ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့အပါအဝင် ဖမ်းဆီးခံနာမည်ကျော်အနုပညာရှင်များ အနည်းဆုံး ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခံရ

1282

NP News - ဒီဇင်ဘာ ၃ဝ
နာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်အပါအဝင် လူမင်း၊ ရဲတိုက်၊ အဆိုတော်စောဖိုးခွား၊ အဆိုတော် ပိုပို ၊ Beauty Blogger ဝင်းမင်းသန်း တို့ကို ဒီနေ့ ဒီဇင်ဘာလ(၃ဝ) ရက် နေ့လယ်ပိုင်းက အင်းစိန်အကျဉ်းထောင်အတွင်းရှိအထူးတရားရုံးက ၎င်းတို့ကိုအလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီ ကျခံစေရန် အသီးသီးချမှတ်လိုက်တယ်လို့ သိရပါတယ်။
သရုပ်ဆောင် ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅(က)နဲ့ အရေးယူ ဖမ်းဆီးခံခဲ့ရပြီး ရှစ်လအကြာမှာ အခုလိုမျိုး ထောင်ဒဏ်သုံးနှစ်ကျခံစေဖို့ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတာဖြစ်ပြီး အလားတူ ကျန်တဲ့အနုပညာရှင်တွေကိုလည်း ထောင်ဒဏ် သုံးနှစ်စီကျခံစေရန် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ရဲတိုက် ရင်ဆိုင်နေရတဲ့အမှုတွေကတော့ ပုဒ်မ ၅၀၅-က နဲ့ မူးယစ်ပုဒ်မ ၁၆ (ဂ) အမှုတို့ဖြစ်တာကြောင့် ယခုချမှတ်ခံလိုက်ရတဲ့အမှုဟာ ပုဒ်မ ၅ဝ၅(က)အတွက် ထောင်ဒဏ်သုံးနှစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ရဲတိုက် အနေနဲ့ မူးယစ်ပုဒ်မ ၁၆(ဂ) အမှုအတွက် လာမယ့် ဇန်နဝါရီလ ၅ ရက်မှာ မရမ်းကုန်းမြို့နယ်တရားရုံးရဲ့ အမိန့်ချမှတ်မှုကို ထပ်မံခံယူရဦးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ(၂၇) ရက်နေ့ကလည်း မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅(က) နဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့နာမည်ကျော်အနုပညာရှင်များကို ဒီနေ့မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ပြစ်ဒဏ် အသီးသီး ချမှတ်လိုက်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် အဆိုပါပြစ်ဒဏ်ဟာ အချုပ်ကျခံနေရသူရဲ့ချုပ်ရက် တွေကို ထုတ်နှုတ် ခံစားခွင့်ရှိတယ်လို့ သိရတာကြောင့် လာမယ့် ၂ဝ၂၂ ခုနှစ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့် တွေထဲ ပါဝင်လာနိုင်ဖို့ မျှော်လင့်ကြောင်း အနုပညာအသိုင်းအဝိုင်းက လူမှုကွန်ရက်ပေါ်မှာ ဆုတောင်းစကားများ ရေးသားဖော်ပြခဲ့ကြတာကိုတွေ့ရပါတယ်။
Zawgyi Version;
