ရန်ကုန်ဝန်ကြီးချုပ်သစ်အဖြစ် စစ်ထောက်ချုပ်ဟောင်း ဦးစိုးသိန်းနှင့် ကယားဝန်ကြီးချုပ်သစ်အဖြစ် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဟောင်း ဦးဇော်မျိုးတင်တို့ကိုခန့်အပ်မည်

2932

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁
ရန်ကုန်ဝန်ကြီးချုပ်သစ်အဖြစ် စစ်ထောက်ချုပ်ဟောင်း ဦးစိုးသိန်းနှင့် ကယားဝန်ကြီးချုပ်သစ်အဖြစ် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဟောင်း ဦးဇော်မျိုးတင်တို့ကိုခန့်အပ်မည်ဖြစ်ကြောင်း နစကနှင့်နီး စပ်သည့်သတင်းအရင်းအမြစ်တစ်ဦးက NP News ကို ပြောကြားသည်။
ရန်ကုန်ဝန်ကြီးချုပ်ဖြစ်မည့် ဦးစိုးသိန်းသည် ယခင်က တပ်မတော်စစ်ထောက်ချုပ် တာဝန်ထမ်းဆောင်ဖူးပြီး DSA အပတ်စဉ် (၂၄)ဆင်း တစ်ဦးလည်းဖြစ် ကြောင်းသိရသည်။
ထို့အတူ ကယားပြည်နယ်ဝန်ကြီးချုပ်အသစ်နေရာတွင်လည်း တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင်ကိုခန့်အပ်တာဝန်ပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ကယားပြည်နယ်ဝန် ကြီးချုပ်တို့ကိုတာဝန်မှအနားယူခွင့်ပေးခဲ့ပြီး နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌကိုလည်း ကျန်းမာရေးအရအနားယူခွင့်ပြုလိုက်ကြောင်း နစကက ဇန်နဝါရီလ ၃၁ ရက်ညပိုင်းကသတင်းထုတ်ပြန်ခဲ့သည်။
နစကသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦး(ခ)ဘူးရယ်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး တို့ကို တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း နစကက အသိပေးကြေညာထားသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရနိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးသန်းကျော်ကိုလည်း ကျန်းမာရေးအရ မိမိသဘော ဆန္ဒအလျောက် တာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း နစကက သတင်းထုတ်ပြန်ထားသည်။
zawgyi version
ရန္ကုန္ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ စစ္ေထာက္ခ်ဳပ္ေဟာင္း ဦးစိုးသိန္းႏွင့္ ကယားဝန္ႀကီးခ်ဳပ္သစ္အျဖစ္ တပ္မေတာ္ေလ့က်င့္ေရးအရာရွိခ်ဳပ္ေဟာင္း ဦးေဇာ္မ်ိဳးတင္တို႔ကိုခန႔္အပ္မည္
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၁
ရန္ကုန္ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ စစ္ေထာက္ခ်ဳပ္ေဟာင္း ဦးစိုးသိန္းႏွင့္ ကယားဝန္ႀကီးခ်ဳပ္သစ္အျဖစ္ တပ္မေတာ္ေလ့က်င့္ေရးအရာရွိခ်ဳပ္ေဟာင္း ဦးေဇာ္မ်ိဳးတင္တို႔ကိုခန႔္အပ္မည္ျဖစ္ေၾကာင္း နစကႏွင့္နီး စပ္သည့္သတင္းအရင္းအျမစ္တစ္ဦးက NP News ကို ေျပာၾကားသည္။
ရန္ကုန္ဝန္ႀကီးခ်ဳပ္ျဖစ္မည့္ ဦးစိုးသိန္းသည္ ယခင္က တပ္မေတာ္စစ္ေထာက္ခ်ဳပ္ တာဝန္ထမ္းေဆာင္ဖူးၿပီး DSA အပတ္စဥ္ (၂၄)ဆင္း တစ္ဦးလည္းျဖစ္ ေၾကာင္းသိရသည္။
ထို႔အတူ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္အသစ္ေနရာတြင္လည္း တပ္မေတာ္ေလ့က်င့္ေရးအရာရွိခ်ဳပ္ေဟာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေဇာ္မ်ိဳးတင္ကိုခန႔္အပ္တာဝန္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ႏွင့္ ကယားျပည္နယ္ဝန္ ႀကီးခ်ဳပ္တို႔ကိုတာဝန္မွအနားယူခြင့္ေပးခဲ့ၿပီး ႏိုင္ငံ ေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံးဥကၠ႒ကိုလည္း က်န္းမာေရးအရအနားယူခြင့္ျပဳလိုက္ေၾကာင္း နစကက ဇန္နဝါရီလ ၃၁ ရက္ညပိုင္းကသတင္းထုတ္ျပန္ခဲ့သည္။
နစကသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၁၉ အရ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးခင္ေမာင္ဦး(ခ)ဘူးရယ္ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးလွစိုး တို႔ကို တာဝန္မွအနားယူခြင့္ျပဳလိုက္ေၾကာင္း နစကက အသိေပးေၾကညာထားသည္။
ထို႔ျပင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၁၉ အရႏိုင္ငံ ေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံးဥကၠ႒ ဦးသန္းေက်ာ္ကိုလည္း က်န္းမာေရးအရ မိမိသေဘာ ဆႏၵအေလ်ာက္ တာဝန္မွအနားယူခြင့္ျပဳလိုက္ေၾကာင္း နစကက သတင္းထုတ္ျပန္ထားသည္။