အမေရိကန်အချက်အပြုတ်ပြိုင်ပွဲကြီးတွင်အနိုင်ရသွားကာ ဆိုင်ဖွင့်လိုက်သည့် မျက်မမြင်အာရှအမျိုးသမီးစားဖိုမှူး

432

ဝတီ (NP News) - ဇန်နဝါရီ ၄
ခရစ္စတင်းဟာ (Christine Ha)ဆိုတဲ့ အမျိုးသမီးဟာ အမေရိကရောက်နေတဲ့ဗီယက်နမ်ဒုက္ခသည်မိသားစုမှာမွေးဖွားလာတာပါ။ တစ်ဦးတည်းသောသမီးဖြစ်လို့မိဘတွေက သူ့ကိုအရမ်းကိုမှအလိုလိုက်ပြီး ခြေမွေးမီးမလောင်လက်မွေးမီးမလောင်အောင်ထားပါတယ်။ ဗီယက်နမ်သူစစ်စစ်ဖြစ်တဲ့ သူ့အမေက သူ့ကိုဗီယက်နမ်ဟင်းလျာတွေ ကိုယ်တိုင်စပယ်ရှယ် ချက်ပြုတ်ကျွေးပါတယ်။ မီးဖိုထဲမှာ သူပဲအပင်ပန်းခံပြီး သူ့သမီးလေးကိုတော့ မီးဖိုထဲလုံးဝအဝင်မခံခဲ့ပါဘူး။ ဒါနဲ့ပဲ ခရစ္စတင်းဟာ သူ့အမေချက်ကျွေးသမျှ ဗီယက်နမ်ဟင်းလျာတွေကို (၁၄)နှစ်သမီးအရွယ်အထိ အား ပါးတရစားခဲ့ရပါတယ်။ သူအသက် (၁၄)နှစ်အရွယ်အရောက်မှာတော့ သူ့ရဲ့ချစ်လှစွာသောအမေဟာ အဆုတ်ကင်ဆာနဲ့ကွယ်လွန်အနိစ္စရောက်သွားပါတယ်။ အမေက သူ့ကိုမီးဖိုထဲတစ်ခါမှအဝင်မခံခဲ့တော့ ခရစ္စတင်း ဟာဗီယက်နမ်ဟင်းလျာချက်နည်းပြုတ်နည်းတွေကို ဘာဆိုဘာမှမသိလိုက်ပါဘူး။ ဒါနဲ့ကောလိပ်လည်းရောက်ရော သူကအဲဒါတွေကိုစပြီး စမ်းချက်ပါတော့တယ်။ ဗီယက်နမ်ချက်နည်းပြုတ်နည်းစာအုပ်တွေ ဖတ်လိုက်၊ သူ့အမေ လက်ရာအရသာတွေကို ပြန်တွေးကြည့်လိုက်၊ကိုယ့် လက်ရာကို ကိုယ့်ဘာသာပြန်မြည်းကြည့်လိုက်နဲ့ သူဟာအတော်လေးကိုလုံးလည်ချာလည်လိုက်ခဲ့ရပါတယ်။ ဒီလိုနဲ့လပေါင်းများစွာလက်မလျှော့ဘဲထပ်ခါထပ်ခါ ကြိုးစားချက်ပြုတ်ကြည့်လာလိုက်တာ နောက် ဆုံးမှာတော့ သူ့အမေလက်ရာနဲ့အတော်လေးအရသာဆင်တဲ့ ဗီယက်နမ်ဟင်းလျာတစ်ခွက်ကိုချက်နိုင်သွားပါတော့တယ်။ ဒါပေမဲ့ ဒီလိုကြိုးစားနေချိန် ၂ဝဝ၄ ခုနှစ်မှာပဲ သူဟာကံဆိုးမိုးမှောင်ကျလာပြန်ပါတယ်။ အဲဒါကတော့ ရှားပါးအော်တိုအင်မြူး(auto immune)ရောဂါတစ်မျိုးကြောင့် အမြင်အာရုံစပြီး ဝေဝါးလာတာပါပဲ။ဒီလိုနဲ့ ၂ဝဝ၇ ခုနှစ်လည်း ရောက်ရောသူဟာ တဖြည်းဖြည်းနဲ့စက္ခုနှစ်ကွင်းလုံးလုံးဝအလင်းမရတော့သ လောက်ဖြစ်လာပါတော့တယ်။ အဲဒီတုန်းကဆိုရင် စိတ်ရော၊ ကိုယ်ပါ ဒုက္ခအကြီးအကျယ်ရောက်ခဲ့ရတယ်လို့ သူကပြန်ပြောပြပါတယ်။ စိတ် ဓာတ်တွေလည်း ဟိုးအောက်ဆုံးအထိထိုးကျသွားပြီး မျှော်လင့်ချက်လည်း ကင်းမဲ့၊ ကြောက်လည်းကြောက်၊ ကိုယ့်ကိုယ်ကိုယ် ဘာမှသုံးစားမရတော့သလိုလည်း ခံစားလာရတယ်လို့ သူကဆက်ပြောပြပါတယ်။
zawgyi version
အေမရိကန္အခ်က္အျပဳတ္ၿပိဳင္ပြဲႀကီးတြင္အႏိုင္ရသြားကာ ဆိုင္ဖြင့္လိုက္သည့္ မ်က္မျမင္အာရွအမ်ိဳးသမီးစားဖိုမႉး
ဝတီ (NP News) - ဇန္နဝါရီ ၄
ခရစၥတင္းဟာ (Christine Ha)ဆိုတဲ့ အမ်ိဳးသမီးဟာ အေမရိကေရာက္ေနတဲ့ဗီယက္နမ္ဒုကၡသည္မိသားစုမွာေမြးဖြားလာတာပါ။ တစ္ဦးတည္းေသာသမီးျဖစ္လို႔မိဘေတြက သူ႔ကိုအရမ္းကိုမွအလိုလိုက္ၿပီး ေျခေမြးမီးမေလာင္လက္ေမြးမီးမေလာင္ေအာင္ထားပါတယ္။ ဗီယက္နမ္သူစစ္စစ္ျဖစ္တဲ့ သူ႔အေမက သူ႔ကိုဗီယက္နမ္ဟင္းလ်ာေတြ ကိုယ္တိုင္စပယ္ရွယ္ ခ်က္ျပဳတ္ေကြၽးပါတယ္။ မီးဖိုထဲမွာ သူပဲအပင္ပန္းခံၿပီး သူ႔သမီးေလးကိုေတာ့ မီးဖိုထဲလုံးဝအဝင္မခံခဲ့ပါဘူး။ ဒါနဲ႔ပဲ ခရစၥတင္းဟာ သူ႔အေမခ်က္ေကြၽးသမွ် ဗီယက္နမ္ဟင္းလ်ာေတြကို (၁၄)ႏွစ္သမီးအ႐ြယ္အထိ အား ပါးတရစားခဲ့ရပါတယ္။ သူအသက္ (၁၄)ႏွစ္အ႐ြယ္အေရာက္မွာေတာ့ သူ႔ရဲ႕ခ်စ္လွစြာေသာအေမဟာ အဆုတ္ကင္ဆာနဲ႔ကြယ္လြန္အနိစၥေရာက္သြားပါတယ္။ အေမက သူ႔ကိုမီးဖိုထဲတစ္ခါမွအဝင္မခံခဲ့ေတာ့ ခရစၥတင္း ဟာဗီယက္နမ္ဟင္းလ်ာခ်က္နည္းျပဳတ္နည္းေတြကို ဘာဆိုဘာမွမသိလိုက္ပါဘူး။ ဒါနဲ႔ေကာလိပ္လည္းေရာက္ေရာ သူကအဲဒါေတြကိုစၿပီး စမ္းခ်က္ပါေတာ့တယ္။ ဗီယက္နမ္ခ်က္နည္းျပဳတ္နည္းစာအုပ္ေတြ ဖတ္လိုက္၊ သူ႔အေမ လက္ရာအရသာေတြကို ျပန္ေတြးၾကည့္လိုက္၊ကိုယ့္ လက္ရာကို ကိုယ့္ဘာသာျပန္ျမည္းၾကည့္လိုက္နဲ႔ သူဟာအေတာ္ေလးကိုလုံးလည္ခ်ာလည္လိုက္ခဲ့ရပါတယ္။ ဒီလိုနဲ႔လေပါင္းမ်ားစြာလက္မေလွ်ာ့ဘဲထပ္ခါထပ္ခါ ႀကိဳးစားခ်က္ျပဳတ္ၾကည့္လာလိုက္တာ ေနာက္ ဆုံးမွာေတာ့ သူ႔အေမလက္ရာနဲ႔အေတာ္ေလးအရသာဆင္တဲ့ ဗီယက္နမ္ဟင္းလ်ာတစ္ခြက္ကိုခ်က္ႏိုင္သြားပါေတာ့တယ္။ ဒါေပမဲ့ ဒီလိုႀကိဳးစားေနခ်ိန္ ၂ဝဝ၄ ခုႏွစ္မွာပဲ သူဟာကံဆိုးမိုးေမွာင္က်လာျပန္ပါတယ္။ အဲဒါကေတာ့ ရွားပါးေအာ္တိုအင္ျမဴး(auto immune)ေရာဂါတစ္မ်ိဳးေၾကာင့္ အျမင္အာ႐ုံစၿပီး ေဝဝါးလာတာပါပဲ။ဒီလိုနဲ႔ ၂ဝဝ၇ ခုႏွစ္လည္း ေရာက္ေရာသူဟာ တျဖည္းျဖည္းနဲ႔စကၡဳႏွစ္ကြင္းလုံးလုံးဝအလင္းမရေတာ့သ ေလာက္ျဖစ္လာပါေတာ့တယ္။ အဲဒီတုန္းကဆိုရင္ စိတ္ေရာ၊ ကိုယ္ပါ ဒုကၡအႀကီးအက်ယ္ေရာက္ခဲ့ရတယ္လို႔ သူကျပန္ေျပာျပပါတယ္။ စိတ္ ဓာတ္ေတြလည္း ဟိုးေအာက္ဆုံးအထိထိုးက်သြားၿပီး ေမွ်ာ္လင့္ခ်က္လည္း ကင္းမဲ့၊ ေၾကာက္လည္းေၾကာက္၊ ကိုယ့္ကိုယ္ကိုယ္ ဘာမွသုံးစားမရေတာ့သလိုလည္း ခံစားလာရတယ္လို႔ သူကဆက္ေျပာျပပါတယ္။

သူဟာ အသက်(၂ဝ) စွန်းစွန်းအရွယ်လေးမှာဒီလိုအဖြစ်ဆိုးမျိုးကြုံခဲ့ရတာပါ။ သက်တူရွယ်တူတွေက အလုပ်အကိုင်လမ်းကြောင်းတွေရွေးချယ်ပြီး ဘဝတစ်ခုစတင်တည်ဆောက်နေချိန်မှာ သူ့မှာတော့ကိုယ့်ခြေထောက်ပေါ်ကိုယ်တောင် မရပ်တည်နိုင်တော့တဲ့အခြေအနေအထိဖြစ်သွားခဲ့ရတာ ပါ။ ဒါပေမဲ့ပြန်လည်ထူထောင်ရေးစခန်းက အကြံပေးတွေ၊ အမှီအခိုကင်း ကင်း နေထိုင်ရေးအကြံပေးအရာရှိတွေ၊ ဆရာဝန်တွေနဲ့မိတ်ဆွေတွေက မေတ္တာစေတနာ ဗရပွနဲ့ဖေးမခဲ့ကြ၊ စိတ်ခွန်အားပေးခဲ့ကြလို့သာ သူ့ဘဝကြီးတစ်ခုလုံး ပြိုလဲကျမသွားခဲ့တာလို့ သူကဆိုပါတယ်။ ဒါ့ပြင်အဲဒီအချိန်မှာပဲ ဘဝလက်တွဲဖော်နဲ့တွေ့သွားပါတယ်။ သူ့ခင်ပွန်းကလည်းသူ့ကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင်အားပေးခဲ့တယ်လေ။
ဒီလိုအားပေးမှုတွေကြောင့်ပဲ သူဟာချက်ရေးပြုတ်ရေးကို လက်မလျှော့သေးဘဲတစ်ခါပြန်ကြိုးစားပါတော့တယ်။ ဒီတစ်ခါမှာတော့ မျက်စိမြင်တုန်းကလိုမဟုတ်ဘဲ မျက်စိမမြင်ရပေမယ့် ဘယ်သူ့အကူအညီမှမပါဘဲ
