ရေကြောင်းပညာတက္ကသိုလ်ကို နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် တက္ကသိုလ်ဖြစ်အောင်ဆောင်ရွက်မည်ဟုဆို

1529

NP News - ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ သီလဝါဒေသရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ ကသိုလ်ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့်တက္ကသိုလ်တစ်ခုဖြစ်စေရေး အဆောက်အဦများ၊ သင်ထောက်ကူပစ္စည်းများကိုထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလ (၂၄)ရက်က အဆိုပါတက္ကသိုလ်သို့သွား ရောက်စဉ်ပြောသည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်အား ၂ဝဝ၂ ခုနှစ်တွင်ကမာရွတ် မြို့နယ်၊ ဆင်မလိုက်ရှိ ရေကြောင်းသိပ္ပံကျောင်းဝင်းအတွင်း၌ ပထမအ ပတ်စဉ်အားစတင်ဖွင့်လှစ်ခဲ့ပြီး ၂ဝဝ၃ ခုနှစ်တွင် သန်လျင်မြို့နယ်၊ သီလဝါဒေသသို့ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“တက္ကသိုလ်ကမွေးထုတ်ပေးလိုက်သူတွေအနေနဲ့ အခုထက်ပိုမိုအရည် အချင်းပြည့်ဝပြီး နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်တဲ့ ပညာရှင်တွေဖြစ်အောင်လေ့ကျင့်မွေးထုတ်ပေးသွားဖို့လိုပါတယ်။ ဒါကြောင့် ပညာရပ်တွေကို ထိထိရောက်ရောက်သင်ကြားပေးနိုင်ဖို့အတွက် လိုအပ်တဲ့ ဆရာ၊ ဆရာမတွေကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်”ဟု ယင်းကပြောသည်။
ရေကြောင်းပညာဖြင့် နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကိုအထောက် အကူပြုနိုင်ရန်၊ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံပြီးကျွမ်းကျင်သောရေကြောင်း ပညာရှင်များမွေးထုတ်ပေးနိုင်ရန်၊ ရေကြောင်းပညာဆိုင်ရာအသက်မွေး ဝမ်းကျောင်းမှုကို အထောက်အကူပြုစေမည့် သိပ္ပံနှင့် နည်းပညာတို့ကို သင်ကြားပေးနိုင်ရန်၊ ရေကြောင်းပညာရပ်များစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုး တက်စေရေးအတွက် စီမံဆောင်ရွက်နိုင်ရန်၊ အပြည်ပြည်ဆိုင်ရာရေ ကြောင်းအဖွဲ့ချုပ်ကချမှတ်ထားသည့် ပြဋ္ဌာန်းချက်များကို ရေကြောင်းပ ညာရှင်များ သိရှိနားလည်နိုင်စေရန်၊ ရေကြောင်းပညာရပ်များဖွံ့ဖြိုးတိုး တက်စေရေးအတွက်လိုအပ်သည့် သုတေသနလုပ်ငန်းများကို ဆောင် ရွက်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကိုဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ တက္က သိုလ်တွင် ဘွဲ့ကြိုသင်တန်များ၊ ဘွဲ့လွန်ဒီပလိုမာသင် တန်းများ၊ မဟာ အင်ဂျင်နီယာဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး ၂ဝဝ၇ ခုနှစ်မှ ၂ဝ၂ဝ ခုနှစ်အထိ ဘာသာရပ်များအလိုက် ဘွဲ့ရရှိသူစုစု ပေါင်း ၄၁၃၇ ဦး၊ ဘာသာရပ်အလိုက် ဘွဲ့လွန်ဒီပလိုမာဘွဲရရှိသူ ၁ဝ၅၂ ဦးနှင့် မဟာအင်ဂျင်နီယာ ဘွဲ့ရရှိသူ ၁၇ ဦးရှိပြီဖြစ်ကြောင်းသိရသည်။
