ဘောလီဝုဒ်ထိပ်တန်းမင်းသား ရန်ဘာကပူးနဲ့ထိပ်တန်းမင်းသမီးအလီယာဘတ်ရဲ့ကြည်နူးစရာလက်တွေ့ဘဝအချစ်ဇာတ်လမ်း

1097
ဝတီ (NP News) - ဒီဇင်ဘာ ၂၆
ဘောလီဝုဒ်ထိပ်တန်းမင်းသားချော ရန်ဘာကပူးနဲ့ထိပ်တန်းမင်းသမီးချောအလီယာဘတ်တို့နှစ်ယောက်သတင်းဟာ အိန္ဒိယခေါင်းကြီးသတင်းပိုင်းမှာခဏခဏနေရာယူထားပါတယ်။ ဒါကြောင့်သူတို့နှစ်ယောက် ဘယ်ကနေ ဘယ်လို စကြိုက်သွားတာလဲဆိုတာကြည့်လိုက်ကြရအောင်ပါ။
zawgyi version
ေဘာလီဝုဒ္ထိပ္တန္းမင္းသား ရန္ဘာကပူးနဲ႔ထိပ္တန္းမင္းသမီးအလီယာဘတ္ရဲ႕ၾကည္ႏူးစရာလက္ေတြ႕ဘဝအခ်စ္ဇာတ္လမ္း
ဝတီ (NP News) - ဒီဇင္ဘာ ၂၆
ေဘာလီဝုဒ္ထိပ္တန္းမင္းသားေခ်ာ ရန္ဘာကပူးနဲ႔ထိပ္တန္းမင္းသမီးေခ်ာအလီယာဘတ္တို႔ႏွစ္ေယာက္သတင္းဟာ အိႏၵိယေခါင္းႀကီးသတင္းပိုင္းမွာခဏခဏေနရာယူထားပါတယ္။ ဒါေၾကာင့္သူတို႔ႏွစ္ေယာက္ ဘယ္ကေန ဘယ္လို စႀကိဳက္သြားတာလဲဆိုတာၾကည့္လိုက္ၾကရေအာင္ပါ။

သူ ၁၁ နှစ်သမီးအရွယ်ကတည်းက စီနီယာမင်းသားချောရန်ဘာကပူးကို
ကြိတ်ခိုက်ခဲ့တာပါလို့ မင်းသမီးချောအလီယာဘတ်ကပြောခဲ့ဖူးပါတယ်။
ရန်ဘာကပူးက သူ့ထက် အသက် ၁၁ နှစ်လောက်ကြီးတယ်လေ။ မင်း သားကြီးအမီတာဘချမ်း ပါဝင်သရုပ်ဆောင်ထားတဲ့ Black ဆိုတဲ့မျက်မ မြင်ဇာတ်ကားကလေးသရုပ်ဆောင်နေရာအတွက် အလီယာဘတ်ဝင်ပြီး အရွေးခံတော့ရန်ဘာကပူးနဲ့ စဆုံသွားပြီး အဲဒီမှာသူကရန်ဘာကပူးကို သ ဘောအကျကြီး ကျသွားတော့တာဖြစ်ပါတယ်။ ရန်ဘာကပူးက အဲဒီဇာတ် ကားမှာလက်ထောက်ဒါရိုက်တာပေါ့။ အဲဒီဇာတ်ရုပ်အတွက် ဝင်အရွေးခံခဲ့ပေမယ့်အလီဘတ်ဟာ ပယ်ချခံခဲ့ရပါတယ်။
၂ဝဝ၅ ခုနှစ်မှာ Black ဆိုတဲ့ဇာတ်ကားထွက်တာဖြစ်ပြီး အဲဒီဇာတ်ကား ထွက်အပြီး ၁ဝ နှစ်ကျော်အကြာမှာတော့သူတို့နှစ်ယောက် သမီးရည်းစားဖြစ်သွားကြပါပြီ။ သူတို့နှစ်ယောက်တွဲနေကြပြီလို့ တီးတိုးသတင်းတွေ ထွက်နေပေမယ့် သူတို့ကဖုံးဖိထားကြပါသေးတယ်။ ၂ဝ၁၈ ခုနှစ် မေလမှာတော့ မင်္ဂလာပွဲကြီးတစ်ခုမှာသူတို့နှစ်ယောက်အတူပွဲထွက်လာပါတော့တယ်။ အဲဒီမှာ အလီယာဘတ်က