ရာစုနှစ်ချီ ထိပ်ဆုံးမှာရှိနေခဲ့တဲ့ လန်ဒန်မြို့ကို တရုတ်ရဲ့ရှန်ဟိုင်းမြို့က ကျော်တက်လိမ့်မယ်လို့ အောက်စ်ဖို့က စစ်တမ်းထုတ်ပြန် သတိပေး

899

မိုးတိမ် (NP News) - ဒီဇင်ဘာ ၁၉
ရှန်ဟိုင်းမြို့ရဲ့စီးပွားရေးတိုးတက်မှုနှုန်းဟာ လာမယ့်(၁၉) နှစ်အတွင်းမှာ လန်ဒန်မြို့ကိုကျော်တက်ပြီး ကမ္ဘာ့စီးပွားရေးအင်အားစတုတ္ထအကြီးဆုံးမြို့ ဖြစ်လာဖို့ ရှိနေတယ်လို့ အောက်စ်ဖို့အခြေစိုက် စီးပွားရေးသုတေသီတွေက ထုတ်ပြန်လိုက်ပါတယ်။
အောက်စ်ဖို့အခြေစိုက် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမြို့တော်စာရင်းများ လေ့လာပြုစုတဲ့အဖွဲ့က ၂၀၄၀ မှာဖြစ်ပေါ်လာမယ့် စီးပွားရေးအခြေအနေတွေကို ကြိုတင်တွက်ချက်ပြီး ဒီဇင်ဘာ(၁၈)ရက်မှာ အသိပေးထုတ်ပြန်လာတာမျိုး ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နိုင်ငံရဲ့ရှန်ဟိုင်းမြို့ကြီးဟာ ထင်မှတ်မထားလောက်အောင် ကမ္ဘာ့အင်အားကြီး မြို့ပေါင်းများစွာကို နှစ်တိုင်းလိုလိုကျော်ဖြတ်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုကျော်ဖြတ်လာရင်းနဲ့ တစ်ချိန်မှာတော့ ဗြိတိန်ရဲ့လန်ဒန်မြို့ကို သေချာပေါက် ကျော်ဖြတ်သွားတော့မှာဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။
အထူးသဖြင့် လန်ဒန်မြို့ဟာ ဒုတိယကမ္ဘာစစ်မတိုင်မီအထိ ကမ္ဘာ့အကြီးကျယ်ဆုံးမြို့အဖြစ် လူတွေက သတ်မှတ်ကောင်းသတ်မှတ်နိုင်ကြပေမယ့် ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်က နယူးယောက်လိုမြို့ကြီးကို ဦးဆောင်ခွင့်ပေးလိုက်ရတာမျိုး ဖြစ်သွားပါတယ်။ ဒီနောက်မှာတော့ တဖြည်းဖြည်းဆိုသလို အရှိန်အဝါသြဇာကျဆင်းလာနေပြီး လက်ရှိ ၂ဝ၂၁ ခုနှစ်အထိ ကမ္ဘာ့အဆင့်(၄)မှာ ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်သီးမြို့သုံးမြို့ကတော့ နယူးယောက်၊ တိုကျိုနဲ့ လော့အိန်ဂျလိစ်ဖြစ်ပြီး စတုတ္ထနေရာကိုတော့ နောက်ထပ်ဆယ်စုနှစ်တစ်ခုကျော်အတွင်းမှာ လန်ဒန်က ဖယ်ပေးရမှာပဲ ဖြစ်လာပါတယ်။ ဒီဘက်ကာလတွေအတွင်းမှာတော့ တရုတ်နိုင်ငံရဲ့ ပေကျင်း၊ ရှန်းကျန်းနဲ့ ရှန်ဟိုင်းတို့က ထိပ်ဆုံး(၁ဝ)မြို့စာရင်းကို တိုးဝင်လာခဲ့သလို တရုတ်နိုင်ငံရဲ့မြို့ကြီး(၁၅)မြို့ဟာ GDP