ကက်ရှ်မီးယားရှိ နာမည်ကြီး ဟိန္ဒူဘုရားကျောင်းမှာ လူအုပ်ကြီးရဲ့တိုးဝှေ့ဝတ်ပြုမှုကြောင့် နင်းမိသေဆုံးသူ (၁၂) ဦးထိရှိ

943

ရောင်နီ (NP News) - ဇန်နဝါရီ ၁
အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားရှိ နာမည်ကြီးဟိန္ဒူဘုရားကျောင်းမှာ ဝတ်ပြု ဆုတောင်းသူ လူအုပ်ကြီးနဲ့ ကြိတ်ကြိတ်တိုးစည်ကားခဲ့ပြီး လူအုပ်ရဲ့နင်းမိမှုကြောင့် အနည်းဆုံး လူ(၁၂) ဦးသေဆုံးပြီး (၁၃) ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူများက နှစ်သစ်ကူးနေ့ဖြစ်တဲ့ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ(၁)ရက်မှာ ပြောကြားခဲ့ ပါတယ်။
ဂျမူးမြို့တောင်ပိုင်း ကက်ထရာ တောင်ကုန်းမှာ ထောင်နဲ့ချီတဲ့ ဟိန္ဒူဘာသာဝင်များ စုဝေး ဂါရဝပြုကြတဲ့ Mata Vaishnav Devi ဘုရားကျောင်းမှာ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ(၁) ရက်၊ စနေနေ့ နံနက်အစောပိုင်းက ဝတ်ပြုသူ လူအုပ်ကြီးကြောင့်ဖြစ်ပွားခဲ့တဲ့သေဆုံးမှုတွေအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။
ကိုးကွယ်ဆည်းကပ်သူတစ်ဦးက ဘုရားဖူးသွားတဲ့လမ်းကြောင်းမှ ထွက်ခွာရာ ဂိတ်ပေါက်တစ်ခုအနီး လူအုပ်ပြိုမှု ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းကိုယ်တိုင်လည်း အသက်ရှုကြပ်လဲကျခဲ့ပေမယ့် မတ်တပ်ပြန်ရပ်နိုင်ခဲ့ကြောင်း ဆိုခဲ့ပါ တယ်။ "အလောင်းတွေအပေါ်မှာ လှုပ်ရှားနေတဲ့လူတွေကို မြင်ခဲ့ရတယ်။ အဲဒါက ကြောက်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါပဲ။ ဒါပေမယ့် ဒဏ်ရာရတဲ့လူတချို့ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
Priyansh (ခေါ်) အခြားကိုးကွယ်ဆည်းကပ်သူတစ်ဦးက ၎င်းနဲ့ နယူးဒေလီမှ သူငယ်ချင်း(၁ဝ) ဦးဟာ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်၊ သောကြာနေ့ ညပိုင်းက နတ်ကွန်းသို့ အလည်အပတ်ရောက်ရှိလာခဲ့ပြီး ၎င်းရဲ့ သူငယ်ချင်းနှစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးသွားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ “ဒီလိုမျိုး တစ်ခါမှမမြင်ဖူးဘူး” လို့ ၎င်းက ဆိုပါတယ်။
အိန္ဒိယဝန်ကြီးချုပ် Narendra Modi က “လူအုပ်ပြိုမှုကြောင့် အသက်ဆုံးရှုံးရတဲ့အတွက် အလွန်ဝမ်းနည်းမိပါ တယ်” လို့ တွစ်တာမှာ ဒီအဖြစ်အပျက် ကြောင့် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။
ဟိန္ဒူဘုရားဖူးများဟာ အိန္ဒိယမြောက်ပိုင်းရှိ လာရောက်လည်ပတ်မှု အများဆုံးနတ်ကွန်းများထဲမှတစ်ခုဖြစ်တဲ့ တောင်ပေါ်ဘုရားကျောင်းသို့ ခြေလျင်ခရီးထွက်လေ့ရှိပြီး အိန္ဒိယနိုင်ငံရဲ့ဘာသာရေးပွဲတော်များမှာ ကြီးမားတဲ့ လူအုပ်ကြီးများနဲ့ ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိပြီး တစ်ခါတစ်ရံ လူအုပ်ကြီးကြောင့် လူသေဆုံးသည်အထိ ဖြစ်လေ့ဖြစ်ထရှိတယ်လို့ သိရပါတယ်။