zawgyi version
ေရေၾကာင္းပညာတကၠသိုလ္ကို ႏိုင္ငံတကာႏွင့္ရင္ေပါင္တန္းႏိုင္သည့္ တကၠသိုလ္ျဖစ္ေအာင္ေဆာင္႐ြက္မည္ဟုဆို
NP News - ဒီဇင္ဘာ ၂၅
ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕နယ္၊ သီလဝါေဒသရွိ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံေရေၾကာင္းပညာတက္ ကသိုလ္ကို ႏိုင္ငံတကာႏွင့္ ရင္ေပါင္တန္းႏိုင္သည့္တကၠသိုလ္တစ္ခုျဖစ္ေစေရး အေဆာက္အဦမ်ား၊ သင္ေထာက္ကူပစၥည္းမ်ားကိုထပ္မံျဖည့္ဆည္း ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဒီဇင္ဘာလ (၂၄)ရက္က အဆိုပါတကၠသိုလ္သို႔သြား ေရာက္စဥ္ေျပာသည္။
ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္အား ၂ဝဝ၂ ခုႏွစ္တြင္ကမာ႐ြတ္ ၿမိဳ႕နယ္၊ ဆင္မလိုက္ရွိ ေရေၾကာင္းသိပၸံေက်ာင္းဝင္းအတြင္း၌ ပထမအ ပတ္စဥ္အားစတင္ဖြင့္လွစ္ခဲ့ၿပီး ၂ဝဝ၃ ခုႏွစ္တြင္ သန္လ်င္ၿမိဳ႕နယ္၊ သီလဝါေဒသသို႔ေျပာင္းေ႐ႊ႕ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
“တကၠသိုလ္ကေမြးထုတ္ေပးလိုက္သူေတြအေနနဲ႔ အခုထက္ပိုမိုအရည္ အခ်င္းျပည့္ဝၿပီး ႏိုင္ငံတကာနဲ႔ရင္ေပါင္တန္းႏိုင္တဲ့ ပညာရွင္ေတြျဖစ္ေအာင္ေလ့က်င့္ေမြးထုတ္ေပးသြားဖို႔လိုပါတယ္။ ဒါေၾကာင့္ ပညာရပ္ေတြကို ထိထိေရာက္ေရာက္သင္ၾကားေပးႏိုင္ဖို႔အတြက္ လိုအပ္တဲ့ ဆရာ၊ ဆရာမေတြကို ထပ္မံျဖည့္ဆည္းေဆာင္႐ြက္ေပးသြားမွာျဖစ္ပါတယ္”ဟု ယင္းကေျပာသည္။
ေရေၾကာင္းပညာျဖင့္ ႏိုင္ငံေတာ္ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္မႈကိုအေထာက္ အကူျပဳႏိုင္ရန္၊က်င့္ဝတ္သိကၡာႏွင့္ျပည့္စုံၿပီးကြၽမ္းက်င္ေသာေရေၾကာင္း ပညာရွင္မ်ားေမြးထုတ္ေပးႏိုင္ရန္၊ ေရေၾကာင္းပညာဆိုင္ရာအသက္ေမြး ဝမ္းေက်ာင္းမႈကို အေထာက္အကူျပဳေစမည့္ သိပၸံႏွင့္ နည္းပညာတို႔ကို သင္ၾကားေပးႏိုင္ရန္၊ ေရေၾကာင္းပညာရပ္မ်ားစဥ္ဆက္မျပတ္ဖြံ႕ၿဖိဳးတိုး တက္ေစေရးအတြက္ စီမံေဆာင္႐ြက္ႏိုင္ရန္၊ အျပည္ျပည္ဆိုင္ရာေရ ေၾကာင္းအဖြဲ႕ခ်ဳပ္ကခ်မွတ္ထားသည့္ ျပ႒ာန္းခ်က္မ်ားကို ေရေၾကာင္းပ ညာရွင္မ်ား သိရွိနားလည္ႏိုင္ေစရန္၊ ေရေၾကာင္းပညာရပ္မ်ားဖြံ႕ၿဖိဳးတိုး တက္ေစေရးအတြက္လိုအပ္သည့္ သုေတသနလုပ္ငန္းမ်ားကို ေဆာင္ ႐ြက္ရန္ဟူေသာ ရည္႐ြယ္ခ်က္မ်ားျဖင့္ ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္ကိုဖြင့္လွစ္ထားျခင္းျဖစ္ေၾကာင္းသိရသည္။ အဆိုပါ တကၠ သိုလ္တြင္ ဘြဲ႕ႀကိဳသင္တန္မ်ား၊ ဘြဲ႕လြန္ဒီပလိုမာသင္ တန္းမ်ား၊ မဟာ အင္ဂ်င္နီယာဘြဲ႕လြန္သင္တန္းမ်ား ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိၿပီး ၂ဝဝ၇ ခုႏွစ္မွ ၂ဝ၂ဝ ခုႏွစ္အထိ ဘာသာရပ္မ်ားအလိုက္ ဘြဲ႕ရရွိသူစုစု ေပါင္း ၄၁၃၇ ဦး၊ ဘာသာရပ္အလိုက္ ဘြဲ႕လြန္ဒီပလိုမာဘြဲရရွိသူ ၁ဝ၅၂ ဦးႏွင့္ မဟာအင္ဂ်င္နီယာ ဘြဲ႕ရရွိသူ ၁၇ ဦးရွိၿပီျဖစ္ေၾကာင္းသိရသည္။