စီရော်နယ်ဒိုအကြောင်း တစေ့တစောင်း

 9650

ဝတီ (NP News) - ဒီဇင်ဘာ ၃ဝ
ခရစ္စတီယာနိုရော်နယ်ဒို Christiano Ronaldo ဟာ ကမ္ဘာ့အအောင်မြင်ဆုံးဘောလုံးသမားတွေထဲမှာတစ်ယောက်အပါအဝင်ပါ။ ဂိုးတွေစံချိန်တင်အများကြီးသွင်းတဲ့အကြောင်း၊ ဘောလုံးအသင်းတွေမှာ စံချိန်တင် လုပ်ခလစာတွေရတဲ့အကြောင်းနဲ့ မော်ဒယ်အလုပ်ကနေလည်းဝင်ငွေတွေ ဒလဟောရနေတဲ့အကြောင်းတွေကတော့ သူနဲ့ပတ်သက်လို့ ပရိ သတ်အများစု သိထားတဲ့အချက်တွေပေါ့။ ဒါ့အပြင်သူနဲ့ပတ်သက်လို့ တ ခြားစိတ်ဝင်စားစရာတွေလည်း အများကြီးရှိပါသေးတယ်။ ဒါကြောင့် အဲ ဒီထဲကတချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။

zawgyi version
စီေရာ္နယ္ဒိုအေၾကာင္း တေစ့တေစာင္း
ဝတီ (NP News) - ဒီဇင္ဘာ ၃ဝ
ခရစၥတီယာႏိုေရာ္နယ္ဒို Christiano Ronaldo ဟာ ကမာၻ႔အေအာင္ျမင္ဆုံးေဘာလုံးသမားေတြထဲမွာတစ္ေယာက္အပါအဝင္ပါ။ ဂိုးေတြစံခ်ိန္တင္အမ်ားႀကီးသြင္းတဲ့အေၾကာင္း၊ ေဘာလုံးအသင္းေတြမွာ စံခ်ိန္တင္ လုပ္ခလစာေတြရတဲ့အေၾကာင္းနဲ႔ ေမာ္ဒယ္အလုပ္ကေနလည္းဝင္ေငြေတြ ဒလေဟာရေနတဲ့အေၾကာင္းေတြကေတာ့ သူနဲ႔ပတ္သက္လို႔ ပရိ သတ္အမ်ားစု သိထားတဲ့အခ်က္ေတြေပါ့။ ဒါ့အျပင္သူနဲ႔ပတ္သက္လို႔ တ ျခားစိတ္ဝင္စားစရာေတြလည္း အမ်ားႀကီးရွိပါေသးတယ္။ ဒါေၾကာင့္ အဲ ဒီထဲကတခ်ိဳ႕ကို စုစည္းေဖာ္ျပလိုက္ပါတယ္။

သူဟာ ကမ္ဘာ့ပထမဦးဆုံး ဘီလျံနာဘောလုံးသမားဖြစ်ပါတယ်။
၂ဝ၂၁ ခုနှစ်ဝင်ငွေအမြင့်ဆုံးဘောလုံးသမားများစာရင်းမှာ အသက် ၃၆နှစ် အရွယ်စီရော်နယ်ဒိုထိပ်ဆုံးကပါပါတယ်။ ၂ဝ၂၁ ခုနှစ် အတွင်းမှာသူ့ဝင်ငွေ စုစုပေါင်း ဒေါ်လာ ၁၂၅ သန်းကျော် ရှိခဲ့ပါသတဲ့။ အမှန်တော့ ဒီစာရင်းထဲ
ဝင်တာဟာ သူ့အတွက်တော့ရိုးလို့တောင်နေပါပြီ။ ဒါပေမဲ့ ထူးခြားတာက တော့သူဟာ ဘီလျံနာအဆင့်အထိရောက်လာတဲ့ ကမ္ဘာ့ပထမဦးဆုံး ဘော လုံးသမားဖြစ်လာတာပါပဲ။ သူဟာ ဘောလုံးလောကကနေဒေါ်လာသန်းပေါင်းများစွာတနင့်တပိုးရနေသလို သူ့ဆိုရှယ်မီဒီယာအကောင့်တွေကနေလည်း ဒေါ်လာသန်းပေါင်းများစွာရနေတယ်လေ။ ဘီလျံနာသူဋ္ဌေးကြီးအ ဆင့်အထိရောက်နေလို့လည်း သူဟာငွေကိုရေလိုသုံးပြီးဇိမ်ခံနိုင်တာဖြစ်ပါတယ်။

