သမ္မတ ဂျိုးဘိုင်ဒန်က အိမ်ဖြူတော် မိသားစုကြောင်အဖြစ် ကြောင်လေး Willow ကိုကြိုဆို

721

ရောင်နီ (NP News) - ဇန်နဝါရီ ၂၉
အိမ်ဖြူတော်ရဲ့ ချစ်စရာမိသားစုဝင်အသစ်လေးဖြစ်တဲ့ ကြောင်မလေး Willow ကို သမ္မတကတော် Jill Biden က သောကြာနေ့(ဇန်နဝါရီလ ၂၈ ရက်)မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။
အိမ်ဖြူတော်ရဲ့ မိသားစုဝင်သစ်ဖြစ်တဲ့ အသက် ၂ နှစ်အရွယ် မီးခိုးရောင်ကြောင်မလေးကို သူမရဲ့ နေရပ်ဇာတိဖြစ်တဲ့ ပင်ဆယ်ဗေးနီးယားပြည်နယ်၊ Willow Grove မြို့ကို အစွဲပြုပြီး Willow လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ သမ္မတဘိုင်ဒန်ဟာ ၂ဝ၂ဝ ခုနှစ်၊ ကမ်ပိန်းရပ်နားတဲ့နေရာမှာ Willow နဲ့ ပထမဆုံး တွေ့ဆုံခဲ့ပြီးနောက် ခင်မင်သံယောဇဉ်တွယ်ခဲ့ကြောင်း သမ္မတကတော်ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့အတွင်းရေးမှူး Michael LaRosa မှပေးပို့တဲ့ အ ချက်အလက်တွေအရ သိရပါတယ်။ Willow အတွက် အ ရုပ်တွေ၊ လက်ဆောင်တွေ၊ အခန်းများစွာဖွဲ့စည်းပေးထားတယ်လို့ LaRosa က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလက သမ္မတကတော်ရဲ့ အင်တာဗျူးတစ်ခုမှာ ကြောင်မလေး Willow ကို လွန်ခဲ့တဲ့ လပေါင်းများစွာ ကတည်းက အသိမိတ်ဆွေတွေက မွေးစားခဲ့တယ်လို့ ဆိုပါတယ်။ ယခု Willow ဟာ ယခင်နှစ် ဒီဇင်ဘာလက ဘိုင်ဒန်မွေးစားထားတဲ့ ဂျာမန်သိုးထိန်းခွေးမျိုးသန့် Commander နဲ့အတူ အိမ်ဖြူတော်မှာ နေထိုင်လျက် ရှိပါတယ်။
အိမ်ဖြူတော်မှာ ယခင်ကမွေးစား ထားတဲ့ Major ခေါ် အခြား German Shepherd ဟာလည်း ပြင်း ထန်တဲ့ဒဏ်ရာရရှိခဲ့တာကြောင့် အိမ်ဖြူတော်နဲ့ဝေး ကွာရာ နေရာမှာစောင့်ရှောက်သူတွေနဲ့ နေထိုင်နေပြီး "ခွေးလေ့ကျင့်ရေး ဆရာတွေ၊တိရစ္ဆာန်အမူအ ကျင့်ပညာရှင်တွေ၊ တိရစ္ဆာန်ဆေးကုဆရာဝန်တွေနဲ့ တိုင်ပင်ပြီးနောက်၊ မေဂျာအတွက် မိသားစု သူငယ် ချင်းတွေနဲ့ ပိုဆိတ်ငြိမ်တဲ့ပတ်ဝန်းကျင်မှာ နေထိုင်ဖို့ ကျွမ်းကျင်သူတွေရဲ့စုပေါင်းအကြံပြုချက်ကို လိုက်နာဖို့ ဆုံးဖြတ်ခဲ့ပါတယ်"လို့ LaRosa က CNN ကိုပြောကြားခဲ့ပါတယ်။
သမ္မတ George W. Bush လက်ထက်ကလည်း အိမ်ဖြူတော်မှာ India လို့ခေါ်တဲ့ အိမ်မွေးကြောင်တစ်ကောင်ရှိခဲ့ဖူးတယ်လို့သိရပါတယ်။

