ကင်မရာနောက်ကွယ်က မာရီလင်မွန်ရိုးဘဝအကြောင်း တစေ့တစောင်း

 2099

ဝတီ (NP News) - ဒီဇင်ဘာ ၁၅
မာရီလင်မွန်ရိုး ( Marilyn Monroe ) ကွယ်လွန်အနိစ္စရောက်တာ နှစ်ပေါင်း ၆ဝ လောက်တောင်ရှိသွားပြီဆိုပေမယ့် သူဟာအခုထက်ထိမသိသူမရှိလောက်အောင်နာမည်ကြီးနေတုန်းပါပဲ။သူ့အကြောင်းဆိုရင်လူတွေက စိတ်ဝင်စားနေကြတုန်းပါပဲ။ လူသေပေမယ့်နာမည်မသေတဲ့ဒီ လိုသရုပ်ဆောင်မျိုး အတော်ရှားပါတယ်။ မွန်ရိုးဟာ အင်မတန်ချော၊ အင်မတန်လှတဲ့ညှို့မင်းသမီးတစ်လက်ဖြစ်ပြီး အိမ်ထောင်ဆက်လည်းများ၊ ရည်းစားသနာလည်း အင်မတန်ကိုမှများခဲ့ပါတယ်။ ဒီတော့ မွန်ရိုးဘဝဟာ လူအများစုတီဗီဖန်သားပြင်ပေါ်မှာမြင်ရသလိုပဲ လွယ်ကူချော မွေ့ဇိမ်ကျပြီး ပျော်စရာကောင်းပါသလား။ သူ့ဘဝဇာတ်ကြောင်းက ဘယ်လိုလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

zawgyi version
ကင္မရာေနာက္ကြယ္က မာရီလင္မြန္႐ိုးဘဝအေၾကာင္း တေစ့တေစာင္း
ဝတီ (NP News) - ဒီဇင္ဘာ ၁၅
မာရီလင္မြန္႐ိုး ( Marilyn Monroe ) ကြယ္လြန္အနိစၥေရာက္တာ ႏွစ္ေပါင္း ၆ဝ ေလာက္ေတာင္ရွိသြားၿပီဆိုေပမယ့္ သူဟာအခုထက္ထိမသိသူမရွိေလာက္ေအာင္နာမည္ႀကီးေနတုန္းပါပဲ။သူ႔အေၾကာင္းဆိုရင္လူေတြက စိတ္ဝင္စားေနၾကတုန္းပါပဲ။ လူေသေပမယ့္နာမည္မေသတဲ့ဒီ လိုသ႐ုပ္ေဆာင္မ်ိဳး အေတာ္ရွားပါတယ္။ မြန္႐ိုးဟာ အင္မတန္ေခ်ာ၊ အင္မတန္လွတဲ့ညႇိဳ႕မင္းသမီးတစ္လက္ျဖစ္ၿပီး အိမ္ေထာင္ဆက္လည္းမ်ား၊ ရည္းစားသနာလည္း အင္မတန္ကိုမွမ်ားခဲ့ပါတယ္။ ဒီေတာ့ မြန္႐ိုးဘဝဟာ လူအမ်ားစုတီဗီဖန္သားျပင္ေပၚမွာျမင္ရသလိုပဲ လြယ္ကူေခ်ာ ေမြ႕ဇိမ္က်ၿပီး ေပ်ာ္စရာေကာင္းပါသလား။ သူ႔ဘဝဇာတ္ေၾကာင္းက ဘယ္လိုလဲဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။

မွန်ရိုးဟာ သူ့အဖေ ဘယ်သူမှန်း သိမသွားခဲ့ပါဘူး။
မွန်ရိုးဆိုပြီး ကမ္ဘာကျော်ရုပ်ရှင်မင်းသမီးဖြစ်လာမယ့် သူဟာ ၁၉၂၆ ခုနှစ်မှာ မွေးပါတယ်။ သူ့အမေပေးထားတဲ့နာမည်ကတော့ အဲဒီနာမည်မဟုတ်ပါဘူး။ သူ့ကိုမွေးချိန်မှာသူ့အမေဟာအိမ်ထောင်နှစ်ဆက်ပျက်ပြီး ကလေး နှစ်ယောက်လည်း ရပြီးနေပါပြီ။ သူ့အမေ တခြားဘယ်သူနဲ့ရပြီးသူ့ကိုမွေးသလဲဆိုတာ မွန်ရိုးလည်းမသိပါဘူး။ သူ့အဖေဘယ်သူမှန်း သူလည်းမသိဘူးလို့ မွန်ရိုးက သူ့ကိုယ်ရေးအထ္ထုပ္ပတ္တိထဲမှာထည့်ရေးထားတာပါ။