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ချက်ပြုတ်နိုင်အောင်ကြိုးစားရတာပါ။ ဒါ့ပြင်လမ်း လျှောက်တုတ်လေးနဲ့ ကိုယ့်ဘာသာသွားနိုင်လာနိုင်အောင်၊ မျက်မမြင်စာတွေ ဖတ်တတ်အောင်သင်ယူလေ့လာရပါတယ်။ မျက်မမြင်ဘဝနဲ့နေသား ကျလာအောင် လူကလည်းအဲဒီလိုလုပ်ရသလိုစိတ်ကိုလည်း အဲဒီဘဝနဲ့နေ သားကျလာအောင် ပြုပြင်ယူရပါတယ်။ ဘဝကို အစကပြန်စရသလိုဖြစ်သွားတာပေါ့။ စားဖိုမှူးဖြစ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ပေါက်မြောက်အောင် တစ်နည်းနဲ့မရ၊ နောက်တစ်နည်းနဲ့ရအောင်လုပ်ရမယ်လို့သူက စိတ်ပိုင်း ဖြတ်ပြီး မျက်စိမမြင်ဘဲချက်ပြုတ်နိုင်အောင် လက်မလျှော့စတမ်းကြိုးစားခဲ့တာဖြစ်ပါတယ်။
သူက အမေရိကန် အချက်အပြုတ်ပြိုင်ပွဲကြီး Master Chef ကို ဟိုးအရင်တုန်းကတည်းကကြည့်ခဲ့တာဖြစ်ပြီး တစ်ခါတုန်းက ဗီယက်နမ်နွယ်ဖွားတစ်ယောက် ဝင်ပြိုင်တာကိုတွေ့လိုက်ရတော့ သူဟာ အရမ်းအားတက် သရောဖြစ်လာပါတယ်။ ချက်တာပြုတ်တာဆိုတာ ရှိရှိသမျှအာရုံတွေကို အလုပ်ပေးထားရတာလို့ သူကဆိုပါတယ်။ မျက်စိမမြင်တော့ ဘယ်ပါဝင်ပစ္စည်းကို ကိုင်ကြည့်လိုက်ရင်ဘယ်လိုနေတယ်၊ သူတို့ရဲ့ အနံ့၊ အရသာ၊ အသံတွေက ဘယ်လိုဆိုတာ အားလုံးမှတ်မိနေအောင်လုပ်ထားရပါသတဲ့။ သူ့အတွက်တော့ အချက်အပြုတ်ဟာ အလုပ်အကိုင်သက်သက် ဒါမှမ ဟုတ် ဆုတံဆိပ်ချည်းသက်သက်မဟုတ်ပါဘူး။ စိတ်ဓာတ်အကျဆုံးအ ချိန်၊ ဘဝအခြေအနေ အနိမ့်ပါးဆုံးအချိန်မှာ ဒီအချက်အပြုတ်အလုပ်က သူ့ကို ကယ်တင်ခဲ့တာပါ။ ချက်ရေးပြုတ်ရေးဘက်မှာ ထူးချွန်ဖို့တစ်ခုတည်းပဲ အာရုံစိုက်နေခဲ့လို့သာ စိတ်ဓာတ်ကျဖို့အချိန်မရှိတော့တာပါတဲ့။ ဒီလိုနဲ့ ၂ဝ၁၂ ခုနှစ်မှာကျင်းပတဲ့ Master Chef ပြိုင်ပွဲကြီးကိုလည်းဝင်ပြိုင်ရော အဲဒီပြိုင်ပွဲသက်တမ်းတစ်လျှောက်မှာ မျက်မမြင်ပြိုင်ပွဲဝင်ဆိုလို့သူ တစ်ယောက်ပဲရှိပါတယ်။ မျက်စိသာမမြင်ပေမယ့်ချက်ပြုတ်ပြီး လက်စွမ်းပြတဲ့နေရာမှာတော့ အမှတ်ဖြတ်ကြမ်းတယ်၊ အင်မတန်ကြေးများတယ်ဆိုတဲ့ဒိုင်တွေကတောင်သူ့လက်ရာတွေကိုသဘောအကျကြီးကျသွားကြတော့တာပါပဲ။ ဒီလိုနဲ့သူဟာ ဆုရသွားပြီး ဗီယက်နမ်ဟင်းလျာတွေအ တွက်သာမက၊ မျက်မမြင် မသန်စွမ်းတွေအတွက်ပါဂုဏ်ဆောင်နိုင်သွားပါတော့တယ်။ သူ့အောင်မြင်မှုက အဲဒီမှာတင်ရပ်မသွားပါဘူး။ သူက ချက်နည်းပြုတ်နည်းစာအုပ်တစ်အုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့သေးပြီး
အဲဒီစာအုပ်က ရောင်းအားအကောင်းဆုံးချက်နည်းပြုတ်နည်းစာအုပ်ဖြစ်သွားပါသေးတယ်။
zawgyi version
သူဟာ အသက္(၂ဝ) စြန္းစြန္းအ႐ြယ္ေလးမွာဒီလိုအျဖစ္ဆိုးမ်ိဳးႀကဳံခဲ့ရတာပါ။ သက္တူ႐ြယ္တူေတြက အလုပ္အကိုင္လမ္းေၾကာင္းေတြေ႐ြးခ်ယ္ၿပီး ဘဝတစ္ခုစတင္တည္ေဆာက္ေနခ်ိန္မွာ သူ႔မွာေတာ့ကိုယ့္ေျခေထာက္ေပၚကိုယ္ေတာင္ မရပ္တည္ႏိုင္ေတာ့တဲ့အေျခအေနအထိျဖစ္သြားခဲ့ရတာ ပါ။ ဒါေပမဲ့ျပန္လည္ထူေထာင္ေရးစခန္းက အႀကံေပးေတြ၊ အမွီအခိုကင္း ကင္း ေနထိုင္ေရးအႀကံေပးအရာရွိေတြ၊ ဆရာဝန္ေတြနဲ႔မိတ္ေဆြေတြက ေမတၱာေစတနာ ဗရပြနဲ႔ေဖးမခဲ့ၾက၊ စိတ္ခြန္အားေပးခဲ့ၾကလို႔သာ သူ႔ဘဝႀကီးတစ္ခုလုံး ၿပိဳလဲက်မသြားခဲ့တာလို႔ သူကဆိုပါတယ္။ ဒါ့ျပင္အဲဒီအခ်ိန္မွာပဲ ဘဝလက္တြဲေဖာ္နဲ႔ေတြ႕သြားပါတယ္။ သူ႔ခင္ပြန္းကလည္းသူ႔ကို ကိုယ့္ေျခေထာက္ေပၚကိုယ္ ရပ္တည္ႏိုင္ေအာင္အားေပးခဲ့တယ္ေလ။
ဒီလိုအားေပးမႈေတြေၾကာင့္ပဲ သူဟာခ်က္ေရးျပဳတ္ေရးကို လက္မေလွ်ာ့ေသးဘဲတစ္ခါျပန္ႀကိဳးစားပါေတာ့တယ္။ ဒီတစ္ခါမွာေတာ့ မ်က္စိျမင္တုန္းကလိုမဟုတ္ဘဲ မ်က္စိမျမင္ရေပမယ့္ ဘယ္သူ႔အကူအညီမွမပါဘဲ
ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ခ်က္ျပဳတ္ႏိုင္ေအာင္ႀကိဳးစားရတာပါ။ ဒါ့ျပင္လမ္း ေလွ်ာက္တုတ္ေလးနဲ႔ ကိုယ့္ဘာသာသြားႏိုင္လာႏိုင္ေအာင္၊ မ်က္မျမင္စာေတြ ဖတ္တတ္ေအာင္သင္ယူေလ့လာရပါတယ္။ မ်က္မျမင္ဘဝနဲ႔ေနသား က်လာေအာင္ လူကလည္းအဲဒီလိုလုပ္ရသလိုစိတ္ကိုလည္း အဲဒီဘဝနဲ႔ေန သားက်လာေအာင္ ျပဳျပင္ယူရပါတယ္။ ဘဝကို အစကျပန္စရသလိုျဖစ္သြားတာေပါ့။ စားဖိုမႉးျဖစ္ရမယ္ဆိုတဲ့ ရည္မွန္းခ်က္ေပါက္ေျမာက္ေအာင္ တစ္နည္းနဲ႔မရ၊ ေနာက္တစ္နည္းနဲ႔ရေအာင္လုပ္ရမယ္လို႔သူက စိတ္ပိုင္း ျဖတ္ၿပီး မ်က္စိမျမင္ဘဲခ်က္ျပဳတ္ႏိုင္ေအာင္ လက္မေလွ်ာ့စတမ္းႀကိဳးစားခဲ့တာျဖစ္ပါတယ္။