ဒေါ်လာဘီလျံ(၅ဝဝ)အထက်ရှိတဲ့ ကမ္ဘာ့ဒုတိယမြောက် မြို့အများဆုံး တိုင်းပြည်ဖြစ်လာခဲ့ပါတယ်။ ဒါဟာလည်း ဆယ်စုနှစ်နှစ်ခုအတွင်းမှာ အရှိန်အဟုန်နဲ့တိုးတက်လာတာမျိုးဖြစ်ပြီး အမေရိကန်ဟာ မြို့ပေါင်း(၁၉)မြို့အထိ ရှိနေသည့်တိုင် တရုတ်လိုမျိုး ဆယ်စုနှစ်နှစ်ခုအတွင်း ဖြစ်လာခဲ့တာမဟုတ်ဘဲ နှစ်ပေါင်း(၅ဝ)ထက်မနည်း ကြာမြင့်ခဲ့တယ်လို့ အချက်အလက်တွေက ဆိုပါတယ်။
၂ဝ၄ဝ ပြည့်နှစ်ရောက်ရင်တော့ ကမ္ဘာ့ထိပ်ဆုံးမြို့ဟာ အမေရိကန် နယူးယောက်မြို့ဖြစ်နေဦးမှာ မှန်သလို ဂျပန်ရဲ့တိုကျိုကလည်း ဒုတိယနေရာမှာ ရှိနေဦးမှာဖြစ်ပါတယ်။ တတိယနေရာမှာတော့ အမေရိကန်ရဲ့လော့အိန်ဂျလိစ်မြို့ပဲ ဖြစ်လာနိုင်ပါသေးတယ်။ စတုတ္ထနေရာကိုတော့ တရုတ်နိုင်ငံရဲ့ရှန်ဟိုင်းမြို့က ဝင်ရောက်နေရာယူမှာဖြစ်သလို လန်ဒန်ကတော့ အဆင့်(၅)ကို ဆင်းပေးရမယ်လို့ စစ်တမ်းက ဆိုပါတယ်။ ဒီနောက်မှာတော့ ပေကျင်းက အဆင့်(၆)၊ ရှန်ကျန်းကအဆင့်(၇)၊ ပဲရစ်က အဆင့်(၈)၊ ချီကာဂိုက အဆင့်(၉)နဲ့ ဆန်ဖရန်စစ္စကိုက အဆင့်(၁ဝ)မှာ ရှိနေလိမ့်မယ်လို့ အောက်စ်ဖို့စစ်တမ်းက တွက်ချက်ပေးထားပါတယ်။
Zawgyi Version;
ရာစုႏွစ္ခ်ီ ထိပ္ဆုံးမွာရွိေနခဲ့တဲ့ လန္ဒန္ၿမိဳ႕ကို တ႐ုတ္ရဲ႕ရွန္ဟိုင္းၿမိဳ႕က ေက်ာ္တက္လိမ့္မယ္လို႔ ေအာက္စ္ဖို႔က စစ္တမ္းထုတ္ျပန္ သတိေပး
မိုးတိမ္ (NP News) - ဒီဇင္ဘာ ၁၉
ရွန္ဟိုင္းၿမိဳ႕ရဲ႕စီးပြားေရးတိုးတက္မႈႏႈန္းဟာ လာမယ့္(၁၉) ႏွစ္အတြင္းမွာ လန္ဒန္ၿမိဳ႕ကိုေက်ာ္တက္ၿပီး ကမာၻ႔စီးပြားေရးအင္အားစတုတၳအႀကီးဆုံးၿမိဳ႕ ျဖစ္လာဖို႔ ရွိေနတယ္လို႔ ေအာက္စ္ဖို႔အေျခစိုက္ စီးပြားေရးသုေတသီေတြက ထုတ္ျပန္လိုက္ပါတယ္။
ေအာက္စ္ဖို႔အေျခစိုက္ ကမာၻလုံးဆိုင္ရာစီးပြားေရးၿမိဳ႕ေတာ္စာရင္းမ်ား ေလ့လာျပဳစုတဲ့အဖြဲ႕က ၂၀၄၀ မွာျဖစ္ေပၚလာမယ့္ စီးပြားေရးအေျခအေနေတြကို ႀကိဳတင္တြက္ခ်က္ၿပီး ဒီဇင္ဘာ(၁၈)ရက္မွာ အသိေပးထုတ္ျပန္လာတာမ်ိဳး ျဖစ္ပါတယ္။ ဒီထုတ္ျပန္ခ်က္ထဲမွာေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ရွန္ဟိုင္းၿမိဳ႕ႀကီးဟာ ထင္မွတ္မထားေလာက္ေအာင္ ကမာၻ႔အင္အားႀကီး ၿမိဳ႕ေပါင္းမ်ားစြာကို ႏွစ္တိုင္းလိုလိုေက်ာ္ျဖတ္လာခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီလိုေက်ာ္ျဖတ္လာရင္းနဲ႔ တစ္ခ်ိန္မွာေတာ့ ၿဗိတိန္ရဲ႕လန္ဒန္ၿမိဳ႕ကို ေသခ်ာေပါက္ ေက်ာ္ျဖတ္သြားေတာ့မွာျဖစ္တယ္လို႔လည္း သတိေပးထားပါတယ္။
