ကာယဗလမောင်တစ်ဦး မြန်မာကိုယ်စားပြုအဖြစ် ဆီးဂိမ်းပြိုင်ပွဲဝင်ရန်လေ့ကျင့်နေစဉ် ဝိတ်ပြားပိသေဆုံးမှုဖြစ်ပွား

2104

မျိုးကြီး (NP News) - ဇန်နဝါရီ ၂ဝ
ကာယဗလမောင်ကိုမိုးဆွေသည် မြန်မာကိုယ်စားပြု ဆီးဂိမ်းပြိုင်ပွဲဝင်ရန်လေ့ကျင့်နေစဉ် အလေးမဝိတ်ပြားမတော်တဆပိကာ ဇန်နဝါရီလ ၁၉ ရက်ညနေပိုင်းက သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။
အသက် ၃၈ နှစ်အရွယ် ကိုမိုးဆွေသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ရုံလမ်းမကြီးစည်ပင်ဝန်းအတွင်း၌ ဆီးဂိမ်းကာယဗလပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ရန်အတွက် လေ့ကျင့်နေစဉ် အလေးမဝိတ်ပြားမတော် တဆပိကာသေးဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ခဲ့သော ဖို့မြေရပ်ကွက်မိသားစုလူမှု့ကူညီရေးနှင့်ပရဟိ တအသင်းက အသိပေးထုတ်ပြန်ထားသည်။
အဆိုပါအသင်းက ကိုမိုးဆွေ၏ ရုပ်အလောင်းကို စစ် ဆေးမှုများပြုလုပ်နိုင်ရန်အတွက် အမှတ်(၁)ကုတင် ၁ဝဝဝ၊ မင်္ဂလာဒုံစစ်ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ကာယဗလမောင်ကိုမိုးဆွေသည် ၂ဝ၁၇ခုနှစ်တွင်မြန် မာ့လက်ရွေးစင် ကာယဗလမောင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး ပြိုင်များတွင်ဆုတံဆိပ်များရရှိခဲ့သူဖြစ်ကြောင်း သိရသည်။
zawgyi version
ကာယဗလေမာင္တစ္ဦး ျမန္မာကိုယ္စားျပဳအျဖစ္ ဆီးဂိမ္းၿပိဳင္ပြဲဝင္ရန္ေလ့က်င့္ေနစဥ္ ဝိတ္ျပားပိေသဆုံးမႈျဖစ္ပြား
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂ဝ
ကာယဗလေမာင္ကိုမိုးေဆြသည္ ျမန္မာကိုယ္စားျပဳ ဆီးဂိမ္းၿပိဳင္ပြဲဝင္ရန္ေလ့က်င့္ေနစဥ္ အေလးမဝိတ္ျပားမေတာ္တဆပိကာ ဇန္နဝါရီလ ၁၉ ရက္ညေနပိုင္းက ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္းသတင္းရရွိသည္။
အသက္ ၃၈ ႏွစ္အ႐ြယ္ ကိုမိုးေဆြသည္ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္၊ စက္႐ုံလမ္းမႀကီးစည္ပင္ဝန္းအတြင္း၌ ဆီးဂိမ္းကာယဗလၿပိဳင္ပြဲကို ျမန္မာႏိုင္ငံကိုယ္စားျပဳသြားေရာက္ယွဥ္ၿပိဳင္ရန္အတြက္ ေလ့က်င့္ေနစဥ္ အေလးမဝိတ္ျပားမေတာ္ တဆပိကာေသးဆုံးခဲ့ေၾကာင္း ကူညီေဆာင္႐ြက္ခဲ့ေသာ ဖို႔ေျမရပ္ကြက္မိသားစုလူမႈ႕ကူညီေရးႏွင့္ပရဟိ တအသင္းက အသိေပးထုတ္ျပန္ထားသည္။
အဆိုပါအသင္းက ကိုမိုးေဆြ၏ ႐ုပ္အေလာင္းကို စစ္ ေဆးမႈမ်ားျပဳလုပ္ႏိုင္ရန္အတြက္ အမွတ္(၁)ကုတင္ ၁ဝဝဝ၊ မဂၤလာဒုံစစ္ေဆး႐ုံသို႔ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ကာယဗလေမာင္ကိုမိုးေဆြသည္ ၂ဝ၁၇ခုႏွစ္တြင္ျမန္ မာ့လက္ေ႐ြးစင္ ကာယဗလေမာင္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရၿပီး ၿပိဳင္မ်ားတြင္ဆုတံဆိပ္မ်ားရရွိခဲ့သူျဖစ္ေၾကာင္း သိရသည္။