သူက အေမရိကန္ အခ်က္အျပဳတ္ၿပိဳင္ပြဲႀကီး Master Chef ကို ဟိုးအရင္တုန္းကတည္းကၾကည့္ခဲ့တာျဖစ္ၿပီး တစ္ခါတုန္းက ဗီယက္နမ္ႏြယ္ဖြားတစ္ေယာက္ ဝင္ၿပိဳင္တာကိုေတြ႕လိုက္ရေတာ့ သူဟာ အရမ္းအားတက္ သေရာျဖစ္လာပါတယ္။ ခ်က္တာျပဳတ္တာဆိုတာ ရွိရွိသမွ်အာ႐ုံေတြကို အလုပ္ေပးထားရတာလို႔ သူကဆိုပါတယ္။ မ်က္စိမျမင္ေတာ့ ဘယ္ပါဝင္ပစၥည္းကို ကိုင္ၾကည့္လိုက္ရင္ဘယ္လိုေနတယ္၊ သူတို႔ရဲ႕ အနံ႔၊ အရသာ၊ အသံေတြက ဘယ္လိုဆိုတာ အားလုံးမွတ္မိေနေအာင္လုပ္ထားရပါသတဲ့။ သူ႔အတြက္ေတာ့ အခ်က္အျပဳတ္ဟာ အလုပ္အကိုင္သက္သက္ ဒါမွမ ဟုတ္ ဆုတံဆိပ္ခ်ည္းသက္သက္မဟုတ္ပါဘူး။ စိတ္ဓာတ္အက်ဆုံးအ ခ်ိန္၊ ဘဝအေျခအေန အနိမ့္ပါးဆုံးအခ်ိန္မွာ ဒီအခ်က္အျပဳတ္အလုပ္က သူ႔ကို ကယ္တင္ခဲ့တာပါ။ ခ်က္ေရးျပဳတ္ေရးဘက္မွာ ထူးခြၽန္ဖို႔တစ္ခုတည္းပဲ အာ႐ုံစိုက္ေနခဲ့လို႔သာ စိတ္ဓာတ္က်ဖို႔အခ်ိန္မရွိေတာ့တာပါတဲ့။ ဒီလိုနဲ႔ ၂ဝ၁၂ ခုႏွစ္မွာက်င္းပတဲ့ Master Chef ၿပိဳင္ပြဲႀကီးကိုလည္းဝင္ၿပိဳင္ေရာ အဲဒီၿပိဳင္ပြဲသက္တမ္းတစ္ေလွ်ာက္မွာ မ်က္မျမင္ၿပိဳင္ပြဲဝင္ဆိုလို႔သူ တစ္ေယာက္ပဲရွိပါတယ္။ မ်က္စိသာမျမင္ေပမယ့္ခ်က္ျပဳတ္ၿပီး လက္စြမ္းျပတဲ့ေနရာမွာေတာ့ အမွတ္ျဖတ္ၾကမ္းတယ္၊ အင္မတန္ေၾကးမ်ားတယ္ဆိုတဲ့ဒိုင္ေတြကေတာင္သူ႔လက္ရာေတြကိုသေဘာအက်ႀကီးက်သြားၾကေတာ့တာပါပဲ။ ဒီလိုနဲ႔သူဟာ ဆုရသြားၿပီး ဗီယက္နမ္ဟင္းလ်ာေတြအ တြက္သာမက၊ မ်က္မျမင္ မသန္စြမ္းေတြအတြက္ပါဂုဏ္ေဆာင္ႏိုင္သြားပါေတာ့တယ္။ သူ႔ေအာင္ျမင္မႈက အဲဒီမွာတင္ရပ္မသြားပါဘူး။ သူက ခ်က္နည္းျပဳတ္နည္းစာအုပ္တစ္အုပ္ကိုလည္း ေရးသားထုတ္ေဝခဲ့ေသးၿပီးအဲဒီစာအုပ္က ေရာင္းအားအေကာင္းဆုံးခ်က္နည္းျပဳတ္နည္းစာအုပ္ျဖစ္သြားပါေသးတယ္။

