၂ဝ၂၁ ခုနှစ်တွင် ဝင်ငွေအမြင့်ဆုံးရသည့် ကိုရီးယားဇာတ်လမ်းတွဲ မင်းသား၊ မင်းသမီးများ

1466

ဝတီ (NP News) - ဒီဇင်ဘာ ၃၁
Netflix ၊ Apple TV နဲ့ Disney+ တို့ကြောင့် ၂ဝ၂၁ ခုနှစ်ဟာကိုရီးယားအ နုပညာလောကအတွက် ဝင်ငွေအင်မတန်ကောင်းတဲ့နှစ်တစ်နှစ်ဖြစ်သွားပါတယ်။ အရည်အသွေးမြင့်ကိုရီးယားဇာတ်လမ်းတွဲတွေကို ကြည့်ချင်တဲ့ ပရိသတ်တွေ တစ်ကမ္ဘာလုံးမှာများလာတဲ့အတွက် သူတို့တွေကကိုရီးယားကားကောင်းတွေ၊ အစီအစဉ်ကောင်းတွေရဖို့ တစ်ခုနဲ့တစ်ခုအ ကြိတ်အနယ်ယှဉ်ပြိုင်လာကြတယ်လေ။ Disney+ ဆိုရင် Blackpink အဖွဲ့အကြောင်းမှတ်တမ်းရုပ်ရှင်နဲ့ Running Man တို့ကိုလည်း ၂ဝ၂၂ ခုနှစ်မှာထုတ်လွှင့်သွားဦးမှာဖြစ်ပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေကို လူကြိုက်များလာတာနဲ့အမျှ နာမည်ကြီးကိုရီးယားမင်းသား၊မင်းသမီးတွေဟာလည်း ဝင်ငွေတိုးပြီးရင်းတိုးနေတော့တာပေါ့။ ဒါကြောင့် ၂ဝ၂၁ ခုနှစ်ဝင်ငွေအမြင့်ဆုံး ကိုရီးယားမင်းသား၊ မင်းသမီးတွေကဘယ်သူတွေလဲ၊ သူတို့တွေအပိုင်းတစ်ပိုင်းရိုက်ရင် ဘယ်လောက်ရသလဲဆိုတာ စု စည်းဖော်ပြလိုက်ပါတယ်။
zawgyi version
၂ဝ၂၁ ခုႏွစ္တြင္ ဝင္ေငြအျမင့္ဆုံးရသည့္ ကိုရီးယားဇာတ္လမ္းတြဲ မင္းသား၊ မင္းသမီးမ်ား
ဝတီ (NP News) - ဒီဇင္ဘာ ၃၁
Netflix ၊ Apple TV နဲ႔ Disney+ တို႔ေၾကာင့္ ၂ဝ၂၁ ခုႏွစ္ဟာကိုရီးယားအ ႏုပညာေလာကအတြက္ ဝင္ေငြအင္မတန္ေကာင္းတဲ့ႏွစ္တစ္ႏွစ္ျဖစ္သြားပါတယ္။ အရည္အေသြးျမင့္ကိုရီးယားဇာတ္လမ္းတြဲေတြကို ၾကည့္ခ်င္တဲ့ ပရိသတ္ေတြ တစ္ကမာၻလုံးမွာမ်ားလာတဲ့အတြက္ သူတို႔ေတြကကိုရီးယားကားေကာင္းေတြ၊ အစီအစဥ္ေကာင္းေတြရဖို႔ တစ္ခုနဲ႔တစ္ခုအ ႀကိတ္အနယ္ယွဥ္ၿပိဳင္လာၾကတယ္ေလ။ Disney+ ဆိုရင္ Blackpink အဖြဲ႕အေၾကာင္းမွတ္တမ္း႐ုပ္ရွင္နဲ႔ Running Man တို႔ကိုလည္း ၂ဝ၂၂ ခုႏွစ္မွာထုတ္လႊင့္သြားဦးမွာျဖစ္ပါတယ္။ ကိုရီးယားဇာတ္လမ္းတြဲေတြကို လူႀကိဳက္မ်ားလာတာနဲ႔အမွ် နာမည္ႀကီးကိုရီးယားမင္းသား၊မင္းသမီးေတြဟာလည္း ဝင္ေငြတိုးၿပီးရင္းတိုးေနေတာ့တာေပါ့။ ဒါေၾကာင့္ ၂ဝ၂၁ ခုႏွစ္ဝင္ေငြအျမင့္ဆုံး ကိုရီးယားမင္းသား၊ မင္းသမီးေတြကဘယ္သူေတြလဲ၊ သူတို႔ေတြအပိုင္းတစ္ပိုင္း႐ိုက္ရင္ ဘယ္ေလာက္ရသလဲဆိုတာ စု စည္းေဖာ္ျပလိုက္ပါတယ္။

ကင်မ်ဆိုဟွန်- Kim Soo-hyun (ဒေါ်လာ ၃ ဒသမ ၄ သန်း)
ကင်မ်ဆိုဟွန်ဟာ လက်ရှိထိပ်တန်းမင်းသားဖြစ်နေတော့ One Ordinary Day ဇာတ်လမ်းတွဲမှာအပိုင်းတစ်ပိုင်းသရုပ်ဆောင်ခအဖြစ် ဒေါ်လာ ၄၂၃ဝဝဝ (ဝမ်သန်း ၅ဝဝ) ယူတာ အံ့သြစရာတော့မဟုတ်ပါဘူး။ ဒီဇာတ် လမ်းတွဲဟာ အပိုင်းရှစ်ပိုင်းရှိတော့ အသက် ၃၃ နှစ်ပဲရှိသေးတဲ့ ဒီမင်းသားဟာ အဲဒီဇာတ်လမ်းတွဲကနေစုစုပေါင်း ဒေါ်လာ ၃ ဒသမ ၄ သန်းရသွားပါတော့တယ်။ သူက အဲဒီဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ရုံတင်မက ပူးတွဲထုတ်လုပ်သူပါလုပ်ပါသေးသတဲ့။ ဒါကြောင့် အဲဒီဇာတ်ကားကနေသူရတဲ့
ပိုက်ဆံက ဒေါ်လာ ၃ ဒသမ ၄ သန်းထက်တောင်များဦးမှာပါပဲ။
zawgyi version
ကင္မ္ဆိုဟြန္- Kim Soo-hyun (ေဒၚလာ ၃ ဒသမ ၄ သန္း)
ကင္မ္ဆိုဟြန္ဟာ လက္ရွိထိပ္တန္းမင္းသားျဖစ္ေနေတာ့ One Ordinary Day ဇာတ္လမ္းတြဲမွာအပိုင္းတစ္ပိုင္းသ႐ုပ္ေဆာင္ခအျဖစ္ ေဒၚလာ ၄၂၃ဝဝဝ (ဝမ္သန္း ၅ဝဝ) ယူတာ အံ့ၾသစရာေတာ့မဟုတ္ပါဘူး။ ဒီဇာတ္ လမ္းတြဲဟာ အပိုင္းရွစ္ပိုင္းရွိေတာ့ အသက္ ၃၃ ႏွစ္ပဲရွိေသးတဲ့ ဒီမင္းသားဟာ အဲဒီဇာတ္လမ္းတြဲကေနစုစုေပါင္း ေဒၚလာ ၃ ဒသမ ၄ သန္းရသြားပါေတာ့တယ္။ သူက အဲဒီဇာတ္လမ္းတြဲမွာ သ႐ုပ္ေဆာင္႐ုံတင္မက ပူးတြဲထုတ္လုပ္သူပါလုပ္ပါေသးသတဲ့။ ဒါေၾကာင့္ အဲဒီဇာတ္ကားကေနသူရတဲ့ပိုက္ဆံက ေဒၚလာ ၃ ဒသမ ၄ သန္းထက္ေတာင္မ်ားဦးမွာပါပဲ။
