မြို့သာစက်မှုဥယျာဉ်စီမံကိန်းအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များအားဖိတ်ခေါ်ရာတွင် ကြိုတင်လျှောက်ထားစေခြင်းဖြင့်လုပ်ငန်းများမြန်ဆန်မည်ဟုဆို

 1513

မျိုးကြီး (NP News) - ဇန်နဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေး-မြို့သာစက်မှုဥ ယျာဉ်မြို့တော်တည်ဆောက်ရေးစီမံကိန်းစက်မှုဇုန်နယ်မြေအတွင်း လာရောက်ရင်းနှီးမြှုပ်နှံမည့် လုပ် ငန်းရှင်များအားဖိတ်ခေါ်ရာ၌ မြန်မာနိုင်ငံရင်းနှီးမြှုပ် နှံမှုကော်မရှင်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ခွင့် ပြုချက်များကို သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြိုတင်လျှောက်ထားစေခြင်းဖြင့်လုပ်ငန်းများဆောင်ရွက်ရာ၌ ပိုမိုမြန်ဆန်စေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌက ဇန်နဝါရီလ ၂၄ ရက်က အဆိုပါစီမံ ကိန်း အကောင်အထည်ဖော်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု့ခဲ့ရာတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စီမံ ကိန်းဧရိယာသည် အပူပိုင်းဒေသဖြစ်သဖြင့် စီမံကိန်းနယ်မြေဧရိယာအစပ်များနှင့် လစ်လပ်မြေနေရာများတွင်သစ်ပင်များစိုက်ပျိုးခြင်းဖြင့် စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရန်လည်းထည့်သွင်းပြော ကြားခဲ့သည်။

ထို့ပြင် လျှပ်စစ်မီးသုံးစွဲမှုနှင့်ပတ်သက်၍ နိုင်ငံတော်မှဆောင်ရွက်ပေးထားသည့် လျှပ်စစ်ဓာတ်အားအပြင် မိုးရွာရက်နည်းပြီး ပူးပြင်းသည့်ဒေသဖြစ်သည့်အ တွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူသုံးစွဲနိုင်ရေးအတွက်လည်း လုပ်ဆောင်ကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

မြို့သာစက်မှုဇုန်သည် ကုန်းလမ်း ၊ ရေလမ်း ၊ လေ ကြောင်းလမ်းဆုံရာတွင်တည်ရှိခြင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးမှုဝင်ရိုး (Growth Pole ) တစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီးအတွင်းတည်ရှိနေပြီး စက်မှုဇုန်တစ်ခုတွင်ပါရှိရမည့် အခြေခံအဆောက်အ အုံများပြည့်စုံအောင်တည်ဆောက်ထားသည့် စက်မှုဇုန်ဖြစ်ကာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂ဝ၁၂ ခုနှစ် ကတည်းကခွင့်ပြုမိန့်ထုတ်ပေးထားသည့် စက်မှုဇုန်ဖြစ်ကြောင်းသိရသည်။ စီမံကိန်းတွင် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ငွေကျပ် ၂၉၈ ဘီလျံခန့်၊ နိုင် ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ဝ၈ သန်းပါဝင်ကြောင်းသိရသည်။

