တိုက်တန်းနစ်အကြောင်းထဲက မသိခဲ့တဲ့ စိတ်ဝင်စားစရာများ

 2388

ဝတီ (NP News) - ဒီဇင်ဘာ ၁၆
တိုက်တန်းနစ်ရုပ်ရှင်ကားကြီးထွက်ခဲ့တာ နှစ်ပေါင်း(၂ဝ)ကျော်သွားပြီဆိုပေမယ့် အဲဒီဇာတ်ကားဟာ အခုထက်ထိလူကြိုက်များနေတုန်းပါပဲ။ အဲ ဒီကားကိုအကြိမ်ကြိမ်ပြန်ကြည့်နေသူတွေလည်း အခုထက်ထိရှိနေတုန်းပါ။ ဇာတ်ကားရိုက်ကူးစရိတ်ဒေါ်လာ သန်း(၂ဝဝ)ကုန်ကျခဲ့လို့ အဲဒီကား ဟာ ကုန်ကျစရိတ်အများဆုံးရုပ်ရှင်ကားအဖြစ် အဲဒီခေတ်အခါကစံချိန် တင်ခဲ့ပေမယ့်ဒီလောက်အထိ ဝက်ဝက်ကွဲအောင်မြင်မယ်လို့ ဘယ်သူကမှထင်မထားခဲ့ကြပါဘူး။ အအောင်မြင်ဆုံးဇာတ်ကားအဖြစ်လည်း သတ် မှတ်ခံခဲ့ရတာကြောင့် ဒီဇာတ်ကားဟာဝင်ငွေအများဆုံးလည်းရခဲ့ပါတယ်။ ဝင်ငွေအများဆုံးရတဲ့ဇာတ်ကားဆိုတဲ့ ဂုဏ်ပုဒ်ကိုတိုက်တန်းနစ် ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန်းရဲ့ Avatar အဗာတာဇာတ်ကားက ၂ဝဝ၉ ခုနှစ်ကျမှလွှဲပြောင်းရယူနိုင်ခဲ့တာပါ။ ဒီလောက်အထိ ကမ္ဘာကျော်တဲ့ တိုက်တန်းနစ်ရုပ်ရှင်ကားကြီးအကြောင်းစိတ်ဝင်စားစရာအချက်တွေလည်းရှိနေပါတယ်။

zawgyi version
တိုက္တန္းနစ္အေၾကာင္းထဲက မသိခဲ့တဲ့ စိတ္ဝင္စားစရာမ်ား
ဝတီ (NP News) - ဒီဇင္ဘာ ၁၆
တိုက္တန္းနစ္႐ုပ္ရွင္ကားႀကီးထြက္ခဲ့တာ ႏွစ္ေပါင္း(၂ဝ)ေက်ာ္သြားၿပီဆိုေပမယ့္ အဲဒီဇာတ္ကားဟာ အခုထက္ထိလူႀကိဳက္မ်ားေနတုန္းပါပဲ။ အဲ ဒီကားကိုအႀကိမ္ႀကိမ္ျပန္ၾကည့္ေနသူေတြလည္း အခုထက္ထိရွိေနတုန္းပါ။ ဇာတ္ကား႐ိုက္ကူးစရိတ္ေဒၚလာ သန္း(၂ဝဝ)ကုန္က်ခဲ့လို႔ အဲဒီကား ဟာ ကုန္က်စရိတ္အမ်ားဆုံး႐ုပ္ရွင္ကားအျဖစ္ အဲဒီေခတ္အခါကစံခ်ိန္ တင္ခဲ့ေပမယ့္ဒီေလာက္အထိ ဝက္ဝက္ကြဲေအာင္ျမင္မယ္လို႔ ဘယ္သူကမွထင္မထားခဲ့ၾကပါဘူး။ အေအာင္ျမင္ဆုံးဇာတ္ကားအျဖစ္လည္း သတ္ မွတ္ခံခဲ့ရတာေၾကာင့္ ဒီဇာတ္ကားဟာဝင္ေငြအမ်ားဆုံးလည္းရခဲ့ပါတယ္။ ဝင္ေငြအမ်ားဆုံးရတဲ့ဇာတ္ကားဆိုတဲ့ ဂုဏ္ပုဒ္ကိုတိုက္တန္းနစ္ ဒါ႐ိုက္တာႀကီး ဂ်ိမ္းစ္ကင္မ႐ြန္းရဲ႕ Avatar အဗာတာဇာတ္ကားက ၂ဝဝ၉ ခုႏွစ္က်မွလႊဲေျပာင္းရယူႏိုင္ခဲ့တာပါ။ ဒီေလာက္အထိ ကမာၻေက်ာ္တဲ့ တိုက္တန္းနစ္႐ုပ္ရွင္ကားႀကီးအေၾကာင္းစိတ္ဝင္စားစရာအခ်က္ေတြလည္းရွိေနပါတယ္။