မွန်ရိုးအမေဟာ စိတ်ကျန်းမာရေး မကောင်းပါဘူး။
မွန်ရိုးအမေနာမည်က ဂလိတ်ဒီ ဘိတ်ကာ Glady Baker ဖြစ်ပြီး မွန်ရိုး နှစ်ပတ်သမီးအရွယ်ပဲရှိသေးချိန်မှာ သူကမွန်ရိုးကို သူများကိုပေးလိုက်ပါတယ်။ ဂလိတ်ဒီဘိတ်ကာရဲ့အမေ (မွန်ရိုးရဲ့အဘွား)ဟာလည်းစိတ်ကျန်း မာရေးမကောင်းပါဘူး။ နဂိုကမှစိတ်ကျန်းမာရေးသိပ်မကောင်း၊ စီးပွား ရေးလည်း အရမ်းကျပ်တည်းနေတဲ့ ကလေးအမေဟာ အရင်အိမ်ထောင်နဲ့ရတဲ့ သားတစ်ယောက်ဆုံးသွားတော့ စိတ်ပိုထိခိုက်သွားပါတယ်။ ဒီလိုနဲ့ပဲ သူဟာ စိတ်ကျန်းမာရေးဆေးရုံတွေမှာလုံးလည်ချာလည် လိုက်နေပါတယ်။ နောက်ပိုင်းမှာ သူအိမ်ထောင်ထပ်ပြုသေးပေမယ့် အဲဒီအိမ်ထောင် ဘက်ကလည်း ဆုံးသွားပြန်ပါတယ်။ မွေးစားမိဘတွေ လက်ထဲမှာကြီး ပြင်းနေရတဲ့ မွန်ရိုးဆီ သူတစ်ခါတစ်ခါသွားလည်ပါတယ်။ ဒီလိုနဲ့ မွန်ရိုးနဲ့ သူ့အမေ ဆက်ဆံရေးဟာဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ မွန်ရိုးဟာလည်း မွေးစားမိဘတွေ တစ်ယောက်ပြီးတစ်ယောက်ပြောင်းနေရပါတယ်။ ဒါ့အပြင် ကြားထဲမှာလည်း မိဘမဲ့ကလေးကျောင်းကို ရောက်သွားရပါသေးတယ်။

zawgyi version
မြန္႐ိုးဟာ သူ႔အေဖ ဘယ္သူမွန္း သိမသြားခဲ့ပါဘူး။
မြန္႐ိုးဆိုၿပီး ကမာၻေက်ာ္႐ုပ္ရွင္မင္းသမီးျဖစ္လာမယ့္ သူဟာ ၁၉၂၆ ခုႏွစ္မွာ ေမြးပါတယ္။ သူ႔အေမေပးထားတဲ့နာမည္ကေတာ့ အဲဒီနာမည္မဟုတ္ပါဘူး။ သူ႔ကိုေမြးခ်ိန္မွာသူ႔အေမဟာအိမ္ေထာင္ႏွစ္ဆက္ပ်က္ၿပီး ကေလး ႏွစ္ေယာက္လည္း ရၿပီးေနပါၿပီ။ သူ႔အေမ တျခားဘယ္သူနဲ႔ရၿပီးသူ႔ကိုေမြးသလဲဆိုတာ မြန္႐ိုးလည္းမသိပါဘူး။ သူ႔အေဖဘယ္သူမွန္း သူလည္းမသိဘူးလို႔ မြန္႐ိုးက သူ႔ကိုယ္ေရးအထၳဳပၸတၱိထဲမွာထည့္ေရးထားတာပါ။