ဒီလိုနဲ့နာမည်ကြီးစာဖိုမှူးဖြစ်သွားပေမယ့် သူက အဲဒါနဲ့တင်ကျေနပ်မနေဘဲအောင်မြင်မှုတစ်ဆင့်ထပ်တက်နိုင်အောင်ကြိုးစားပြန်ပါတယ်။ အဲဒါကတော့ ၂ဝ၁၉ ခုနှစ်မှာ၊ အမေရိကမှာကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်လိုက်တာပါပဲ။ သူ့စားသောက်ဆိုင် နာမည်ကတော့ The Blind Goat ဖြစ်ပါတယ်။ သူမွေးဖွားတဲ့ ဗီယက်နမ်ရာသီခွင်ကိုယူပြီး Goat ဆိုတာကိုထည့်မှည့်ထားတာဖြစ်ပါတယ်။ သူ့မီးဖိုချောင်မှာဆိုရင် သူက အားလုံးကိုသူ့နေ ရာနဲ့သူ အတိအကျထားပါတယ်။ ပစ္စည်းကိရိယာတွေအားလုံးကို နေရာ တကျထားသလို ဟင်းခတ်အမွှေးအကြိုင်ထည့်ထားတဲ့ဘူးတွေ၊ ပုလင်းတွေမှာလည်း မျက်မမြင်စာတွေကပ်ထားပါသေးတယ်။ ဒါ့ပြင်သူ့မီးဖို ချောင်မှာ သူ့ဘာသာသူသွားလာလှုပ်ရှားနိုင်ပါတယ်။ `မျက်မမြင်ဖြစ်သွား
တော့မှအကြားအာရုံ၊ အထိအတွေ့အာရုံ၊ အနံ့အရသာအာရုံတွေ ပိုထက် မြက်လာတယ်`လို့ စားသောက်ဆိုင်ပိုင်ရှင်ကြီးဖြစ်နေပြီဖြစ်တဲ့သူက ပြောပါတယ်။
zawgyi version
ဒီလိုနဲ႔နာမည္ႀကီးစာဖိုမႉးျဖစ္သြားေပမယ့္ သူက အဲဒါနဲ႔တင္ေက်နပ္မေနဘဲေအာင္ျမင္မႈတစ္ဆင့္ထပ္တက္ႏိုင္ေအာင္ႀကိဳးစားျပန္ပါတယ္။ အဲဒါကေတာ့ ၂ဝ၁၉ ခုႏွစ္မွာ၊ အေမရိကမွာကိုယ္ပိုင္စားေသာက္ဆိုင္ဖြင့္လိုက္တာပါပဲ။ သူ႔စားေသာက္ဆိုင္ နာမည္ကေတာ့ The Blind Goat ျဖစ္ပါတယ္။ သူေမြးဖြားတဲ့ ဗီယက္နမ္ရာသီခြင္ကိုယူၿပီး Goat ဆိုတာကိုထည့္မွည့္ထားတာျဖစ္ပါတယ္။ သူ႔မီးဖိုေခ်ာင္မွာဆိုရင္ သူက အားလုံးကိုသူ႔ေန ရာနဲ႔သူ အတိအက်ထားပါတယ္။ ပစၥည္းကိရိယာေတြအားလုံးကို ေနရာ တက်ထားသလို ဟင္းခတ္အေမႊးအႀကိဳင္ထည့္ထားတဲ့ဘူးေတြ၊ ပုလင္းေတြမွာလည္း မ်က္မျမင္စာေတြကပ္ထားပါေသးတယ္။ ဒါ့ျပင္သူ႔မီးဖို ေခ်ာင္မွာ သူ႔ဘာသာသူသြားလာလႈပ္ရွားႏိုင္ပါတယ္။ `မ်က္မျမင္ျဖစ္သြားေတာ့မွအၾကားအာ႐ုံ၊ အထိအေတြ႕အာ႐ုံ၊ အနံ႔အရသာအာ႐ုံေတြ ပိုထက္ ျမက္လာတယ္`လို႔ စားေသာက္ဆိုင္ပိုင္ရွင္ႀကီးျဖစ္ေနၿပီျဖစ္တဲ့သူက ေျပာပါတယ္။