ဒီဇာတ်ကားရဲ့ ခေါင်းဆောင်မင်းသား၊ မင်းသမီးနေရာမှာ တခြားသရုပ် ဆောင်တွေဖြစ်သွားတော့မလို့ပါပဲ။
တိုက်တန်းနစ်လို့ ဆိုလိုက်တာနဲ့ လူတွေရဲ့မျက်လုံးထဲမှာ လိုက်ဖက်ညီလှတဲ့လီယိုနာဒိုနဲ့ ကိတ်ဝင်းစလက်ကိုပဲ ပြေးမြင်လိုက်တတ်ကြပါတယ်။ ဒါ ပေမဲ့ ဇာတ်ကားမရိုက်ကူးခင်တုန်းကတော့ သူတို့ဟာ ဒါရိုက်တာရဲ့ပထမဦးစားပေး သရုပ်ဆောင်တွေမဟုတ်ဘဲ တခြားနာမည်ကြီး မင်းသား၊ မင်း သမီးတစ်တွဲကို လျာထားတာလို့သိရပါတယ်။ အဲဒီအတွဲအဆင်မပြေတော့ မှ ဒါရိုက်တာက သူတို့နှစ်ယောက်ကို ရွေးလိုက်တာလို့ကောလာဟလတွေ ထွက်ခဲ့ပါတယ်။ နာမည်ကျော် ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန်းက တော့ ဒီကောလာဟလကို အတည်လည်းမပြုသလို ငြင်းချက်လည်းမထုတ်ခဲ့ပါဘူး။

ကိတ်ဝင်းစလက်က ခေါင်းဆောင်မင်းသမီးနေရာကို အရူးအမူးလိုချင်ခဲ့တာပါ။
ရို့စ်ဆိုတဲ့ ခေါင်းဆောင်မင်းသမီးနေရာကို လုံးကြီးပေါက်လှ၊ မင်းသမီးချောကိတ်ဝင်းစလက်က အရူးအမူးလိုချင်ခဲ့တာပါတဲ့။ အဲဒီနေရာအတွက် လူရွေးပွဲဝင်အပြီးမှာ သူကဒါရိုက်တာဆီနှင်းဆီပန်းတွေပို့ခဲ့ပါတယ်။ ဒါ့အပြင်ချစ်လှစွာသောရို့စ်မှမေတ္တာစေတနာဖြင့် ဆိုတဲ့စာတိုလေးကိုလည်းတွဲပို့ခဲ့ပါသတဲ့။ `သူကအရဲစွန့်ပြီး ကျွန်မကိုရွေးလိုက်တာ။ လာအရွေးခံတဲ့
ကျွန်မနဲ့ခေတ်ပြိုင်မင်းသမီးတွေထဲမှာ ရို့စ်ဆိုတဲ့ ဇာတ်ကောင်နဲ့ပိုလိုက် ဖက်တဲ့ မင်းသမီးတွေပါပါတယ်။ ကျွန်မကံကောင်းသွားတာပါ`လို့ နောက်ပိုင်းမှာ ကိတ်ဝင်းစလက်က ပြန်ပြောပြပါတယ်။