မြန္႐ိုးအေမဟာ စိတ္က်န္းမာေရး မေကာင္းပါဘူး။
မြန္႐ိုးအေမနာမည္က ဂလိတ္ဒီ ဘိတ္ကာ Glady Baker ျဖစ္ၿပီး မြန္႐ိုး ႏွစ္ပတ္သမီးအ႐ြယ္ပဲရွိေသးခ်ိန္မွာ သူကမြန္႐ိုးကို သူမ်ားကိုေပးလိုက္ပါတယ္။ ဂလိတ္ဒီဘိတ္ကာရဲ႕အေမ (မြန္႐ိုးရဲ႕အဘြား)ဟာလည္းစိတ္က်န္း မာေရးမေကာင္းပါဘူး။ နဂိုကမွစိတ္က်န္းမာေရးသိပ္မေကာင္း၊ စီးပြား ေရးလည္း အရမ္းက်ပ္တည္းေနတဲ့ ကေလးအေမဟာ အရင္အိမ္ေထာင္နဲ႔ရတဲ့ သားတစ္ေယာက္ဆုံးသြားေတာ့ စိတ္ပိုထိခိုက္သြားပါတယ္။ ဒီလိုနဲ႔ပဲ သူဟာ စိတ္က်န္းမာေရးေဆး႐ုံေတြမွာလုံးလည္ခ်ာလည္ လိုက္ေနပါတယ္။ ေနာက္ပိုင္းမွာ သူအိမ္ေထာင္ထပ္ျပဳေသးေပမယ့္ အဲဒီအိမ္ေထာင္ ဘက္ကလည္း ဆုံးသြားျပန္ပါတယ္။ ေမြးစားမိဘေတြ လက္ထဲမွာႀကီး ျပင္းေနရတဲ့ မြန္႐ိုးဆီ သူတစ္ခါတစ္ခါသြားလည္ပါတယ္။ ဒီလိုနဲ႔ မြန္႐ိုးနဲ႔ သူ႔အေမ ဆက္ဆံေရးဟာဘယ္လိုမွ အဆင္မေျပခဲ့ပါဘူး။ မြန္႐ိုးဟာလည္း ေမြးစားမိဘေတြ တစ္ေယာက္ၿပီးတစ္ေယာက္ေျပာင္းေနရပါတယ္။ ဒါ့အျပင္ ၾကားထဲမွာလည္း မိဘမဲ့ကေလးေက်ာင္းကို ေရာက္သြားရပါေသးတယ္။

မွန်ရိုးဟာ အတည်တကျ နေချင်ဇောနဲ့ အသက် ၁၆ နှစ်အရွယ်မှာပဲလက် ထပ်လိုက်ရပါတယ်။
နောက်ဆုံးအတူနေရတဲ့ မွေးစားမိဘက သူ့ကို တာဝန်ဆက်မယူနိုင်တော့ ဘူးလည်းဆိုရောမွန်ရိုးဟာ အတည်တကျနေချင်ဇောနဲ့အိမ်နီးချင်းကောင်လေးတစ်ယောက်နဲ့ ကောက်ယူလိုက်ပါတော့တယ်။ သူ့နာမည်ကတော့ ဂျိမ်းဒိုဂါတီ James Dougherty ပါ။ တစ်ခါမှာတော့ ပွဲတစ်ပွဲမှာဓာတ်ပုံ ဆရာတစ်ယောက်က မွန်ရိုးကိုတွေ့သွားပြီး ဓာတ်ပုံရိုက်လိုက်ပါတယ်။ ဒီလိုနဲ့ တိမ်မြုပ်နေတဲ့သူ့အနုပညာဗီဇပိုး နိုးကြားလာပြီး သူကမော်ဒယ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့အိမ်ထောင်ရေးကတော့ သက်တမ်းမရှည်လိုက်ပါဘူး။

ဒုတိယအိမ်ထောင်ဟာလည်း တစ်နှစ် မခံလိုက်ပါဘူး။
နောက်ပိုင်းမှာတော့ သူဟာ နိုင်ငံကျော်အားကစားသမားဂျိုးဒီမက်ဂီအို Joe DiMaggio နဲ့လက်ထပ်လိုက်ပြန်ပါတယ်။ ဒါပေမဲ့သူ့ဒုတိယအိမ် ထောင်က အိမ်ထောင်ကျပြီးရင်အနုပညာအလုပ်တွေ ဆက်မလုပ်စေချင်ပါဘူး။ မွန်ရိုးကလည်း ဆက်လုပ်ပါတယ်။ အဲဒီမှာသဘောထားမတိုက် ဆိုင်တော့ဘဲ ပြဿနာတွေ ဖြစ်လာပါတယ်။ အိမ်ထောင်သက် တစ်နှစ်မပြည့်သေးခင်မှာပဲ မွန်ရိုးက ကွာရှင်းပြတ်စဲခွင့်လျှောက်ထားလိုက်ပါတယ်။ စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်တယ်လို့ မွန်ရိုးကအကြောင်းပြခဲ့ပါတယ်။ ခင်ပွန်းကတောင်းပန်သေးပေမယ့်မွန်ရိုးက လက်မခံခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ သူတို့ဟာမိတ်ဆွေအဖြစ် ဆက်ပေါင်းသင်းကြပါ တယ်။ မွန်ရိုးဟာ မျိုးရိုးလိုက်တဲ့စိတ်ကျန်းမာရေးပြဿာနာ ၊ ညဘက် အိပ်မပျော်တဲ့ရောဂါကြောင့် ဆေးတွေအတော်မှီဝဲနေရပါတယ်။ ဒါ့အပြင် သူက အရက်လည်း အတော်သောက်ပါတယ်။ ဒီပြဿနာတွေကို ဒုတိယ အိမ်ထောင်ဖက်ဟောင်းက လိုက်ကူညီဖြေရှင်းပေးခဲ့ပါတယ်။ မွန်ရိုးဆုံးအပြီး နှစ်ပေါင်း ၂ဝ ကြာတဲ့အထိ သူက မွန်ရိုးအုတ်ဂူဆီ နှစ်ပတ်တစ်ကြိမ် နှင်းဆီပန်းတွေ မပျက်မကွက် ပို့ပါတယ်။