ဆောင်းဂျွန်ကီ-Song Joong-ki (ဒေါ်လာ ၃ ဒသမ ၄ သန်း)
အသက်(၃၆)နှစ်အရွယ်နာမည်ကြီးမင်းသားဆောင်းဂျွန်ကီဟာ ၂ဝ၂၁ခုနှစ် နှစ်ဆန်းပိုင်းမှာ Vincenzo (ဗင်ဆန်ဇို)ဆိုတဲ့ ဇာတ်ကားနဲ့သူ့ပရိသတ်တွေကိုဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ သူဟာ အဲဒီဇာတ်ကားအပိုင်းတစ်ပိုင်း ရိုက်ကူးခအဖြစ်ဒေါ်လာ ၁၇ဝဝဝဝ(ဝမ်သန်း ၂ဝဝ) ရခဲ့ပါတယ်။ အပိုင်းက ၂ဝ ရှိတာဆိုတော့သူဟာအဲဒီဇာတ်လမ်းတွဲတစ်ခုနဲ့တင် ဒေါ်လာ ၃ ဒသမ ၄ သန်းရသွားတော့တာပေါ့။
zawgyi version
ေဆာင္းဂြၽန္ကီ-Song Joong-ki (ေဒၚလာ ၃ ဒသမ ၄ သန္း)
အသက္(၃၆)ႏွစ္အ႐ြယ္နာမည္ႀကီးမင္းသားေဆာင္းဂြၽန္ကီဟာ ၂ဝ၂၁ခုႏွစ္ ႏွစ္ဆန္းပိုင္းမွာ Vincenzo (ဗင္ဆန္ဇို)ဆိုတဲ့ ဇာတ္ကားနဲ႔သူ႔ပရိသတ္ေတြကိုေဖ်ာ္ေျဖတင္ဆက္ခဲ့ပါတယ္။ သူဟာ အဲဒီဇာတ္ကားအပိုင္းတစ္ပိုင္း ႐ိုက္ကူးခအျဖစ္ေဒၚလာ ၁၇ဝဝဝဝ(ဝမ္သန္း ၂ဝဝ) ရခဲ့ပါတယ္။ အပိုင္းက ၂ဝ ရွိတာဆိုေတာ့သူဟာအဲဒီဇာတ္လမ္းတြဲတစ္ခုနဲ႔တင္ ေဒၚလာ ၃ ဒသမ ၄ သန္းရသြားေတာ့တာေပါ့။
ဆောင်းဟေကို - Song Hye-kyo (ဒေါ်လာ ၂ ဒသမ ၇ သန်း)
ကိုရီးယားအနုပညာလောကမှ အောင်အောင်မြင်မြင်ရပ်တည်နေတာနှစ် တွေအများကြီးကြာနေပြီဖြစ်တဲ့ အသက်(၄ဝ)အရွယ်မင်းသမီးချောဆောင်းဟေကိုဟာ Now, We Are Breaking Up ဆိုတဲ့ဇာတ်လမ်းတွဲကို ရိုက်ကူးရာမှာ အပိုင်းတစ်ပိုင်းကိုအနုပညာကြေး ဒေါ်လာ ၁၇ဝဝဝဝ(ဝမ် သန်း ၂ဝဝ)ရခဲ့ပါသတဲ့။သူရတဲ့နှုန်းထားဟာသူ့ခင်ပွန်းဟောင်းဆောင်းဂျွန်ကီနဲ့အတူတူပါပဲ။ ဒါပေမဲ့ အဲဒီဇာတ်ကားက အပိုင်း ၁၆ ပိုင်းပဲရှိတာဆိုတော့ သူဟာအဲဒီဇာတ်လမ်းတွဲနဲ့ ဒေါ်လာ ၂ ဒသမ ၇ သန်းလျော့လျော့ပဲ
ရလိုက်တာပေါ့။
zawgyi version
ေဆာင္းေဟကို - Song Hye-kyo (ေဒၚလာ ၂ ဒသမ ၇ သန္း)