ဖက်ဖူးရောင်ရိုးရာဝတ်စုံလေးနဲ့ဖြစ်ပြီး ရန်ဘာကပူးကတော့ အဖြူရောင်ပဲဝတ်လာပါတယ်။ သူတို့နှစ်ယောက်ဟာ ဂုဏ်ရည်တူချင်းလည်းဖြစ်လို့နတ်ဖက်တဲ့စုံတွဲအတိုင်းပါပဲ။ အနုပညာလောကက လူတွေဆိုတော့သူတို့နှစ်ယောက်ဟာဇာတ်ကားမှာတွဲသရုပ် ဆောင်ရင်းနဲ့ အဲဒီလုပ်ဖော်ကိုင်ဖက် မင်းသား၊ မင်းသမီးတွေနဲ့ခဏခဏ ချစ်ကြိုက်သွားလေ့ရှိပါတယ်။ ရန်ဘာကပူးကလည်း တခြားထိပ်တန်း
ဘောလီဝုဒ် မင်းသမီးချောတွေနဲ့ထည်လဲတွဲခဲ့ဖူးသလို အလီယာဘတ်ကလည်းတခြားနာမည်ကြီး ဘောလီဝုဒ်မင်းသားတွေနဲ့ တစ်ယောက်ပြီးတစ်ယောက် တွဲခဲ့ဖူးတာပေါ့။ ဒါကြောင့် သူတို့နှစ်ယောက်တွဲဖြစ်သွားတော့သူ တို့အချစ်တွေခိုင်မြဲစေကြောင်း ပရိသတ်တွေကဆုတောင်းနေကြပါတယ်။ အဲဒီမင်္ဂလာဆောင်မှာအတူပွဲထွက်လာအပြီး နည်းနည်းကြာတော့မှ သူတို့က သူတို့တွဲနေကြောင်းအသီးသီးဝန်ခံလိုက်ကြပါတယ်။ တွဲနေကြတာ မှန်ပေမယ့် နှစ်ယောက်လုံးရုပ်ရှင်ကားတွေ ရိုက်နေရတာနဲ့ လုံးလည်ချာလည်လိုက်နေလို့ ခဏခဏတွေ့ချိန်မရဘူးလို့ အလီယာဘတ်ကပြောခဲ့ပါသေးတယ်။ ဒါပေမဲ့ Brahmastra ဆိုတဲ့ဇာတ်ကားမှာသူတို့နှစ်ယောက် ပြန်ဆုံကြပြန်ပါတယ်။ အရူးအမူးချစ်နေကြတဲ့ သမီးရည်းစားနှစ်ယောက် ဇာတ်ကားအတူရိုက်ရတယ်ဆိုတော့ မိုးမမြင်လေမမြင်ပျော်ကြမှာပေါ့။ ဒီလိုနဲ့ သူတို့အချစ်ဇာတ်လမ်းဟာရေချိန်တက်လာပါတော့တယ်။ အလီယာဘတ်အတွက်တော့ ကလေးဘဝကစိတ်ကူးအိပ်မက်တကယ်အကောင်အ ထည်ပေါ်လာတာပဲပေါ့။
zawgyi version
သူ ၁၁ ႏွစ္သမီးအ႐ြယ္ကတည္းက စီနီယာမင္းသားေခ်ာရန္ဘာကပူးကို
ႀကိတ္ခိုက္ခဲ့တာပါလို႔ မင္းသမီးေခ်ာအလီယာဘတ္ကေျပာခဲ့ဖူးပါတယ္။ ရန္ဘာကပူးက သူ႔ထက္ အသက္ ၁၁ ႏွစ္ေလာက္ႀကီးတယ္ေလ။ မင္း သားႀကီးအမီတာဘခ်မ္း ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ Black ဆိုတဲ့မ်က္မ ျမင္ဇာတ္ကားကေလးသ႐ုပ္ေဆာင္ေနရာအတြက္ အလီယာဘတ္ဝင္ၿပီး အေ႐ြးခံေတာ့ရန္ဘာကပူးနဲ႔ စဆုံသြားၿပီး အဲဒီမွာသူကရန္ဘာကပူးကို သ ေဘာအက်ႀကီး က်သြားေတာ့တာျဖစ္ပါတယ္။ ရန္ဘာကပူးက အဲဒီဇာတ္ ကားမွာလက္ေထာက္ဒါ႐ိုက္တာေပါ့။ အဲဒီဇာတ္႐ုပ္အတြက္ ဝင္အေ႐ြးခံခဲ့ေပမယ့္အလီဘတ္ဟာ ပယ္ခ်ခံခဲ့ရပါတယ္။