ပရိသတ်တွေရဲ့ အငြင်းပွားမှုကို ဒါရိုက်တာက ဖြေရှင်းလိုက်ပါတယ်။
နောက်ဆုံးအခန်းလောက်မှာ ရို့စ်ကရေထဲပေါလောမျောနေတဲ့ တံခါးချပ်ကြီးပေါ်တက်နေပြီး ဂျက်ခ်အဖြစ် သရုပ်ဆောင်ရတဲ့ လီယိုနာဒိုကတော့ ရေထဲမှာပဲ နေနေရပါတယ်။ အဲဒီအခန်းကို ပရိသတ်တွေအတော်ကြီး ဝေဖန်ခဲ့ကြပါတယ်။ `တံခါးရွက်ပေါ်သူလည်းတက်လိုက်လို့ရတာပဲ။ နှစ်ယောက်ဆန့်ရဲ့သားနဲ့။ ဒါမှမဟုတ် တစ်ယောက်တစ်လှည့်တက်နေလို့ရတာပဲ`စသဖြင့် ဝေဖန်သံတွေညံနေခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ ဒါရိုက်တာကြီးကဖြေရှင်းလိုက်ပါတယ်။`ဒါရိုက်တာက ဇာတ်ဆောင်တွေကို ဇာတ် ညွှန်းထဲမှာပါတဲ့အတိုင်း အတိအကျလုပ်ခိုင်းရတာ။ သရုပ်ဆောင်ဆိုတာလည်း ဒါရိုက်တာခိုင်းတဲ့အတိုင်း လုပ်ရမှာပဲ။ ဒါရိုက်တာက ဒါဆိုဒါပဲပေါ့။ ဒီ့ထက်ရှင်းတာမရှိတော့ပါဘူး`လို့ဒါရိုက်တာကြီးက ပြောလိုက်တော့မှပဲ ဝေဖန်သံတွေ တိတ်သွားတော့တာဖြစ်ပါတယ်။

zawgyi version
ဒီဇာတ္ကားရဲ႕ ေခါင္းေဆာင္မင္းသား၊ မင္းသမီးေနရာမွာ တျခားသ႐ုပ္ ေဆာင္ေတြျဖစ္သြားေတာ့မလို႔ပါပဲ။
တိုက္တန္းနစ္လို႔ ဆိုလိုက္တာနဲ႔ လူေတြရဲ႕မ်က္လုံးထဲမွာ လိုက္ဖက္ညီလွတဲ့လီယိုနာဒိုနဲ႔ ကိတ္ဝင္းစလက္ကိုပဲ ေျပးျမင္လိုက္တတ္ၾကပါတယ္။ ဒါ ေပမဲ့ ဇာတ္ကားမ႐ိုက္ကူးခင္တုန္းကေတာ့ သူတို႔ဟာ ဒါ႐ိုက္တာရဲ႕ပထမဦးစားေပး သ႐ုပ္ေဆာင္ေတြမဟုတ္ဘဲ တျခားနာမည္ႀကီး မင္းသား၊ မင္း သမီးတစ္တြဲကို လ်ာထားတာလို႔သိရပါတယ္။ အဲဒီအတြဲအဆင္မေျပေတာ့ မွ ဒါ႐ိုက္တာက သူတို႔ႏွစ္ေယာက္ကို ေ႐ြးလိုက္တာလို႔ေကာလာဟလေတြ ထြက္ခဲ့ပါတယ္။ နာမည္ေက်ာ္ ဒါ႐ိုက္တာႀကီး ဂ်ိမ္းစ္ကင္မ႐ြန္းက ေတာ့ ဒီေကာလာဟလကို အတည္လည္းမျပဳသလို ျငင္းခ်က္လည္းမထုတ္ခဲ့ပါဘူး။