ေျပတီဦး၊ အိၿႏၵာေက်ာ္ဇင္တို႔အပါအဝင္ ဖမ္းဆီးခံနာမည္ေက်ာ္အႏုပညာရွင္မ်ား အနည္းဆံုး ေထာင္ဒဏ္ (၃) ႏွစ္စီ ခ်မွတ္ခံရ
NP News - ဒီဇင္ဘာ ၃ဝ
နာမည္ႀကီးအႏုပညာရွင္္ေတြျဖစ္တဲ့ သရုပ္ေဆာင္ ေျပတီဦးႏွင့္ အိျႏၵာေက်ာ္ဇင္အပါအဝင္ လူမင္း၊ ရဲတိုက္၊ အဆိုေတာ္ေစာဖိုးခြား၊ အဆိုေတာ္ ပိုပို ၊ Beauty Blogger ဝင္းမင္းသန္း တို႔ကို ဒီေန႔ ဒီဇင္္ဘာလ(၃ဝ) ရက္ ေန႔လယ္ပိုင္းက အင္းစိန္အက်ဥ္းေထာင္အတြင္းရွိအထူးတရား႐ုံးက ၄င္းတို႔ကိုအလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၃ ႏွစ္စီ က်ခံေစရန္ အသီးသီးခ်မွတ္လိုက္တယ္လို႔ သိရပါတယ္။
သ႐ုပ္ေဆာင္ ေျပတီဦးႏွင့္အိျႏၵာေက်ာ္ဇင္တို႔ဇနီးေမာင္ႏွံဟာ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅ဝ၅(က)နဲ႔ အေရးယူ ဖမ္းဆီးခံခဲ့ရၿပီး ရွစ္လအၾကာမွာ အခုလိုမ်ဳိး ေထာင္ဒဏ္သံုးႏွစ္က်ခံေစဖို႔ ျပစ္ဒဏ္ခ်မွတ္ခံလိုက္ရတာျဖစ္ၿပီး အလားတူ က်န္တဲ့အႏုပညာရွင္ေတြကိုလည္း ေထာင္ဒဏ္ သံုးႏွစ္စီက်ခံေစရန္ ခ်မွတ္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္ ရဲတိုက္ ရင္ဆိုင္ေနရတဲ့အမႈေတြကေတာ့ ပုဒ္မ ၅၀၅-က နဲ႔ မူးယစ္ပုဒ္မ ၁၆ (ဂ) အမႈတို႔ျဖစ္တာေၾကာင့္ ယခုခ်မွတ္ခံလိုက္ရတဲ့အမႈဟာ ပုဒ္မ ၅ဝ၅(က)အတြက္ ေထာင္ဒဏ္သံုးႏွစ္ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ရဲတုိက္ အေနနဲ႔ မူးယစ္ပုဒ္မ ၁၆(ဂ) အမႈအတြက္ လာမယ့္ ဇန္နဝါရီလ ၅ ရက္မွာ မရမ္းကုန္းၿမိဳ႕နယ္တရား႐ုံးရဲ႕ အမိန္႔ခ်မွတ္မႈကို ထပ္မံခံယူရဦးမွာျဖစ္တယ္လို႔ သိရပါတယ္။
ဒီဇင္ဘာလ(၂၇) ရက္ေန႔ကလည္း ေမာ္ဒယ္ သရုပ္ေဆာင္ ပိုင္တံခြန္ကို ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅ဝ၅(က) နဲ႔ ေထာင္ဒဏ္ သံုးႏွစ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။
ဖမ္းဆီးခံထားရတဲ့နာမည္ေက်ာ္အႏုပညာရွင္မ်ားကို ဒီေန႔မွာ အလုပ္ႀကမ္းနဲ႔ေထာင္ဒဏ္ ျပစ္ဒဏ္ အသီးသီး ခ်မွတ္လိုက္ေၾကာင္း သတင္းမ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ အဆိုပါျပစ္ဒဏ္ဟာ အခ်ဳပ္က်ခံေနရသူရဲ႕ခ်ဳပ္ရက္ ေတြကို ထုတ္ႏႈတ္ ခံစားခြင့္ရွိတယ္လို႔ သိရတာေၾကာင့္ လာမယ့္ ၂ဝ၂၂ ခုႏွစ္အတြင္း လြတ္ၿငိမ္းခ်မ္းသာခြင့္ ေတြထဲ ပါဝင္လာႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း အႏုပညာအသိုင္းအဝိုင္းက လူမႈကြန္ရက္ေပၚမွာ ဆုေတာင္းစကားမ်ား ေရးသားေဖာ္ျပခဲ့ၾကတာကိုေတြ႕ရပါတယ္။