ကဒါဖီလက်ထက် အားကောင်းခဲ့သောလစ်ဗျားနိုင်ငံ၌ကမ်းလွန်ရွှေ့ပြောင်းအခြေချသူ(၁၆၀) သေဆုံးခဲ့ပြီး ယခုနှစ်အတွင်း ရေနစ်သေဆုံးသူ ၁၅၀၀ နီးပါးရှိ

 886

Htay Oung (NP News) - ဒီဇင်ဘာ ၂၂
လွန်ခဲ့သည့် သီတင်းပတ်၌ လစ်ဗျားနိုင်ငံ ကမ်းလွန်မြေထဲပင်လယ်ပြင်အလယ်ဗဟိုတွင် လှေများနစ်မြုပ်ခဲ့ရာ ရွှေပြောင်းအခြေချသူ(၁၆၀)ထက်မနည်း ရေနစ်သေဆုံးခဲ့ကြောင်း၊ ယခုနှစ်အတွင်း အဆိုပါရေလမ်းကြောင်း၌ ရေနစ်သေဆုံးရသည့် ရွှေ့ပြောင်းအခြေချသူ (၁၅၀၀)နီးပါးဖြစ်လာကြောင်း ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂအဖွဲ့ အစည်းတစ်ခု ဖြစ်သော နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ (IMO) က အင်္ဂါနေ့၌ ပြောဆိုသည်ဟု AFP က ရေးသားသည်။

ရွှေ့ပြောင်းနေထိုင်သူ ၄၆၆ ဦးကို ပင်လယ်ပြင်၌ ကြားဖြတ်ကယ်တင်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အတွင်း လစ်ဗျားသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း IOM က ၎င်း၏ Twitter စာမျက်နှာ၌ ဖော်ပြထားကြောင်း တွေ့ရှိရသည်။ ၂၀၁၁ ခုနှစ် အာရပ်နွေဦးတွင် ဖြုတ်ချခံခဲ့ရသည် အာဏာရှင် မွမ်မာကဒါဖီမှာ အသတ်ခံခဲ့ရအပြီး ပြည်တွင်းစစ်မီးလျှံအတွင်း သက်ဆင်းခဲ့ရသည့် လစ်ဗျားသည် ဥရောပသို့ သွားရောက်လိုသည့် ရွှေ့ပြောင်း နေထိုင်သူများအတွက် အဓိကလမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ မြေထဲပင်လယ်ကို မေးတင်လျှက်ရှိသော လစ်ဗျားနိုင်ငံသည် အာဖရိကမြောက်ပိုင်းရှိ အာရပ်နိုင်ငံဖြစ်သည်။ ရှေးပဝေသဏီကပင် ယဉ်ကျေးသူများနေထိုင်ခဲ့ရာ လစ်ဗျားမှာ ပထဝီနိုင်ငံရေးအရ အလွန်အရေးပါသည့်နေရာတွင် တည်ရှိ၍ သမိုင်းတစ်လျှောက်၌ ဂရိ၊ အီဂျစ်၊ ရောမ၊ စပိန်၊ တူရကီ၊ အီတလီ၊ ဂျာမန်၊ ဗြိတိသျှတို့၏ တိုက်ခိုက်သွင်းခြင်းများကို ခံခဲ့ဖူးသည်။ ၁၉၅၁ ခုနှစ်တွင် စည်းမျဉ်းခံဘုရင်စံနစ်ဖြင့် အုပ်ချုပ်သော လွတ်လပ်သည့် နိုင်ငံဖြစ်လာခဲ့သည်။ ၁၉၆၉ ခုနှစ်၌ တူရကီနိုင်ငံသို့ ဆေးဝါးကုသရန် ထွက်ခွာသွားသူ လစ်ဗျားဘုရင် အိုင်ဒရစ်အား ဗိုလ်မှူးကြီး မွမ်မာ ကဒါဖီပါဝင်ဦးဆောင်သည့် လစ်ဗျားတပ်မတော်က ဖြုတ်ချ၍ အိုင်ဒရစ်၏ တူဖြစ်သူအား ဘုရင်အဖြစ် တင်မြှောက်သည်။ သို့သော် နောက်တစ်နေ့မှာပင် ၎င်းဘုရင်အသစ်ကို ထပ်မံဖယ်ရှားခြင်းဖြင့် တပ်မတော်က အပြီးတိုင်အာဏာသိမ်းယူခဲ့သည်။ စစ်တက္ကသိုလ်ကျောင်းသားဘဝမှာပင် လစ်ဗျားဘုရင်အား ဖြုတ်ချရန် လျှို့ဝှက်စွာ ကြံစည်ခဲ့သူ ကဒါဖီသည် ၁၉၇၀-၇၂ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာပြီး ကာကွယ်ရေးဌာနကိုပါ ပူးတွဲ တာဝန်ယူခဲ့သည်။ ထိုနောက် လစ်ဗျားရှိ အမေရိကန်နှင့် ဗြိတိသျှ စစ်အခြေစိုက်စခန်းများကို ရုတ်သိမ်းစေခဲ့သည်။ ဗြိတိန်နှင့်ချုပ်ဆိုထားသည့် လစ်ဗျားလေကြောင်းရန် ကာကွယ်ရေး စာချုပ်ကိုလည်း ဖျက်သိမ်းပစ်ခဲ့သည်။

၁၉၇၃ ခုနှစ်တွင် လစ်ဗျား၏ ပြည်ပရေနံလုပ်ငန်း အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို နိုင်ငံပိုင်သိမ်းယူလိုက်သည်။ အရက်သေစာသောက်စားမှုနှင့် ညကလပ်များကိုလည်း ပိတ်ပင်ခဲ့သည်။ ဝန်ကြီးအဖွဲ့အသစ်ဖြင့် ဖွဲ့စည်းပုံအသစ်တွင် လစ်ဗျား အာရပ်ပြည်ထောင်စု သမ္မတနိုင်ငံ၌ ကဒါဖီမှာ သမ္မတဖြစ်လာသည်။ ကဒါဖီသည် အာဖရိက၌ စတုတ္ထအကြီးဆုံး နိုင်ငံဖြစ်သော်လည်း လူဦးရေ(၂)သန်းခွဲသာရှိသော လစ်ဗျားအား ယခင်အစိုးရလက်ထက် လူမှုပုံစံများအား ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့ရာ အမျိုးသမီးများအခွင့်အရေးမြှင့်တင်ခြင်း လည်း ပါဝင်သည်။ ၁၉၇၇ ခုနှစ်တွင် မအောင်မြင်သော တန်ပြန်တော်လှန်ရေးအပြီး မဟာ ပြည်သူ့ဆိုရှယ်လစ် လစ်ဗျားအာရပ် ဂျမာဟိရိယနိုင်ငံဖြစ်လာပြီး ပြည်သူ့အထွေထွေ ကောင်စီမှတစ်ဆင့် ကဒါဖီက အုပ်ချုပ်သည်။ ကဒါဖီလက်ထက် လစ်ဗျားပြည်သူအများစု၏ တစ်ဦးချင်းဝင်ငွေသည် ကန်ဒေါ်လာ(၁၁၀၀၀) ကျော်ရှိ၍ အာဖရိကတိုက်၌ ပဉ္စမမြောက် အများဆုံးဖြစ်ပြီး လူသားရင်းမြစ်ဖွံဖြိုးမှုအညွှန်းကိန်းတွင် ဆော်ဒီအာရေးဗီးယားနိုင်ငံထက်ပင် မြင့်မားသည်။ မြစ်ချောင်းရှားပါးသော နိုင်ငံ၌ ပြည်တွင်းနေအများစုသည် ရေနံမှရရှိငွေဖြင့် ရေချိုအခမဲ့ သုံးစွဲခွင့်ရရှိကြပြီး၊ တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးနှင့် အလုပ်အကိုင် အစီအစဉ်များ ပြဋ္ဌာန်းပေးခဲ့သည်။ သို့သော် ၁၉၆၇ ခုနှစ် အာရပ်-အစ္စရေးစစ်ပွဲကို မရှုမလှ အရေးနိမ့်ရခြင်းနှင့် ပတ်သက်၍ ကဒါဖီနှင့် အီဂျစ်သည့် အာရပ်နိုင်ငံများအကြား မကြေလည်မှုများ ကြီးထွားလာခဲ့သည်။ အမျိုးသမီး ကိုယ်ရံတော်တပ်ဖွဲ့ ထားရှိခြင်းအတွက် ပြည်တွင်း၌ ကဒါဖီအပေါ် များစွာဝေဖန်ခဲ့ကြသည်။ ၁၉၈၆ ခုနှစ်တွင် ပြည်သူ့စစ်နှင့် အကြမ်းဖက်အုပ်စုများအား လက်နက်ထောက်ပံ့ကြောင်း စွပ်စွဲချက်ဖြင့် ထရီပိုလီနန်းတော်အား အမေရိကန်လေတပ်က ဗုံးကြဲခဲ့သော်လည်း ကဒါဖီအသက်ရှင်လျှက် လွတ်မြောက်ခဲ့သည်။ ၁၉၈၈ ခုနှစ် လူပေါင်း ၂၇၀ သေဆုံးရသည့် လော့ကာဘီ လေယာဉ် ဗုံးခွဲမှုများ၌ ကြိုးကိုင်သူအဖြစ် ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူခြင်း ခံရသည်။ ၂၀၀၀ ပြည့်နှစ် စောစောပိုင်းတွင် အနောက်အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးပြေလည်စေရန် ကဒါဖီ၏ ကြိုးပမ်းမှုများမှာ အနည်းငယ်သာအောင်မြင်သည်။ ၂၀၁၁ ခုနှစ်တွင် အီဂျစ်နှင့် တူနီရှားတို့မှ ကူးစက်လာသော အာဏာရှင်ဖယ်ရှားရေး အာရပ်နွေဦးလူထုလှုပ်ရှားမှုနှင့်အတူ ဖေဖော်ဝါရီလတွင် ကဒါဖီအားဆန့်ကျင်ဆန္ဒပြသူတို့က နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် ဘင်ဂါဇီ ကို သိမ်းယူခဲ့ရာ လစ်ဗျားအစိုးရက အထူးတပ်များစေလွှတ်၍ ဖြိုခွင်းခဲ့သည်။

၎င်းနှစ် မတ်လတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဘရာဇီး၊ ဗြိတိန်အပါအဝင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ၁၀ နိုင်ငံတို့က လစ်ဗျားဝေဟင်တွင် လေယာဉ်မပျံသန်းရဇုန် ပြဋ္ဌာန်းကြောင်းနှင့် အရပ်သားတို့အား တတ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြု၍ အကာအကွယ်ပေးရန် ဆုံးဖြတ်ချက်အမှတ် ၁၉၇၃ ကို ကန့်ကွက်သူမရှိ ချမှတ်ခဲ့သည်။ ဤတွင် နေတိုးလေတပ်ဖွဲ့ကို အမေရိကန်က ဦးဆောင်၍ လစ်ဗျားကဒါဖီအစိုးရအား လေကြောင်းမှ တိုက်ခိုက်ရန် အိုဘားမားက သမ္မတ၏ အခွင့်အာဏာကို အသုံးပြုလျှက် စစ်ရေးထိုးစစ်ဆင်ခဲ့သည်။ ကဒါဖီဆန့်ကျင်သူတို့ က ဝမ်းသာအားရ ကြိုဆိုခဲ့ကြသော နေတိုး၏ R2P တွင် လအနည်းငယ်အတွင်း ထရီပိုလီအုပ်ချုပ်ရေး ပျက်ပြားကာ ကဒါဖီ ထွက်ပြေးရပြီး အောက်တိုဘာလတွင် အသတ်ခံခဲ့ရသည်။ လစ်ဗျားတပ်မတော်သည်လည်း ပျက်ပြားသွားပြီး ကဒါဖီ ထောက်ခံ-ဆန့်ကျင် ဒေသန္တရ စစ်အုပ်စုများအဖြစ် ပေါ်ပေါက်လာခြင်းနှင့်အတူ လစ်ဗျားနိုင်ငံ ပြိုကွဲသွားခဲ့သည်။ ယခုလက်ရှိ ဂျိုးဘိုင်ဒင်က ဒုတိယသမ္မတနှင့် ယခုနိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလစ်ကင်က အိမ်ဖြူတော် အထူးအကြံပေးတာဝန်ယူစဉ် သမ္မတရာထူးကာလအတွင်း ဘဝတစ်သက်တာ၌ ဖြေဖျောက်မရနိုင်သည့် အမှားကြီးတစ်ခုဖြစ်ကြောင်း အိုဘားမားကိုယ်တိုင် ထုတ်ဖော်ဝန်ခံခဲ့ရသည်။ လစ်ဗျားနိုင်ငံအတွင်း သွေးချောင်းစီးကာ ကြောက်မက်ဖွယ် ပြည်တွင်းစစ်မီး နှစ်ကြိမ်တိုင် တောက်လောင်ခဲ့သည်။

Zawgyi Version
ကဒါဖီလက္ထက္ အားေကာင္းခဲ့ေသာလစ္ဗ်ားႏုိင္ငံ၌ကမ္းလြန္ေရႊ႔ေျပာင္းအေျခခ်သူ(၁၆၀)
ေသဆံုးခဲ့ျပီး ယခုႏွစ္အတြင္း ေရနစ္ေသဆံုးသူ ၁၅၀၀ နီးပါးရွိ
Htay Oung (NP News) - ဒီဇင္ဘာ ၂၂
လြန္ခဲ့သည့္ သီတင္းပတ္၌ လစ္ဗ်ားနိုင္ငံ ကမ္းလြန္ေျမထဲပင္လယ္ျပင္အလယ္ဗဟိုတြင္ ေလွမ်ားနစ္ျမဳပ္ခဲ့ရာ ေရႊေျပာင္းအေျခခ်သူ(၁၆၀)ထက္မနည္း ေရနစ္ေသဆုံးခဲ့ေၾကာင္း၊ ယခုႏွစ္အတြင္း အဆိုပါေရလမ္းေၾကာင္း၌ ေရနစ္ေသဆံုးရသည့္ ေရႊ႔ေျပာင္းအေျခခ်သူ (၁၅၀၀)နီးပါးျဖစ္လာေၾကာင္း ဂ်ီနီဗာအေျခစိုက္ ကုလသမဂၢအဖြဲ႔ အစည္းတစ္ခု ျဖစ္ေသာ နိုင္ငံတကာ ေရႊ႕ေျပာင္းေနထိုင္သူမ်ားဆိုင္ရာအဖြဲ႕ (IMO) က အဂၤါေန႔၌ ေျပာဆိုသည္ဟု AFP က ေရးသားသည္။