၂ဝဝ၅ ခုႏွစ္မွာ Black ဆိုတဲ့ဇာတ္ကားထြက္တာျဖစ္ၿပီး အဲဒီဇာတ္ကား ထြက္အၿပီး ၁ဝ ႏွစ္ေက်ာ္အၾကာမွာေတာ့သူတို႔ႏွစ္ေယာက္ သမီးရည္းစားျဖစ္သြားၾကပါၿပီ။ သူတို႔ႏွစ္ေယာက္တြဲေနၾကၿပီလို႔ တီးတိုးသတင္းေတြ ထြက္ေနေပမယ့္ သူတို႔ကဖုံးဖိထားၾကပါေသးတယ္။ ၂ဝ၁၈ ခုႏွစ္ ေမလမွာေတာ့ မဂၤလာပြဲႀကီးတစ္ခုမွာသူတို႔ႏွစ္ေယာက္အတူပြဲထြက္လာပါေတာ့တယ္။ အဲဒီမွာ အလီယာဘတ္က ဖက္ဖူးေရာင္႐ိုးရာဝတ္စုံေလးနဲ႔ျဖစ္ၿပီး ရန္ဘာကပူးကေတာ့ အျဖဴေရာင္ပဲဝတ္လာပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ဂုဏ္ရည္တူခ်င္းလည္းျဖစ္လို႔နတ္ဖက္တဲ့စုံတြဲအတိုင္းပါပဲ။ အႏုပညာေလာကက လူေတြဆိုေတာ့သူတို႔ႏွစ္ေယာက္ဟာဇာတ္ကားမွာတြဲသ႐ုပ္ ေဆာင္ရင္းနဲ႔ အဲဒီလုပ္ေဖာ္ကိုင္ဖက္ မင္းသား၊ မင္းသမီးေတြနဲ႔ခဏခဏ ခ်စ္ႀကိဳက္သြားေလ့ရွိပါတယ္။ ရန္ဘာကပူးကလည္း တျခားထိပ္တန္းေဘာလီဝုဒ္ မင္းသမီးေခ်ာေတြနဲ႔ထည္လဲတြဲခဲ့ဖူးသလို အလီယာဘတ္ကလည္းတျခားနာမည္ႀကီး ေဘာလီဝုဒ္မင္းသားေတြနဲ႔ တစ္ေယာက္ၿပီးတစ္ေယာက္ တြဲခဲ့ဖူးတာေပါ့။ ဒါေၾကာင့္ သူတို႔ႏွစ္ေယာက္တြဲျဖစ္သြားေတာ့သူ တို႔အခ်စ္ေတြခိုင္ၿမဲေစေၾကာင္း ပရိသတ္ေတြကဆုေတာင္းေနၾကပါတယ္။ အဲဒီမဂၤလာေဆာင္မွာအတူပြဲထြက္လာအၿပီး နည္းနည္းၾကာေတာ့မွ သူတို႔က သူတို႔တြဲေနေၾကာင္းအသီးသီးဝန္ခံလိုက္ၾကပါတယ္။ တြဲေနၾကတာ မွန္ေပမယ့္ ႏွစ္ေယာက္လုံး႐ုပ္ရွင္ကားေတြ ႐ိုက္ေနရတာနဲ႔ လုံးလည္ခ်ာလည္လိုက္ေနလို႔ ခဏခဏေတြ႕ခ်ိန္မရဘူးလို႔ အလီယာဘတ္ကေျပာခဲ့ပါေသးတယ္။ ဒါေပမဲ့ Brahmastra ဆိုတဲ့ဇာတ္ကားမွာသူတို႔ႏွစ္ေယာက္ ျပန္ဆုံၾကျပန္ပါတယ္။ အ႐ူးအမူးခ်စ္ေနၾကတဲ့ သမီးရည္းစားႏွစ္ေယာက္ ဇာတ္ကားအတူ႐ိုက္ရတယ္ဆိုေတာ့ မိုးမျမင္ေလမျမင္ေပ်ာ္ၾကမွာေပါ့။ ဒီလိုနဲ႔ သူတို႔အခ်စ္ဇာတ္လမ္းဟာေရခ်ိန္တက္လာပါေတာ့တယ္။ အလီယာဘတ္အတြက္ေတာ့ ကေလးဘဝကစိတ္ကူးအိပ္မက္တကယ္အေကာင္အ ထည္ေပၚလာတာပဲေပါ့။