မွန်ရိုးဟာ အညတရ မိန်းကလေးဘဝကနေ ကမ္ဘာကျော်ကြယ်ပွင့်အဆင့်အထိ ရောက်အောင်ရေကုန်ရေခန်း ကြိုးစားခဲ့ရတာပါ။
မွန်ရိုးဟာ အလှဓာတ်ပုံလေး၊ ဘာလေး နည်းနည်းပါးပါးရိုက်ပြီး ကံလိုက်လို့ ချက်ချင်းအောင်မြင်သွားတာလို့ လူတွေကထင်နေကြပါတယ်။ အမှန်မှာတော့ သူဟာဒီလိုအောင်မြင်ဖို့အတွက် ကျားကုတ်ကျားခဲကြိုးစားခဲ့ရတာပါ။ ဒီလိုအောင်မြင်မှုမျိုးကို သူ လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပါဘူး။ သူ နာမည်လေး နည်းနည်းရလာတော့ရုပ်ရှင်အသိုင်းအဝိုင်းက သူ့ကိုရုပ်လေးလှတာကလွဲပြီး ဘာမှအစွမ်းအစရှိတာမဟုတ်ဘူးလို့ယူဆကြပါတယ်။ ဒါကြောင့် သူက မင်းသမီးဖြစ်နေတာတောင် သရုပ်ဆောင်သင်တန်းတစ်ခုကို တစ်နှစ်တက်ပြီးသရုပ်ဆောင် ပီပြင်သထက်ပီပြင်အောင်ကြိုးစားခဲ့ပါတယ်။ ဒါ့အပြင် ငယ်ငယ်က စကားထစ်ခဲ့ပြီးအဲဒါကိုလည်း ကြိုးစားပြုပြင်ခဲ့ရပါသေးတယ်။

တတိယအိမ်ထောင်ကလည်း အဆင်မပြေခဲ့ပြန်ပါဘူး။
ဒုတိယအိမ်ထောင် ပျက်သွားအပြီးမှာလည်း သူက လက်မလျှော့သေးဘဲ
တတိယအကြိမ် ကံစမ်းပြန်ပါတယ်။ ဒီတစ်ခါမှာတော့ သူကဇာတ်ညွှန်းရေးဆရာအသာမီလာ Arthur Miller နဲ့ အိမ်ထောင်ပြုပြန်တာပါ။ အစပိုင်းမှာတော့ သူတို့တွေပျော်ခဲ့ရပါသေးတယ်။ ဒါပေမဲ့ အိမ်ထောင်ရေးက တဖြည်းဖြည်းနဲ့ အဆင်မပြေတော့ပါဘူး။ မွန်ရိုးကို စိတ်ပျက်တယ်၊ သူ့ကြောင့် အရှက်ရ ရတယ်လို့ မီလာကဒိုင်ယာရီစာအုပ်ထဲမှာထည့်ရေးထားပြီး အဲဒါကို မွန်ရိုးတွေ့သွားပါတယ်။ ဒါကြောင့် နောက်ဆုံးတော့ တတိယအိမ်ထောင်လည်း ပြိုကွဲသွားပြန်ပါတော့တယ်။

မွန်ရိုးဟာ အိမ်ထောင် သုံးဆက်ရှိခဲ့တဲ့အပြင် အင်မတန် ပွေခဲ့၊ ရှုပ်ခဲ့ပါတယ်။
မွန်ရိုးဟာ ရှိုက်ဖိုကြီးငယ် အသွယ်သွယ်နဲ့ သိပ်ချော၊ သိပ်လှ၊ သိပ်ညှို့အားပြင်းတဲ့စူပါစတားဆိုတော့ အင်မတန်လည်း ပွေခဲ့၊ ရှုပ်ခဲ့ပါတယ်။ အိမ် ထောင်ရှိနေလျက်နဲ့တောင် သူက နာမည်ကြီးမင်းသားတွေနဲ့ ရှုပ်ခဲ့ပါတယ်။ ဒါ့အပြင် သမ္မတ ဂျွန်အက်ဖ်ကနေဒီနဲ့တောင် နာမည်ထွက်ခဲ့ပါသေးတယ်။

