မန္တလေး(၁၆)မိုင် စစ်ဆေးရေးဂိတ်တွင် ပို့ကုန်ယာဉ်များဖြတ်သန်းခွင့်ခေတ္တယာယီပိတ်ထားမည်

2268

NP News - ဒီဇင်ဘာ ၁၆
တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်များပြန်လည်ဖွင့်လှစ်လိုက်သော်လည်း အဆိုပါနယ်စပ်လမ်းကြောင်းများပိတ်ထားစဉ်က ပို့ကုန်အမြောက်အ မြားသည် မူဆယ်၊ချင်းရွှေဟော်တို့တွင်ပိတ်မိနေသည့်အတွက် မန္တလေး -မူဆယ်လမ်းပိုင်းရှိ မန္တလေး(၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ပို့ကုန်ယာဉ်များဖြတ်သန်းခွင့်အား ယာယီပိတ်ထားမည်ဖြစ်ကြောင်းသိရသည်။
“ဒုတိယအကြိမ် SOP အသစ်ပြန်လည်ရေးဆွဲပြီးတဲ့အခါမှာဘဲ မန္တလေး ၁၆ မိုင် စစ်ဆေးရေးဂိတ်အပါအဝင် မြစ်ငယ်တိုးဂိတ်၊ မန္တလေး ထုံးဘိုလမ်းနဲ့ (၆၂)လမ်းဆုံ၊ အုန်းချောအဝင် မန္တလေး-လားရှိုးလမ်း နဲ့ ထုံးဘိုလမ်းဆုံ(ရတနာလင်းလမ်းဆုံ)စတဲ့နေရာတွေမှာ Check Point ထပ်မံဖွဲ့ စည်းပြီး ပို့ကုန်ယာဉ်တွေကိုထိန်းချုပ်စေလွှတ်ခြင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းက ဒီဇင်ဘာလ (၁၁) ရက်ကကျင်းပ သည့် မန္တလေး-မူဆယ် လမ်းကြောင်းတစ်လျှောက်ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးဆွေးနွေးပွဲတွင်ပြောသည်။
မူဆယ်တွင် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ Logistic Cost ကုန် ကျစရိတ်မြင့်မားမှုမဖြစ်ပေါ်စေရေးတို့အတွက်လည်း အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး မန္တလေး-မူဆယ်လမ်းကြောင်းတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့် Check Point တစ်ခုချင်းစီတွင်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ကုန်သည်လုပ်ငန်းရှင်များနှင့်အတူလိုက်ပါဆောင်ရွက်ရသော ယာဉ်မောင်း/ ယာဉ်နောက်လိုက်များပါ သိရှိနိုင်စေရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ မူဆယ်တွင် လွန်ခဲ့သည့် (၆)လခန့်ကတည်းက ပိတ်မိနေသည့်ကုန်စည်များသည် တွဲကားအစီးရေ (၂ဝဝဝ) ခန့်စာရှိနေသည့်အတွက် အဆိုပါကုန်စည်များအားလုံးရှင်းလင်းတင်ပို့ပြီးသည်အခါမှသာ ထပ်မံလာရောက်မည့်ကုန်စည်များကို တင်ပို့ခွင့်ပြုရန်လည်း စီစဉ်ထားကြောင်းသိရသည်။
“ပိတ်မိနေတဲ့ကုန်စည်တွေကို အရင်ရှင်းရမယ်။ အောက်ကလာတဲ့ကားတွေကို လုံးဝလက်မခံသေးဘူးပိတ်ထား တယ်။ မန္တလေးအထွက်(၁၆) မိုင်ဂိတ်မှာကတည်းက အကောက်ခွန်ကပေးမဖြတ်ဘူး။ ဘာပဲပြောပြော ဇန်နဝါရီလ ဆန်းလောက်မှအောက်ကလာတာတွေကို ခွင့်ပြုမှာဖြစ်တယ်”ဟု မူဆယ်မှ ကုန်သည်တစ်ဦးကလည်းသုံးသပ်ပြောသည်။
zawgyi version