ကိုရီးယားအႏုပညာေလာကမွ ေအာင္ေအာင္ျမင္ျမင္ရပ္တည္ေနတာႏွစ္ ေတြအမ်ားႀကီးၾကာေနၿပီျဖစ္တဲ့ အသက္(၄ဝ)အ႐ြယ္မင္းသမီးေခ်ာေဆာင္းေဟကိုဟာ Now, We Are Breaking Up ဆိုတဲ့ဇာတ္လမ္းတြဲကို ႐ိုက္ကူးရာမွာ အပိုင္းတစ္ပိုင္းကိုအႏုပညာေၾကး ေဒၚလာ ၁၇ဝဝဝဝ(ဝမ္ သန္း ၂ဝဝ)ရခဲ့ပါသတဲ့။သူရတဲ့ႏႈန္းထားဟာသူ႔ခင္ပြန္းေဟာင္းေဆာင္းဂြၽန္ကီနဲ႔အတူတူပါပဲ။ ဒါေပမဲ့ အဲဒီဇာတ္ကားက အပိုင္း ၁၆ ပိုင္းပဲရွိတာဆိုေတာ့ သူဟာအဲဒီဇာတ္လမ္းတြဲနဲ႔ ေဒၚလာ ၂ ဒသမ ၇ သန္းေလ်ာ့ေလ်ာ့ပဲရလိုက္တာေပါ့။
ဂျန်ဂျီဟွန်-Jun Ji-hyun (ဒေါ်လာ ၂ ဒသမ ၇ သန်း)
နောက်ထပ်ဝင်ငွေအမြင့်ဆုံးမင်းသမီးကတော့ ဂျန်ဂျီဟွန်ပဲဖြစ်ပါတယ်။
Jirisan မင်းသမီးဟာ အဲဒီဇာတ်လမ်းတွဲရိုက်တော့အပိုင်းတစ်ပိုင်းကိုဒေါ် လာ ၁၇ဝဝဝဝ(ဝမ်သန်း ၂ဝဝ)ရခဲ့ပါတယ်။ အပိုင်းက ၁၆ ပိုင်းရှိတာဆိုတော့အသက်(၄ဝ)အရွယ် ဂျန်ဂျီဟွန်ဟာ ဒေါ်လာ ၂ ဒသမ ၇ သန်းရသွားပါတော့တယ်။ ဒါတင်မက My Sassy Girl မင်းသမီးဟာ ၂ဝ၂၁ ခုနှစ်တစ်နှစ်တည်းမှာပဲ ကြော်ငြာ(၁၆)ခုရိုက်ခဲ့ရတော့အဲဒီကနေ ဒေါ်လာ ၁၄ သန်း (ဝမ် ၁၇ ဘီလျံ)ရသွားပါသေးသတဲ့လေ။
zawgyi version
ဂ်န္ဂ်ီဟြန္-Jun Ji-hyun (ေဒၚလာ ၂ ဒသမ ၇ သန္း)
ေနာက္ထပ္ဝင္ေငြအျမင့္ဆုံးမင္းသမီးကေတာ့ ဂ်န္ဂ်ီဟြန္ပဲျဖစ္ပါတယ္။ Jirisan မင္းသမီးဟာ အဲဒီဇာတ္လမ္းတြဲ႐ိုက္ေတာ့အပိုင္းတစ္ပိုင္းကိုေဒၚ လာ ၁၇ဝဝဝဝ(ဝမ္သန္း ၂ဝဝ)ရခဲ့ပါတယ္။ အပိုင္းက ၁၆ ပိုင္းရွိတာဆိုေတာ့အသက္(၄ဝ)အ႐ြယ္ ဂ်န္ဂ်ီဟြန္ဟာ ေဒၚလာ ၂ ဒသမ ၇ သန္းရသြားပါေတာ့တယ္။ ဒါတင္မက My Sassy Girl မင္းသမီးဟာ၂ဝ၂၁ ခုႏွစ္တစ္ႏွစ္တည္းမွာပဲ ေၾကာ္ျငာ(၁၆)ခု႐ိုက္ခဲ့ရေတာ့အဲဒီကေန ေဒၚလာ ၁၄ သန္း (ဝမ္ ၁၇ ဘီလ်ံ)ရသြားပါေသးသတဲ့ေလ။

လီဂျန်ဂျေး-Lee Jung-jae (ဒေါ်လာ ၂ ဒသမ ၃ သန်း)
