ဖိအားပေးတိုင်းသာပိပြားရမည်ဆိုပါက မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ်တောင် လွတ်လပ်ရေးရမှာမဟုတ်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြော

 1353

မျိုးကြီး (NP News) - ဇန်နဝါရီ ၁၄
ဖိအားပေးတိုင်းသာပိပြားရမည်ဆိုပါက မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ်တောင် လွတ် လပ်ရေးရမှာမဟုတ်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ (ဇန်နဝါရီလ ၁၄ ရက်)တွင် နေပြည်တော်၌ကျင်းပပြုလုပ်သည့် နစကအဖွဲ့၏ ၁၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ မြန်မာနိုင်ငံသို့ လာရောက်သည့်ခရီးနှင့်ပတ်သက်၍ နိုင်ငံတကာဖိ အားများလျော့ကျသွားခြင်းရှိ၊ မရှိကို မီဒီယာများ၏ မေးမြန်းမှုများရှိနေခြင်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

"ပြောရမယ်ဆိုရင်တော့ နိုင်ငံတကာဖိအားတွေက လျော့ကျသွားတာမဟုတ်ပါဘူး။ ဖိအားပေးတဲ့ဘက်ကတော့ဆက်လက်ပြီး ဖိအားပေးနေတုန်းပါပဲ။ ယ ခင်ကတည်းက မြန်မာနိုင်ငံအပေါ်မှာမှန်မှန်ကန်ကန်သဘောထားရှိတဲ့ နိုင်ငံတွေ၊ မြန်မာနိုင်ငံရဲ့ရပ်တည် ချက်မှန်ကန်တယ်ဆိုတဲ့နိုင်ငံတွေကတော့ မြန်မာနိုင် ငံရဲ့ကမ္ဘာ့အခန်းကဏ္ဍကို ပြန်လည်မြှင့်တင်ပေးလျက်ရှိကြောင်း တွေ့ရပါတယ်။ ဒါကြောင့် ယခင်ကတည်း က ဖိအားပေးနေတဲ့သူများက ဖိအားဆက်ပေးနေအုံးမှာပဲဖြစ်ပါတယ်။ နိုင်ငံကိုမြှင့်တင်ပေးနေတဲ့သူတွေကလည်း မြှင့်တင်ပေးနေအုံးမှာပဲဖြစ်တယ်လို့ပြောချင်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့ပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းက "ပြောမယ်ဆိုရင်တော့ ဒီဖိအားတွေကြောင့်သာ ပိပြားကျကြေးဆိုရင်တော့ ဖိအားပေးတိုင်းသာ မြန်မာနိုင်ငံသည် ပိရမယ်၊ ပြားရမယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ်တောင် လွတ်လပ်ရေးရမှာမဟုတ်တဲ့အပြင် မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံမြေပုံဟာလည်း ဒီအနေအထားအတိုင်း ဆက်ရှိစရာအ ကြောင်းမရှိပါဘူး" ဟုထည့်သွင်းပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ဇန်န ဝါရီလ ၇ ရက်မှစ၍ ၈ ရက်အထိ လာရောက်ခဲ့သည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ ခရီးစဉ်သည် ကောင်းမွန်ထူးခြားသည့် ရလာဒ်များရရှိခဲ့ပြီး နှစ်နိုင်ငံ ပူးတွဲကြေညာချက်များထုတ်ပြန်နိုင်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ဆိုထား သည်။

zawgyi version
ဖိအားေပးတိုင္းသာပိျပားရမည္ဆိုပါက ျမန္မာႏိုင္ငံသည္ ျပည္ေထာင္စုႏိုင္ငံတစ္ခုအျဖစ္ေတာင္ လြတ္လပ္ေရးရမွာမဟုတ္ဟု နစကသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ေျပာ
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၁၄

ဖိအားေပးတိုင္းသာပိျပားရမည္ဆိုပါက ျမန္မာႏိုင္ငံသည္ ျပည္ေထာင္စုႏိုင္ငံတစ္ခုအျဖစ္ေတာင္ လြတ္ လပ္ေရးရမွာမဟုတ္ဟု နစကသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုလိုက္သည္။

ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ယေန႔ (ဇန္နဝါရီလ ၁၄ ရက္)တြင္ ေနျပည္ေတာ္၌က်င္းပျပဳလုပ္သည့္ နစကအဖြဲ႕၏ ၁၁ ႀကိမ္ေျမာက္ သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါကဲ့သို႔ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။

ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္၏ ျမန္မာႏိုင္ငံသို႔ လာေရာက္သည့္ခရီးႏွင့္ပတ္သက္၍ ႏိုင္ငံတကာဖိ အားမ်ားေလ်ာ့က်သြားျခင္းရွိ၊ မရွိကို မီဒီယာမ်ား၏ ေမးျမန္းမႈမ်ားရွိေနျခင္းႏွင့္ပတ္သက္၍ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျပန္လည္ေျဖဆိုခဲ့ျခင္းျဖစ္သည္။

"ေျပာရမယ္ဆိုရင္ေတာ့ ႏိုင္ငံတကာဖိအားေတြက ေလ်ာ့က်သြားတာမဟုတ္ပါဘူး။ ဖိအားေပးတဲ့ဘက္ကေတာ့ဆက္လက္ၿပီး ဖိအားေပးေနတုန္းပါပဲ။ ယ ခင္ကတည္းက ျမန္မာႏိုင္ငံအေပၚမွာမွန္မွန္ကန္ကန္သေဘာထားရွိတဲ့ ႏိုင္ငံေတြ၊ ျမန္မာႏိုင္ငံရဲ႕ရပ္တည္ ခ်က္မွန္ကန္တယ္ဆိုတဲ့ႏိုင္ငံေတြကေတာ့ ျမန္မာႏိုင္ ငံရဲ႕ကမာၻ႔အခန္းက႑ကို ျပန္လည္ျမႇင့္တင္ေပးလ်က္ရွိေၾကာင္း ေတြ႕ရပါတယ္။ ဒါေၾကာင့္ ယခင္ကတည္း က ဖိအားေပးေနတဲ့သူမ်ားက ဖိအားဆက္ေပးေနအုံးမွာပဲျဖစ္ပါတယ္။ ႏိုင္ငံကိုျမႇင့္တင္ေပးေနတဲ့သူေတြကလည္း ျမႇင့္တင္ေပးေနအုံးမွာပဲျဖစ္တယ္လို႔ေျပာခ်င္ပါတယ္" ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားသည္။

ထို႔ျပင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက "ေျပာမယ္ဆိုရင္ေတာ့ ဒီဖိအားေတြေၾကာင့္သာ ပိျပားက်ေၾကးဆိုရင္ေတာ့ ဖိအားေပးတိုင္းသာ ျမန္မာႏိုင္ငံသည္ ပိရမယ္၊ ျပားရမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံဟာ ျပည္ေထာင္စုႏိုင္ငံတစ္ခုအျဖစ္ေတာင္ လြတ္လပ္ေရးရမွာမဟုတ္တဲ့အျပင္ ျမန္မာႏိုင္ငံရဲ႕လက္ရွိႏိုင္ငံေျမပုံဟာလည္း ဒီအေနအထားအတိုင္း ဆက္ရွိစရာအ ေၾကာင္းမရွိပါဘူး" ဟုထည့္သြင္းေျပာၾကားခဲ့သည္။

နစကဥကၠ႒ဖိတ္ၾကားခ်က္အရ ျမန္မာႏိုင္ငံသို႔ ဇန္န ဝါရီလ ၇ ရက္မွစ၍ ၈ ရက္အထိ လာေရာက္ခဲ့သည့္ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္၏ ခရီးစဥ္သည္ ေကာင္းမြန္ထူးျခားသည့္ ရလာဒ္မ်ားရရွိခဲ့ၿပီး ႏွစ္ႏိုင္ငံ ပူးတြဲေၾကညာခ်က္မ်ားထုတ္ျပန္ႏိုင္ခဲ့ေၾကာင္း နစကသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္က ဆိုထား သည္။

Related news

© 2021. All rights reserved.