CDM လုပ်မှုကြောင့် ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသည့် ပညာရေးဝန်ထမ်း(၃ဝဝ)ကျော်ကို မူလရာထူး၌ ပြန်လည်ခန့်အပ်

 3857

ရဲပြည့် (NP News) - ဖေဖော်ဝါရီ ၈
စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြသည့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့်ဟုဆိုကာ ရာထူးမှ ထုတ်ပယ် ခြင်းခံထားရသည့် ပညာရေးဝန်ထမ်းစုစုပေါင်း (၃ဝဝ) ကျော်ကို ရာထူးတိုး (၂) နှစ်ရပ်ဆိုင်းခဲ့ပြီး မူလရာထူး၌ ပြန်လည်ခန့်အပ်ခဲ့ကြောင်း နစက၏ ဖေဖော်ရီလ(၇)ရက် ထုတ်ပြန်ချက်အရသိရသည်။

CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုကြောင့် အလုပ်မှထုတ်ပယ်ခြင်းခံခဲ့ရသည့် အစိုးရဝန်ထမ်းများအနက် ပညာရေး ဝန်ထမ်း(၃၁၁) ဦး သည် လုပ်ငန်းခွင်သို့ပြန်လည်လုပ်ကိုင်လိုကြောင်း တင်ပြခဲ့ကြောင်း သိရကာ၊ ထိုသို့အယူခံ တင်ပြတောင်းဆိုထားသူများအနက် တစ်ဦးသည် ကွယ်လွန်သွားခဲ့သဖြင့် စုစုပေါင်းပညာရေးဝန်ထမ်း (၃၁ဝ) ဦး ကို လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရသည်။

နစက ၏ ထုတ်ပြန်ချက်တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ဇန်နဝါရီလ (၃၁) ရက် အမိန့် ကြေညာစာဖြင့် အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ အကြောင်းအမျိုးမျိုး ကြောင့် အကြောင်းမဲ့ပျက်ကွက်ခဲ့ခြင်းကြောင့် ရာထူးမှထုတ်ပယ်ခဲ့သည့်ဝန်ထမ်းများအနက် အလုပ်ပြန်လည်ဝင် ရောက်လိုသူများမှ နိုင်ငံဝန်ထမ်းနည်းဥပဒေ ၂ဝ၆၊ ၂၂ဝ နှင့်အညီ အယူခံတင်ပြလာသည့်ဝန်ထမ်း (၃၁၁) ဦးတွင် ကွယ်လွန်သူတစ်ဦးအား နုတ်ပယ်၍ ကျန်ရှိသည့်ဝန်ထမ်း (၃၁ဝ) ဦးအား နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ အခန်း(၁၁)၊ ပုဒ်မ(၅၃)၊ ပုဒ်မခွဲ(ဂ) အရ ရာထူးတိုး (၂) နှစ်ရပ်ဆိုင်းပြီး မူလရာထူးဖြင့် သင့်တော်သည့်တက္ကသိုလ်များတွင် ပြန်လည်ခန့်အပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ရာထူး ပြန်လည်ခန့်အပ်ခံရသည့် ပညာရေးဝန်ထမ်းများတွင် ပါမောက္ခ၊ ကထိက၊ လက်ထောက်ကထိကနှင့် ဦးစီးအရာရှိဝန်ထမ်းများပါဝင်ပြီး တောင်ကြီးတက္ကသိုလ်၊ စစ်တွေတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊ ရန်ကုန်ရှေ့ပိုင်းတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်၊ မြိတ်တက္ကသိုလ်၊ မြင်း ခြံတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်၊ ဗန်းမော်တက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ မန္တလေးနိုင်ငံခြားဘာသာသင်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာသင် တက္ကသိုလ်တို့မှ ပညာရေးဝန်ထမ်းများဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း CDM ပြုလုပ်ခဲ့ကြသည့် အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းအများအပြားအား စစ်တပ်မှ နိုင်ငံ့ဝန်ထမ်းဥပဒေပုဒ်မ- ၅၃ ပုဒ်မခွဲ(ဇ)ဖြင့် ရာထူးမှထုတ်ပယ်ခဲ့ရာ အဆိုပါဝန်ထမ်းများသည် အယူခံကာလအတွင်း အယူခံတင်ပြလျှောက်တင်ခဲ့ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ပညာရေးဝန်ထမ်းများအား ယခုကဲ့သို့ ပြန်လည်ခန့်အပ်ခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
CDM လုပ္မႈေၾကာင့္ ရာထူးမွထုတ္ပယ္ျခင္းခံခဲ့ရသည့္ ပညာေရးဝန္ထမ္း(၃ဝဝ)ေက်ာ္ကို မူလရာထူး၌ ျပန္လည္ခန႔္အပ္
ရဲျပည့္ (NP News) - ေဖေဖာ္ဝါရီ ၈
စစ္အာဏာရွင္အား ဆန္႔က်င္ဆႏၵျပသည့္ CDM လႈပ္ရွားမႈတြင္ ပါဝင္ခဲ့မႈေၾကာင့္ဟုဆိုကာ ရာထူးမွ ထုတ္ပယ္ ျခင္းခံထားရသည့္ ပညာေရးဝန္ထမ္းစုစုေပါင္း (၃ဝဝ) ေက်ာ္ကို ရာထူးတိုး (၂) ႏွစ္ရပ္ဆိုင္းခဲ့ၿပီး မူလရာထူး၌ ျပန္လည္ခန႔္အပ္ခဲ့ေၾကာင္း နစက၏ ေဖေဖာ္ရီလ(၇)ရက္ ထုတ္ျပန္ခ်က္အရသိရသည္။