နှစ်ယောက်လုံးကဘောလီဝုဒ်အနုပညာလောကမှာ အောင်မြင်မှုသက် တမ်း အတော်အသင့်ကြာနေကြပြီဆိုတော့ ရမ်ဘာကပူးဟာပိုင်ဆိုင်မှု ဒေါ်လာ ၄၅ သန်းလောက်ရှိနေပြီဖြစ်ပြီး အလီယာဘတ်ကတော့ ပိုင်ဆိုင်မှု ဒေါ်လာသန်း ၂ဝ ကျော်လောက်ရှိနေပြီလို့ခန့်မှန်းရပါတယ်။ အလီယာဘတ်ဟာအသက် ၂၈နှစ်ပဲရှိသေးပေမယ့်ပိုင်ဆိုင်မှုက ဒီလောက်အထိများ နေပါပြီ။ ဘောလီဝုဒ်ရုပ်ရှင်လောကမှာဆိုရင်သူဟာ အသက်ငယ်ငယ်လေးနဲ့ ထူးထူးခြားခြားအောင်မြင်နေတဲ့ ရှားရှားပါးပါးစူပါစတားမင်းသမီး တစ်လက်လို့ ပြောရမှာပါ။ လက်ရှိဘောလီဝုဒ်ထိပ်တန်း မင်းသမီးအများစုကအသက် ၃၅ နှစ် ဝန်းကျင်တွေချည်းပဲလေ။ မင်းသား ရမ်ဘာကပူးက တော့ အသက် ၃၉ နှစ် ရှိနေပြီဖြစ်လို့ ရုပ်ရှင်လောကမှာ အလီယာဘတ်ထက် အများကြီးစီနီယာကျပါတယ်။
၂ဝ၁၈ ခုနှစ်မှာ ရန်ဘာကပူးရဲ့အဖေ နယူးယောက်မှာဆေးရုံတက်တော့လည်းအလီယာဘတ်က ခဏခဏသွားကြည့်ခဲ့ပါတယ်။ အဲဒီတုန်းကဆိုရင် သူက အမေရိကကိုရောက်နေတဲ့ ရန်ဘာကပူးဘက်က အမျိုးတွေနဲ့အတူ ၂ဝ၁၉ ခုနှစ်၊ နှစ်သစ်ကိုကြိုဆိုခဲ့ပါသေးတယ်။ ဒီတော့ အလီယာဘတ်က ရန်ဘာကပူးဘက်က အမျိုးတွေနဲ့လည်း အတော်အဆင်ပြေပုံရပါတယ်။ ၂ဝ၁၉ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးကတော့ သူတို့ချစ်သူနှစ်ယောက်အတွက် တကယ့်အထူးခြားဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ်တုန်းက ရန်ဘာကပူးကအကောင်းဆုံးမင်းသားဆုရသွားခဲ့ပြီးအလီယာ ဘတ်က အကောင်းဆုံးမင်းသမီးဆု ရသွားလို့ပါ။ အဲဒီမှာ ဆုတက်ယူရင်းနဲ့ အလီယာဘတ်က ရန်ဘာကပူးကို သူချစ်ကြောင်းစင်ပေါ်မှာထည့်ပြော
သွားသေးတယ်လေ။ အဲဒီပွဲမှာတုန်းကလည်း နှစ်ယောက်သား ကပ်ထိုင်နေကြတာပါ။ ရန်ဘာကပူးက သူဆုရတယ်ဆိုတဲ့ ကြေညာချက်လည်း ထွက်လာရော သူ့နားမှာကပ်ထိုင်နေတဲ့ အလီယာဘတ်ကို ဖျပ်ခနဲလှမ်းနမ်းလိုက်ပါတော့တယ်။ ဒီတော့ အဲဒီဆုပေးပွဲကြီးဟာ သူတို့နှစ်ယောက်အတွက် အမှတ်ရစရာကြီးဖြစ်နေတော့မှာပါပဲ။