ဝင်ငွေအမြင့်ဆုံး မင်းသား၊ မင်းသမီးကိုပြောရင် Squid Game မင်းသား ကြီးလီဂျန်ဂျေးမပါဘဲဘယ်လိုမှမဖြစ်ပါဘူး။ ဒါပေမဲ့အသက်(၄၈)နှစ်အ ရွယ်ဒီမင်းသားကြီးဟာ ဒီစာရင်းထဲမှာပါတဲ့တခြားမင်းသား၊ မင်းသမီးတွေထက်တော့ဝင်ငွေမဆိုစလောက်နည်းပါတယ်။ သူဟာ Squid Game ဇာတ်ကားမှာအပိုင်းတစ်ပိုင်းကို အနုပညာကြေး ဒေါ်လာ ၂၅၃၆ဝဝ ရပေမယ့်အပိုင်းကကိုးပိုင်းပဲရှိတာဆိုတော့ သူဟာ စုစုပေါင်းဒေါ်လာ ၂ ဒသမ ၃ သန်း လျော့လျော့ပဲ ရလိုက်ပါတော့တယ်။ ဒါပေမဲ့ဒီဇာတ်ကားဒုတိယတွဲထွက်ဖို့ အလားအလာကောင်းနေပြီဆိုတော့မင်းသားကြီးအတွက် ကံ ကောင်းတာပဲပေါ့။
zawgyi version
လီဂ်န္ေဂ်း-Lee Jung-jae (ေဒၚလာ ၂ ဒသမ ၃ သန္း)
ဝင္ေငြအျမင့္ဆုံး မင္းသား၊ မင္းသမီးကိုေျပာရင္ Squid Game မင္းသား ႀကီးလီဂ်န္ေဂ်းမပါဘဲဘယ္လိုမွမျဖစ္ပါဘူး။ ဒါေပမဲ့အသက္(၄၈)ႏွစ္အ ႐ြယ္ဒီမင္းသားႀကီးဟာ ဒီစာရင္းထဲမွာပါတဲ့တျခားမင္းသား၊ မင္းသမီးေတြထက္ေတာ့ဝင္ေငြမဆိုစေလာက္နည္းပါတယ္။ သူဟာ Squid Game ဇာတ္ကားမွာအပိုင္းတစ္ပိုင္းကို အႏုပညာေၾကး ေဒၚလာ ၂၅၃၆ဝဝ ရေပမယ့္အပိုင္းကကိုးပိုင္းပဲရွိတာဆိုေတာ့ သူဟာ စုစုေပါင္းေဒၚလာ ၂ ဒသမ ၃ သန္း ေလ်ာ့ေလ်ာ့ပဲ ရလိုက္ပါေတာ့တယ္။ ဒါေပမဲ့ဒီဇာတ္ကားဒုတိယတြဲထြက္ဖို႔ အလားအလာေကာင္းေနၿပီဆိုေတာ့မင္းသားႀကီးအတြက္ ကံ ေကာင္းတာပဲေပါ့။
လီယောင်အေး- Lee Young-ae (ဒေါ်လာ ၂ သန်း)
Netflix က ထုတ်လွှင့်တဲ့ Inspector Koo မှာပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့အတွက် ဝါရင့်မင်းသမီးကြီးလီယောင်အေး ဝင်ငွေအရမ်းဖြောင့်သွားပါတယ်။ အသက်(၅ဝ)အရွယ် မင်းသမီးကြီးဟာအပိုင်းတစ်ပိုင်းကို ဒေါ်လာ ၁၇ဝဝဝဝ ရသွားတာပါ။ ဒီတော့အပိုင်း ၁၂ ပိုင်းစာအတွက် ဒေါ်လာ ၂ သန်းလောက် ရသွားတော့တာပေါ့။ သူဟာ ၂ဝ၁၇ ခုနှစ်မှာထွက်တဲ့ Saimdang (ဆင်ဒန်)၊ Memoir of Colors (မန်မွာအော့ကာလာ)ဆိုတဲ့