zawgyi version
သမၼတ ဂ်ိဳးဘိုင္ဒန္က အိမ္ျဖဴေတာ္ မိသားစုေၾကာင္အျဖစ္ ေၾကာင္ေလး Willow ကိုႀကိဳဆို
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၉
အိမ္ျဖဴေတာ္ရဲ႕ ခ်စ္စရာမိသားစုဝင္အသစ္ေလးျဖစ္တဲ့ ေၾကာင္မေလး Willow ကို သမၼတကေတာ္ Jill Biden က ေသာၾကာေန႔(ဇန္နဝါရီလ ၂၈ ရက္)မွာ ထုတ္ေဖာ္ျပသခဲ့ပါတယ္။
အိမ္ျဖဴေတာ္ရဲ႕ မိသားစုဝင္သစ္ျဖစ္တဲ့ အသက္ ၂ ႏွစ္အ႐ြယ္ မီးခိုးေရာင္ေၾကာင္မေလးကို သူမရဲ႕ ေနရပ္ဇာတိျဖစ္တဲ့ ပင္ဆယ္ေဗးနီးယားျပည္နယ္၊ Willow Grove ၿမိဳ႕ကို အစြဲျပဳၿပီး Willow လို႔ အမည္ေပးထားျခင္း ျဖစ္ပါတယ္။ သမၼတဘိုင္ဒန္ဟာ ၂ဝ၂ဝ ခုႏွစ္၊ ကမ္ပိန္းရပ္နားတဲ့ေနရာမွာ Willow နဲ႔ ပထမဆုံး ေတြ႕ဆုံခဲ့ၿပီးေနာက္ ခင္မင္သံေယာဇဥ္တြယ္ခဲ့ေၾကာင္း သမၼတကေတာ္ရဲ႕သတင္းထုတ္ျပန္ေရးအဖြဲ႕အတြင္းေရးမႉး Michael LaRosa မွေပးပို႔တဲ့ အ ခ်က္အလက္ေတြအရ သိရပါတယ္။ Willow အတြက္ အ ႐ုပ္ေတြ၊ လက္ေဆာင္ေတြ၊ အခန္းမ်ားစြာဖြဲ႕စည္းေပးထားတယ္လို႔ LaRosa က ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
ဧၿပီလက သမၼတကေတာ္ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေၾကာင္မေလး Willow ကို လြန္ခဲ့တဲ့ လေပါင္းမ်ားစြာ ကတည္းက အသိမိတ္ေဆြေတြက ေမြးစားခဲ့တယ္လို႔ ဆိုပါတယ္။ ယခု Willow ဟာ ယခင္ႏွစ္ ဒီဇင္ဘာလက ဘိုင္ဒန္ေမြးစားထားတဲ့ ဂ်ာမန္သိုးထိန္းေခြးမ်ိဳးသန႔္ Commander နဲ႔အတူ အိမ္ျဖဴေတာ္မွာ ေနထိုင္လ်က္ ရွိပါတယ္။
အိမ္ျဖဴေတာ္မွာ ယခင္ကေမြးစား ထားတဲ့ Major ေခၚ အျခား German Shepherd ဟာလည္း ျပင္း ထန္တဲ့ဒဏ္ရာရရွိခဲ့တာေၾကာင့္ အိမ္ျဖဴေတာ္နဲ႔ေဝး ကြာရာ ေနရာမွာေစာင့္ေရွာက္သူေတြနဲ႔ ေနထိုင္ေနၿပီး "ေခြးေလ့က်င့္ေရး ဆရာေတြ၊တိရစာၦန္အမူအ က်င့္ပညာရွင္ေတြ၊ တိရစာၦန္ေဆးကုဆရာဝန္ေတြနဲ႔ တိုင္ပင္ၿပီးေနာက္၊ ေမဂ်ာအတြက္ မိသားစု သူငယ္ ခ်င္းေတြနဲ႔ ပိုဆိတ္ၿငိမ္တဲ့ပတ္ဝန္းက်င္မွာ ေနထိုင္ဖို႔ ကြၽမ္းက်င္သူေတြရဲ႕စုေပါင္းအႀကံျပဳခ်က္ကို လိုက္နာဖို႔ ဆုံးျဖတ္ခဲ့ပါတယ္"လို႔ LaRosa က CNN ကိုေျပာၾကားခဲ့ပါတယ္။
သမၼတ George W. Bush လက္ထက္ကလည္း အိမ္ျဖဴေတာ္မွာ India လို႔ေခၚတဲ့ အိမ္ေမြးေၾကာင္တစ္ေကာင္ရွိခဲ့ဖူးတယ္လို႔သိရပါတယ္။