အထူးသျဖင့္ လန္ဒန္ၿမိဳ႕ဟာ ဒုတိယကမာၻစစ္မတိုင္မီအထိ ကမာၻ႔အႀကီးက်ယ္ဆုံးၿမိဳ႕အျဖစ္ လူေတြက သတ္မွတ္ေကာင္းသတ္မွတ္ႏိုင္ၾကေပမယ့္ ဒုတိယကမာၻစစ္အၿပီးမွာ အေမရိကန္က နယူးေယာက္လိုၿမိဳ႕ႀကီးကို ဦးေဆာင္ခြင့္ေပးလိုက္ရတာမ်ိဳး ျဖစ္သြားပါတယ္။ ဒီေနာက္မွာေတာ့ တျဖည္းျဖည္းဆိုသလို အရွိန္အဝါၾသဇာက်ဆင္းလာေနၿပီး လက္ရွိ ၂ဝ၂၁ ခုႏွစ္အထိ ကမာၻ႔အဆင့္(၄)မွာ ရပ္တည္ေနခဲ့တာ ျဖစ္ပါတယ္။ ကမာၻ႔ထိပ္သီးၿမိဳ႕သုံးၿမိဳ႕ကေတာ့ နယူးေယာက္၊ တိုက်ိဳနဲ႔ ေလာ့အိန္ဂ်လိစ္ျဖစ္ၿပီး စတုတၳေနရာကိုေတာ့ ေနာက္ထပ္ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္းမွာ လန္ဒန္က ဖယ္ေပးရမွာပဲ ျဖစ္လာပါတယ္။ ဒီဘက္ကာလေတြအတြင္းမွာေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ ေပက်င္း၊ ရွန္းက်န္းနဲ႔ ရွန္ဟိုင္းတို႔က ထိပ္ဆုံး(၁ဝ)ၿမိဳ႕စာရင္းကို တိုးဝင္လာခဲ့သလို တ႐ုတ္ႏိုင္ငံရဲ႕ၿမိဳ႕ႀကီး(၁၅)ၿမိဳ႕ဟာ GDP ေဒၚလာဘီလ်ံ(၅ဝဝ)အထက္ရွိတဲ့ ကမာၻ႔ဒုတိယေျမာက္ ၿမိဳ႕အမ်ားဆုံး တိုင္းျပည္ျဖစ္လာခဲ့ပါတယ္။ ဒါဟာလည္း ဆယ္စုႏွစ္ႏွစ္ခုအတြင္းမွာ အရွိန္အဟုန္နဲ႔တိုးတက္လာတာမ်ိဳးျဖစ္ၿပီး အေမရိကန္ဟာ ၿမိဳ႕ေပါင္း(၁၉)ၿမိဳ႕အထိ ရွိေနသည့္တိုင္ တ႐ုတ္လိုမ်ိဳး ဆယ္စုႏွစ္ႏွစ္ခုအတြင္း ျဖစ္လာခဲ့တာမဟုတ္ဘဲ ႏွစ္ေပါင္း(၅ဝ)ထက္မနည္း ၾကာျမင့္ခဲ့တယ္လို႔ အခ်က္အလက္ေတြက ဆိုပါတယ္။
၂ဝ၄ဝ ျပည့္ႏွစ္ေရာက္ရင္ေတာ့ ကမာၻ႔ထိပ္ဆုံးၿမိဳ႕ဟာ အေမရိကန္ နယူးေယာက္ၿမိဳ႕ျဖစ္ေနဦးမွာ မွန္သလို ဂ်ပန္ရဲ႕တိုက်ိဳကလည္း ဒုတိယေနရာမွာ ရွိေနဦးမွာျဖစ္ပါတယ္။ တတိယေနရာမွာေတာ့ အေမရိကန္ရဲ႕ေလာ့အိန္ဂ်လိစ္ၿမိဳ႕ပဲ ျဖစ္လာႏိုင္ပါေသးတယ္။ စတုတၳေနရာကိုေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ရွန္ဟိုင္းၿမိဳ႕က ဝင္ေရာက္ေနရာယူမွာျဖစ္သလို လန္ဒန္ကေတာ့ အဆင့္(၅)ကို ဆင္းေပးရမယ္လို႔ စစ္တမ္းက ဆိုပါတယ္။ ဒီေနာက္မွာေတာ့ ေပက်င္းက အဆင့္(၆)၊ ရွန္က်န္းကအဆင့္(၇)၊ ပဲရစ္က အဆင့္(၈)၊ ခ်ီကာဂိုက အဆင့္(၉)နဲ႔ ဆန္ဖရန္စစၥကိုက အဆင့္(၁ဝ)မွာ ရွိေနလိမ့္မယ္လို႔ ေအာက္စ္ဖို႔စစ္တမ္းက တြက္ခ်က္ေပးထားပါတယ္။