သူ့အကြောင်းချည်းပဲ သီးသန့်ပြသထားတဲ့ CR7 ပြတိုက်ရှိပါတယ်။
သူဟာ အလကားနေအလကား ကမ္ဘာ့ပထမဦးဆုံး ဘီလျံနာဘောလုံးသ မားဖြစ်လာတာမဟုတ်ပါဘူး။ ပွဲကြီးပွဲကောင်းတိုင်းလိုလိုမှာနှစ်ပေါင်းများစွာခြေစွမ်းပြနေတယ်၊ ဒီလိုအောင်မြင်မှုကြာရှည်ခံအောင်လည်း သူကအ စွမ်းကုန်ကြိုးစားပါတယ်။ ဥပမာအားဖြင့်ပြောရရင် သူကအရက်၊ ဆေး လိပ်လုံးဝမသောက်ပါဘူး။ ဒါကြောင့် သူဟာအသက် ၃၆နှစ်ရောက်တဲ့အ ထိငယ်ငယ်တုန်းကလိုပဲဘောလုံးမှာ ခြေစွမ်းပြနိုင်နေသေးတာပေါ့။ သူ့ဘောလုံးသက်တမ်းတလျှောက်မှာလည်း သူဟာဆုတံဆိပ်တွေမမှတ်မိနိုင်လောက်အောင်ကို ဆွတ်ခူးရရှိခဲ့ပါတယ်။ သူဘယ်လောက်အထိ ဘော လုံးမှာထူးချွန်တယ်ဆိုတာကို အဲဒီလောက်အထိများတဲ့ဆုတံဆိပ်တွေက
သက်သေခံနေပါတယ်။ အခုတော့သူကအဲဒီဆုတံဆိပ်တွေကို ဖန်ချယ်လ် Fanchal ဆိုတဲ့သူ့မွေးရပ်မြို့လေးက CR7 ပြတိုက်မှာပြထားတော့မှာပါ။ ဒါ့အပြင်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ကနေဒါမှာရှိတဲ့ University of British Columbia တက္ကသိုလ်မှာလူမှုဗေဒပညာ ရပ်ဆည်းပူးနေတဲ့ကျောင်းသားတွေဟာ စတုတ္ထနှစ်ရောက်ရင်စီရော်နယ်ဒိုအကြောင်းကို ဘာသာရပ်တစ်ခုအနေနဲ့လေ့လာကြရပါသတဲ့လေ။

သူဟာ အလှူအတန်းရက်ရောပါတယ်။
သူဟာ ပုံမှန်သွေးလှူလေ့ရှိသူပါ။ ဒီလိုလှူနိုင်အောင်လို့ဆိုပြီး သူကတက်တူး လုံးဝမထိုးတာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခါတုန်းကဆိုရင် သူဟာသူ ဆုရတဲ့ ရွှေဖိနပ်ကိုရောင်းပြီး အဲဒီကရတဲ့ငွေနဲ့ဂါဇာကကလေးတွေကို ငွေ ကြေးထောက်ပံ့ခဲ့ပါတယ်။ လူငယ်လေးတွေအိတ်ချ်အိုင်ဗီမကူးစက်အောင် နေထိုင်နည်း၊အဝမလွန်အောင်နေထိုင်နည်း၊ မူးယစ်ဆေးဝါးမသုံးစွဲအောင် နေထိုင်နည်းစတာတွေကို သင်ပြပေးတဲ့ဖီဖာ(FIFA) အစီအစဉ်တစ်ခုမှာလည်း သူကပါဝင်ထားပါသေးတယ်။