zawgyi version
မြန္႐ိုးဟာ အတည္တက် ေနခ်င္ေဇာနဲ႔ အသက္ ၁၆ ႏွစ္အ႐ြယ္မွာပဲလက္ ထပ္လိုက္ရပါတယ္။
ေနာက္ဆုံးအတူေနရတဲ့ ေမြးစားမိဘက သူ႔ကို တာဝန္ဆက္မယူႏိုင္ေတာ့ ဘူးလည္းဆိုေရာမြန္႐ိုးဟာ အတည္တက်ေနခ်င္ေဇာနဲ႔အိမ္နီးခ်င္းေကာင္ေလးတစ္ေယာက္နဲ႔ ေကာက္ယူလိုက္ပါေတာ့တယ္။ သူ႔နာမည္ကေတာ့ ဂ်ိမ္းဒိုဂါတီ James Dougherty ပါ။ တစ္ခါမွာေတာ့ ပြဲတစ္ပြဲမွာဓာတ္ပုံ ဆရာတစ္ေယာက္က မြန္႐ိုးကိုေတြ႕သြားၿပီး ဓာတ္ပုံ႐ိုက္လိုက္ပါတယ္။ ဒီလိုနဲ႔ တိမ္ျမဳပ္ေနတဲ့သူ႔အႏုပညာဗီဇပိုး ႏိုးၾကားလာၿပီး သူကေမာ္ဒယ္လုပ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ သူ႔အိမ္ေထာင္ေရးကေတာ့ သက္တမ္းမရွည္လိုက္ပါဘူး။

ဒုတိယအိမ္ေထာင္ဟာလည္း တစ္ႏွစ္ မခံလိုက္ပါဘူး။
ေနာက္ပိုင္းမွာေတာ့ သူဟာ ႏိုင္ငံေက်ာ္အားကစားသမားဂ်ိဳးဒီမက္ဂီအို Joe DiMaggio နဲ႔လက္ထပ္လိုက္ျပန္ပါတယ္။ ဒါေပမဲ့သူ႔ဒုတိယအိမ္ ေထာင္က အိမ္ေထာင္က်ၿပီးရင္အႏုပညာအလုပ္ေတြ ဆက္မလုပ္ေစခ်င္ပါဘူး။ မြန္႐ိုးကလည္း ဆက္လုပ္ပါတယ္။ အဲဒီမွာသေဘာထားမတိုက္ ဆိုင္ေတာ့ဘဲ ျပႆနာေတြ ျဖစ္လာပါတယ္။ အိမ္ေထာင္သက္ တစ္ႏွစ္မျပည့္ေသးခင္မွာပဲ မြန္႐ိုးက ကြာရွင္းျပတ္စဲခြင့္ေလွ်ာက္ထားလိုက္ပါတယ္။ စိတ္ပိုင္းဆိုင္ရာညႇဥ္းပန္းႏွိပ္စက္တယ္လို႔ မြန္႐ိုးကအေၾကာင္းျပခဲ့ပါတယ္။ ခင္ပြန္းကေတာင္းပန္ေသးေပမယ့္မြန္႐ိုးက လက္မခံခဲ့ပါဘူး။ ေနာက္ပိုင္းမွာေတာ့ သူတို႔ဟာမိတ္ေဆြအျဖစ္ ဆက္ေပါင္းသင္းၾကပါ တယ္။ မြန္႐ိုးဟာ မ်ိဳး႐ိုးလိုက္တဲ့စိတ္က်န္းမာေရးျပႆာနာ ၊ ညဘက္ အိပ္မေပ်ာ္တဲ့ေရာဂါေၾကာင့္ ေဆးေတြအေတာ္မွီဝဲေနရပါတယ္။ ဒါ့အျပင္ သူက အရက္လည္း အေတာ္ေသာက္ပါတယ္။ ဒီျပႆနာေတြကို ဒုတိယ အိမ္ေထာင္ဖက္ေဟာင္းက လိုက္ကူညီေျဖရွင္းေပးခဲ့ပါတယ္။ မြန္႐ိုးဆုံးအၿပီး ႏွစ္ေပါင္း ၂ဝ ၾကာတဲ့အထိ သူက မြန္႐ိုးအုတ္ဂူဆီ ႏွစ္ပတ္တစ္ႀကိမ္ ႏွင္းဆီပန္းေတြ မပ်က္မကြက္ ပို႔ပါတယ္။

