ပြွန်တန်ဆာမြို့တွင်ဖောက်ခွဲရေးပြုလုပ်ရန် လက်လုပ်မိုင်းတပ်ဆင်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မိုင်းတပ်ဆင်သူ(၄) ဦးသေဆုံး

 1491

NP News - ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့အတွင်း ဖောက်ခွဲရေးပြုလုပ်ရန် အမည်မသိအမျိုးသား(၅)ဦးက လက်လုပ်မိုင်းများတပ်ဆင်နေစဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် မိုင်းတပ်ဆင်သူ(၄)ဦး သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်သည် ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်၊ ည(၇)နာရီ (၃ဝ)မိနစ်အချိန်ခန့်က ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၃)ရပ်ကွက်၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုသတင်းအရနယ်မြေခံလုံ ခြုံရေးတပ်ဖွဲ့ဝင်များမှသွားရောက်စစ်ဆေးခဲ့ရာ မြို့မ(၃)ရပ်ကွက်ရှိ ဦးစိုးသိန်းပိုင်ဆိုင်သည့် RC တစ်ထပ်တိုက် ဘယ်ဘက်ခြမ်းတွင်အောင်ပြည့်စုံထွန်း၊ ကျော်စွာနှင့် စည်သူထွန်းဆိုသူသုံးဦးသည် ခန္ဓာကိုယ်အနှံ့မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်းသိရသည်။ ထို့ ပြင် အောင်မြင့်မြတ်ထွန်းဆိုသူသည် ခန္ဓာကိုယ်အောက်ပိုင်း၌မိုင်းစထိမှန်ဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရကြောင်း နစကသတင်းထုတ်ပြန်ချက်အရသိရသည်။

ခန္ဓာကိုယ်အောက်ပိုင်း မိုင်းစထိမှန်ဒဏ်ရာများရရှိထားသည့် ကျူးလွန်သူအောင်မြင့်မြတ်ထွန်းကိုဖြစ်စဉ်အသေးစိတ်အား ဆက်လက်မေးမြန်းခဲ့ရာ၎င်းတို့သည် ဦးစိုးသိန်း၏သားဖြစ်သူ အသက်(၂၆)နှစ်ဇင်ကိုလွင်၊ အောင်ပြည့်စုံထွန်း၊ ကျော်စွာ၊ စည်သူထွန်းတို့နှင့်အတူဖောက်ခွဲရေးပြုလုပ်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ထို့ကြောင့်နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များသည် သေဆုံးသူများဖြစ်သည့် အောင်ပြည့်စုံထွန်း၊ ကျော်စွာနှင့်စည်သူထွန်း နှင့်ဒဏ်ရာရရှိသူ အောင်မြင့်မြတ်ထွန်းတို့ကို ပြွန်တန်ဆာမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာ နေအိမ်သို့ အသေးစိတ်ဆက်လက်စစ်ဆေးခဲ့ရာပေါက်ကွဲမှုဖြစ်ထားသည့် နေရာအနီးအနားတွင် ပျက်စီးနေသော ပစ္စတိုသေနတ်(၁)လက်နှင့် ကျည်(၂) တောင့်အားသိမ်းဆည်းရမိခဲ့ပြီး ဖောက်ခွဲမှုဖြစ်စဉ်၌ပါဝင်ခဲ့ကာပျောက် ဆုံးနေသည့် ဇင်ကိုလွင်အား၎င်းနေအိမ်၏ အမြင့်(၁၂)ပေခန့်ရှိအမိုးပေါ် ၌ ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုထပ်မံတွေ့ရှိခဲ့ရကြောင်းသိရသည်။ ထို့ကြောင့် အဆိုပါပေါက်ကွဲမှုဖြစ်စဉ်တွင် ဖောက်ခွဲရေးပြုလုပ်ရန်ဆောက်ရွက်သူ ငါးဦးအနက်(၄)ဦးသေဆုံးခဲ့ပြီး တစ်ဦးသည် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ ကျူးလွန်သူတရားခံများနှင့် ဆက်စပ်ပတ်သက်သူများအား ဆက်လက်စုံစမ်းဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

zawgyi version
ႁပြန္တန္ဆာၿမိဳ႕တြင္ေဖာက္ခြဲေရးျပဳလုပ္ရန္ လက္လုပ္မိုင္းတပ္ဆင္စဥ္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး မိုင္းတပ္ဆင္သူ(၄) ဦးေသဆုံး
NP News - ဇန္နဝါရီ ၂

ပဲခူးတိုင္းေဒသႀကီး ေညာင္ေလးပင္ၿမိဳ႕နယ္၊ ႁပြန္တန္ဆာၿမိဳ႕အတြင္း ေဖာက္ခြဲေရးျပဳလုပ္ရန္ အမည္မသိအမ်ိဳးသား(၅)ဦးက လက္လုပ္မိုင္းမ်ားတပ္ဆင္ေနစဥ္ေပါက္ကြဲမႈျဖစ္ပြားခဲ့သျဖင့္ မိုင္းတပ္ဆင္သူ(၄)ဦး ေသဆုံးၿပီး၊ တစ္ဦးဒဏ္ရာရရွိေၾကာင္း သတင္းရရွိသည္။