ကိတ္ဝင္းစလက္က ေခါင္းေဆာင္မင္းသမီးေနရာကို အ႐ူးအမူးလိုခ်င္ခဲ့တာပါ။
႐ို႕စ္ဆိုတဲ့ ေခါင္းေဆာင္မင္းသမီးေနရာကို လုံးႀကီးေပါက္လွ၊ မင္းသမီးေခ်ာကိတ္ဝင္းစလက္က အ႐ူးအမူးလိုခ်င္ခဲ့တာပါတဲ့။ အဲဒီေနရာအတြက္ လူေ႐ြးပြဲဝင္အၿပီးမွာ သူကဒါ႐ိုက္တာဆီႏွင္းဆီပန္းေတြပို႔ခဲ့ပါတယ္။ ဒါ့အျပင္ခ်စ္လွစြာေသာ႐ို႕စ္မွေမတၱာေစတနာျဖင့္ ဆိုတဲ့စာတိုေလးကိုလည္းတြဲပို႔ခဲ့ပါသတဲ့။ `သူကအရဲစြန႔္ၿပီး ကြၽန္မကိုေ႐ြးလိုက္တာ။ လာအေ႐ြးခံတဲ့
ကြၽန္မနဲ႔ေခတ္ၿပိဳင္မင္းသမီးေတြထဲမွာ ႐ို႕စ္ဆိုတဲ့ ဇာတ္ေကာင္နဲ႔ပိုလိုက္ ဖက္တဲ့ မင္းသမီးေတြပါပါတယ္။ ကြၽန္မကံေကာင္းသြားတာပါ`လို႔ ေနာက္ပိုင္းမွာ ကိတ္ဝင္းစလက္က ျပန္ေျပာျပပါတယ္။

ပရိသတ္ေတြရဲ႕ အျငင္းပြားမႈကို ဒါ႐ိုက္တာက ေျဖရွင္းလိုက္ပါတယ္။
ေနာက္ဆုံးအခန္းေလာက္မွာ ႐ို႕စ္ကေရထဲေပါေလာေမ်ာေနတဲ့ တံခါးခ်ပ္ႀကီးေပၚတက္ေနၿပီး ဂ်က္ခ္အျဖစ္ သ႐ုပ္ေဆာင္ရတဲ့ လီယိုနာဒိုကေတာ့ ေရထဲမွာပဲ ေနေနရပါတယ္။ အဲဒီအခန္းကို ပရိသတ္ေတြအေတာ္ႀကီး ေဝဖန္ခဲ့ၾကပါတယ္။ `တံခါး႐ြက္ေပၚသူလည္းတက္လိုက္လို႔ရတာပဲ။ ႏွစ္ေယာက္ဆန႔္ရဲ႕သားနဲ႔။ ဒါမွမဟုတ္ တစ္ေယာက္တစ္လွည့္တက္ေနလို႔ရတာပဲ`စသျဖင့္ ေဝဖန္သံေတြညံေနခဲ့တာပါ။ ဒါနဲ႔ပတ္သက္လို႔ ဒါ႐ိုက္တာႀကီးကေျဖရွင္းလိုက္ပါတယ္။`ဒါ႐ိုက္တာက ဇာတ္ေဆာင္ေတြကို ဇာတ္ ၫႊန္းထဲမွာပါတဲ့အတိုင္း အတိအက်လုပ္ခိုင္းရတာ။ သ႐ုပ္ေဆာင္ဆိုတာလည္း ဒါ႐ိုက္တာခိုင္းတဲ့အတိုင္း လုပ္ရမွာပဲ။ ဒါ႐ိုက္တာက ဒါဆိုဒါပဲေပါ့။ ဒီ့ထက္ရွင္းတာမရွိေတာ့ပါဘူး`လို႔ဒါ႐ိုက္တာႀကီးက ေျပာလိုက္ေတာ့မွပဲ ေဝဖန္သံေတြ တိတ္သြားေတာ့တာျဖစ္ပါတယ္။