Zawgyi Version;
ကက္ရွ္မီးယားရွိ နာမည္ႀကီး ဟိႏၵဴဘုရားေက်ာင္းမွာ လူအုပ္ႀကီးရဲ႕တိုးေဝွ႔ဝတ္ျပဳမႈေၾကာင့္ နင္းမိေသဆုံးသူ (၁၂) ဦးထိ ရိွ
ေရာင္နီ (NP News) - ဇန္နဝါရီ ၁
အိႏၵိယထိန္းခ်ဳပ္ထားတဲ့ ကက္ရွ္မီးယားရွိ နာမည္ႀကီးဟိႏၵဴဘုရားေက်ာင္းမွာ ဝတ္ျပဳ ဆုေတာင္းသူ လူအုပ္ႀကီးနဲ႔ ႀကိတ္ႀကိတ္တိုးစည္ကားခဲ့ၿပီး လူအုပ္ရဲ႕နင္းမိမႈေၾကာင့္ အနည္းဆုံး လူ(၁၂) ဦးေသဆုံးၿပီး (၁၃) ဦးထက္မနည္း ဒဏ္ရာ ရရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ႏွစ္သစ္ကူးေန႔ျဖစ္တဲ့ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလ(၁)ရက္မွာ ေျပာၾကားခဲ့ ပါတယ္။
ဂ်မူးၿမိဳ႕ေတာင္ပိုင္း ကက္ထရာ ေတာင္ကုန္းမွာ ေထာင္နဲ႔ခ်ီတဲ့ ဟိႏၵဴဘာသာဝင္မ်ား စုေဝး ဂါရဝျပဳၾကတဲ့ Mata Vaishnav Devi ဘုရားေက်ာင္းမွာ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလ(၁) ရက္၊ စေနေန႔ နံနက္အေစာပိုင္းက ဝတ္ျပဳသူ လူအုပ္ႀကီးေၾကာင့္ျဖစ္ပြားခဲ့တဲ့ေသဆံုးမႈေတြအတြက္ စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ဖို႔ အမိန႔္ေပးခဲ့ပါတယ္။
ကိုးကြယ္ဆည္းကပ္သူတစ္ဦးက ဘုရားဖူးသြားတဲ့လမ္းေၾကာင္းမွ ထြက္ခြာရာ ဂိတ္ေပါက္တစ္ခုအနီး လူအုပ္ၿပိဳမႈ ျဖစ္ပြားခဲ့ေၾကာင္း၊ ၄င္းကိုယ္တိုင္လည္း အသက္႐ႈၾကပ္လဲက်ခဲ့ေပမယ့္ မတ္တပ္ျပန္ရပ္ႏိုင္ခဲ့ေၾကာင္း ဆိုခဲ့ပါ တယ္။ "အေလာင္းေတြအေပၚမွာ လႈပ္ရွားေနတဲ့လူေတြကို ျမင္ခဲ့ရတယ္။ အဲဒါက ေၾကာက္စရာေကာင္းတဲ့ ျမင္ကြင္းတစ္ခုပါပဲ။ ဒါေပမယ့္ ဒဏ္ရာရတဲ့လူတခ်ိဳ႕ကို ကယ္ဆယ္ႏိုင္ခဲ့ပါတယ္" လို႔ ၄င္းက ဆိုပါတယ္။
Priyansh (ေခၚ) အျခားကိုးကြယ္ဆည္းကပ္သူတစ္ဦးက ၄င္းနဲ႔ နယူးေဒလီမွ သူငယ္ခ်င္း(၁ဝ) ဦးဟာ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ(၃၁) ရက္၊ ေသာၾကာေန႔ ညပိုင္းက နတ္ကြန္းသို႔ အလည္အပတ္ေရာက္ရွိလာခဲ့ၿပီး ၎ရဲ႕ သူငယ္ခ်င္းႏွစ္ဦးမွာ အခင္းျဖစ္ပြားရာေနရာမွာ ေသဆုံးသြားခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ “ဒီလိုမ်ိဳး တစ္ခါမွမျမင္ဖူးဘူး” လို႔ ၎က ဆိုပါတယ္။
အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi က “လူအုပ္ၿပိဳမႈေၾကာင့္ အသက္ဆုံးရႈံးရတဲ့အတြက္ အလြန္ဝမ္းနည္းမိပါ တယ္” လို႔ တြစ္တာမွာ ဒီအျဖစ္အပ်က္ ေၾကာင့္ ဝမ္းနည္းေၾကာင္း ေဖာ္ျပခဲ့ပါတယ္။
ဟိႏၵဴဘုရားဖူးမ်ားဟာ အိႏၵိယေျမာက္ပိုင္းရိွ လာေရာက္လည္ပတ္မႈ အမ်ားဆုံးနတ္ကြန္းမ်ားထဲမွတစ္ခုျဖစ္တဲ့ ေတာင္ေပၚဘုရားေက်ာင္းသို႔ ေျခလ်င္ခရီးထြက္ေလ့ရိွၿပီး အိႏၵိယႏိုင္ငံရဲ႕ဘာသာေရးပြဲေတာ္မ်ားမွာ ႀကီးမားတဲ့ လူအုပ္ႀကီးမ်ားနဲ႔ ႀကိတ္ႀကိတ္တိုး စည္ကားလ်က္ရိွၿပီး တစ္ခါတစ္ရံ လူအုပ္ႀကီးေၾကာင့္ လူေသဆုံးသည္အထိ ျဖစ္ေလ့ျဖစ္ထရွိတယ္လို႔ သိရပါတယ္။