ထားဝယ်မြစ်နှင့်တနင်္သာရီမြစ်ရေလမ်းကြောင်းတစ်လျှောက် သောင်တူးဖော်ရှင်းလင်းကာ ထွက်ရှိလာသည့်သဲများကို ပြည်ပသို့တင်ပို့နိုင်ရန်ပြင်ဆင်

 1343

မျိုးကြီး (NP News)- ဇန်နဝါရီ ၃ဝ
ထားဝယ်မြစ်နှင့် တနင်္သာရီမြစ်ရေလမ်းကြောင်းတစ်လျှောက် သောင်တူးဖော်ရှင်းလင်းကာ ထွက်ရှိလာသည့် သဲများကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက
ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်ရေး သောင်းတူဖော်ရှင်းလင်းခြင်းလုပ်ငန်းနှင့် တနင်္သာရီမြစ် မြစ်ကြောင်းရှင်းလင်းခြင်း သောင်တူးဖော်ရှင်းလင်းခြင်းလုပ်ငန်းများအတွက် ဝန်ကြီးဌာနကအိတ်ဖွင့်တင်ဒါခေါ်ယူ ထားသည်။

တနင်္သာရီမြစ်၌ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် နုန်းအနည်ထိုင်မှုများများပြားလာခဲ့ပြီး ရေစီးရေလာများပိတ်ဆို့၍ ရေကြီးရေလျှံခြင်း၊ ရေစူးအ နက်များကျဆင်း၍ ရေယာဉ်များဝင်ထွက်သွားလာရေးကို အဟန့်အတားဖြစ်စေခြင်းများဖြစ်နေသဖြင့် ရေစီးရေလာကောင်းမွန်ရေးနှင့် ရေလမ်းကြောင်းတိုး တက်ကောင်းမွန်ရေးတို့အတွက် ရေလမ်းကြောင်းတစ်လျှောက် သောင်တူးဖော်ရှင်းလင်းခြင်းနှင့် ထွက်ရှိလာသောသဲများကို ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်းအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်သည် ပြည်တွင်း၊ ပြည်ပကုမ္ပဏီနှင့်အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ တနင်္သာရီမြစ်တွင်လည်း ရာသီဥတုပြောင်း လဲမှုများကြောင့် နုန်းအနည်ထိုင်မှုများလာပြီး ရေစီးရေလာပိတ်ဆို့၍ ရေကြီးရေလျှံခြင်း၊ ရေယာဉ်များ ဝင်ထွက်သွားလာရေးအတွက် အဟန့်အတားဖြစ်နေပြီး ရေလမ်းကြောင်းတစ်လျှောက် သောင်တူးဖော်ရှင်းလင်းခြင်းနှင့်ထွက်ရှိလာသော သဲများအား ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းကို ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည် တွင်း၊ ပြည်ပကုမ္ပဏီများနှင့်အကျိုးတူ ဆောင်ရွက်နိုင်ရေး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သို့ရာတွင် အဆိုပါလုပ်ငန်းများသည် စီးပွားရေးဆန်ဆန်သောင်တူးဖော်ခြင်းမျိုးမဟုတ်ဘဲ သဘာဝပတ် ဝန်းကျင်၏ Eco System ကို ထိခိုက်မှုမရှိစေရန်တူးဖော်ရှင်းလင်းရခြင်း၊ ဌာနမှသတ်မှတ်ပေးသည့် ရေ လမ်းကြောင်းတစ်လျှောက်ရှိ ရေတိမ်ကွက်များကိုသာ မူလရေစူးအနက် ပြန်လည်ရရှိအောင် တူးဖော်ရှင်းလင်းရခြင်း၊ ဒေသခံလူထု၏လူမှုစီးပွားရေးကို ထိခိုက်နှောက်ယှက်မှုမရှိစေရန် ဆောင်ရွက်ရခြင်း၊ လိုအပ်ပါက ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရခြင်းစသည့်အခြေအနေများကြောင့် လုပ်ငန်းအတွေ့အကြုံ၊ နည်းပညာ၊ စက်ယန္တရား၊ ကျွမ်းကျင်ပညာရှင်များနှင့် ဘဏ္ဍာရေးကိစ္စရပ်များတွင် ခိုင်မာမှုရှိရန် အထူးလို အပ်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနကဆိုသည်။

အဆိုပါလုပ်ငန်းနှစ်ခုနှင့်ပတ်သက်၍ အိတ်ဖွင့်တင်ဒါလျှောက်လွှာများကို ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ၂၁ ရက်အထိ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
ထားဝယ္ျမစ္ႏွင့္တနသၤာရီျမစ္ေရလမ္းေၾကာင္းတစ္ေလွ်ာက္ ေသာင္တူးေဖာ္ရွင္းလင္းကာ ထြက္ရွိလာသည့္သဲမ်ားကို ျပည္ပသို႔တင္ပို႔ႏိုင္ရန္ျပင္ဆင္
မ်ိဳးႀကီး (NP News)- ဇန္နဝါရီ ၃ဝ

ထားဝယ္ျမစ္ႏွင့္ တနသၤာရီျမစ္ေရလမ္းေၾကာင္းတစ္ေလွ်ာက္ ေသာင္တူးေဖာ္ရွင္းလင္းကာ ထြက္ရွိလာသည့္ သဲမ်ားကို ျပည္ပသို႔တင္ပို႔ႏိုင္ရန္အတြက္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနကျပင္ဆင္ေနေၾကာင္း သတင္းရရွိသည္။

တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ျမစ္ေရလမ္းေၾကာင္း တိုးတက္ေကာင္းမြန္ေရး ေသာင္းတူေဖာ္ရွင္းလင္းျခင္းလုပ္ငန္းႏွင့္ တနသၤာရီျမစ္ ျမစ္ေၾကာင္းရွင္းလင္းျခင္း ေသာင္တူးေဖာ္ရွင္းလင္းျခင္းလုပ္ငန္းမ်ားအတြက္ ဝန္ႀကီးဌာနကအိတ္ဖြင့္တင္ဒါေခၚယူ ထားသည္။

တနသၤာရီျမစ္၌ ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္မ်ားေၾကာင့္ ႏုန္းအနည္ထိုင္မႈမ်ားမ်ားျပားလာခဲ့ၿပီး ေရစီးေရလာမ်ားပိတ္ဆို႔၍ ေရႀကီးေရလွ်ံျခင္း၊ ေရစူးအ နက္မ်ားက်ဆင္း၍ ေရယာဥ္မ်ားဝင္ထြက္သြားလာေရးကို အဟန႔္အတားျဖစ္ေစျခင္းမ်ားျဖစ္ေနသျဖင့္ ေရစီးေရလာေကာင္းမြန္ေရးႏွင့္ ေရလမ္းေၾကာင္းတိုး တက္ေကာင္းမြန္ေရးတို႔အတြက္ ေရလမ္းေၾကာင္းတစ္ေလွ်ာက္ ေသာင္တူးေဖာ္ရွင္းလင္းျခင္းႏွင့္ ထြက္ရွိလာေသာသဲမ်ားကို ျပည္ပသို႔တင္ပို႔ျခင္းလုပ္ငန္းအား ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္သည္ ျပည္တြင္း၊ ျပည္ပကုမၸဏီႏွင့္အက်ိဳးတူပူးေပါင္းေဆာင္႐ြက္ႏိုင္ေရး အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ စိစစ္ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔အတူ တနသၤာရီျမစ္တြင္လည္း ရာသီဥတုေျပာင္း လဲမႈမ်ားေၾကာင့္ ႏုန္းအနည္ထိုင္မႈမ်ားလာၿပီး ေရစီးေရလာပိတ္ဆို႔၍ ေရႀကီးေရလွ်ံျခင္း၊ ေရယာဥ္မ်ား ဝင္ထြက္သြားလာေရးအတြက္ အဟန႔္အတားျဖစ္ေနၿပီး ေရလမ္းေၾကာင္းတစ္ေလွ်ာက္ ေသာင္တူးေဖာ္ရွင္းလင္းျခင္းႏွင့္ထြက္ရွိလာေသာ သဲမ်ားအား ျပည္ပသို႔ တင္ပို႔ျခင္းလုပ္ငန္းကို ေရအရင္းအျမစ္ႏွင့္ျမစ္ေခ်ာင္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနသည္ ျပည္ တြင္း၊ ျပည္ပကုမၸဏီမ်ားႏွင့္အက်ိဳးတူ ေဆာင္႐ြက္ႏိုင္ေရး အိတ္ဖြင့္တင္ဒါစနစ္ျဖင့္ စိစစ္ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

သို႔ရာတြင္ အဆိုပါလုပ္ငန္းမ်ားသည္ စီးပြားေရးဆန္ဆန္ေသာင္တူးေဖာ္ျခင္းမ်ိဳးမဟုတ္ဘဲ သဘာဝပတ္ ဝန္းက်င္၏ Eco System ကို ထိခိုက္မႈမရွိေစရန္တူးေဖာ္ရွင္းလင္းရျခင္း၊ ဌာနမွသတ္မွတ္ေပးသည့္ ေရ လမ္းေၾကာင္းတစ္ေလွ်ာက္ရွိ ေရတိမ္ကြက္မ်ားကိုသာ မူလေရစူးအနက္ ျပန္လည္ရရွိေအာင္ တူးေဖာ္ရွင္းလင္းရျခင္း၊ ေဒသခံလူထု၏လူမႈစီးပြားေရးကို ထိခိုက္ေႏွာက္ယွက္မႈမရွိေစရန္ ေဆာင္႐ြက္ရျခင္း၊ လိုအပ္ပါက ေဒသဖြံ႕ၿဖိဳးေရးေဆာင္႐ြက္ရျခင္းစသည့္အေျခအေနမ်ားေၾကာင့္ လုပ္ငန္းအေတြ႕အႀကဳံ၊ နည္းပညာ၊ စက္ယႏၲရား၊ ကြၽမ္းက်င္ပညာရွင္မ်ားႏွင့္ ဘ႑ာေရးကိစၥရပ္မ်ားတြင္ ခိုင္မာမႈရွိရန္ အထူးလို အပ္မည္ျဖစ္ေၾကာင္း ဝန္ႀကီးဌာနကဆိုသည္။

အဆိုပါလုပ္ငန္းႏွစ္ခုႏွင့္ပတ္သက္၍ အိတ္ဖြင့္တင္ဒါေလွ်ာက္လႊာမ်ားကို ေဖေဖာ္ဝါရီလ ၁ ရက္မွစ၍ ၂၁ ရက္အထိ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.