ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုနှင့် စစ်ကောင်စီခေါင်းဆောင်တို့ တွေ့ဆုံမှုကို ICJM မှ ပြစ်တင်ရှုတ်ချခဲ့ပြီး ကက်သလစ်ဘာသာဝင်များကို ကိုယ်စားမပြုဟုဆို

1135

NP News - ဒီဇင်ဘာ ၂၄
ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့၏ တွေ့ဆုံမှုကို ကက်သလစ်ဘာသာဝင်များအနေဖြင့် အသိအမှတ်မပြုကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံမှုသည် ကက်သလစ်ဘာသာဝင်များ အားလုံးနီးပါး၏ဆန္ဒနှင့် ဆန့်ကျင်သည့်အတွက် ၎င်းတို့ဘာသာဝင်များအား ကိုယ်စားမပြုကြောင်း ICJM က ဒီဇင်ဘာလ(၂၃) ရက် ညပိုင်းက ထုတ်ပြန်ကြေညာလိုက်သည်။
၂ဝ၂၁ ခုနှစ် ခရစ္စမတ်နေ့အထိမ်းအမှတ် စုပေါင်းဂုဏ်ပြုဆုတောင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ(၂၃) ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ စိန့်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းအနီးရှိ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘို၏ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဆုတောင်းပွဲအခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ICJM (Independent Catholics for Justice in Myanmar) ၏ ထုတ်ပြန်ချက်တွင် “ကာဒီနယ်ချားစ်ဘိုနှင့် စစ်တပ်ခေါင်းဆောင် နှင့်အဖွဲ့တို့ကို တွေ့ဆုံခြင်းအပေါ် ကက်သလစ်ဘာသာဝင်များအနေနဲ့ အင်မတန် ထိတ် လန့် တုန်လှုပ် ဝမ်းနည်း စိတ်ပျက်ရပါတယ်။ ၎င်းတွေ့ဆုံခြင်းက မြန်မာပြည် ကက်သလစ်ဘာသာဝင်များ အားလုံးနီးပါးရဲ့ဆန္ဒနဲ့ ဆန့်ကျင်တဲ့အတွက်ကြောင့် ဘာသာဝင်များကို ကိုယ်စားမပြုပါ။ စစ်ကောင်စီအား မည်သို့သော အကြောင်းပြချက်များကြောင့်ဖြစ်စေ အသိအမှတ်ပြုနေတဲ့ ကာဒီနယ်ချားစ်ဘိုနှင့်တကွ မည်သည့် ပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမဆို ICJM အနေဖြင့် ပြင်းထန်စွာ ရှုတ်ချပါတယ်” ဟု ဖော်ပြထားသည်။
Zawgyi Version;
ရန္ကုန္ကက္သလစ္ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ကာဒီနယ္ခ်ားလ္စ္ဘိုႏွင့္ စစ္ေကာင္စီေခါင္းေဆာင္တို႔ ေတြ႕ဆုံမႈကို ICJM မွ ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ကက္သလစ္ဘာသာဝင္မ်ားကို ကိုယ္စားမျပဳဟုဆို
NP News - ဒီဇင္ဘာ ၂၄
ရန္ကုန္ကက္သလစ္ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီးႏွင့္ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔၏ ေတြ႕ဆုံမႈကို ကက္သလစ္ဘာသာဝင္မ်ားအေနျဖင့္ အသိအမွတ္မျပဳေၾကာင္း၊ ယခုကဲ့သို႔ ေတြ႕ဆုံမႈသည္ ကက္သလစ္ဘာသာဝင္မ်ား အားလုံးနီးပါး၏ဆႏၵႏွင့္ ဆန႔္က်င္သည့္အတြက္ ၎တို႔ဘာသာဝင္မ်ားအား ကိုယ္စားမျပဳေၾကာင္း ICJM က ဒီဇင္ဘာလ(၂၃) ရက္ ညပိုင္းက ထုတ္ျပန္ေၾကညာလိုက္သည္။
၂ဝ၂၁ ခုႏွစ္ ခရစၥမတ္ေန႔အထိမ္းအမွတ္ စုေပါင္းဂုဏ္ျပဳဆုေတာင္းပြဲအခမ္းအနားကို ဒီဇင္ဘာလ(၂၃) ရက္ ညေနပိုင္းက ရန္ကုန္တိုင္းေဒသႀကီး၊ ဗိုလ္တေထာင္ၿမိဳ႕နယ္၊ စိန႔္ေမရီကယ္သီျဒယ္ ဘုရားရွိခိုးေက်ာင္းအနီးရွိ ရန္ကုန္ကက္သလစ္ဂိုဏ္းခ်ဳပ္သာသနာ၊ ဂိုဏ္းခ်ဳပ္ဆရာေတာ္ႀကီး ကာဒီနယ္ခ်ားလ္စ္ဘို၏ ေက်ာင္းတိုက္၌ က်င္းပျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါဆုေတာင္းပြဲအခမ္းအနားသို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တက္ေရာက္ခဲ့ျခင္းျဖစ္သည္။
ICJM (Independent Catholics for Justice in Myanmar) ၏ ထုတ္ျပန္ခ်က္တြင္ “ကာဒီနယ္ခ်ားစ္ဘိုႏွင့္ စစ္တပ္ေခါင္းေဆာင္ ႏွင့္အဖြဲ႕တို႔ကို ေတြ႕ဆုံျခင္းအေပၚ ကက္သလစ္ဘာသာဝင္မ်ားအေနနဲ႔ အင္မတန္ ထိတ္ လန႔္ တုန္လႈပ္ ဝမ္းနည္း စိတ္ပ်က္ရပါတယ္။ ၎ေတြ႕ဆုံျခင္းက ျမန္မာျပည္ ကက္သလစ္ဘာသာဝင္မ်ား အားလုံးနီးပါးရဲ႕ဆႏၵနဲ႔ ဆန႔္က်င္တဲ့အတြက္ေၾကာင့္ ဘာသာဝင္မ်ားကို ကိုယ္စားမျပဳပါ။ စစ္ေကာင္စီအား မည္သို႔ေသာ အေၾကာင္းျပခ်က္မ်ားေၾကာင့္ျဖစ္ေစ အသိအမွတ္ျပဳေနတဲ့ ကာဒီနယ္ခ်ားစ္ဘိုႏွင့္တကြ မည္သည့္ ပုဂၢိဳလ္/အဖြဲ႕အစည္းကိုမဆို ICJM အေနျဖင့္ ျပင္းထန္စြာ ရႈတ္ခ်ပါတယ္” ဟု ေဖာ္ျပထားသည္။