zawgyi version
သူဟာ ကမာၻ႔ပထမဦးဆုံး ဘီလ်ံနာေဘာလုံးသမားျဖစ္ပါတယ္။
၂ဝ၂၁ ခုႏွစ္ဝင္ေငြအျမင့္ဆုံးေဘာလုံးသမားမ်ားစာရင္းမွာ အသက္ ၃၆ႏွစ္ အ႐ြယ္စီေရာ္နယ္ဒိုထိပ္ဆုံးကပါပါတယ္။ ၂ဝ၂၁ ခုႏွစ္ အတြင္းမွာသူ႔ဝင္ေငြ စုစုေပါင္း ေဒၚလာ ၁၂၅ သန္းေက်ာ္ ရွိခဲ့ပါသတဲ့။ အမွန္ေတာ့ ဒီစာရင္းထဲဝင္တာဟာ သူ႔အတြက္ေတာ့႐ိုးလို႔ေတာင္ေနပါၿပီ။ ဒါေပမဲ့ ထူးျခားတာက ေတာ့သူဟာ ဘီလ်ံနာအဆင့္အထိေရာက္လာတဲ့ ကမာၻ႔ပထမဦးဆုံး ေဘာ လုံးသမားျဖစ္လာတာပါပဲ။ သူဟာ ေဘာလုံးေလာကကေနေဒၚလာသန္းေပါင္းမ်ားစြာတနင့္တပိုးရေနသလို သူ႔ဆိုရွယ္မီဒီယာအေကာင့္ေတြကေနလည္း ေဒၚလာသန္းေပါင္းမ်ားစြာရေနတယ္ေလ။ ဘီလ်ံနာသူေ႒းႀကီးအ ဆင့္အထိေရာက္ေနလို႔လည္း သူဟာေငြကိုေရလိုသုံးၿပီးဇိမ္ခံႏိုင္တာျဖစ္ပါတယ္။

သူ႔အေၾကာင္းခ်ည္းပဲ သီးသန႔္ျပသထားတဲ့ CR7 ျပတိုက္ရွိပါတယ္။
သူဟာ အလကားေနအလကား ကမာၻ႔ပထမဦးဆုံး ဘီလ်ံနာေဘာလုံးသ မားျဖစ္လာတာမဟုတ္ပါဘူး။ ပြဲႀကီးပြဲေကာင္းတိုင္းလိုလိုမွာႏွစ္ေပါင္းမ်ားစြာေျခစြမ္းျပေနတယ္၊ ဒီလိုေအာင္ျမင္မႈၾကာရွည္ခံေအာင္လည္း သူကအ စြမ္းကုန္ႀကိဳးစားပါတယ္။ ဥပမာအားျဖင့္ေျပာရရင္ သူကအရက္၊ ေဆး လိပ္လုံးဝမေသာက္ပါဘူး။ ဒါေၾကာင့္ သူဟာအသက္ ၃၆ႏွစ္ေရာက္တဲ့အ ထိငယ္ငယ္တုန္းကလိုပဲေဘာလုံးမွာ ေျခစြမ္းျပႏိုင္ေနေသးတာေပါ့။ သူ႔ေဘာလုံးသက္တမ္းတေလွ်ာက္မွာလည္း သူဟာဆုတံဆိပ္ေတြမမွတ္မိႏိုင္ေလာက္ေအာင္ကို ဆြတ္ခူးရရွိခဲ့ပါတယ္။ သူဘယ္ေလာက္အထိ ေဘာ လုံးမွာထူးခြၽန္တယ္ဆိုတာကို အဲဒီေလာက္အထိမ်ားတဲ့ဆုတံဆိပ္ေတြကသက္ေသခံေနပါတယ္။ အခုေတာ့သူကအဲဒီဆုတံဆိပ္ေတြကို ဖန္ခ်ယ္လ္ Fanchal ဆိုတဲ့သူ႔ေမြးရပ္ၿမိဳ႕ေလးက CR7 ျပတိုက္မွာျပထားေတာ့မွာပါ။ ဒါ့အျပင္ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့အခ်က္ကေတာ့ ကေနဒါမွာရွိတဲ့ University of British Columbia တကၠသိုလ္မွာလူမႈေဗဒပညာ ရပ္ဆည္းပူးေနတဲ့ေက်ာင္းသားေတြဟာ စတုတၳႏွစ္ေရာက္ရင္စီေရာ္နယ္ဒိုအေၾကာင္းကို ဘာသာရပ္တစ္ခုအေနနဲ႔ေလ့လာၾကရပါသတဲ့ေလ။

