သရုပ်ဆောင်နေထူးနိုင်က စတန့်ဝါသနာပါသူများအတွက် စတန့်ပညာကို အခမဲ့သင်ကြားပေးမည့်အပြင် အလုပ်အကိုင်အတွက်ပါ ဖန်တီးပေးမည်

3596

NP News - ဇန်နဝါရီ ၃
သရုပ်ဆောင်နေထူးနိုင်က စတန့်ဝါသနာပါသူများအတွက် စတန့်ပညာကို အခမဲ့သင်ကြားပေးမည့်အပြင် အလုပ် အကိုင်အခွင့်အလမ်းပါ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကိုယ်တိုင်အသုံးပြုသည့် ဖေ့ဘွတ်စ်လူမှုကွန်ရက်တွင် အသိပေးကြေညာထားသည်။
နေထူးနိုင်သည် ၎င်း၏မွေးနေ့အလှူအဖြစ်ရည်ရွယ်၍ လူငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီး ပေးရန် စိတ်ကူးမိခြင်းဖြစ်ကြောင်း ဆိုထားသည်။ သရုပ်ဆောင်နေထူးနိုင်သည် စတန့်ဝါသနာပါသူ လူငယ်များ အတွက် Stuntman အတတ်ပညာများကို(၃) လ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ပြီး (၄) လမြောက်သည့် လမှစတင်၍ အခြေခံလစာငွေကြေးကို စတင်ပေးမည်ဖြစ်ကြောင်း သိရသည်။
စတန့်ပညာကို စိတ်ပါဝင်စားသူများအနေဖြင့် လျှောက်လွှာပေးပို့လာသူများအနက်(၁ဝ) ဦးကို ရွေးချယ်ကာ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ပြီး ကြိုးစားသူတိုင်းအတွက် အလုပ်အကိုင်၊ လစာ၊ ခံစားခွင့် အခွင့်အရေးများ အားလုံး ရရှိမည်ဖြစ်ကြောင်း သိရသည်။
၎င်းအနေဖြင့် အလှူပြုလုပ်ရာတွင် အစားကျွေးမွေးလိုက်ခြင်းသည် တစ်နပ်စာအလှူဖြစ်ပြီး၊ ငွေကြေးထောက်ပံ့ လိုက်ခြင်းသည် တစ်ရက်စာ(သို့) အချိန်အတိုင်းအတာ တစ်ခုအတွက်သာ အလှူဖြစ်သည်ဟု ခံယူထားသူဖြစ် ဖြစ်ကာ ယခုကဲ့သို့ အတတ်ပညာနှင့် အလုပ်အကိုင်တစ်ခု ဖန်တီးပေးလိုက်ခြင်းသည် တစ်ဘဝစာအလှူ ဖြစ်သည်ဟု ခံယူထားသူဖြစ်ကြောင်း သိရသည်။
နေထူးနိုင်သည် စတန့်ဝါသနာပါသည့်လူငယ်များကို စတန့်ပညာပါ သင်ကြားပေးမည့်အပြင် စတန့်လူငယ်များကို လစာပေးသည့်စနစ်ကိုလည်း မြန်မာနိုင်ငံတွင် ပထမဆုံးစတင်အကောင်အထည်ဖော်ခြင်းဖြစ်သည့်အတွက် ရင်ဆိုင်ရမည့် အခက်အခဲများကိုလည်း ကြိုတင် တွက်ဆထားကြောင်း ဆိုထားသည်။
သရုပ်ဆောင်နေထူးနိုင် အခမဲ့သင်ကြားပေးမည့် စတန့်ပညာ တတ်ရောက်သင်ကြား အလုပ်လုပ်ကိုင်လိုပါက အမည်၊ အဖအမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်မိတ္တူ(ဓါတ်ပုံ) ၊ ပညာအရည်အချင်း၊ မိမိကိုယ်တိုင် ရိုက်ကူးထားသော Stunt Video (၁) မိနစ်စာတို့ကို ပူးတွဲတင်ပြ၍ Nay Htoo Naing ၏ ဖေ့ဘွတ်စ်အကောင့် Messenger သို့ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်မှ (၁ဝ) ရက်အထိ ပေးပို့လျှောက်ထား နိုင်ကြောင်း သိရသည်။ အသေးစိတ်စုံစမ်းလိုပါက ဖုန်းနံပါတ် - ဝ၉ ၇၈၅၃၃၂၁၉၆၊ ဝ၉- ၇၉၅၉၂၅၁၄၉၊ ဝ၉- ၇၈၆၈၆၆၈၁၁ သို့ နံနက် (၉) နာရီမှ ညနေ (၅) နာရီအထိ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
