိပဲဆိုေတာ့ ဒီကိစၥလည္း ဘူးေပၚသလိုေပၚသြားေရာေတာ္ေတာ္နဲ႔ကို အေတာမသတ္ႏိုင္ေတာ့ပါဘူး။ ဒီေတာ့ မင္းသားႀကီးရဲ႕ဂုဏ္သိကၡာလည္း ဟိုးေအာက္ဆုံးအထိထိုးက်သြားခဲ့ရပါေတာ့တယ္။ မင္းသားႀကီးရဲ႕ဇနီးေခ်ာ မာရီယာရွရီဗာကလည္း အိမ္ေပၚကဆင္းသြားၿပီး ကြာရွင္းခြင့္ေလွ်ာက္ထားပါေတာ့တယ္။ အဲဒီကာလဟာအာႏိုးတို႔မိသားစုထဲမွာ မုန္တိုင္းအင္မတန္ထန္ေနတဲ့အခ်ိန္ ျဖစ္သြားတာေပါ့။ အခုေတာ့ အဲဒီကိစၥေပၚသြားတာ ႏွစ္ေပါင္း (၁ဝ)ႏွစ္ တိုင္လာခဲ့ပါၿပီ။ ဒီေန႔ဒီအခ်ိန္မွာေတာ့ မင္းသားႀကီးရဲ႕ မိသားစုဘဝဟာ ျပန္ၿပီးတည္ၿငိမ္ေအးေဆး ေနပါၿပီ။ ဒီေလာက္အထိ ဂုဏ္သတင္းက် ဆင္းရေလာက္တဲ့ ကိုယ္ေရးကိုယ္တာ ျပႆနာကို မင္းသားႀကီးကိုင္ တြယ္ေျဖရွင္းခဲ့ပုံကကြၽန္မတို႔ေတြအတြက္ သင္ခန္းစာယူစရာေကာင္းလွပါတယ္။
ဒီကိစၥလည္းဖုံးမႏိုင္ဖိမရျဖစ္လာေရာ မင္းသားႀကီးက သူမွားခဲ့ေၾကာင္းပြင့္ပြင့္လင္းလင္းပဲဝန္ခံလိုက္ပါတယ္။ ဇနီးျဖစ္သူ မာရီယာစတုတၳေျမာက္ရင္ေသြးလြယ္ထားရခ်ိန္မွာပဲ သူတို႔အိမ္အကူမိုင္ဒရက္ဘီနာမွာလည္း ကိုယ္ဝန္ရွိလာတာပါ။ ဒါေပမဲ့ အိမ္အကူရဲ႕ကိုယ္ဝန္ဟာ သူနဲ႔ရတဲ့ ကိုယ္ဝန္လို႔ မင္းသားႀကီးကမထင္ခဲ့မိပါဘူးတဲ့။ အိမ္အကူရဲ႕ကေလးရွစ္ ႏွစ္သားအ႐ြယ္ေရာက္လာမွပဲ သူနဲ႔႐ုပ္ခ်င္းအေတာ္ဆင္ေနတာကို မင္း သားႀကီးက သတိထားမိလာၿပီး သူနဲ႔ရတဲ့ကေလးမွန္းသိသြားပါတယ္။ ဒါ ေပမဲ့လည္း အဲဒီအခ်ိန္မွာ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးျဖစ္ေနတဲ့ မင္းသား ႀကီးက ဒါကိုဆက္ၿပီးဖုံးဖိထားျပန္ပါတယ္။ ဇနီးသည္ မာရီယာက တျဖည္းျဖည္းနဲ႔ သံသယဝင္လာၿပီး ေပၚတင္ေမးလာေတာ့မွပဲ မင္းသား ႀကီးက သူ အိမ္အကူနဲ႔ေဖာက္ျပန္ခဲ့မိေၾကာင္း ဝန္ခံေတာ့တာပါ။ သူက တာဝန္မယူခ်င္တဲ့ တခ်ိဳ႕ေယာက္်ားေတြလို မိန္းမသားဘက္ကိုခ်ည္းပဲ တစ္ဖက္သတ္အျပစ္မဖို႔ဘဲ သူ႔အမွားကိုေအးေအးေဆးေဆးပဲဝန္ခံလိုက္ ပါတယ္။ လက္ခုပ္ဆိုတာ ႏွစ္ဖက္တီးမွျမည္တာေလ။ ဒါ့အျပင္ သူက ဇနီးသည္ မာရီယာကိုေရာမာရီယာနဲ႔ရတဲ့ သားသမီးေလးေယာက္လုံးကိုပါ သူ႔အမွားအတြက္အႏူးအၫြတ္ ေတာင္းပန္လိုက္ပါတယ္။ ဒါတင္မက မိသားစုနဲ႔ျပန္ၿပီး အဆင္ေျပေအာင္လည္း သူကအတတ္ႏိုင္ဆုံးႏွစ္ရွည္ လမ်ားႀကိဳးစားခဲ့ပါတယ္။ ၿပီးေတာ့ သူ႔အမွားအတြက္ တာဝန္ယူတဲ့အ ေနနဲ႔အိမ္အကူနဲ႔သူ႔သားအတြက္လည္း အိမ္ႀကီးတစ္လုံးဝယ္ေပးလိုက္ပါေသးတယ္။ ဒီကိစၥႀကီးဟိုးေလးတေက်ာ္ျဖစ္ေနတဲ့အခ်ိန္ဟာ သူ႔အတြက္ စိတ္ဓာတ္က်စရာ အေကာင္းဆုံးအခ်ိန္၊ ဇနီးကလည္း ကြာရွင္းခြင့္ ေလွ်ာက္ထားတဲ့အခ်ိန္ ျဖစ္ေနေပမယ့္ သူကအိမ္အကူနဲ႔ရတဲ့သားေလးနဲ႔ ဆက္ဆံေရးအဆင္ေျပေအာင္လည္း တစ္ဖက္က ႀကိဳးစားခဲ့ျပန္ပါတယ္။
အဲဒီသားနာမည္ကေတာ့ ဂ်ိဳးဆက္ဖ္ဘီနာပါ။ `အဲဒီအခ်ိန္က မိသားစုဝင္အားလုံးအတြက္အရမ္းကိုမွ ခက္ခဲတဲ့အခ်ိန္ေပါ့။ ဒါေပမဲ့ ျဖစ္တာေတြက ျဖစ္ၿပီးသြားၿပီဆိုေတာ့ ဘယ္လိုအေကာင္းဆုံး ေျဖရွင္းမလဲဆိုတာကိုပဲ စဥ္းစားအေျဖရွာရေတာ့တယ္`လို႔ မင္းသားႀကီးကေျပာခဲ့ပါတယ္။ သူက သားသမီးေတြအကုန္လုံးနဲ႔ျပန္အဆင္ေျပေအာင္ပဲ အဓိကထားႀကိဳးစား ခဲ့တာပါ။ ဂ်ိဳးဆက္ဖ္ဟာ အာႏိုးတို႔မိသားစုေနတဲ့ စံအိမ္ႀကီးထဲမွာပဲ
အိမ္အကူရဲ႕သားအေနနဲ႔ႀကီးျပင္းခဲ့ရတာဆိုေတာ့ အေဖ့မ်က္စိေအာက္မွာ အေဖတူ အေမကြဲေမာင္ႏွမ ေလးေယာက္နဲ႔အတူ ႀကီးျပင္းခဲ့ရတာေပါ့။ ဂ်ိဳးဆက္ဖ္က သူနဲ႔ရတဲ့ ကေလးဆိုတာေပၚသြားၿပီးတဲ့ေနာက္မွာေတာ့ မင္းသားႀကီးက ဂ်ိဳးဆက္ဖ္တို႔သားအမိအတြက္ အိမ္ႀကီးတစ္လုံး
ဝယ္ေပး႐ုံသာမကသားကိုလည္း ေငြေရးေၾကးေရးလိုေလေသးမရွိေအာင္
အျပည့္အဝေထာက္ပံ့ခဲ့ပါတယ္။ ဒါ့အျပင္သားကို ဖခင္ေမတၱာေတြလည္းေပးခဲ့ပါေသးတယ္။ သူတို႔သားအဖ ႏွစ္ေယာက္ အျပင္အတူထြက္လည္ၾက၊ ထြက္စားၾကတယ္ေလ။ ဒါ့အျပင္ ဂ်ိဳးဆက္ဖ္ကလည္း အေဖလိုပဲ ဝိတ္တုံးႀကီးေတြ မရတာဝါသနာပါေတာ့သားအဖႏွစ္ေယာက္ အား ကစားလည္း အတူလုပ္ၾကတာေပါ့။ ဒါ့အျပင္ ဂ်ိဳးဆက္ဖ္ရဲ႕ေမြးေန႔ပြဲေတြ၊
ဘြဲ႕ယူတဲ့အခမ္းအနားေတြကိုလည္း မင္းသားႀကီး အာႏိုးကတက္ေရာက္ဂုဏ္ျပဳေပးပါတယ္။