ပန်းချီဆွဲတဲ့အခန်းမှာပါတဲ့ လက်ဟာ လီယိုနာဒိုရဲ့ လက်မဟုတ်ပါဘူး။
ရို့စ်က ဂျက်ခ်ကို သူ့ပုံဆွဲပေးဖို့ပြောတော့ ဂျက်ခ်ကဆွဲပေးခဲ့ပါတယ်။ အဲဒီအခန်းမှာ ပရိသတ်တွေ မြင်ရတဲ့လက်က လီယိုနာဒိုရဲ့လက်မဟုတ်ပါဘူး။
လီယိုနာဒိုက ပုံမဆွဲတတ်ပါဘူး။ ဒါကြောင့် ဒါရိုက်တာကြီး ကင်မရွန်းကပဲ ဝင်ဆွဲပေးခဲ့တာပါ။ အမှန်တော့ အဲဒီဇာတ်ကားထဲမှာ ဂျက်ခ်ပြတဲ့ သူ့ပန်း ချီလက်ရာတွေအားလုံးဟာဒါရိုက်တာကြီးရဲ့ လက်ရာတွေချည်းပါပဲ။

ဂျက်ခ်ဒေါ်ဆင်ဆိုတာ တကယ်ရှိခဲ့တာပါ။
ဇာတ်ကားထဲမှာပါတဲ့ ဂျက်ခ်ဒေါ်ဆင်ဆိုတာ ဒါရိုက်တာက စိတ်ကူးယဉ်ပြီးဖန်တီးထားတဲ့ ဇာတ်ကောင်ပါ။ ဒါပေမဲ့ ဖြစ်ချင်တော့ တကယ့်တိုက်တန်းနစ်သင်္ဘောကြီးပေါ်မှာ ဂျက်ခ်ဒေါ်ဆင်ဆိုတဲ့ ခရီးသည်တစ်ယောက် အမှန်တကယ်ပါသွားခဲ့ပါတယ်။ ဇာတ်ကားရိုက်လို့ ပြီးတဲ့အခါကျမှပဲ
အဲဒီတိုက်ဆိုင်မှုကို ဒါရိုက်တာကြီးက သိသွားပါတယ်။ ဒါကြောင့် ရုပ်ရှင်ကားလည်း ထွက်လာရောခရီးသွားတွေကြားမှာ ဂျက်ခ်ဒေါ်ဆင်ရဲ့အုတ်ဂူဟာ အရမ်းကို နာမည်ကြီးသွားခဲ့ပါသေးတယ်။

ဒီဇာတ်ကားမှာ လင်ဆေးလိုဟန် ပါခွင့်ရတော့မလို့ပါပဲ။
ဟုတ်ပါတယ်။ အဲဒီဇာတ်ကား ရိုက်ကူးချိန်တုန်းက မင်းသမီး လင်ဆေးလိုဟန်ဟာအသက် (၈)နှစ်ပဲ ရှိပါသေးတယ်။ ဒါကြောင့် ဂျက်ခ်နဲ့တွဲကတဲ့နေ ရာမှာ သရုပ်ဆောင်မယ့်ခရီးသည် ကလေးမလေးနေရာမှာ လင်ဆေးလိုဟန်ကိုသုံးဖို့ ဒါရိုက်တာကစဉ်းစားခဲ့ပါသေးတယ်။ ဒါပေမဲ့သူ့ဆံပင်က အ နီရောင်ဆိုတော့ ရို့စ်နဲ့ရော ရို့စ်ရဲ့အမေနဲ့ပါ အရမ်းကြီးဆင်နေမှာစိုးလို့
ဆိုပြီး ဒါရိုက်တာက သူ့ကိုမရွေးလိုက်တော့ဘဲ တခြားကလေးမလေးကိုပဲ ရွေးလိုက်တာပါ။

တိုက်တန်းနစ် ဇာတ်ဝင်သီချင်းကို ထည့်ဖို့ အစကစိတ်မကူးထားပါဘူး။
ဇာတ်ကားနောက်ခံသီချင်းအနေနဲ့ဆိုရင် ဒါရိုက်တာကြီး ကင်မရွန်းက တီးလုံးချည်းပဲလိုချင်တာဖြစ်ပြီး စာသားပါတဲ့ သီချင်းကို မလိုချင်ခဲ့ပါဘူး။ ဒါပေမဲ့ သီချင်းရေးဆရာဝီလ်ဂျန်နင်စ်က အဆိုတော် စလင်းဒီယွန်နဲ့ပေါင်းပြီး အဲဒီသီချင်းကိုဖန်တီးလိုက်တာပါ။ သီချင်းကိုနားထောင်ကြည့်ပြီးတော့ မှ ဒါရိုက်တာကြီးက အရမ်းကြိုက်သွားပြီး စိတ်ပြောင်းသွားတော့တာဖြစ်ပါတယ်။ အဲဒါနဲ့ပဲ သီချင်းကအားလုံးသိကြတဲ့အတိုင်း ကမ္ဘာကျော်သီချင်းဖြစ်သွားတော့တာပေါ့။