သူဟာ အလႉအတန္းရက္ေရာပါတယ္။
သူဟာ ပုံမွန္ေသြးလႉေလ့ရွိသူပါ။ ဒီလိုလႉႏိုင္ေအာင္လို႔ဆိုၿပီး သူကတက္တူး လုံးဝမထိုးတာျဖစ္ပါတယ္။ ဒါ့အျပင္ တစ္ခါတုန္းကဆိုရင္ သူဟာသူ ဆုရတဲ့ ေ႐ႊဖိနပ္ကိုေရာင္းၿပီး အဲဒီကရတဲ့ေငြနဲ႔ဂါဇာကကေလးေတြကို ေငြ ေၾကးေထာက္ပံ့ခဲ့ပါတယ္။ လူငယ္ေလးေတြအိတ္ခ်္အိုင္ဗီမကူးစက္ေအာင္ ေနထိုင္နည္း၊အဝမလြန္ေအာင္ေနထိုင္နည္း၊ မူးယစ္ေဆးဝါးမသုံးစြဲေအာင္ ေနထိုင္နည္းစတာေတြကို သင္ျပေပးတဲ့ဖီဖာ(FIFA) အစီအစဥ္တစ္ခုမွာလည္း သူကပါဝင္ထားပါေသးတယ္။

သူ့အဖေက ဥယျာဉ်မှူးဖြစ်ပါတယ်။
သူ့အဖေက ဥယျာဉ်မှူးဖြစ်ပြီး သူ့အမေကတော့ထမင်းချက်၊ သန့်ရှင်းရေး
ဖြစ်ပါသတဲ့။ သူ့အဖေက အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်ကို
အရမ်းသဘောကျတဲ့အတွက် သူ့သားကိုရော်နယ်ဒိုဆိုတဲ့နာမည်ပေးထားတာဖြစ်ပါတယ်။ စီရော်နယ်ဒိုရဲ့ နာမည်အပြည့်အစုံကတော့ ခရစ္စတီယာနိုရော်နယ်ဒိုဒို့စ်ဆန်တို့စ်အဗီရိုဖြစ်ပါသတဲ့။ မိသားစုနောက်ခံအခြေအနေ မတောင့်တင်းလှပေမယ့် သူဟာ နောက်ပိုင်းမှာ ကမ္ဘာကျော်ကြီးဖြစ်လာပါတယ်။ ဒါ့အပြင် သူဟာလန်ဒန်မှာရှိတဲ့ နာမည်ကြီးမဒမ်တူးဆော့ဒ်စ်ဖ ယောင်းပြတိုက်မှာပါဂုဏ်ပြုပြသခံရတဲ့ လေးယောက်မြောက်ဘောလုံးသမားဖြစ်လာပါတယ်။ သူ့ရှေ့မှာဒီလိုဂုဏ်ပြုပြသခံရတဲ့ ဘောလုံးသမားဆိုလို့ စတီဗင်ဂျရတ်၊ ပီလီနဲ့ဒေးဗစ်ဘက်ခမ်းပဲရှိပါတယ်။

