မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့ရှိ ပြည်တော်သာကျောင်းတိုက်မှ ဦးဇဝန(ခ)ဇာနည်ကိုကိုအား ဖမ်းဆီးထိန်းသိမ်း

 1274

NP News - ဇန်နဝါရီ ၉
သံဃာ့ဝိနည်းနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမရှိဘဲ သာသနာညှိုးနွမ်းစေရန်လုပ်ဆောင်ခဲ့သည်ဟုဆိုကာ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့ရှိ ပြည်တော်သာကျောင်းတိုက်မှ ဦးဇဝန(ခ) ဇာနည်ကိုကိုအား ဖမ်း ဆီးထိန်းသိမ်းခဲ့ကြောင်း နစက သတင်းမှန်ပြန်ကြား ရေးအဖွဲ့ကဇန်နဝါရီလ(၈)ရက်ညပိုင်းတွင်သတင်း ထုတ်ပြန်ခဲ့သည်။

ပြည်တော်သာကျောင်းတိုက်ဆရာတော် ဦးဇဝနက ဇန်နဝါရီလ(၁)ရက်နံနက်ပိုင်းတွင် ၎င်း၏မွေးနေ့ပွဲပြု လုပ်နေမှုကို Ashin Zawana Facebook Account ၌ ရုပ်သံဖိုင် Live လွှင့်ခဲ့ပြီး အဆိုပါရုပ်သံဖိုင်တွင် ဦးဇဝ နသည် သာမန်လူပုဂ္ဂိုလ်များကဲ့သို့မွေးနေ့အားကျင်း ပပြုလုပ်ခဲ့သည့်အပြင် ၎င်းကိုကိုးကွယ်သူများက နမ်းခြင်း၊ မွေးနေ့သီချင်းများသီဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း၊ ကခုန်ခြင်းများပြုလုပ်ခဲ့မှုသည် သံဃာ့ဝိနည်းနှင့်မညီသည့်အပြင် သာသနာညှိုးနွမ်းစေနိုင်သည့်လုပ်ဆောင်မှုများဖြစ်သောကြောင့် ဖြစ်စဉ်မှန်ပေါ်ပေါက်စေရေး ဇန်နဝါရီလ(၃)ရက်တွင် ဦးဇဝ န(ခ) ဇာနည်ကိုကိုအား ၎င်းမွေးနေ့ပွဲကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၇၁ လမ်း နှင့် ၁ဝ၂(A) လမ်းထောင့်ရှိ ဇော်မျိုးအောင်၏နေအိမ်၌ ဇော်မျိုးအောင် အပါအ ဝင်သာသနာညှိုးနွမ်းအောင် ပူးပေါင်းပါဝင်သူ(၁၃) ဦးနှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ဦးဇဝန(ခ) ဇာနည်ကိုကိုသည် Ashin Zawana Facebook Account ဖြင့် ဆူပူဆန္ဒပြမှုများအား အားပေးထောက်ခံရေးသားခြင်း၊ ဝန်ထမ်းများ CDM တွင် ပါဝင်လာစေရေးလှုံ့ဆော်ရေးသားခြင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် မမှန်သတင်းရေးသားခြင်းများပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်ဟုလည်း နစကက ဆိုသည်။ ဆက်လက်၍ ဦးဇဝန(ခ)ဇာနည်ကိုကိုသည် သံဃာတော်များအသုံးပြုရန် သင့်တော်ခြင်းမရှိသော တန်ဖိုးကြီးဖိနပ်၊ လက် ကိုင်အိတ်၊ မျက်မှန်၊ တောင်ဝှေးစသည့် သာမန်လူပုဂ္ဂိုလ် အသုံးအဆောင်ပစ္စည်း များအား ဝတ်ဆင်အ သုံးပြုခဲ့ပြီး ယင်းအသုံးအဆောင်များဖြင့် အလှဓာတ် ပုံများရိုက်ကူးကာ Facebook တွင် Post တင်ခြင်းများပြုလုပ်ခဲ့ကြောင်းတွေ့ရှိရသည်ဟု နစက၏ သ တင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နစက၏ သတင်းထုတ်ပြန်ချက်တွင် ဦးဇဝန(ခ)ဇာ နည်ကိုကိုသည် ဘာသာရေးအရေခြုံ၍လောင်းက စားပြုလုပ်မှုများရှိသည့်အပြင် ၎င်းနှင့်ရင်းနှီးကျွမ်းဝင်သည့် ကပ္ပိယလူငယ်များနှင့်လည်း လိင်တူဆက်ဆံမှုများပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိရသည်ဟုဖော် ပြထားသည်။ လက်ရှိတွင် ဦးဇဝန(ခ)ဇာနည်ကိုကိုအားရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၅၊ ၅ဝ၅-က၊ လောင်းကစားဥပဒေတို့ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက၏တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

zawgyi version
မႏၲေလးတိုင္း၊ စဥ့္ကိုင္ၿမိဳ႕ရွိ ျပည္ေတာ္သာေက်ာင္းတိုက္မွ ဦးဇဝန(ခ)ဇာနည္ကိုကိုအား ဖမ္းဆီးထိန္းသိမ္း
NP News - ဇန္နဝါရီ ၉