Zawgyi Version;
သရုပ္ေဆာင္ေနထူးႏိုင္က စတန္႔ဝါသနာပါသူမ်ားအတြက္ စတန္႔ပညာကို အခမဲ့သင္ၾကားေပးမည့္အျပင္ အလုပ္ အကိုင္အတြက္ပါ ဖန္တီးေပးမည္
NP News - ဇန္နဝါရီ ၃
သရုပ္ေဆာင္ေနထူးႏိုင္က စတန္႔ဝါသနာပါသူမ်ားအတြက္ စတန္႔ပညာကို အခမဲ့သင္ၾကားေပးမည့္အျပင္ အလုပ္ အကိုင္အခြင့္အလမ္းပါ စီစဥ္ေပးသြားမည္ျဖစ္ေၾကာင္း ၄င္းကိုယ္တိုင္အသံုးျပဳသည့္ ေဖ့ဘြတ္စ္လူမႈကြန္ရက္တြင္ အသိေပးေၾကညာထားသည္။
ေနထူးႏိုင္သည္ ၄င္း၏ေမြးေန႔အလွဴအျဖစ္ရည္ရြယ္၍ လူငယ္မ်ား အတြက္ အလုပ္အကိုင္အခြင့္အလမ္း ဖန္တီး ေပးရန္ စိတ္ကူးမိျခင္းျဖစ္ေၾကာင္း ဆိုထားသည္။ သရုပ္ေဆာင္ေနထူးႏိုင္သည္ စတန္႔ဝါသနာပါသူ လူငယ္မ်ား အတြက္ Stuntman အတတ္ပညာမ်ားကို(၃) လ အခမဲ့သင္ၾကားေပးသြားမည္ျဖစ္ၿပီး (၄) လေျမာက္သည့္ လမွစတင္၍ အေျခခံလစာေငြေၾကးကို စတင္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
စတန္႔ပညာကို စိတ္ပါဝင္စားသူမ်ားအေနျဖင့္ ေလ်ွာက္လႊာေပးပို႔လာသူမ်ားအနက္(၁ဝ) ဦးကို ေရြးခ်ယ္ကာ အခမဲ့သင္ၾကားေပးသြားမည္ျဖစ္ၿပီး ႀကိဳးစားသူတိုင္းအတြက္ အလုပ္အကိုင္၊ လစာ၊ ခံစားခြင့္ အခြင့္အေရးမ်ား အားလံုး ရရွိမည္ျဖစ္ေၾကာင္း သိရသည္။
၄င္းအေနျဖင့္ အလွဴျပဳလုပ္ရာတြင္ အစားေကၽြးေမြးလိုက္ျခင္းသည္ တစ္နပ္စာအလွဴျဖစ္ၿပီး၊ ေငြေၾကးေထာက္ပံ့ လိုက္ျခင္းသည္ တစ္ရက္စာ(သို႔) အခ်ိန္အတိုင္းအတာ တစ္ခုအတြက္သာ အလွဴျဖစ္သည္ဟု ခံယူထားသူျဖစ္ ျဖစ္ကာ ယခုကဲ့သို႔ အတတ္ပညာႏွင့္ အလုပ္အကိုင္တစ္ခု ဖန္တီးေပးလိုက္ျခင္းသည္ တစ္ဘဝစာအလွဴ ျဖစ္သည္ဟု ခံယူထားသူျဖစ္ေၾကာင္း သိရသည္။
ေနထူးႏိုင္သည္ စတန္႔ဝါသနာပါသည့္လူငယ္မ်ားကို စတန္႔ပညာပါ သင္ၾကားေပးမည့္အျပင္ စတန္႔လူငယ္မ်ားကို လစာေပးသည့္စနစ္ကိုလည္း ျမန္မာႏိုင္ငံတြင္ ပထမဆံုးစတင္အေကာင္အထည္ေဖာ္ျခင္းျဖစ္သည့္အတြက္ ရင္ဆိုင္ရမည့္ အခက္အခဲမ်ားကိုလည္း ႀကိဳတင္ တြက္ဆထားေၾကာင္း ဆိုထားသည္။
သရုပ္ေဆာင္ေနထူးႏိုင္ အခမဲ့သင္ၾကားေပးမည့္ စတန္႔ပညာ တတ္ေရာက္သင္ၾကား အလုပ္လုပ္ကိုင္လိုပါက အမည္၊ အဖအမည္၊ ေမြးသကၠရာဇ္၊ ေနရပ္လိပ္စာ၊ မွတ္ပုံတင္မိတၱဴ(ဓါတ္ပုံ) ၊ ပညာအရည္အခ်င္း၊ မိမိကိုယ္တိုင္ ႐ိုက္ကူးထားေသာ Stunt Video (၁) မိနစ္စာတို႔ကို ပူးတြဲတင္ျပ၍ Nay Htoo Naing ၏ ေဖ့ဘြတ္စ္အေကာင့္ Messenger သို႔ ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလ (၁) ရက္မွ (၁ဝ) ရက္အထိ ေပးပို႔ ေလွ်ာက္ထား ႏိုင္ေၾကာင္း သိရသည္။ အေသးစိတ္စံုစမ္းလိုပါက ဖုန္းနံပါတ္ - ဝ၉ ၇၈၅၃၃၂၁၉၆၊ ဝ၉- ၇၉၅၉၂၅၁၄၉၊ ဝ၉- ၇၈၆၈၆၆၈၁၁ သို႔ နံနက္ (၉) နာရီမွ ညေန (၅) နာရီအထိ ဆက္သြယ္ေမးျမန္းႏိုင္ေၾကာင္း သိရသည္။