ပြီးတော့သူတို့က ကင်ညာကိုလည်းတိတ်တခိုးအလည်သွားခဲ့ပါသေးတယ်။ ဒီအပန်းဖြေခရီးနဲ့ပတ်သက်လို့နှစ်ယောက်လုံးက ဘာမှမပြောဘဲ ရေငုံနှုတ်ပိတ်နေနေကြပေမယ့် သူတို့နှစ်ယောက် အဲဒီမှာတပျော်တပါး
အတူလျှောက်လည်နေတဲ့ပုံတွေကတော့ အွန်လိုင်းပေါ်ပလူပျံသွားပါတော့တယ်။ပြီးတော့ ရန်ဘာကပူးမိသားစုဘက်က လုပ်တဲ့ ပွဲမှန်သမျှနီးပါးမှာ အလီယာဘတ်ပါတာချည်းပါပဲ။ နှစ်ဖက်မိသားစုလည်း အဆင် ပြေနေကြပြီ၊ သူတို့နှစ်ယောက်လုံးကလည်းပစ္စည်းဥစ္စာ အင်မတန်ပြည့်စုံနေပြီ၊ ဂုဏ်ရည်ချင်းလည်း တူတယ်၊ အိမ်ထောင်ပြုရမယ့်အသက်အရွယ်လည်း ရောက်နေကြပြီဆိုတော့ သူတို့ ဘယ်တော့လက်ထပ်ကြမှာလဲလို့ ပရိသတ်တွေက အရမ်းသိချင်နေကြပါတယ်။ သူတို့နှစ်ယောက်လက်ထပ်
ကြတော့မယ်ဆိုတဲ့ ကောလာဟလကလည်း နှစ်ကုန်တိုင်း ထွက်နေပါတယ်။ ဒါပေမဲ့အဲဒီကောလာဟလတွေဟာ အခုထက်ထိတော့ မမှန်သေး ပါဘူး။ ဒီတော့သူတို့ ဘယ်တော့လက်ထပ်ကြမလဲဆိုတော စောင့်ကြည့်ရုံပဲရှိပါတော့တယ်။
zawgyi version
ႏွစ္ေယာက္လုံးကေဘာလီဝုဒ္အႏုပညာေလာကမွာ ေအာင္ျမင္မႈသက္ တမ္း အေတာ္အသင့္ၾကာေနၾကၿပီဆိုေတာ့ ရမ္ဘာကပူးဟာပိုင္ဆိုင္မႈ ေဒၚလာ ၄၅ သန္းေလာက္ရွိေနၿပီျဖစ္ၿပီး အလီယာဘတ္ကေတာ့ ပိုင္ဆိုင္မႈ ေဒၚလာသန္း ၂ဝ ေက်ာ္ေလာက္ရွိေနၿပီလို႔ခန႔္မွန္းရပါတယ္။ အလီယာဘတ္ဟာအသက္ ၂၈ႏွစ္ပဲရွိေသးေပမယ့္ပိုင္ဆိုင္မႈက ဒီေလာက္အထိမ်ား ေနပါၿပီ။ ေဘာလီဝုဒ္႐ုပ္ရွင္ေလာကမွာဆိုရင္သူဟာ အသက္ငယ္ငယ္ေလးနဲ႔ ထူးထူးျခားျခားေအာင္ျမင္ေနတဲ့ ရွားရွားပါးပါးစူပါစတားမင္းသမီး တစ္လက္လို႔ ေျပာရမွာပါ။ လက္ရွိေဘာလီဝုဒ္ထိပ္တန္း မင္းသမီးအမ်ားစုကအသက္ ၃၅ ႏွစ္ ဝန္းက်င္ေတြခ်ည္းပဲေလ။ မင္းသား ရမ္ဘာကပူးက ေတာ့ အသက္ ၃၉ ႏွစ္ ရွိေနၿပီျဖစ္လို႔ ႐ုပ္ရွင္ေလာကမွာ အလီယာဘတ္ထက္ အမ်ားႀကီးစီနီယာက်ပါတယ္။