သူ့မှာ သားသမီးလေးယောက်ရှိပါတယ်။
သူ့ရဲ့အကြီးဆုံးသားလေးဟာ အသက်(၁၁)နှစ်ရှိနေပါပြီ။ ဒီကလေးကို
ဘယ်သူနဲ့ရတယ်ဆိုတာကိုတော့ စီရော်နယ်ဒိုကအခုထက်ထိထုတ်မပြောသေးပါဘူး။ ၂ဝ၁၇ ခုနှစ် ဇွန်လမှာတော့ သူဟာအငှားကိုယ်ဝန်ဆောင်နဲ့ အမြွှာရင်သွေးလေးရထားပြီလို့ ကြေညာလိုက်ပါတယ်။ အဲဒီနှစ် ဇူလိုင်လမှာပဲ သူဟာဂျီအော်ဂီနာရော့ဒ်ရီဂူဇ် Georgina Rodriguez ဆိုတဲ့ ရည်း စားနဲ့ကလေးတစ်ယောက်ရတော့မှာလို့ကြေညာလိုက်ပြန်ပါတယ်။ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှာလည်း သူနဲ့သူ့ရည်းစားအမြွှာရင်သွေးလေးရတော့မယ်လို့ သူတို့နှစ်ယောက်ကကြေညာလိုက်ပြန်ပါသေးတယ်။ ဒါကြောင့် ၂ဝ၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိတော့သူ့မှာသားသမီးစုစုပေါင်း လေးယောက် ရှိပါတယ်။ နောက်တိုးအမြွှာလေးမွေးတဲ့အခါကျရင်တော့
စီရော်နယ်ဒိုဟာ ကလေးခြောက်ယောက် အဖေဖြစ်တော့မှာပါ။

လက်ရှိသူ့ရည်းစားကောင်မလေးဟာ စားပွဲထိုးအဖြစ်အလုပ်လုပ်ခဲ့ဖူးပါတယ်။
၁၉၉၄ ခုနှစ်မှာ မွေးတဲ့စပိန်မော်ဒယ်ချောလေးဟာ မော်ဒယ်ဘဝမရောက်ခင်တုန်းကစားပွဲထိုးအလုပ်၊ ကလေးထိန်းအလုပ်လုပ်ခဲ့ရပါတယ်။ ဂျီအော် ဂီနာရော့ဒ်ရီဂူဇ်ဟာ ဗီအိုင်ပွဲတစ်ပွဲမှာစီရော်နယ်ဒိုနဲ့ဆုံဖြစ်သွားတာဖြစ်ပြီး အဲဒီမှာ စီရော်နယ်ဒိုကရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့ ဒီမိန်းမချောလေးကို မျက်စိကျသွားတာပါ။ အခုဆိုရင် ဒီမိန်းမချောလေးဟာ စီရော်နယ်ဒိုနဲ့အ တူဇိမ်ခံစံအိမ်ကြီးမှာအတူနေ၊ ကမ္ဘာတလွှား ဇိမ်ခံအပန်းဖြေခရီးတွေအ တူသွားလေ့ရှိပါတယ်။ အသက် ၂၇ နှစ်အရွယ် သူဟာအက်စတက်ဂရမ်မှာ ပရိသတ် ၂၅ သန်းရှိပါတယ်။

zawgyi version
သူ႔အေဖက ဥယ်ာဥ္မႉးျဖစ္ပါတယ္။
သူ႔အေဖက ဥယ်ာဥ္မႉးျဖစ္ၿပီး သူ႔အေမကေတာ့ထမင္းခ်က္၊ သန႔္ရွင္းေရး ျဖစ္ပါသတဲ့။ သူ႔အေဖက အေမရိကန္သမၼတေဟာင္း ေရာ္နယ္ေရဂင္ကိုအရမ္းသေဘာက်တဲ့အတြက္ သူ႔သားကိုေရာ္နယ္ဒိုဆိုတဲ့နာမည္ေပးထားတာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုရဲ႕ နာမည္အျပည့္အစုံကေတာ့ ခရစၥတီယာႏိုေရာ္နယ္ဒိုဒို႔စ္ဆန္တို႔စ္အဗီ႐ိုျဖစ္ပါသတဲ့။ မိသားစုေနာက္ခံအေျခအေန မေတာင့္တင္းလွေပမယ့္ သူဟာ ေနာက္ပိုင္းမွာ ကမာၻေက်ာ္ႀကီးျဖစ္လာပါတယ္။ ဒါ့အျပင္ သူဟာလန္ဒန္မွာရွိတဲ့ နာမည္ႀကီးမဒမ္တူးေဆာ့ဒ္စ္ဖ ေယာင္းျပတိုက္မွာပါဂုဏ္ျပဳျပသခံရတဲ့ ေလးေယာက္ေျမာက္ေဘာလုံးသမားျဖစ္လာပါတယ္။ သူ႔ေရွ႕မွာဒီလိုဂုဏ္ျပဳျပသခံရတဲ့ ေဘာလုံးသမားဆိုလို႔ စတီဗင္ဂ်ရတ္၊ ပီလီနဲ႔ေဒးဗစ္ဘက္ခမ္းပဲရွိပါတယ္။