ၿမိဳ႕သာစက္မႈဥယ်ာဥ္စီမံကိန္းအတြင္း လာေရာက္ရင္းႏွီးျမႇဳပ္ႏွံမည့္လုပ္ငန္းရွင္မ်ားအားဖိတ္ေခၚရာတြင္ ႀကိဳတင္ေလွ်ာက္ထားေစျခင္းျဖင့္လုပ္ငန္းမ်ားျမန္ဆန္မည္ဟုဆို
မ်ိဳးႀကီး (NP News) - ဇန္နဝါရီ ၂၅
မႏၲေလးတိုင္းေဒသႀကီး၊ မႏၲေလး-ၿမိဳ႕သာစက္မႈဥ ယ်ာဥ္ၿမိဳ႕ေတာ္တည္ေဆာက္ေရးစီမံကိန္းစက္မႈဇုန္နယ္ေျမအတြင္း လာေရာက္ရင္းႏွီးျမႇဳပ္ႏွံမည့္ လုပ္ ငန္းရွင္မ်ားအားဖိတ္ေခၚရာ၌ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ ႏွံမႈေကာ္မရွင္ႏွင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ား၏ ခြင့္ ျပဳခ်က္မ်ားကို သတ္မွတ္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ႀကိဳတင္ေလွ်ာက္ထားေစျခင္းျဖင့္လုပ္ငန္းမ်ားေဆာင္႐ြက္ရာ၌ ပိုမိုျမန္ဆန္ေစမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အသိေပးေျပာၾကားခဲ့သည္။

နစကဥကၠ႒က ဇန္နဝါရီလ ၂၄ ရက္က အဆိုပါစီမံ ကိန္း အေကာင္အထည္ေဖာ္ေနမႈအေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈ႕ခဲ့ရာတြင္ ယခုကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဆက္လက္ၿပီး ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က စီမံ ကိန္းဧရိယာသည္ အပူပိုင္းေဒသျဖစ္သျဖင့္ စီမံကိန္းနယ္ေျမဧရိယာအစပ္မ်ားႏွင့္ လစ္လပ္ေျမေနရာမ်ားတြင္သစ္ပင္မ်ားစိုက္ပ်ိဳးျခင္းျဖင့္ စိမ္းလန္းစိုေျပသည့္ ပတ္ဝန္းက်င္ကို ဖန္တီးေပးရန္လည္းထည့္သြင္းေျပာ ၾကားခဲ့သည္။

ထို႔ျပင္ လွ်ပ္စစ္မီးသုံးစြဲမႈႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္မွေဆာင္႐ြက္ေပးထားသည့္ လွ်ပ္စစ္ဓာတ္အားအျပင္ မိုး႐ြာရက္နည္းၿပီး ပူးျပင္းသည့္ေဒသျဖစ္သည့္အ တြက္ ဆိုလာစနစ္ျဖင့္ လွ်ပ္စစ္ဓာတ္အားထုတ္ယူသုံးစြဲႏိုင္ေရးအတြက္လည္း လုပ္ေဆာင္ၾကေစလိုေၾကာင္း ေဆြးေႏြးေျပာၾကားခဲ့သည္။

ၿမိဳ႕သာစက္မႈဇုန္သည္ ကုန္းလမ္း ၊ ေရလမ္း ၊ ေလ ေၾကာင္းလမ္းဆုံရာတြင္တည္ရွိျခင္း၊ ျမန္မာႏိုင္ငံ၏ အနာဂတ္ဖြံ႕ၿဖိဳးမႈဝင္႐ိုး (Growth Pole ) တစ္ခုျဖစ္သည့္ မႏၲေလးတိုင္းေဒသႀကီးအတြင္းတည္ရွိေနၿပီး စက္မႈဇုန္တစ္ခုတြင္ပါရွိရမည့္ အေျခခံအေဆာက္အ အုံမ်ားျပည့္စုံေအာင္တည္ေဆာက္ထားသည့္ စက္မႈဇုန္ျဖစ္ကာ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ၂ဝ၁၂ ခုႏွစ္ ကတည္းကခြင့္ျပဳမိန႔္ထုတ္ေပးထားသည့္ စက္မႈဇုန္ျဖစ္ေၾကာင္းသိရသည္။ စီမံကိန္းတြင္ ျပည္တြင္းရင္းႏွီးျမႇဳပ္ႏွံမႈ ေငြက်ပ္ ၂၉၈ ဘီလ်ံခန႔္၊ ႏိုင္ ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ အေမရိကန္ေဒၚလာ ၅ဝ၈ သန္းပါဝင္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.