လွန်ခဲ့တဲ့ဆယ်နှစ်တုန်းကတော့ မင်းသားကြီး အာနိုး၊ မင်းသားကြီးက တော် မာရီယာနဲ့အိမ်အကူ မိုင်ဒရက်တို့ဟာ ဘဝမှာအခက်ခဲဆုံးအချိန်၊ ဂုဏ်သတင်း အကျဆင်းဆုံးအချိန်ကို ကြုံတွေ့ခဲ့ရတာပါ။ ဒါပေမဲ့ အခုအ ချိန်မှာတော့ မင်းသားကြီးဟာ ဇနီးဟောင်း မာရီယာနဲ့အတူ သားသမီး တွေကို စောင့်ရှောက်ခွင့်ပြန်ရနေပါပြီ။ မင်းသားကြီးနဲ့ ဇနီးဟောင်းဟာ သားသမီးတွေကောင်းကျိုးအတွက်မျှော်မှန်းပြီး တစ်ယောက်နဲ့တစ်ယောက် အခင်အမင်မပျက်နေထိုင်နေကြပါပြီ။ အိမ်ထောင်ရေးပြိုကွဲတယ်ဆိုတာဟာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ အထူးသဖြင့် သားသမီး တွေလည်း ရှိနေပြီး၊ ပြိုကွဲတဲ့အကြောင်းရင်းကလည်း အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့်ဆိုရင် ဒီကိစ္စဟာ အတော် မလွယ်တဲ့ကိစ္စပါ။ ဒါပေမဲ့လည်း မင်းသားကြီးကစိတ်ရှည်ရှည်ထားပြီး၊ ကြံ့ကြံ့ခံပြီး ဒီအခက်အခဲကို ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။ ဖြေရှင်းပုံဖြေရှင်းနည်းကတော့အပေါ်မှာဖော်ပြ ခဲ့သလိုပဲ သူ့အမှားကို လူသိရှင်ကြား ဝန်ခံပြီး အမှားအတွက် အပြည့်အဝ တာဝန်ယူတယ်၊ ဇနီးနဲ့သားသမီးတွေကို လှိုက်လှိုက်လှဲလှဲတောင်းပန်တယ်လေ။ မင်းသားကြီးနှစ်ရှည်လများကြိုးစားခဲ့ရသမျှဟာ နောက်ဆုံးတော့ အကျိုးခံစားရတာပါပဲ။ အခုဆိုရင် ဇနီးဟောင်းမာရီယာကလည်း သူ့ကို စိတ်မနာတော့ဘဲ မိတ်ဆွေလိုပြောဆိုဆက်ဆံတယ်၊ ဂျိုးဆက်ဖ် အပါအဝင် သားသမီးတွေအားလုံးကလည်း သူ့ကိုချစ်ခင်နေကြပြီလေ။
သူလိုချင်တာ သားသမီးတွေဆီက ဒီလိုကြည်ဖြူမှုမျိုး၊ ချစ်ခင်မှုမျိုး၊ ခွင့်လွှတ်မှုမျိုးပဲ။ ဒီလိုမျိုးဖြစ်လာအောင် သူအနှစ်နှစ်အလလကြိုးစားခဲ့ရတယ်လို့ မင်းသားကြီးက ဝမ်းသာအယ်လဲပြောပါတယ်။ ဒါကြောင့် ဘယ် လောက်ကြီးမားတဲ့ အမှားပဲဖြစ်ဖြစ်လုပ်ခဲ့မိပြီဆိုရင် ဝန်ခံဖို့နဲ့တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့သာ အရေးအကြီးဆုံး ဆိုတာကို မင်းသားကြီးကသက်သေ ပြနေပါတယ်။