သူ႔မွာ သားသမီးေလးေယာက္ရွိပါတယ္။
သူ႔ရဲ႕အႀကီးဆုံးသားေလးဟာ အသက္(၁၁)ႏွစ္ရွိေနပါၿပီ။ ဒီကေလးကို ဘယ္သူနဲ႔ရတယ္ဆိုတာကိုေတာ့ စီေရာ္နယ္ဒိုကအခုထက္ထိထုတ္မေျပာေသးပါဘူး။ ၂ဝ၁၇ ခုႏွစ္ ဇြန္လမွာေတာ့ သူဟာအငွားကိုယ္ဝန္ေဆာင္နဲ႔ အႁမႊာရင္ေသြးေလးရထားၿပီလို႔ ေၾကညာလိုက္ပါတယ္။ အဲဒီႏွစ္ ဇူလိုင္လမွာပဲ သူဟာဂ်ီေအာ္ဂီနာေရာ့ဒ္ရီဂူဇ္ Georgina Rodriguez ဆိုတဲ့ ရည္း စားနဲ႔ကေလးတစ္ေယာက္ရေတာ့မွာလို႔ေၾကညာလိုက္ျပန္ပါတယ္။ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလမွာလည္း သူနဲ႔သူ႔ရည္းစားအႁမႊာရင္ေသြးေလးရေတာ့မယ္လို႔ သူတို႔ႏွစ္ေယာက္ကေၾကညာလိုက္ျပန္ပါေသးတယ္။ ဒါေၾကာင့္ ၂ဝ၂၁ ခုႏွစ္ ႏွစ္ကုန္ပိုင္းအထိေတာ့သူ႔မွာသားသမီးစုစုေပါင္း ေလးေယာက္ ရွိပါတယ္။ ေနာက္တိုးအႁမႊာေလးေမြးတဲ့အခါက်ရင္ေတာ့ စီေရာ္နယ္ဒိုဟာ ကေလးေျခာက္ေယာက္ အေဖျဖစ္ေတာ့မွာပါ။

လက္ရွိသူ႔ရည္းစားေကာင္မေလးဟာ စားပြဲထိုးအျဖစ္အလုပ္လုပ္ခဲ့ဖူးပါတယ္။
၁၉၉၄ ခုႏွစ္မွာ ေမြးတဲ့စပိန္ေမာ္ဒယ္ေခ်ာေလးဟာ ေမာ္ဒယ္ဘဝမေရာက္ခင္တုန္းကစားပြဲထိုးအလုပ္၊ ကေလးထိန္းအလုပ္လုပ္ခဲ့ရပါတယ္။ ဂ်ီေအာ္ ဂီနာေရာ့ဒ္ရီဂူဇ္ဟာ ဗီအိုင္ပြဲတစ္ပြဲမွာစီေရာ္နယ္ဒိုနဲ႔ဆုံျဖစ္သြားတာျဖစ္ၿပီး အဲဒီမွာ စီေရာ္နယ္ဒိုကရႈိက္ဖိုႀကီးငယ္အသြယ္သြယ္နဲ႔ ဒီမိန္းမေခ်ာေလးကို မ်က္စိက်သြားတာပါ။ အခုဆိုရင္ ဒီမိန္းမေခ်ာေလးဟာ စီေရာ္နယ္ဒိုနဲ႔အ တူဇိမ္ခံစံအိမ္ႀကီးမွာအတူေန၊ ကမာၻတလႊား ဇိမ္ခံအပန္းေျဖခရီးေတြအ တူသြားေလ့ရွိပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္ သူဟာအက္စတက္ဂရမ္မွာ ပရိသတ္ ၂၅ သန္းရွိပါတယ္။

Related news

© 2021. All rights reserved.