ေရႊ႕ေျပာင္းေနထိုင္သူ ၄၆၆ ဦးကို ပင္လယ္ျပင္၌ ၾကားျဖတ္ကယ္တင္ခဲ့ၿပီး ဒီဇင္ဘာ ၁၂ ရက္မွ ၁၈ ရက္အတြင္း လစ္ဗ်ားသို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း IOM က ၄င္း၏ Twitter စာမ်က္ႏွာ၌ ေဖာ္ျပထားေၾကာင္း ေတြ႔ရွိရသည္။ ၂၀၁၁ ခုႏွစ္ အာရပ္ေႏြဦးတြင္ ျဖဳတ္ခ်ခံခဲ့ရသည္ အာဏာရွင္ မြမ္မာကဒါဖီမွာ အသတ္ခံခဲ့ရအၿပီး ျပည္တြင္းစစ္မီးလွ်ံအတြင္း သက္ဆင္းခဲ့ရသည့္ လစ္ဗ်ားသည္ ဥေရာပသို႔ သြားေရာက္လိုသည့္ ေရႊ႕ေျပာင္း ေနထိုင္သူမ်ားအတြက္ အဓိကလမ္းေၾကာင္းတစ္ခု ျဖစ္လာခဲ့သည္။ ေျမထဲပင္လယ္ကုိ ေမးတင္လွ်က္ရွိေသာ လစ္ဗ်ားႏိုင္ငံသည္ အာဖရိကေျမာက္ပိုင္းရွိ အာရပ္ႏိုင္ငံျဖစ္သည္။ ေရွးပေ၀သဏီကပင္ ယဥ္ေက်းသူမ်ားေနထိုင္ခဲ့ရာ လစ္ဗ်ားမွာ ပထ၀ီႏိုင္ငံေရးအရ အလြန္အေရးပါသည့္ေနရာတြင္ တည္ရွိ၍ သမိုင္းတစ္ေလွ်ာက္၌ ဂရိ၊ အီဂ်စ္၊ ေရာမ၊ စပိန္၊ တူရကီ၊ အီတလီ၊ ဂ်ာမန္၊ ျဗိတိသွ်တို႔၏ တိုက္ခိုက္သြင္းျခင္းမ်ားကို ခံခဲ့ဖူးသည္။ ၁၉၅၁ ခုႏွစ္တြင္ စည္းမ်ဥ္းခံဘုရင္စံနစ္ျဖင့္ အုပ္ခ်ဳပ္ေသာ လြတ္လပ္သည့္ ႏိုင္ငံျဖစ္လာခဲ့သည္။ ၁၉၆၉ ခုႏွစ္၌ တူရကီႏိုင္ငံသို႔ ေဆး၀ါးကုသရန္ ထြက္ခြာသြားသူ လစ္ဗ်ားဘုရင္ အိုင္ဒရစ္အား ဗိုလ္မွဴးၾကီး မြမ္မာ ကဒါဖီပါ၀င္ဦးေဆာင္သည့္ လစ္ဗ်ားတပ္မေတာ္က ျဖဳတ္ခ်၍ အိုင္ဒရစ္၏ တူျဖစ္သူအား ဘုရင္အျဖစ္ တင္ေျမွာက္သည္။ သို႔ေသာ္ ေနာက္တစ္ေန႔မွာပင္ ၄င္းဘုရင္အသစ္ကို ထပ္မံဖယ္ရွားျခင္းျဖင့္ တပ္မေတာ္က အျပီးတိုင္အာဏာသိမ္းယူခဲ့သည္။ စစ္တကၠသိုလ္ေက်ာင္းသားဘ၀မွာပင္ လစ္ဗ်ားဘုရင္အား ျဖဳတ္ခ်ရန္ လွ်ိဳ႔၀ွက္စြာ ၾကံစည္ခဲ့သူ ကဒါဖီသည္ ၁၉၇၀-၇၂ ခုႏွစ္တြင္ ၀န္ၾကီးခ်ဳပ္ျဖစ္လာျပီး ကာကြယ္ေရးဌာနကိုပါ ပူးတြဲ တာ၀န္ယူခဲ့သည္။ ထိုေနာက္ လစ္ဗ်ားရွိ အေမရိကန္ႏွင့္ ျဗိတိသွ် စစ္အေျခစိုက္စခန္းမ်ားကို ရုတ္သိမ္းေစခဲ့သည္။ ျဗိတိန္ႏွင့္ခ်ဳပ္ဆိုထားသည့္ လစ္ဗ်ားေလေၾကာင္းရန္ ကာကြယ္ေရး စာခ်ဳပ္ကိုလည္း ဖ်က္သိမ္းပစ္ခဲ့သည္။