မြန္႐ိုးဟာ အညတရ မိန္းကေလးဘဝကေန ကမာၻေက်ာ္ၾကယ္ပြင့္အဆင့္အထိ ေရာက္ေအာင္ေရကုန္ေရခန္း ႀကိဳးစားခဲ့ရတာပါ။
မြန္႐ိုးဟာ အလွဓာတ္ပုံေလး၊ ဘာေလး နည္းနည္းပါးပါး႐ိုက္ၿပီး ကံလိုက္လို႔ ခ်က္ခ်င္းေအာင္ျမင္သြားတာလို႔ လူေတြကထင္ေနၾကပါတယ္။ အမွန္မွာေတာ့ သူဟာဒီလိုေအာင္ျမင္ဖို႔အတြက္ က်ားကုတ္က်ားခဲႀကိဳးစားခဲ့ရတာပါ။ ဒီလိုေအာင္ျမင္မႈမ်ိဳးကို သူ လြယ္လြယ္နဲ႔ရခဲ့တာမဟုတ္ပါဘူး။ သူ နာမည္ေလး နည္းနည္းရလာေတာ့႐ုပ္ရွင္အသိုင္းအဝိုင္းက သူ႔ကို႐ုပ္ေလးလွတာကလြဲၿပီး ဘာမွအစြမ္းအစရွိတာမဟုတ္ဘူးလို႔ယူဆၾကပါတယ္။ ဒါေၾကာင့္ သူက မင္းသမီးျဖစ္ေနတာေတာင္ သ႐ုပ္ေဆာင္သင္တန္းတစ္ခုကို တစ္ႏွစ္တက္ၿပီးသ႐ုပ္ေဆာင္ ပီျပင္သထက္ပီျပင္ေအာင္ႀကိဳးစားခဲ့ပါတယ္။ ဒါ့အျပင္ ငယ္ငယ္က စကားထစ္ခဲ့ၿပီးအဲဒါကိုလည္း ႀကိဳးစားျပဳျပင္ခဲ့ရပါေသးတယ္။

တတိယအိမ္ေထာင္ကလည္း အဆင္မေျပခဲ့ျပန္ပါဘူး။
ဒုတိယအိမ္ေထာင္ ပ်က္သြားအၿပီးမွာလည္း သူက လက္မေလွ်ာ့ေသးဘဲ
တတိယအႀကိမ္ ကံစမ္းျပန္ပါတယ္။ ဒီတစ္ခါမွာေတာ့ သူကဇာတ္ၫႊန္းေရးဆရာအသာမီလာ Arthur Miller နဲ႔ အိမ္ေထာင္ျပဳျပန္တာပါ။ အစပိုင္းမွာေတာ့ သူတို႔ေတြေပ်ာ္ခဲ့ရပါေသးတယ္။ ဒါေပမဲ့ အိမ္ေထာင္ေရးက တျဖည္းျဖည္းနဲ႔ အဆင္မေျပေတာ့ပါဘူး။ မြန္႐ိုးကို စိတ္ပ်က္တယ္၊ သူ႔ေၾကာင့္ အရွက္ရ ရတယ္လို႔ မီလာကဒိုင္ယာရီစာအုပ္ထဲမွာထည့္ေရးထားၿပီး အဲဒါကို မြန္႐ိုးေတြ႕သြားပါတယ္။ ဒါေၾကာင့္ ေနာက္ဆုံးေတာ့ တတိယအိမ္ေထာင္လည္း ၿပိဳကြဲသြားျပန္ပါေတာ့တယ္။

မြန္႐ိုးဟာ အိမ္ေထာင္ သုံးဆက္ရွိခဲ့တဲ့အျပင္ အင္မတန္ ေပြခဲ့၊ ရႈပ္ခဲ့ပါတယ္။
မြန္႐ိုးဟာ ရႈိက္ဖိုႀကီးငယ္ အသြယ္သြယ္နဲ႔ သိပ္ေခ်ာ၊ သိပ္လွ၊ သိပ္ညႇိဳ႕အားျပင္းတဲ့စူပါစတားဆိုေတာ့ အင္မတန္လည္း ေပြခဲ့၊ ရႈပ္ခဲ့ပါတယ္။ အိမ္ ေထာင္ရွိေနလ်က္နဲ႔ေတာင္ သူက နာမည္ႀကီးမင္းသားေတြနဲ႔ ရႈပ္ခဲ့ပါတယ္။ ဒါ့အျပင္ သမၼတ ဂြၽန္အက္ဖ္ကေနဒီနဲ႔ေတာင္ နာမည္ထြက္ခဲ့ပါေသးတယ္။