တိုက်တန်းနစ်ဟာ တမူထူးတဲ့ စံချိန် တင်ထားပါတယ်။
ဒီနေ့ခေတ်မှာဆိုရင် ရုပ်ရှင်ကားတွေဟာ တစ်လခွဲလောက်ပဲ ရုံတင်ခွင့်ရလေ့ရှိပါတယ်။ တစ်လခွဲကျော်သွားပြီဆိုရင် ပရိသတ် စိတ်ဝင်စားမှု လျော့သွားပြီး ရုံကိုလူမဝင်တော့ပါဘူး။ ဒါပေမဲ့ တိုက်တန်းနစ် ဇာတ်ကားခေတ်တုန်းကတော့ ဇာတ်ကားတစ်ကားကို လတွေနဲ့ချီအောင်ရုံတင်ရပါတယ်။ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ထွက်တဲ့တိုက်တန်းနစ်ရုပ်ရှင်ကားကြီးဟာ ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ ဗီဒီယိုခွေနဲ့ ထွက်လာတဲ့အထိကို ရုံတင်ပြသနေရတုန်းပါပဲ။ ဒီလို တစ်နှစ်နီးပါးရုံတင်ရတဲ့ ဇာတ်ကားဆိုလို့ တိုက်တန်းနစ်က ပထမဦးဆုံးဖြစ်ပြီး တစ်ခုတည်းသော ဇာတ်ကားလည်း ဖြစ်ပါလိမ့်မယ်။

ရုပ်ရှင်အဖွဲ့သားတွေ ဆေးခတ်ခံလိုက်ရပါသေးတယ်။
ရိုက်ကူးရေးက ရုပ်ရှင်အဖွဲ့သားတွေဟာ ထင်ယောင်မြင်ယောင်တွေ ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုထင်ယောင်ထင်မှားတွေ ဖြစ်ရတဲ့အကြောင်းရင်းက တော့ သူတို့ စားတဲ့အစားအစာထဲကိုတစ်ယောက်ယောက်ကစနောက်ပြီး ဆေးခတ်လိုက်လို့ပါပဲ။ ဒါကြောင့် အဲဒါစားပြီးနောက်မှာ အဖွဲ့သားပေါင်း (၈ဝ)လောက်ဟာ ထင်ယောင်ထင်မှားတွေဖြစ်ကြ၊ ငိုလိုက်ကြ၊ ရယ်လိုက် ကြ၊ အော့အန်ကြနဲ့ ဆေးရုံရောက်သွားကြပါတယ်။ အဲဒါ ဘယ်သူ့လက် ချက်လဲဆိုတာ အခုထက်ထိမပေါ်သေးပါဘူး။

zawgyi version
ပန္းခ်ီဆြဲတဲ့အခန္းမွာပါတဲ့ လက္ဟာ လီယိုနာဒိုရဲ႕ လက္မဟုတ္ပါဘူး။
႐ို႕စ္က ဂ်က္ခ္ကို သူ႔ပုံဆြဲေပးဖို႔ေျပာေတာ့ ဂ်က္ခ္ကဆြဲေပးခဲ့ပါတယ္။ အဲဒီအခန္းမွာ ပရိသတ္ေတြ ျမင္ရတဲ့လက္က လီယိုနာဒိုရဲ႕လက္မဟုတ္ပါဘူး။
လီယိုနာဒိုက ပုံမဆြဲတတ္ပါဘူး။ ဒါေၾကာင့္ ဒါ႐ိုက္တာႀကီး ကင္မ႐ြန္းကပဲ ဝင္ဆြဲေပးခဲ့တာပါ။ အမွန္ေတာ့ အဲဒီဇာတ္ကားထဲမွာ ဂ်က္ခ္ျပတဲ့ သူ႔ပန္း ခ်ီလက္ရာေတြအားလုံးဟာဒါ႐ိုက္တာႀကီးရဲ႕ လက္ရာေတြခ်ည္းပါပဲ။