ကာဒီနယ်ချားစ်ဘို၏ ယခုလုပ်ရပ်သည် အာဏာသိမ်းမှုဖြစ်ပွားချိန်မှစ၍ ယနေ့အချိန်ထိ မတရားဖမ်းဆီး သတ်ဖြတ်ခံခဲ့ရသူများနှင့် ဘုရားကျောင်းများ ဖျက်ဆီးခံခဲ့ရမှုများအပေါ် မျက်နှာလွှဲကာ စော်ကားခြင်းသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
ICJM သည် ယင်းတို့အဖွဲ့အစည်းအနေဖြင့် တရားမျှတမှုအတွက် ရပ်တည်သော အဖွဲ့အစည်းဖြစ်သည့် အလျှောက် မတရားမှုကိုကျူးလွန်နေသောသူများနှင့်ပူးပေါင်းနေသူများအား ချွင်းချက်မရှိ ဆန့်ကျင်သွားမည်ဖြစ် ပြီး တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေကြသောသူများနှင့်သာ အတူတကွ အမြဲတမ်းရပ်တည်သွား မည်ဖြစ်ကြောင်းလည်း အသိပေးဖော်ပြထားသည်။
ကက်သလစ်ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်လ် ချားလ်စ်ဘို နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် ဒီဇင်ဘာလ(၂၃) ရက်က တွေ့ဆုံစဉ်အတွင်း တိုင်းပြည်ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
Zawgyi Version;
ကာဒီနယ္ခ်ားစ္ဘို၏ ယခုလုပ္ရပ္သည္ အာဏာသိမ္းမႈျဖစ္ပြားခ်ိန္မွစ၍ ယေန႔အခ်ိန္ထိ မတရားဖမ္းဆီး သတ္ျဖတ္ခံခဲ့ရသူမ်ားႏွင့္ ဘုရားေက်ာင္းမ်ား ဖ်က္ဆီးခံခဲ့ရမႈမ်ားအေပၚ မ်က္ႏွာလႊဲကာ ေစာ္ကားျခင္းသာျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ထည့္သြင္းေဖာ္ျပထားသည္။
ICJM သည္ ယင္းတို႔အဖြဲ႕အစည္းအေနျဖင့္ တရားမွ်တမႈအတြက္ ရပ္တည္ေသာ အဖြဲ႕အစည္းျဖစ္သည့္ အေလွ်ာက္ မတရားမႈကိုက်ဴးလြန္ေနေသာသူမ်ားႏွင့္ပူးေပါင္းေနသူမ်ားအား ခြၽင္းခ်က္မရွိ ဆန႔္က်င္သြားမည္ျဖစ္ ၿပီး တရားမွ်တမႈအတြက္ ေတာ္လွန္တိုက္ပြဲဝင္ေနၾကေသာသူမ်ားႏွင့္သာ အတူတကြ အၿမဲတမ္းရပ္တည္သြား မည္ျဖစ္ေၾကာင္းလည္း အသိေပးေဖာ္ျပထားသည္။
ကက္သလစ္ခရစ္ယာန္ဂိုဏ္းခ်ဳပ္ ဆရာေတာ္ႀကီး ကာဒီနယ္လ္ ခ်ားလ္စ္ဘို ႏွင့္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ တို႔သည္ ဒီဇင္ဘာလ(၂၃) ရက္က ေတြ႕ဆုံစဥ္အတြင္း တိုင္းျပည္ၿငိမ္းခ်မ္းေရးႏွင့္ သာယာဝေျပာေရးကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။