ဇာတ်လမ်းတွဲမှာတွေတုန်းက တစ်ပိုင်းကို ၈၄၅၇၅ ဒေါ်လာရခဲ့တာဖြစ်ပါတယ်။
zawgyi version
လီေယာင္ေအး- Lee Young-ae (ေဒၚလာ ၂ သန္း)
Netflix က ထုတ္လႊင့္တဲ့ Inspector Koo မွာပါဝင္သ႐ုပ္ေဆာင္ခြင့္ရခဲ့တဲ့အတြက္ ဝါရင့္မင္းသမီးႀကီးလီေယာင္ေအး ဝင္ေငြအရမ္းေျဖာင့္သြားပါတယ္။ အသက္(၅ဝ)အ႐ြယ္ မင္းသမီးႀကီးဟာအပိုင္းတစ္ပိုင္းကို ေဒၚလာ ၁၇ဝဝဝဝ ရသြားတာပါ။ ဒီေတာ့အပိုင္း ၁၂ ပိုင္းစာအတြက္ ေဒၚလာ ၂ သန္းေလာက္ ရသြားေတာ့တာေပါ့။ သူဟာ ၂ဝ၁၇ ခုႏွစ္မွာထြက္တဲ့ Saimdang (ဆင္ဒန္)၊ Memoir of Colors (မန္မြာေအာ့ကာလာ)ဆိုတဲ့ဇာတ္လမ္းတြဲမွာေတြတုန္းက တစ္ပိုင္းကို ၈၄၅၇၅ ေဒၚလာရခဲ့တာျဖစ္ပါတယ္။
ဂိုဟွန်ဂျန်- Go Hyun-jung (ဒေါ်လာ ၁ ဒသမ ၄ သန်း)
မစ္စကိုရီးယားဒုတိယဆုရခဲ့ဖူးတဲ့ ဂိုဟွန်ဂျန်ဟာ Relection of You ဇာတ် ကားနဲ့ ၂ဝ၂၁ ခုနှစ်မှာသရုပ်ဆောင်လောကထဲပြန်ဝင်လာပါတယ်။ အပိုင်း ၁၆ ပိုင်းရှိတဲ့အဲဒီဇာတ်ကားမှာ သူက သရုပ်ဆောင်ခဒေါ်လာ ၁ ဒသမ ၄ သန်းရသွားခဲ့ပါတယ်။ ဒါကြောင့် အသက်(၅ဝ)အရွယ် ဒီမင်းသမီးကြီးဟာ အပိုင်းတစ်ပိုင်းကို အနုပညာကြေး ၈၄၅၇၅ ဒေါ်လာရသွားတယ်လို့အခိုင် အမာယူဆရပါတယ်။
zawgyi version
ဂိုဟြန္ဂ်န္- Go Hyun-jung (ေဒၚလာ ၁ ဒသမ ၄ သန္း)
မစၥကိုရီးယားဒုတိယဆုရခဲ့ဖူးတဲ့ ဂိုဟြန္ဂ်န္ဟာ Relection of You ဇာတ္ ကားနဲ႔ ၂ဝ၂၁ ခုႏွစ္မွာသ႐ုပ္ေဆာင္ေလာကထဲျပန္ဝင္လာပါတယ္။ အပိုင္း ၁၆ ပိုင္းရွိတဲ့အဲဒီဇာတ္ကားမွာ သူက သ႐ုပ္ေဆာင္ခေဒၚလာ ၁ ဒသမ ၄ သန္းရသြားခဲ့ပါတယ္။ ဒါေၾကာင့္ အသက္(၅ဝ)အ႐ြယ္ ဒီမင္းသမီးႀကီးဟာ အပိုင္းတစ္ပိုင္းကို အႏုပညာေၾကး ၈၄၅၇၅ ေဒၚလာရသြားတယ္လို႔အခိုင္ အမာယူဆရပါတယ္။