ဂ်က္ခ္ေဒၚဆင္ဆိုတာ တကယ္ရွိခဲ့တာပါ။
ဇာတ္ကားထဲမွာပါတဲ့ ဂ်က္ခ္ေဒၚဆင္ဆိုတာ ဒါ႐ိုက္တာက စိတ္ကူးယဥ္ၿပီးဖန္တီးထားတဲ့ ဇာတ္ေကာင္ပါ။ ဒါေပမဲ့ ျဖစ္ခ်င္ေတာ့ တကယ့္တိုက္တန္းနစ္သေဘၤာႀကီးေပၚမွာ ဂ်က္ခ္ေဒၚဆင္ဆိုတဲ့ ခရီးသည္တစ္ေယာက္ အမွန္တကယ္ပါသြားခဲ့ပါတယ္။ ဇာတ္ကား႐ိုက္လို႔ ၿပီးတဲ့အခါက်မွပဲ
အဲဒီတိုက္ဆိုင္မႈကို ဒါ႐ိုက္တာႀကီးက သိသြားပါတယ္။ ဒါေၾကာင့္ ႐ုပ္ရွင္ကားလည္း ထြက္လာေရာခရီးသြားေတြၾကားမွာ ဂ်က္ခ္ေဒၚဆင္ရဲ႕အုတ္ဂူဟာ အရမ္းကို နာမည္ႀကီးသြားခဲ့ပါေသးတယ္။

ဒီဇာတ္ကားမွာ လင္ေဆးလိုဟန္ ပါခြင့္ရေတာ့မလို႔ပါပဲ။
ဟုတ္ပါတယ္။ အဲဒီဇာတ္ကား ႐ိုက္ကူးခ်ိန္တုန္းက မင္းသမီး လင္ေဆးလိုဟန္ဟာအသက္ (၈)ႏွစ္ပဲ ရွိပါေသးတယ္။ ဒါေၾကာင့္ ဂ်က္ခ္နဲ႔တြဲကတဲ့ေန ရာမွာ သ႐ုပ္ေဆာင္မယ့္ခရီးသည္ ကေလးမေလးေနရာမွာ လင္ေဆးလိုဟန္ကိုသုံးဖို႔ ဒါ႐ိုက္တာကစဥ္းစားခဲ့ပါေသးတယ္။ ဒါေပမဲ့သူ႔ဆံပင္က အ နီေရာင္ဆိုေတာ့ ႐ို႕စ္နဲ႔ေရာ ႐ို႕စ္ရဲ႕အေမနဲ႔ပါ အရမ္းႀကီးဆင္ေနမွာစိုးလို႔
ဆိုၿပီး ဒါ႐ိုက္တာက သူ႔ကိုမေ႐ြးလိုက္ေတာ့ဘဲ တျခားကေလးမေလးကိုပဲ ေ႐ြးလိုက္တာပါ။