zawgyi version
လြန္ခဲ့တဲ့ဆယ္ႏွစ္တုန္းကေတာ့ မင္းသားႀကီး အာႏိုး၊ မင္းသားႀကီးက ေတာ္ မာရီယာနဲ႔အိမ္အကူ မိုင္ဒရက္တို႔ဟာ ဘဝမွာအခက္ခဲဆုံးအခ်ိန္၊ ဂုဏ္သတင္း အက်ဆင္းဆုံးအခ်ိန္ကို ႀကဳံေတြ႕ခဲ့ရတာပါ။ ဒါေပမဲ့ အခုအ ခ်ိန္မွာေတာ့ မင္းသားႀကီးဟာ ဇနီးေဟာင္း မာရီယာနဲ႔အတူ သားသမီး ေတြကို ေစာင့္ေရွာက္ခြင့္ျပန္ရေနပါၿပီ။ မင္းသားႀကီးနဲ႔ ဇနီးေဟာင္းဟာ သားသမီးေတြေကာင္းက်ိဳးအတြက္ေမွ်ာ္မွန္းၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အခင္အမင္မပ်က္ေနထိုင္ေနၾကပါၿပီ။ အိမ္ေထာင္ေရးၿပိဳကြဲတယ္ဆိုတာဟာ လြယ္ကူတဲ့ကိစၥမဟုတ္ပါဘူး။ အထူးသျဖင့္ သားသမီး ေတြလည္း ရွိေနၿပီး၊ ၿပိဳကြဲတဲ့အေၾကာင္းရင္းကလည္း အိမ္ေထာင္ေရး ေဖာက္ျပန္မႈေၾကာင့္ဆိုရင္ ဒီကိစၥဟာ အေတာ္ မလြယ္တဲ့ကိစၥပါ။ ဒါေပမဲ့လည္း မင္းသားႀကီးကစိတ္ရွည္ရွည္ထားၿပီး၊ ႀကံ့ႀကံ့ခံၿပီး ဒီအခက္အခဲကို ရင္ဆိုင္ေျဖရွင္းခဲ့ပါတယ္။ ေျဖရွင္းပုံေျဖရွင္းနည္းကေတာ့အေပၚမွာေဖာ္ျပ ခဲ့သလိုပဲ သူ႔အမွားကို လူသိရွင္ၾကား ဝန္ခံၿပီး အမွားအတြက္ အျပည့္အဝ တာဝန္ယူတယ္၊ ဇနီးနဲ႔သားသမီးေတြကို လႈိက္လႈိက္လွဲလွဲေတာင္းပန္တယ္ေလ။ မင္းသားႀကီးႏွစ္ရွည္လမ်ားႀကိဳးစားခဲ့ရသမွ်ဟာ ေနာက္ဆုံးေတာ့ အက်ိဳးခံစားရတာပါပဲ။ အခုဆိုရင္ ဇနီးေဟာင္းမာရီယာကလည္း သူ႔ကို စိတ္မနာေတာ့ဘဲ မိတ္ေဆြလိုေျပာဆိုဆက္ဆံတယ္၊ ဂ်ိဳးဆက္ဖ္ အပါအဝင္ သားသမီးေတြအားလုံးကလည္း သူ႔ကိုခ်စ္ခင္ေနၾကၿပီေလ။
သူလိုခ်င္တာ သားသမီးေတြဆီက ဒီလိုၾကည္ျဖဴမႈမ်ိဳး၊ ခ်စ္ခင္မႈမ်ိဳး၊ ခြင့္လႊတ္မႈမ်ိဳးပဲ။ ဒီလိုမ်ိဳးျဖစ္လာေအာင္ သူအႏွစ္ႏွစ္အလလႀကိဳးစားခဲ့ရတယ္လို႔ မင္းသားႀကီးက ဝမ္းသာအယ္လဲေျပာပါတယ္။ ဒါေၾကာင့္ ဘယ္ ေလာက္ႀကီးမားတဲ့ အမွားပဲျဖစ္ျဖစ္လုပ္ခဲ့မိၿပီဆိုရင္ ဝန္ခံဖို႔နဲ႔တာဝန္ယူမႈ၊ တာဝန္ခံမႈ ရွိဖို႔သာ အေရးအႀကီးဆုံး ဆိုတာကို မင္းသားႀကီးကသက္ေသ ျပေနပါတယ္။