၁၉၇၃ ခုႏွစ္တြင္ လစ္ဗ်ား၏ ျပည္ပေရနံလုပ္ငန္း အစုရွယ္ယာ ၅၁ ရာခုိင္ႏႈန္းကို ႏိုင္ငံပိုင္သိမ္းယူလိုက္သည္။ အရက္ေသစာေသာက္စားမႈႏွင့္ ညကလပ္မ်ားကိုလည္း ပိတ္ပင္ခဲ့သည္။ ၀န္ၾကီးအဖြဲ႔အသစ္ျဖင့္ ဖြဲ႔စည္းပံုအသစ္တြင္ လစ္ဗ်ား အာရပ္ျပည္ေထာင္စု သမၼတႏိုင္ငံ၌ ကဒါဖီမွာ သမၼတျဖစ္လာသည္။ ကဒါဖီသည္ အာဖရိက၌ စတုတၳအၾကီးဆုံး ႏုိင္ငံျဖစ္ေသာ္လည္း လူဦးေရ(၂)သန္းခြဲသာရွိေသာ လစ္ဗ်ားအား ယခင္အစိုးရလက္ထက္ လူမွဳပံုစံမ်ားအား ေျပာင္းလဲမႈမ်ားစြာ ျပဳလုပ္ခဲ့ရာ အမ်ိဳးသမီးမ်ားအခြင့္အေရးျမွင့္တင္ျခင္း လည္း ပါ၀င္သည္။ ၁၉၇၇ ခုႏွစ္တြင္ မေအာင္ျမင္ေသာ တန္ျပန္ေတာ္လွန္ေရးအျပီး မဟာ ျပည္သူ႔ဆိုရွယ္လစ္ လစ္ဗ်ားအာရပ္ ဂ်မာဟိရိယနိုင္ငံျဖစ္လာျပီး ျပည္သူ႔အေထြေထြ ေကာင္စီမွတစ္ဆင့္ ကဒါဖီက အုပ္ခ်ဳပ္သည္။ ကဒါဖီလက္ထက္ လစ္ဗ်ားျပည္သူအမ်ားစု၏ တစ္ဦးခ်င္း၀င္ေငြသည္ ကန္ေဒၚလာ(၁၁၀၀၀) ေက်ာ္ရွိ၍ အာဖရိကတိုက္၌ ပဥၥမေျမာက္ အမ်ားဆံုးျဖစ္ျပီး လူသားရင္းျမစ္ဖြံျဖိဳးမႈအညႊန္းကိန္းတြင္ ေဆာ္ဒီအာေရးဗီးယားႏိုင္ငံထက္ပင္ ျမင့္မားသည္။ ျမစ္ေခ်ာင္းရွားပါးေသာ ႏိုင္ငံ၌ ျပည္တြင္းေနအမ်ားစုသည္ ေရနံမွရရွိေငြျဖင့္ ေရခ်ိဳအခမဲ့ သံုးစြဲခြင့္ရရွိၾကျပီး၊ တကၠသိုလ္ပညာသင္ေထာက္ပံ့ေၾကးႏွင့္ အလုပ္အကိုင္ အစီအစဥ္မ်ား ျပ႒ာန္းေပးခဲ့သည္။ သို႔ေသာ္ ၁၉၆၇ ခုႏွစ္ အာရပ္-အစၥေရးစစ္ပြဲကုိ မရႈမလွ အေရးနိမ့္ရျခင္းႏွင့္ ပတ္သက္၍ ကဒါဖီႏွင့္ အီဂ်စ္သည့္ အာရပ္ႏိုင္ငံမ်ားအၾကား မေၾကလည္မႈမ်ား ၾကီးထြားလာခဲ့သည္။ အမ်ိဳးသမီး ကိုယ္ရံေတာ္တပ္ဖြဲ႔ ထားရွိျခင္းအတြက္ ျပည္တြင္း၌ ကဒါဖီအေပၚ မ်ားစြာေ၀ဖန္ခဲ့ၾကသည္။ ၁၉၈၆ ခုႏွစ္တြင္ ျပည္သူ႔စစ္ႏွင့္ အၾကမ္းဖက္အုပ္စုမ်ားအား လက္နက္ေထာက္ပံ့ေၾကာင္း စြပ္စြဲခ်က္ျဖင့့္ ထရီပိုလီနန္းေတာ္အား အေမရိကန္ေလတပ္က ဗံုးၾကဲခဲ့ေသာ္လည္း ကဒါဖီအသက္ရွင္လွ်က္ လြတ္ေျမာက္ခဲ့သည္။ ၁၉၈၈ ခုႏွစ္ လူေပါင္း ၂၇၀ ေသဆံုးရသည့္ ေလာ့ကာဘီ ေလယာဥ္ ဗံုးခြဲမႈမ်ား၌ ၾကိဳးကိုင္သူအျဖစ္ ကုလသမဂၢ၏ ဒဏ္ခတ္အေရးယူျခင္း ခံရသည္။ ၂၀၀၀ ျပည့္ႏွစ္ ေစာေစာပိုင္းတြင္ အေနာက္အင္အားၾကီးႏိုင္ငံမ်ားႏွင့္ ဆက္ဆံေရးေျပလည္ေစရန္ ကဒါဖီ၏ ၾကိဳးပမ္းမႈမ်ားမွာ အနည္းငယ္သာေအာင္ျမင္သည္။ ၂၀၁၁ ခုႏွစ္တြင္ အီဂ်စ္ႏွင့္ တူနီရွားတို႔မွ ကူးစက္လာေသာ အာဏာရွင္ဖယ္ရွားေရး အာရပ္ေႏြဦးလူထုလႈပ္ရွားမႈႏွင့္အတူ ေဖေဖာ္၀ါရီလတြင္ ကဒါဖီအားဆန္႔က်င္ဆႏၵျပသူတို႔က ႏိုင္ငံ၏ ဒုတိယအၾကီးဆံုးျမိဳ႔ေတာ္ ဘင္ဂါဇီ ကို သိမ္းယူခဲ့ရာ လစ္ဗ်ားအစိုးရက အထူးတပ္မ်ားေစလႊတ္၍ ျဖိဳခြင္းခဲ့သည္။

၄င္းႏွစ္ မတ္လတြင္ တရုတ္၊ ရုရွား၊ အိႏၵိယ၊ ဘရာဇီး၊ ျဗိတိန္အပါအ၀င္ ကုလသမဂၢလံုျခံဳေရး ေကာင္စီ ၁၀ ႏိုင္ငံတို႔က လစ္ဗ်ားေ၀ဟင္တြင္ ေလယာဥ္မပ်ံသန္းရဇုန္ ျပ႒ာန္းေၾကာင္းႏွင့္ အရပ္သားတို႔အား တတ္ႏိုင္သမွ် နည္းလမ္းအားလံုးကို အသံုးျပဳ၍ အကာအကြယ္ေပးရန္ ဆံုးျဖတ္ခ်က္အမွတ္ ၁၉၇၃ ကို ကန္႔ကြက္သူမရွိ ခ်မွတ္ခဲ့သည္။ ဤတြင္ ေနတိုးေလတပ္ဖြဲ႔ကို အေမရိကန္က ဦးေဆာင္၍ လစ္ဗ်ားကဒါဖီအစိုးရအား ေလေၾကာင္းမွ တိုက္ခိုက္ရန္ အိုဘားမားက သမၼတ၏ အခြင့္အာဏာကို အသံုးျပဳလွ်က္ စစ္ေရးထိုးစစ္ဆင္ခဲ့သည္။ ကဒါဖီဆန္႔က်င္သူတို႔ က ၀မ္းသာအားရ ၾကိဳဆိုခဲ့ၾကေသာ ေနတိုး၏ R2P တြင္ လအနည္းငယ္အတြင္း ထရီပိုလီအုပ္ခ်ဳပ္ေရး ပ်က္ျပားကာ ကဒါဖီ ထြက္ေျပးရျပီး ေအာက္တိုဘာလတြင္ အသတ္ခံခဲ့ရသည္။ လစ္ဗ်ားတပ္မေတာ္သည္လည္း ပ်က္ျပားသြားျပီး ကဒါဖီ ေထာက္ခံ-ဆန္႔က်င္ ေဒသႏၱရ စစ္အုပ္စုမ်ားအျဖစ္ ေပၚေပါက္လာျခင္းႏွင့္အတူ လစ္ဗ်ားႏိုင္ငံ ျပိဳကြဲသြားခဲ့သည္။ ယခုလက္ရွိ ဂ်ိဳးဘိုင္ဒင္က ဒုတိယသမၼတႏွင့္ ယခုႏုိင္ငံျခားေရး၀န္ၾကီး အန္သိုနီဘလစ္ကင္က အိမ္ျဖဴေတာ္ အထူးအၾကံေပးတာ၀န္ယူစဥ္ သမၼတရာထူးကာလအတြင္း ဘ၀တစ္သက္တာ၌ ေျဖေဖ်ာက္မရႏိုင္သည့္ အမွားၾကီးတစ္ခုျဖစ္ေၾကာင္း အိုဘားမားကိုယ္တိုင္ ထုတ္ေဖာ္၀န္ခံခဲ့ရသည္။ လစ္ဗ်ားႏိုင္ငံအတြင္း ေသြးေခ်ာင္းစီးကာ ေၾကာက္မက္ဖြယ္ ျပည္တြင္းစစ္မီး ႏွစ္ၾကိမ္တိုင္ ေတာက္ေလာင္ခဲ့သည္။

Related news

© 2021. All rights reserved.