တိုက္တန္းနစ္ ဇာတ္ဝင္သီခ်င္းကို ထည့္ဖို႔ အစကစိတ္မကူးထားပါဘူး။
ဇာတ္ကားေနာက္ခံသီခ်င္းအေနနဲ႔ဆိုရင္ ဒါ႐ိုက္တာႀကီး ကင္မ႐ြန္းက တီးလုံးခ်ည္းပဲလိုခ်င္တာျဖစ္ၿပီး စာသားပါတဲ့ သီခ်င္းကို မလိုခ်င္ခဲ့ပါဘူး။ ဒါေပမဲ့ သီခ်င္းေရးဆရာဝီလ္ဂ်န္နင္စ္က အဆိုေတာ္ စလင္းဒီယြန္နဲ႔ေပါင္းၿပီး အဲဒီသီခ်င္းကိုဖန္တီးလိုက္တာပါ။ သီခ်င္းကိုနားေထာင္ၾကည့္ၿပီးေတာ့ မွ ဒါ႐ိုက္တာႀကီးက အရမ္းႀကိဳက္သြားၿပီး စိတ္ေျပာင္းသြားေတာ့တာျဖစ္ပါတယ္။ အဲဒါနဲ႔ပဲ သီခ်င္းကအားလုံးသိၾကတဲ့အတိုင္း ကမာၻေက်ာ္သီခ်င္းျဖစ္သြားေတာ့တာေပါ့။

တိုက္တန္းနစ္ဟာ တမူထူးတဲ့ စံခ်ိန္ တင္ထားပါတယ္။
ဒီေန႔ေခတ္မွာဆိုရင္ ႐ုပ္ရွင္ကားေတြဟာ တစ္လခြဲေလာက္ပဲ ႐ုံတင္ခြင့္ရေလ့ရွိပါတယ္။ တစ္လခြဲေက်ာ္သြားၿပီဆိုရင္ ပရိသတ္ စိတ္ဝင္စားမႈ ေလ်ာ့သြားၿပီး ႐ုံကိုလူမဝင္ေတာ့ပါဘူး။ ဒါေပမဲ့ တိုက္တန္းနစ္ ဇာတ္ကားေခတ္တုန္းကေတာ့ ဇာတ္ကားတစ္ကားကို လေတြနဲ႔ခ်ီေအာင္႐ုံတင္ရပါတယ္။ ၁၉၉၇ ခုႏွစ္ ဒီဇင္ဘာလ ၁၉ ရက္ေန႔မွာ ထြက္တဲ့တိုက္တန္းနစ္႐ုပ္ရွင္ကားႀကီးဟာ ၁၉၉၈ ခုႏွစ္ စက္တင္ဘာလ ၁ ရက္ေန႔မွာ ဗီဒီယိုေခြနဲ႔ ထြက္လာတဲ့အထိကို ႐ုံတင္ျပသေနရတုန္းပါပဲ။ ဒီလို တစ္ႏွစ္နီးပါး႐ုံတင္ရတဲ့ ဇာတ္ကားဆိုလို႔ တိုက္တန္းနစ္က ပထမဦးဆုံးျဖစ္ၿပီး တစ္ခုတည္းေသာ ဇာတ္ကားလည္း ျဖစ္ပါလိမ့္မယ္။

႐ုပ္ရွင္အဖြဲ႕သားေတြ ေဆးခတ္ခံလိုက္ရပါေသးတယ္။
႐ိုက္ကူးေရးက ႐ုပ္ရွင္အဖြဲ႕သားေတြဟာ ထင္ေယာင္ျမင္ေယာင္ေတြ ျဖစ္ခဲ့ပါေသးတယ္။ ဒီလိုထင္ေယာင္ထင္မွားေတြ ျဖစ္ရတဲ့အေၾကာင္းရင္းက ေတာ့ သူတို႔ စားတဲ့အစားအစာထဲကိုတစ္ေယာက္ေယာက္ကစေနာက္ၿပီး ေဆးခတ္လိုက္လို႔ပါပဲ။ ဒါေၾကာင့္ အဲဒါစားၿပီးေနာက္မွာ အဖြဲ႕သားေပါင္း (၈ဝ)ေလာက္ဟာ ထင္ေယာင္ထင္မွားေတြျဖစ္ၾက၊ ငိုလိုက္ၾက၊ ရယ္လိုက္ ၾက၊ ေအာ့အန္ၾကနဲ႔ ေဆး႐ုံေရာက္သြားၾကပါတယ္။ အဲဒါ ဘယ္သူ႔လက္ ခ်က္လဲဆိုတာ အခုထက္ထိမေပၚေသးပါဘူး။

Related news

© 2021. All rights reserved.