သန်လျင်ဖန်ချက်စက်ရုံမှ တစ်ရက်လျှင် ဖန်ပုလင်းအလုံးရေ(၄)သိန်းကျော်ထုတ်လုပ်မည်

 2432

NP News - ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေး ရှင်း၊ သန်လျင်ဖန်ချက်စက်ရုံကို အဆင့်မြှင့်တင်ခဲ့ရာ တစ်ရက်လျှင် ဖန်ပုလင်းအလုံးရေ (၄)သိန်းကျော်ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စက်ရုံအဆင့်မြှင်တင်ဖွင့်လှစ်ခြင်း အခမ်းအနားကိုဒီ ဇင်ဘာလ (၂၄)ရက်က ကျင်းပခဲ့ပြီး နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့ကြောင်းသိရသည်။

မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သန်လျင်ဖန်ချက် စက်ရုံအား ၁၉၆၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ဖန်ပုလင်းအ သုံးပြုမှုအတွက် ပြည်ပမှဖန်ပုလင်းများတင်သွင်းနေရမှုကိုလျှော့ချနိုင်ရန်အတွက် ၂ဝ၁၈ ခုနှစ်တွင် စက်ရုံအဆင့်မြှင့်တင်မှုအားပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“ဖန်ပုလင်းတွေသုံးစွဲတာကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်မယ့်အပြင် ဖန်ထည်ပစ္စည်းတွေကို ပြည်တွင်းမှာလုံလောက်စွာထုတ်လုပ်နိုင်တာကြောင့် ပြည်ပသွင်းကုန်တွေကိုလျှော့ချနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှုကိုလျှော့ချနိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

လက်ရှိ အဆင့်မြှင့်တင်တည်ဆောက်ထားသည့် သန်လျင်ဖန်ချက်စက်ရုံသည် တစ်ရက်လျှင် ဖန်တန်ချိန် ၃ဝဝကိုထုတ်လုပ်နိုင်ပြီး ပျမ်းမျှပုလင်းအလုံးရေလေးသိန်းကျော်အား ထုတ်လုပ်နိုင်မည်ဖြစ်ခြင်းကြောင့် နိုင်ငံအတွက်လိုအပ်သည့် ဖန်ပုလင်းများကို ပြည်တွင်း၌လုံလောက်စွာထုတ် လုပ်ပေးနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။မြန်မာနိုင်ငံ၏ဖန်ချက်လုပ် ငန်းကို ပုဂံခေတ်တွင်အစောဆုံးတွေ့ရှိရပြီး ဖန်ချက်ပညာသည် ကုန်း ဘောင်ခေတ်နှောင်းပိုင်းကာလများတွင် များစွာအဆင့်အတန်းမြင့်မားခဲ့သည်ကိုတွေ့ရှိရကြောင်းသိရသည်။

zawgyi version
သန္လ်င္ဖန္ခ်က္စက္႐ုံမွ တစ္ရက္လွ်င္ ဖန္ပုလင္းအလုံးေရ(၄)သိန္းေက်ာ္ထုတ္လုပ္မည္
NP News - ဒီဇင္ဘာ ၂၅
ရန္ကုန္တိုင္းေဒသႀကီး သန္လ်င္ၿမိဳ႕နယ္ရွိ ျမန္မာစီးပြားေရးေကာ္ပိုေရး ရွင္း၊ သန္လ်င္ဖန္ခ်က္စက္႐ုံကို အဆင့္ျမႇင့္တင္ခဲ့ရာ တစ္ရက္လွ်င္ ဖန္ပုလင္းအလုံးေရ (၄)သိန္းေက်ာ္ထုတ္လုပ္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ စက္႐ုံအဆင့္ျမႇင္တင္ဖြင့္လွစ္ျခင္း အခမ္းအနားကိုဒီ ဇင္ဘာလ (၂၄)ရက္က က်င္းပခဲ့ၿပီး နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တက္ေရာက္ခဲ့ေၾကာင္းသိရသည္။

ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္း၊ သန္လ်င္ဖန္ခ်က္ စက္႐ုံအား ၁၉၆၇ ခုႏွစ္တြင္ စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံ၏ဖန္ပုလင္းအ သုံးျပဳမႈအတြက္ ျပည္ပမွဖန္ပုလင္းမ်ားတင္သြင္းေနရမႈကိုေလွ်ာ့ခ်ႏိုင္ရန္အတြက္ ၂ဝ၁၈ ခုႏွစ္တြင္ စက္႐ုံအဆင့္ျမႇင့္တင္မႈအားျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။

“ဖန္ပုလင္းေတြသုံးစြဲတာေၾကာင့္ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈကို ေလွ်ာ့ခ်ႏိုင္မယ့္အျပင္ ဖန္ထည္ပစၥည္းေတြကို ျပည္တြင္းမွာလုံေလာက္စြာထုတ္လုပ္ႏိုင္တာေၾကာင့္ ျပည္ပသြင္းကုန္ေတြကိုေလွ်ာ့ခ်ႏိုင္မွာျဖစ္တဲ့အတြက္ ႏိုင္ငံျခားေငြသုံးစြဲမႈကိုေလွ်ာ့ခ်ႏိုင္မွာျဖစ္ပါတယ္”ဟု နစက ဥကၠ႒ကေျပာသည္။

လက္ရွိ အဆင့္ျမႇင့္တင္တည္ေဆာက္ထားသည့္ သန္လ်င္ဖန္ခ်က္စက္႐ုံသည္ တစ္ရက္လွ်င္ ဖန္တန္ခ်ိန္ ၃ဝဝကိုထုတ္လုပ္ႏိုင္ၿပီး ပ်မ္းမွ်ပုလင္းအလုံးေရေလးသိန္းေက်ာ္အား ထုတ္လုပ္ႏိုင္မည္ျဖစ္ျခင္းေၾကာင့္ ႏိုင္ငံအတြက္လိုအပ္သည့္ ဖန္ပုလင္းမ်ားကို ျပည္တြင္း၌လုံေလာက္စြာထုတ္ လုပ္ေပးႏိုင္ေတာ့မည္ျဖစ္ေၾကာင္းသိရသည္။ျမန္မာႏိုင္ငံ၏ဖန္ခ်က္လုပ္ ငန္းကို ပုဂံေခတ္တြင္အေစာဆုံးေတြ႕ရွိရၿပီး ဖန္ခ်က္ပညာသည္ ကုန္း ေဘာင္ေခတ္ေႏွာင္းပိုင္းကာလမ်ားတြင္ မ်ားစြာအဆင့္အတန္းျမင့္မားခဲ့သည္ကိုေတြ႕ရွိရေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.