မွန်ရိုး သေဆုံးသွားရတဲ့ အကြောင်းရင်းကို အခုထက်ထိ တိတိကျကျမသိရသေးပါဘူး။
၁၉၆၂ ခုနှစ် သြဂုတ်လ ၅ ရက်၊ နံနက်အစောပိုင်းမှာတော့ မွန်ရိုးသေဆုံးနေတာကိုအိမ်အကူက ပထမဦးဆုံးတွေ့သွားပါတယ်။ ဆေးလွန်ပြီး သေ ဆုံးသွားတာဖြစ်ပြီး သတ်သေချင်လို့ ဆေးတွေအများကြီးသောက်လိုက်တာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်အဖွဲ့ရဲ့ အစီရင်ခံစာကဆိုပါတယ်။ မွန်ရိုးဟာ အရင်ကလည်း သတ်သေဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အပြင်မှာ တကယ်မရှိတဲ့ အသံတွေကြားလာရတာ၊ ကိုယ်ရေးကိုယ်တာဘဝ၊ အနုပညာဘဝမှာပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ရင်ဆိုင်နေရတာ၊ ကျန်းမာရေး ပြဿနာ စတာတွေကြောင့် သူဟာ စိတ်ကျရောဂါဖြစ်လာပါတယ်။ တတိ ယအိမ်ထောင်နဲ့ကွာရှင်းအပြီး တစ်လလောက်အကြာမှာ သူကစိတ်ကျန်း မာရေးဆေးရုံ သွားတက်လိုက်သေးပေမယ့် ဆေးရုံက သူမျှော်လင့်ထားသလိုမျိုး မကုပေးဘဲ သူ့ကိုအခန်းတစ်ခန်းထဲမှာပိတ်လှောင်သော့ခတ်ထားတာကို ကြုံလိုက်ရပါတယ်။ အဲဒီမှာ သူ့ဒုတိယအိမ်ထောင်ကခင်ပွန်းဟောင်းကသူ့ကို တစ်ဖက်လှည့်နဲ့လာကယ်ထုတ်ခဲ့ရပါတယ်။ အဲဒီနောက်မှာလည်း အဆင်မပြေတာတွေကနည်းမသွားဘဲ များလာပါတယ်။ ဒါကြောင့် သူသတ်သေတာလို့ အစီရင်ခံစာထွက်လာတာပါ။ ဒါပေမဲ့ သတ်သေတယ်ဆိုတဲ့အချက်ကို လူအများစုက လက်မခံကြပါဘူး။ မွန်ရိုးဗိုက်ထဲမှာဘာဆေးလုံးမှ မတွေ့ဘူးဆိုတဲ့ သတင်းထွက်လာတာကြောင့် သူဆေး အလွန်အကျွံသောက်ပြီးသတ်သေတာဆိုတဲ့ အချက်ကို လူတွေကမယုံကြတာပါ။ မွန်ရိုးသေတာနဲ့ပတ်သက်လို့ ကောလာဟလတွေ အမျိုးမျိုးထွက် ခဲ့ပါတယ်။ ကနေဒီကြောင့်ပဲ သေသလိုလို၊ ကျူးဘား အစိုးရကြောင့်ပဲ သေသလိုလို သတင်းတွေအစုံထွက်ခဲ့တာပါ။ မွန်ရိုးဟာကွယ်လွန်ချိန်မှာ အသက် ၃၆ နှစ်တောင် မပြည့်သေးပါဘူး။ လူအများစု တီဗီဖန်သားပြင်ပေါ်မှာ၊ ဓာတ်ပုံတွေထဲမှာ မြင်ရတဲ့ သူ့ဘဝကသာ လှပေမယ့် သူ့လက် တွေ့ ဘဝကတော့ ခက်ခဲကြမ်းတမ်း၊ ရှုပ်ထွေးပွေလီ လှပါတယ်။ သူဟာ အောင်မြင်ကျော်ကြားအောင် မဆုတ်မနစ်ကြိုးစားခဲ့သူ၊ အောင်မြင်မှုတွေ ရလာပေမယ့် အချစ်စစ်ကိုလည်း ရှာမတွေ့၊ တည်ငြိမ်တဲ့ဘဝကိုလည်း
ရမသွားခဲ့သူပါ။