အဆိုပါျဖစ္စဥ္သည္ ၂ဝ၂၁ ခုႏွစ္ ဒီဇင္ဘာလ(၃၁) ရက္၊ ည(၇)နာရီ (၃ဝ)မိနစ္အခ်ိန္ခန႔္က ေညာင္ေလးပင္ၿမိဳ႕နယ္၊ ႁပြန္တန္ဆာၿမိဳ႕၊ ၿမိဳ႕မ (၃)ရပ္ကြက္၌ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေပါက္ကြဲမႈသတင္းအရနယ္ေျမခံလုံ ၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွသြားေရာက္စစ္ေဆးခဲ့ရာ ၿမိဳ႕မ(၃)ရပ္ကြက္ရွိ ဦးစိုးသိန္းပိုင္ဆိုင္သည့္ RC တစ္ထပ္တိုက္ ဘယ္ဘက္ျခမ္းတြင္ေအာင္ျပည့္စုံထြန္း၊ ေက်ာ္စြာႏွင့္ စည္သူထြန္းဆိုသူသုံးဦးသည္ ခႏၶာကိုယ္အႏွံ႔မိုင္းစထိမွန္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ရေၾကာင္းသိရသည္။ ထို႔ ျပင္ ေအာင္ျမင့္ျမတ္ထြန္းဆိုသူသည္ ခႏၶာကိုယ္ေအာက္ပိုင္း၌မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိထားသည္ကိုေတြ႕ရွိရေၾကာင္း နစကသတင္းထုတ္ျပန္ခ်က္အရသိရသည္။

ခႏၶာကိုယ္ေအာက္ပိုင္း မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိထားသည့္ က်ဴးလြန္သူေအာင္ျမင့္ျမတ္ထြန္းကိုျဖစ္စဥ္အေသးစိတ္အား ဆက္လက္ေမးျမန္းခဲ့ရာ၎တို႔သည္ ဦးစိုးသိန္း၏သားျဖစ္သူ အသက္(၂၆)ႏွစ္ဇင္ကိုလြင္၊ ေအာင္ျပည့္စုံထြန္း၊ ေက်ာ္စြာ၊ စည္သူထြန္းတို႔ႏွင့္အတူေဖာက္ခြဲေရးျပဳလုပ္ရန္ လက္လုပ္မိုင္းတပ္ဆင္ေနစဥ္ေပါက္ကြဲမႈျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ ထို႔ေၾကာင့္နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ေသဆုံးသူမ်ားျဖစ္သည့္ ေအာင္ျပည့္စုံထြန္း၊ ေက်ာ္စြာႏွင့္စည္သူထြန္း ႏွင့္ဒဏ္ရာရရွိသူ ေအာင္ျမင့္ျမတ္ထြန္းတို႔ကို ႁပြန္တန္ဆာၿမိဳ႕ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္းသိရသည္။

ဆက္လက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ အခင္းျဖစ္ပြားရာ ေနအိမ္သို႔ အေသးစိတ္ဆက္လက္စစ္ေဆးခဲ့ရာေပါက္ကြဲမႈျဖစ္ထားသည့္ ေနရာအနီးအနားတြင္ ပ်က္စီးေနေသာ ပစၥတိုေသနတ္(၁)လက္ႏွင့္ က်ည္(၂) ေတာင့္အားသိမ္းဆည္းရမိခဲ့ၿပီး ေဖာက္ခြဲမႈျဖစ္စဥ္၌ပါဝင္ခဲ့ကာေပ်ာက္ ဆုံးေနသည့္ ဇင္ကိုလြင္အား၎ေနအိမ္၏ အျမင့္(၁၂)ေပခန႔္ရွိအမိုးေပၚ ၌ ခႏၶာကိုယ္အႏွံ႔ မိုင္းစထိမွန္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကိုထပ္မံေတြ႕ရွိခဲ့ရေၾကာင္းသိရသည္။ ထို႔ေၾကာင့္ အဆိုပါေပါက္ကြဲမႈျဖစ္စဥ္တြင္ ေဖာက္ခြဲေရးျပဳလုပ္ရန္ေဆာက္႐ြက္သူ ငါးဦးအနက္(၄)ဦးေသဆုံးခဲ့ၿပီး တစ္ဦးသည္ ျပင္းထန္စြာဒဏ္ရာရရွိခဲ့သည္။ က်ဴးလြန္သူတရားခံမ်ားႏွင့္ ဆက္စပ္ပတ္သက္သူမ်ားအား ဆက္လက္စုံစမ္းေဖာ္ထုတ္အေရးယူသြားမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.