မြန်မာ၌ တပ်တော်ဝင်ထားသည့်ရေငုပ်သင်္ဘောနှစ်စင်းထက်မက ရှိနိုင်ပြီး လေးစင်းအထိ ဖြစ်နိုင်ဟု ခန့်မှန်းမှုရှိနေ

7600

Iris (NP News) - ဒီဇင်ဘာ ၂၅
မြန်မာတပ်မတော်၌ ရေငုပ်သင်္ဘောက တပ်တော်ဝင်ခဲ့သောနှစ်စီးထက်မက ရှိနိုင်ပြီး ရုရှားနိုင်ငံထံမှ မှာယူထားပြီးသား ရေငုပ်သင်္ဘောတစ်စီးလည်း ရှိနေနိုင်ကြောင်း တပ်မတော်ရေသတင်းရင်းမြစ်များထံမှ သိရသည်။
ပထမဆုံးသောရေငုပ်သင်္ဘောအဖြစ် မင်းရဲသင်္ခသူ တပ်တော်ဝင်ခဲ့မှု တစ်နှစ်ပြည့်ရုံသာရှိသေးသည့်အချိန်တွင် နောက်ထပ်တစ်စီးအဖြစ် မင်းရဲကျော်ထင်ကိုပါ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ(၂၄)ရက်၌ ထပ်မံတပ်တော်ဝင်ခဲ့သည့်အတွက် တပ်တော်ဝင်ပြီးသောရေငုပ်သင်္ဘောမှာ နှစ်စင်းရှိပြီဟု ဆိုနိုင်သည်။ " နှစ်စင်းတည်း ဟုတ်ပုံမရဘူး။ ရေငုပ်သင်္ဘောနှစ်စင်းလာပို့တဲ့ တရုတ်စစ်သည်(၈၀)ကျော်ရှိတယ်။ သူတို့လာပို့တာ နှစ်စင်းလို့ တော့ ကြားထားတယ်။ လာပို့တဲ့ တရုတ်တွေ ပြန်ကြပြီ " ဟု တပ်မတော်ရေအရာရှိဟောင်း သတင်းရင်းမြစ်က NP News ကို ပြောသည်။ တရုတ်ဘက်က လာပို့သွားသော ရေငုပ်သင်္ဘောမှာနှစ်စင်းဖြစ်ပြီး တစ်စင်းကိုသာ တပ်တော်ဝင်ထားသည့်အတွက် တစ်စင်းက ကျန်ရှိနေဦးမည့်သဘောမျိုးဖြစ်ကြောင်းလည်း ဆိုသည်။ အထူးသဖြင့် အဆိုပါတစ်စင်းကို စစ်လက်နက်တပ်ဆင်ဖြည့်တင်းမှုအပိုင်းနှင့် မြန်မာ့ရေပြင်အောက်ကို သွားလာလှုပ်ရှားမှုများ လုပ်ဆောင်ပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၂၄)ရက်ရောက်မှသာ တတိယမြောက်အစင်းအဖြစ် တပ်တော်ဝင်သွားနိုင်ခြေရှိကြောင်းလည်း တွက်ဆပြောကြားသည်။ ယင်းအတွက်ကြောင့် တပ်မတော်ရေတွင် ရေငုပ်သင်္ဘောသုံးစင်းရှိထားပြီး နှစ်စင်းကိုသာ တပ်တော်အဝင်ပြထားခြင်းမျိုးဖြစ်နိုင်ကြောင်းလည်း ဆိုသည်။ " ရုရှားကနေ ဝယ်ထားတဲ့တစ်စင်းလည်းရှိတယ်။ တစ်စင်းလောက်ပဲ ဖြစ်မှာပါ။ ခက်တာက ရုရှားဘက်က အေးတော့ မြန်မာနဲ့ကျရင် အပူပိုင်းဇုန်ဖြစ်နေလို့ ချက်ခြင်း လာသုံးလို့မရဘူး။ ဒါကြောင့် ဒီဘက်ကို ရောက်မလာသေးဘဲ ရုရှားဘက်မှာ ပြင်ဆင်စရာရှိတာ ပြင်ဆင်နေပုံရတယ် " ဟု အခြားသော တပ်မတော်ရေထိပ်တန်းအရာရှိဟောင်း သတင်းရင်းမြစ်တစ်ဦးကလည်း NP News ကို ပြောသည်။ အဆိုပါ ရေငုပ်သင်္ဘောသာ ထပ်မံရောက်ရှိလာခဲ့ပါက ရေငုပ်သင်္ဘောလေးစင်းအထိ ပိုင်ဆိုင်နေမည့်သဘောမျိုးဖြစ်ကြောင်းလည်း သိရသည်။