၂ဝ၁၈ ခုႏွစ္မွာ ရန္ဘာကပူးရဲ႕အေဖ နယူးေယာက္မွာေဆး႐ုံတက္ေတာ့လည္းအလီယာဘတ္က ခဏခဏသြားၾကည့္ခဲ့ပါတယ္။ အဲဒီတုန္းကဆိုရင္ သူက အေမရိကကိုေရာက္ေနတဲ့ ရန္ဘာကပူးဘက္က အမ်ိဳးေတြနဲ႔အတူ ၂ဝ၁၉ ခုႏွစ္၊ ႏွစ္သစ္ကိုႀကိဳဆိုခဲ့ပါေသးတယ္။ ဒီေတာ့ အလီယာဘတ္က ရန္ဘာကပူးဘက္က အမ်ိဳးေတြနဲ႔လည္း အေတာ္အဆင္ေျပပုံရပါတယ္။ ၂ဝ၁၉ ခုႏွစ္ ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲႀကီးကေတာ့ သူတို႔ခ်စ္သူႏွစ္ေယာက္အတြက္ တကယ့္အထူးျခားဆုံးပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီႏွစ္တုန္းက ရန္ဘာကပူးကအေကာင္းဆုံးမင္းသားဆုရသြားခဲ့ၿပီးအလီယာ ဘတ္က အေကာင္းဆုံးမင္းသမီးဆု ရသြားလို႔ပါ။ အဲဒီမွာ ဆုတက္ယူရင္းနဲ႔ အလီယာဘတ္က ရန္ဘာကပူးကို သူခ်စ္ေၾကာင္းစင္ေပၚမွာထည့္ေျပာ သြားေသးတယ္ေလ။ အဲဒီပြဲမွာတုန္းကလည္း ႏွစ္ေယာက္သား ကပ္ထိုင္ေနၾကတာပါ။ ရန္ဘာကပူးက သူဆုရတယ္ဆိုတဲ့ ေၾကညာခ်က္လည္း ထြက္လာေရာ သူ႔နားမွာကပ္ထိုင္ေနတဲ့ အလီယာဘတ္ကို ဖ်ပ္ခနဲလွမ္းနမ္းလိုက္ပါေတာ့တယ္။ ဒီေတာ့ အဲဒီဆုေပးပြဲႀကီးဟာ သူတို႔ႏွစ္ေယာက္အတြက္ အမွတ္ရစရာႀကီးျဖစ္ေနေတာ့မွာပါပဲ။
ၿပီးေတာ့သူတို႔က ကင္ညာကိုလည္းတိတ္တခိုးအလည္သြားခဲ့ပါေသးတယ္။ ဒီအပန္းေျဖခရီးနဲ႔ပတ္သက္လို႔ႏွစ္ေယာက္လုံးက ဘာမွမေျပာဘဲ ေရငုံႏႈတ္ပိတ္ေနေနၾကေပမယ့္ သူတို႔ႏွစ္ေယာက္ အဲဒီမွာတေပ်ာ္တပါး အတူေလွ်ာက္လည္ေနတဲ့ပုံေတြကေတာ့ အြန္လိုင္းေပၚပလူပ်ံသြားပါေတာ့တယ္။ၿပီးေတာ့ ရန္ဘာကပူးမိသားစုဘက္က လုပ္တဲ့ ပြဲမွန္သမွ်နီးပါးမွာ အလီယာဘတ္ပါတာခ်ည္းပါပဲ။ ႏွစ္ဖက္မိသားစုလည္း အဆင္ ေျပေနၾကၿပီ၊ သူတို႔ႏွစ္ေယာက္လုံးကလည္းပစၥည္းဥစၥာ အင္မတန္ျပည့္စုံေနၿပီ၊ ဂုဏ္ရည္ခ်င္းလည္း တူတယ္၊ အိမ္ေထာင္ျပဳရမယ့္အသက္အ႐ြယ္လည္း ေရာက္ေနၾကၿပီဆိုေတာ့ သူတို႔ ဘယ္ေတာ့လက္ထပ္ၾကမွာလဲလို႔ ပရိသတ္ေတြက အရမ္းသိခ်င္ေနၾကပါတယ္။ သူတို႔ႏွစ္ေယာက္လက္ထပ္ၾကေတာ့မယ္ဆိုတဲ့ ေကာလာဟလကလည္း ႏွစ္ကုန္တိုင္း ထြက္ေနပါတယ္။ ဒါေပမဲ့အဲဒီေကာလာဟလေတြဟာ အခုထက္ထိေတာ့ မမွန္ေသး ပါဘူး။ ဒီေတာ့သူတို႔ ဘယ္ေတာ့လက္ထပ္ၾကမလဲဆိုေတာ ေစာင့္ၾကည့္႐ုံပဲရွိပါေတာ့တယ္။