မႏၲေလး(၁၆)မိုင္ စစ္ေဆးေရးဂိတ္တြင္ ပို႔ကုန္ယာဥ္မ်ားျဖတ္သန္းခြင့္ေခတၱယာယီပိတ္ထားမည္
NP News - ဒီဇင္ဘာ ၁၆
တ႐ုတ္နယ္စပ္ကုန္သြယ္ေရးဂိတ္မ်ားျပန္လည္ဖြင့္လွစ္လိုက္ေသာ္လည္း အဆိုပါနယ္စပ္လမ္းေၾကာင္းမ်ားပိတ္ထားစဥ္က ပို႔ကုန္အေျမာက္အ ျမားသည္ မူဆယ္၊ခ်င္းေ႐ႊေဟာ္တို႔တြင္ပိတ္မိေနသည့္အတြက္ မႏၲေလး -မူဆယ္လမ္းပိုင္းရွိ မႏၲေလး(၁၆)မိုင္စစ္ေဆးေရးဂိတ္တြင္ ပို႔ကုန္ယာဥ္မ်ားျဖတ္သန္းခြင့္အား ယာယီပိတ္ထားမည္ျဖစ္ေၾကာင္းသိရသည္။
“ဒုတိယအႀကိမ္ SOP အသစ္ျပန္လည္ေရးဆြဲၿပီးတဲ့အခါမွာဘဲ မႏၲေလး ၁၆ မိုင္ စစ္ေဆးေရးဂိတ္အပါအဝင္ ျမစ္ငယ္တိုးဂိတ္၊ မႏၲေလး ထုံးဘိုလမ္းနဲ႔ (၆၂)လမ္းဆုံ၊ အုန္းေခ်ာအဝင္ မႏၲေလး-လားရႈိးလမ္း နဲ႔ ထုံးဘိုလမ္းဆုံ(ရတနာလင္းလမ္းဆုံ)စတဲ့ေနရာေတြမွာ Check Point ထပ္မံဖြဲ႕ စည္းၿပီး ပို႔ကုန္ယာဥ္ေတြကိုထိန္းခ်ဳပ္ေစလႊတ္ျခင္းေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”ဟု မႏၲေလးတိုင္းေဒသႀကီးလုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ ႀကီး ဗိုလ္မႉးႀကီးေက်ာ္ေက်ာ္မင္းက ဒီဇင္ဘာလ (၁၁) ရက္ကက်င္းပ သည့္ မႏၲေလး-မူဆယ္ လမ္းေၾကာင္းတစ္ေလွ်ာက္ယာဥ္ေၾကာပိတ္ဆို႔မႈ မရွိေစေရးေဆြးေႏြးပြဲတြင္ေျပာသည္။
မူဆယ္တြင္ ယာဥ္ေၾကာပိတ္ဆို႔မႈမျဖစ္ေပၚေစေရး၊ Logistic Cost ကုန္ က်စရိတ္ျမင့္မားမႈမျဖစ္ေပၚေစေရးတို႔အတြက္လည္း အစိုးရ၊ ပုဂၢလိကပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။ ျမန္မာ-တ႐ုတ္နယ္စပ္ကုန္သြယ္ေရး မႏၲေလး-မူဆယ္လမ္းေၾကာင္းတစ္ေလွ်ာက္ ယာဥ္ေၾကာပိတ္ဆို႔မႈမရွိေစေရးႏွင့္ Check Point တစ္ခုခ်င္းစီတြင္လုပ္ေဆာင္ရမည့္လုပ္ငန္းစဥ္မ်ားကို ကုန္သည္လုပ္ငန္းရွင္မ်ားႏွင့္အတူလိုက္ပါေဆာင္႐ြက္ရေသာ ယာဥ္ေမာင္း/ ယာဥ္ေနာက္လိုက္မ်ားပါ သိရွိႏိုင္ေစရန္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။ မူဆယ္တြင္ လြန္ခဲ့သည့္ (၆)လခန႔္ကတည္းက ပိတ္မိေနသည့္ကုန္စည္မ်ားသည္ တြဲကားအစီးေရ (၂ဝဝဝ) ခန႔္စာရွိေနသည့္အတြက္ အဆိုပါကုန္စည္မ်ားအားလုံးရွင္းလင္းတင္ပို႔ၿပီးသည္အခါမွသာ ထပ္မံလာေရာက္မည့္ကုန္စည္မ်ားကို တင္ပို႔ခြင့္ျပဳရန္လည္း စီစဥ္ထားေၾကာင္းသိရသည္။
“ပိတ္မိေနတဲ့ကုန္စည္ေတြကို အရင္ရွင္းရမယ္။ ေအာက္ကလာတဲ့ကားေတြကို လုံးဝလက္မခံေသးဘူးပိတ္ထား တယ္။ မႏၲေလးအထြက္(၁၆) မိုင္ဂိတ္မွာကတည္းက အေကာက္ခြန္ကေပးမျဖတ္ဘူး။ ဘာပဲေျပာေျပာ ဇန္နဝါရီလ ဆန္းေလာက္မွေအာက္ကလာတာေတြကို ခြင့္ျပဳမွာျဖစ္တယ္”ဟု မူဆယ္မွ ကုန္သည္တစ္ဦးကလည္းသုံးသပ္ေျပာသည္။