အသေးစိတ်မသိနိုင်သေးသောအချက်မှာ အိန္ဒိယထံမှ ရရှိခဲ့သော ရေငုပ်သင်္ဘောအတွက် သက်သာသောငွေကြေးသုံးစွဲခဲ့ရပြီး တရုတ်ဘက်က လာသောနှစ်စီးတွင် တစ်စီးက ဝယ်ယူခြင်းမျိုး သို့မဟုတ် နှစ်စီးလုံး သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူခြင်းမျိုး ဆိုသော ခိုင်မာသည့်အချက်အလက် ထွက်မလာသေးခြင်းလည်း ဖြစ်သည်။ (၇၄)နှစ်မြောက် တပ်မတော်ရေနေ့တွင် ရေငုပ်သင်္ဘောတစ်စီးနှင့်အတူ တပ်မတော်(ရေ) ပညာရှင်များကိုယ်တိုင် တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များဖြစ်သည့် ကမ်းလွန်ရေယာဉ်တစ်စီး၊ မြစ်တွင်းသွား ကင်းလှည့်ရေယာဉ် ၂ စီးနှင့် မြစ်တွင်းအမြန်သွားကင်းလှည့်ရေယာဉ် ၂ စီး တို့ကိုလည်း တပ်တော်ဝင်နိုင်ခဲ့ကြောင်း သိရသည်။ ရေငုပ်သင်္ဘောတပ်ဖွဲ့တည်ဆောက်ရေးအတွက် ယခင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကတည်းက လူသားအရင်းအမြစ်များကို ကြိုတင်ပြင်ဆင်မှုအနေဖြင့် လေ့ကျင့်မှုများကို ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းအတွက်ကြောင့် ရေငုပ်သင်္ဘောတပ်ဖွဲ့ လက်တွေ့ တည်ဆောက်ရာတွင် အသင့်ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလားတူရေယာဉ်များ တည်ဆောက်ဖြည့်တင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက်လည်း ရေတပ်သင်္ဘောကျင်းများကို အဆင့်ဆင့်အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါရေတပ်သင်္ဘောကျင်းများဘက်မှလည်း ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ စစ်ရေယာဉ် (၈၈)စီးကိုတပ်တော်ဝင်စေနိုင်ရန် တည်ဆောက်ပေးနိုင်ခဲ့ပြီး ယနေ့ တပ်တော် ဝင်သည့်စစ်ရေယာဉ်များနှင့်ဆိုပါက စုစုပေါင်း (၉၄)စီးအထိ တပ်တော်ဝင်နိုင်ခဲ့ကြောင်းလည်း သိရသည်။ မြန်မာနိုင်ငံ၏ ရေပြင်ပိုင်နက်မှာ စတုရန်းမိုင်ပေါင်း ၁၄၀၀၀၀ ကျော်၊ ကမ်းရိုးတန်းရေမိုင် ၁၂၆၀ ကျော်ရှည်လျားသည့်အတွက် ကျယ်ပြောလှသည့် ရေပိုင်နက်ကို ကာကွယ်ရန်မှာ စေ့စေ့စပ်စပ်ဖြင့် အသိတရား၊ သတိတရားဖြင့် ဆောင်ရွက် ရန်လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင်ရှိ ကြွယ်ဝသည့် ရေပေါ်ရေအောက် သယံဇာတအရင်းအမြစ်များစောင့်ရှောက် ကာကွယ်ရေး၊ နိုင်ငံ၏ ပင်လယ်ပြင်အခြေပြု စီးပွားရေးလုပ်ငန်းများ (Ocean Based Economy) ဘေးကင်းလုံခြုံရေးနှင့် ကျူးကျော် လာမည့် ရေကြောင်းဆိုင်ရာခြိမ်းခြောက်မှုမှန်သမျှကို တွန်းလှန်ကာကွယ်ရေးသည် တပ်မတော်(ရေ)၏ အဓိကတာဝန်ပင် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
ဒီဇင်ဘာ(၂၄)ရက်တွင် တပ်တော်ဝင်သည့် ရေငုပ်သင်္ဘောစစ်ရေယာဉ်(မင်းရဲကျော်ထင်) ကို လေ့ကျင့်ရေးဆောင်ရွက်ရန် အဓိကထားသည်ဖြစ်သော်လည်း လိုအပ်ပါက စစ်ဆင်ရေး တာဝန်များကိုလည်း ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် နိုင်ငံ၏ပိုင်နက် ရေပြင်ကာကွယ်ရေးလုပ်ငန်းများတွင်လည်း အကျိုးရှိစွာ အသုံးချသွားရန်လိုအပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားထားသည်။
Zawgyi Version
ျမန္မာ၌ တပ္ေတာ္ဝင္ထားသည့္ေရငုပ္သေဘၤာႏွစ္စင္းထက္မက ရွိႏိုင္ၿပီး ေလးစင္းအထိ ျဖစ္ႏိုင္ဟု ခန႔္မွန္းမႈရွိေန
Iris (NP News) - ဒီဇင္ဘာ ၂၅
ျမန္မာတပ္မေတာ္၌ ေရငုပ္သေဘၤာက တပ္ေတာ္ဝင္ခဲ့ေသာႏွစ္စီးထက္မက ရွိႏိုင္ၿပီး ႐ုရွားႏိုင္ငံထံမွ မွာယူထားၿပီးသား ေရငုပ္သေဘၤာတစ္စီးလည္း ရွိေနႏိုင္ေၾကာင္း တပ္မေတာ္ေရသတင္းရင္းျမစ္မ်ားထံမွ သိရသည္။
ပထမဆုံးေသာေရငုပ္သေဘၤာအျဖစ္ မင္းရဲသခၤသူ တပ္ေတာ္ဝင္ခဲ့မႈ တစ္ႏွစ္ျပည့္႐ုံသာရွိေသးသည့္အခ်ိန္တြင္ ေနာက္ထပ္တစ္စီးအျဖစ္ မင္းရဲေက်ာ္ထင္ကိုပါ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ(၂၄)ရက္၌ ထပ္မံတပ္ေတာ္ဝင္ခဲ့သည့္အတြက္ တပ္ေတာ္ဝင္ၿပီးေသာေရငုပ္သေဘၤာမွာ ႏွစ္စင္းရွိၿပီဟု ဆိုႏိုင္သည္။ " ႏွစ္စင္းတည္း ဟုတ္ပုံမရဘူး။ ေရငုပ္သေဘၤာႏွစ္စင္းလာပို႔တဲ့ တ႐ုတ္စစ္သည္(၈၀)ေက်ာ္ရွိတယ္။ သူတို႔လာပို႔တာ ႏွစ္စင္းလို႔ ေတာ့ ၾကားထားတယ္။ လာပို႔တဲ့ တ႐ုတ္ေတြ ျပန္ၾကၿပီ " ဟု တပ္မေတာ္ေရအရာရွိေဟာင္း သတင္းရင္းျမစ္က NP News ကို ေျပာသည္။ တ႐ုတ္ဘက္က လာပို႔သြားေသာ ေရငုပ္သေဘၤာမွာႏွစ္စင္းျဖစ္ၿပီး တစ္စင္းကိုသာ တပ္ေတာ္ဝင္ထားသည့္အတြက္ တစ္စင္းက က်န္ရွိေနဦးမည့္သေဘာမ်ိဳးျဖစ္ေၾကာင္းလည္း ဆိုသည္။ အထူးသျဖင့္ အဆိုပါတစ္စင္းကို စစ္လက္နက္တပ္ဆင္ျဖည့္တင္းမႈအပိုင္းႏွင့္ ျမန္မာ့ေရျပင္ေအာက္ကို သြားလာလႈပ္ရွားမႈမ်ား လုပ္ေဆာင္ၿပီးေနာက္ ၂၀၂၂ ခုႏွစ္ ဒီဇင္ဘာ(၂၄)ရက္ေရာက္မွသာ တတိယေျမာက္အစင္းအျဖစ္ တပ္ေတာ္ဝင္သြားႏိုင္ေျခရွိေၾကာင္းလည္း တြက္ဆေျပာၾကားသည္။ ယင္းအတြက္ေၾကာင့္ တပ္မေတာ္ေရတြင္ ေရငုပ္သေဘၤာသုံးစင္းရွိထားၿပီး ႏွစ္စင္းကိုသာ တပ္ေတာ္အဝင္ျပထားျခင္းမ်ိဳးျဖစ္ႏိုင္ေၾကာင္းလည္း ဆိုသည္။ " ႐ုရွားကေန ဝယ္ထားတဲ့တစ္စင္းလည္းရွိတယ္။ တစ္စင္းေလာက္ပဲ ျဖစ္မွာပါ။ ခက္တာက ႐ုရွားဘက္က ေအးေတာ့ ျမန္မာနဲ႔က်ရင္ အပူပိုင္းဇုန္ျဖစ္ေနလို႔ ခ်က္ျခင္း လာသုံးလို႔မရဘူး။ ဒါေၾကာင့္ ဒီဘက္ကို ေရာက္မလာေသးဘဲ ႐ုရွားဘက္မွာ ျပင္ဆင္စရာရွိတာ ျပင္ဆင္ေနပုံရတယ္ " ဟု အျခားေသာ တပ္မေတာ္ေရထိပ္တန္းအရာရွိေဟာင္း သတင္းရင္းျမစ္တစ္ဦးကလည္း NP News ကို ေျပာသည္။ အဆိုပါ ေရငုပ္သေဘၤာသာ ထပ္မံေရာက္ရွိလာခဲ့ပါက ေရငုပ္သေဘၤာေလးစင္းအထိ ပိုင္ဆိုင္ေနမည့္သေဘာမ်ိဳးျဖစ္ေၾကာင္းလည္း သိရသည္။
အေသးစိတ္မသိႏိုင္ေသးေသာအခ်က္မွာ အိႏၵိယထံမွ ရရွိခဲ့ေသာ ေရငုပ္သေဘၤာအတြက္ သက္သာေသာေငြေၾကးသုံးစြဲခဲ့ရၿပီး တ႐ုတ္ဘက္က လာေသာႏွစ္စီးတြင္ တစ္စီးက ဝယ္ယူျခင္းမ်ိဳး သို႔မဟုတ္ ႏွစ္စီးလုံး သက္သာေသာေဈးႏႈန္းျဖင့္ ဝယ္ယူျခင္းမ်ိဳး ဆိုေသာ ခိုင္မာသည့္အခ်က္အလက္ ထြက္မလာေသးျခင္းလည္း ျဖစ္သည္။ (၇၄)ႏွစ္ေျမာက္ တပ္မေတာ္ေရေန႔တြင္ ေရငုပ္သေဘၤာတစ္စီးႏွင့္အတူ တပ္မေတာ္(ေရ) ပညာရွင္မ်ားကိုယ္တိုင္ တည္ေဆာက္ခဲ့သည့္ စစ္ေရယာဥ္မ်ားျဖစ္သည့္ ကမ္းလြန္ေရယာဥ္တစ္စီး၊ ျမစ္တြင္းသြား ကင္းလွည့္ေရယာဥ္ ၂ စီးႏွင့္ ျမစ္တြင္းအျမန္သြားကင္းလွည့္ေရယာဥ္ ၂ စီး တို႔ကိုလည္း တပ္ေတာ္ဝင္ႏိုင္ခဲ့ေၾကာင္း သိရသည္။ ေရငုပ္သေဘၤာတပ္ဖြဲ႕တည္ေဆာက္ေရးအတြက္ ယခင္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊလက္ထက္ကတည္းက လူသားအရင္းအျမစ္မ်ားကို ႀကိဳတင္ျပင္ဆင္မႈအေနျဖင့္ ေလ့က်င့္မႈမ်ားကို ေဆာင္႐ြက္ႏိုင္ခဲ့ျခင္းျဖစ္ၿပီး ယင္းအတြက္ေၾကာင့္ ေရငုပ္သေဘၤာတပ္ဖြဲ႕ လက္ေတြ႕ တည္ေဆာက္ရာတြင္ အသင့္ျဖစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အလားတူေရယာဥ္မ်ား တည္ေဆာက္ျဖည့္တင္းျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ရန္အတြက္လည္း ေရတပ္သေဘၤာက်င္းမ်ားကို အဆင့္ဆင့္အဆင့္ျမႇင့္တင္ေဆာင္႐ြက္ခဲ့ေၾကာင္း၊ အဆိုပါေရတပ္သေဘၤာက်င္းမ်ားဘက္မွလည္း ၂၀၁၁ ခုႏွစ္မွ ၂၀၂၁ ခုႏွစ္အထိ စစ္ေရယာဥ္ (၈၈)စီးကိုတပ္ေတာ္ဝင္ေစႏိုင္ရန္ တည္ေဆာက္ေပးႏိုင္ခဲ့ၿပီး ယေန႔ တပ္ေတာ္ ဝင္သည့္စစ္ေရယာဥ္မ်ားႏွင့္ဆိုပါက စုစုေပါင္း (၉၄)စီးအထိ တပ္ေတာ္ဝင္ႏိုင္ခဲ့ေၾကာင္းလည္း သိရသည္။ ျမန္မာႏုိင္ငံ၏ ေရျပင္ပိုင္နက္မွာ စတုရန္းမိုင္ေပါင္း ၁၄၀၀၀၀ ေက်ာ္၊ ကမ္း႐ိုးတန္းေရမိုင္ ၁၂၆၀ ေက်ာ္ရွည္လ်ားသည့္အတြက္ က်ယ္ေျပာလွသည့္ ေရပိုင္နက္ကို ကာကြယ္ရန္မွာ ေစ့ေစ့စပ္စပ္ျဖင့္ အသိတရား၊ သတိတရားျဖင့္ ေဆာင္႐ြက္ ရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ ျမန္မာ့ပင္လယ္ျပင္ရွိ ႂကြယ္ဝသည့္ ေရေပၚေရေအာက္ သယံဇာတအရင္းအျမစ္မ်ားေစာင့္ေရွာက္ ကာကြယ္ေရး၊ ႏိုင္ငံ၏ ပင္လယ္ျပင္အေျချပဳ စီးပြားေရးလုပ္ငန္းမ်ား (Ocean Based Economy) ေဘးကင္းလုံၿခဳံေရးႏွင့္ က်ဴးေက်ာ္ လာမည့္ ေရေၾကာင္းဆိုင္ရာၿခိမ္းေျခာက္မႈမွန္သမွ်ကို တြန္းလွန္ကာကြယ္ေရးသည္ တပ္မေတာ္(ေရ)၏ အဓိကတာဝန္ပင္ ျဖစ္ေၾကာင္း ဗုိလ္ခ်ဳပ္မွဴးၾကီး မင္းေအာင္လိႈင္က ေျပာၾကားထားသည္။
ဒီဇင္ဘာ(၂၄)ရက္တြင္ တပ္ေတာ္ဝင္သည့္ ေရငုပ္သေဘၤာစစ္ေရယာဥ္(မင္းရဲေက်ာ္ထင္) ကို ေလ့က်င့္ေရးေဆာင္႐ြက္ရန္ အဓိကထားသည္ျဖစ္ေသာ္လည္း လိုအပ္ပါက စစ္ဆင္ေရး တာဝန္မ်ားကိုလည္း ထမ္းေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း၊ ယင္းအတြက္ေၾကာင့္ ႏိုင္ငံ၏ပိုင္နက္ ေရျပင္ကာကြယ္ေရးလုပ္ငန္းမ်ားတြင္လည္း အက်ိဳးရွိစြာ အသုံးခ်သြားရန္လိုအပ္မည္ ျဖစ္ေၾကာင္းလည္း ၄င္းက ဆက္လက္ေျပာၾကားထားသည္။