သံဃာ့ဝိနည္းႏွင့္အညီ က်င့္ႀကံေနထိုင္ျခင္းမရွိဘဲ သာသနာညႇိဳးႏြမ္းေစရန္လုပ္ေဆာင္ခဲ့သည္ဟုဆိုကာ မႏၲေလးတိုင္းေဒသႀကီး၊ စဥ့္ကိုင္ၿမိဳ႕ရွိ ျပည္ေတာ္သာေက်ာင္းတိုက္မွ ဦးဇဝန(ခ) ဇာနည္ကိုကိုအား ဖမ္း ဆီးထိန္းသိမ္းခဲ့ေၾကာင္း နစက သတင္းမွန္ျပန္ၾကား ေရးအဖြဲ႕ကဇန္နဝါရီလ(၈)ရက္ညပိုင္းတြင္သတင္း ထုတ္ျပန္ခဲ့သည္။

ျပည္ေတာ္သာေက်ာင္းတိုက္ဆရာေတာ္ ဦးဇဝနက ဇန္နဝါရီလ(၁)ရက္နံနက္ပိုင္းတြင္ ၎၏ေမြးေန႔ပြဲျပဳ လုပ္ေနမႈကို Ashin Zawana Facebook Account ၌ ႐ုပ္သံဖိုင္ Live လႊင့္ခဲ့ၿပီး အဆိုပါ႐ုပ္သံဖိုင္တြင္ ဦးဇဝ နသည္ သာမန္လူပုဂၢိဳလ္မ်ားကဲ့သို႔ေမြးေန႔အားက်င္း ပျပဳလုပ္ခဲ့သည့္အျပင္ ၎ကိုကိုးကြယ္သူမ်ားက နမ္းျခင္း၊ ေမြးေန႔သီခ်င္းမ်ားသီဆိုျခင္း၊ အရက္ေသစာ ေသာက္စားျခင္း၊ ကခုန္ျခင္းမ်ားျပဳလုပ္ခဲ့မႈသည္ သံဃာ့ဝိနည္းႏွင့္မညီသည့္အျပင္ သာသနာညႇိဳးႏြမ္းေစႏိုင္သည့္လုပ္ေဆာင္မႈမ်ားျဖစ္ေသာေၾကာင့္ ျဖစ္စဥ္မွန္ေပၚေပါက္ေစေရး ဇန္နဝါရီလ(၃)ရက္တြင္ ဦးဇဝ န(ခ) ဇာနည္ကိုကိုအား ၎ေမြးေန႔ပြဲက်င္းပခဲ့သည့္ မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(၁)ရပ္ကြက္၊ ၇၁ လမ္း ႏွင့္ ၁ဝ၂(A) လမ္းေထာင့္ရွိ ေဇာ္မ်ိဳးေအာင္၏ေနအိမ္၌ ေဇာ္မ်ိဳးေအာင္ အပါအ ဝင္သာသနာညႇိဳးႏြမ္းေအာင္ ပူးေပါင္းပါဝင္သူ(၁၃) ဦးႏွင့္အတူ ဖမ္းဆီးထိန္းသိမ္းခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ထို႔ျပင္ ဦးဇဝန(ခ) ဇာနည္ကိုကိုသည္ Ashin Zawana Facebook Account ျဖင့္ ဆူပူဆႏၵျပမႈမ်ားအား အားေပးေထာက္ခံေရးသားျခင္း၊ ဝန္ထမ္းမ်ား CDM တြင္ ပါဝင္လာေစေရးလႈံ႕ေဆာ္ေရးသားျခင္း၊ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေစရန္ မမွန္သတင္းေရးသားျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္း ေတြ႕ရွိရသည္ဟုလည္း နစကက ဆိုသည္။ ဆက္လက္၍ ဦးဇဝန(ခ)ဇာနည္ကိုကိုသည္ သံဃာေတာ္မ်ားအသုံးျပဳရန္ သင့္ေတာ္ျခင္းမရွိေသာ တန္ဖိုးႀကီးဖိနပ္၊ လက္ ကိုင္အိတ္၊ မ်က္မွန္၊ ေတာင္ေဝွးစသည့္ သာမန္လူပုဂၢိဳလ္ အသုံးအေဆာင္ပစၥည္း မ်ားအား ဝတ္ဆင္အ သုံးျပဳခဲ့ၿပီး ယင္းအသုံးအေဆာင္မ်ားျဖင့္ အလွဓာတ္ ပုံမ်ား႐ိုက္ကူးကာ Facebook တြင္ Post တင္ျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္းေတြ႕ရွိရသည္ဟု နစက၏ သ တင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

နစက၏ သတင္းထုတ္ျပန္ခ်က္တြင္ ဦးဇဝန(ခ)ဇာ နည္ကိုကိုသည္ ဘာသာေရးအေရၿခဳံ၍ေလာင္းက စားျပဳလုပ္မႈမ်ားရွိသည့္အျပင္ ၎ႏွင့္ရင္းႏွီးကြၽမ္းဝင္သည့္ ကပၸိယလူငယ္မ်ားႏွင့္လည္း လိင္တူဆက္ဆံမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း ေဖာ္ထုတ္ေတြ႕ရွိရသည္ဟုေဖာ္ ျပထားသည္။ လက္ရွိတြင္ ဦးဇဝန(ခ)ဇာနည္ကိုကိုအားရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၉၅၊ ၅ဝ၅-က၊ ေလာင္းကစားဥပေဒတို႔ျဖင့္ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း နစက၏တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္ထားသည္။

© 2021. All rights reserved.