zawgyi version
မြန္႐ိုး ေသဆုံးသြားရတဲ့ အေၾကာင္းရင္းကို အခုထက္ထိ တိတိက်က်မသိရေသးပါဘူး။
၁၉၆၂ ခုႏွစ္ ၾသဂုတ္လ ၅ ရက္၊ နံနက္အေစာပိုင္းမွာေတာ့ မြန္႐ိုးေသဆုံးေနတာကိုအိမ္အကူက ပထမဦးဆုံးေတြ႕သြားပါတယ္။ ေဆးလြန္ၿပီး ေသ ဆုံးသြားတာျဖစ္ၿပီး သတ္ေသခ်င္လို႔ ေဆးေတြအမ်ားႀကီးေသာက္လိုက္တာ ျဖစ္ႏိုင္တယ္လို႔ အာဏာပိုင္အဖြဲ႕ရဲ႕ အစီရင္ခံစာကဆိုပါတယ္။ မြန္႐ိုးဟာ အရင္ကလည္း သတ္ေသဖို႔ ႀကိဳးစားခဲ့ဖူးပါတယ္။ အျပင္မွာ တကယ္မရွိတဲ့ အသံေတြၾကားလာရတာ၊ ကိုယ္ေရးကိုယ္တာဘဝ၊ အႏုပညာဘဝမွာျပႆနာေပါင္းေသာင္းေျခာက္ေထာင္နဲ႔ရင္ဆိုင္ေနရတာ၊ က်န္းမာေရး ျပႆနာ စတာေတြေၾကာင့္ သူဟာ စိတ္က်ေရာဂါျဖစ္လာပါတယ္။ တတိ ယအိမ္ေထာင္နဲ႔ကြာရွင္းအၿပီး တစ္လေလာက္အၾကာမွာ သူကစိတ္က်န္း မာေရးေဆး႐ုံ သြားတက္လိုက္ေသးေပမယ့္ ေဆး႐ုံက သူေမွ်ာ္လင့္ထားသလိုမ်ိဳး မကုေပးဘဲ သူ႔ကိုအခန္းတစ္ခန္းထဲမွာပိတ္ေလွာင္ေသာ့ခတ္ထားတာကို ႀကဳံလိုက္ရပါတယ္။ အဲဒီမွာ သူ႔ဒုတိယအိမ္ေထာင္ကခင္ပြန္းေဟာင္းကသူ႔ကို တစ္ဖက္လွည့္နဲ႔လာကယ္ထုတ္ခဲ့ရပါတယ္။ အဲဒီေနာက္မွာလည္း အဆင္မေျပတာေတြကနည္းမသြားဘဲ မ်ားလာပါတယ္။ ဒါေၾကာင့္ သူသတ္ေသတာလို႔ အစီရင္ခံစာထြက္လာတာပါ။ ဒါေပမဲ့ သတ္ေသတယ္ဆိုတဲ့အခ်က္ကို လူအမ်ားစုက လက္မခံၾကပါဘူး။ မြန္႐ိုးဗိုက္ထဲမွာဘာေဆးလုံးမွ မေတြ႕ဘူးဆိုတဲ့ သတင္းထြက္လာတာေၾကာင့္ သူေဆး အလြန္အကြၽံေသာက္ၿပီးသတ္ေသတာဆိုတဲ့ အခ်က္ကို လူေတြကမယုံၾကတာပါ။ မြန္႐ိုးေသတာနဲ႔ပတ္သက္လို႔ ေကာလာဟလေတြ အမ်ိဳးမ်ိဳးထြက္ ခဲ့ပါတယ္။ ကေနဒီေၾကာင့္ပဲ ေသသလိုလို၊ က်ဴးဘား အစိုးရေၾကာင့္ပဲ ေသသလိုလို သတင္းေတြအစုံထြက္ခဲ့တာပါ။ မြန္႐ိုးဟာကြယ္လြန္ခ်ိန္မွာ အသက္ ၃၆ ႏွစ္ေတာင္ မျပည့္ေသးပါဘူး။ လူအမ်ားစု တီဗီဖန္သားျပင္ေပၚမွာ၊ ဓာတ္ပုံေတြထဲမွာ ျမင္ရတဲ့ သူ႔ဘဝကသာ လွေပမယ့္ သူ႔လက္ ေတြ႕ ဘဝကေတာ့ ခက္ခဲၾကမ္းတမ္း၊ ရႈပ္ေထြးေပြလီ လွပါတယ္။ သူဟာ ေအာင္ျမင္ေက်ာ္ၾကားေအာင္ မဆုတ္မနစ္ႀကိဳးစားခဲ့သူ၊ ေအာင္ျမင္မႈေတြ ရလာေပမယ့္ အခ်စ္စစ္ကိုလည္း ရွာမေတြ႕၊ တည္ၿငိမ္တဲ့ဘဝကိုလည္း
ရမသြားခဲ့သူပါ။

Related news

© 2021. All rights reserved.