CDM လႈပ္ရွားမႈတြင္ ပါဝင္ခဲ့မႈေၾကာင့္ အလုပ္မွထုတ္ပယ္ျခင္းခံခဲ့ရသည့္ အစိုးရဝန္ထမ္းမ်ားအနက္ ပညာေရး ဝန္ထမ္း(၃၁၁) ဦး သည္ လုပ္ငန္းခြင္သို႔ျပန္လည္လုပ္ကိုင္လိုေၾကာင္း တင္ျပခဲ့ေၾကာင္း သိရကာ၊ ထိုသို႔အယူခံ တင္ျပေတာင္းဆိုထားသူမ်ားအနက္ တစ္ဦးသည္ ကြယ္လြန္သြားခဲ့သျဖင့္ စုစုေပါင္းပညာေရးဝန္ထမ္း (၃၁ဝ) ဦး ကို လုပ္ငန္းခြင္သို႔ ျပန္လည္ဝင္ေရာက္ လုပ္ကိုင္ခြင့္ျပဳထားေၾကာင္း သိရသည္။

နစက ၏ ထုတ္ျပန္ခ်က္တြင္ ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာန၏ ဇန္နဝါရီလ (၃၁) ရက္ အမိန႔္ ေၾကညာစာျဖင့္ အဆင့္ျမင့္ပညာဦးစီးဌာနရွိ တကၠသိုလ္၊ ဒီဂရီေကာလိပ္၊ ေကာလိပ္မ်ားမွ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ အေၾကာင္းမဲ့ပ်က္ကြက္ခဲ့ျခင္းေၾကာင့္ ရာထူးမွထုတ္ပယ္ခဲ့သည့္ဝန္ထမ္းမ်ားအနက္ အလုပ္ျပန္လည္ဝင္ ေရာက္လိုသူမ်ားမွ ႏိုင္ငံဝန္ထမ္းနည္းဥပေဒ ၂ဝ၆၊ ၂၂ဝ ႏွင့္အညီ အယူခံတင္ျပလာသည့္ဝန္ထမ္း (၃၁၁) ဦးတြင္ ကြယ္လြန္သူတစ္ဦးအား ႏုတ္ပယ္၍ က်န္ရွိသည့္ဝန္ထမ္း (၃၁ဝ) ဦးအား ႏိုင္ငံ့ဝန္ထမ္း နည္းဥပေဒ အခန္း(၁၁)၊ ပုဒ္မ(၅၃)၊ ပုဒ္မခြဲ(ဂ) အရ ရာထူးတိုး (၂) ႏွစ္ရပ္ဆိုင္းၿပီး မူလရာထူးျဖင့္ သင့္ေတာ္သည့္တကၠသိုလ္မ်ားတြင္ ျပန္လည္ခန႔္အပ္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။

ရာထူး ျပန္လည္ခန႔္အပ္ခံရသည့္ ပညာေရးဝန္ထမ္းမ်ားတြင္ ပါေမာကၡ၊ ကထိက၊ လက္ေထာက္ကထိကႏွင့္ ဦးစီးအရာရွိဝန္ထမ္းမ်ားပါဝင္ၿပီး ေတာင္ႀကီးတကၠသိုလ္၊ စစ္ေတြတကၠသိုလ္၊ ျပည္တကၠသိုလ္၊ ရတနာပုံ တကၠသိုလ္၊ ဟသၤာတတကၠသိုလ္၊ ရန္ကုန္ေရွ႕ပိုင္းတကၠသိုလ္၊ လြိဳင္ေကာ္တကၠသိုလ္၊ ၿမိတ္တကၠသိုလ္၊ ျမင္း ၿခံတကၠသိုလ္၊ စစ္ကိုင္းတကၠသိုလ္၊ ေ႐ႊဘိုတကၠသိုလ္၊ ဗန္းေမာ္တကၠသိုလ္၊ မိတၳီလာတကၠသိုလ္၊ စစ္ကိုင္းပညာေရးတကၠသိုလ္၊ မႏၲေလးႏိုင္ငံျခားဘာသာသင္တကၠသိုလ္၊ ရန္ကုန္ႏိုင္ငံျခားဘာသာသင္ တကၠသိုလ္တို႔မွ ပညာေရးဝန္ထမ္းမ်ားျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ၌ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း CDM ျပဳလုပ္ခဲ့ၾကသည့္ အစိုးရဌာနဆိုင္ရာဝန္ထမ္းမ်ား၊ က်န္းမာေရးႏွင့္ ပညာေရးဝန္ထမ္းအမ်ားအျပားအား စစ္တပ္မွ ႏိုင္ငံ့ဝန္ထမ္းဥပေဒပုဒ္မ- ၅၃ ပုဒ္မခြဲ(ဇ)ျဖင့္ ရာထူးမွထုတ္ပယ္ခဲ့ရာ အဆိုပါဝန္ထမ္းမ်ားသည္ အယူခံကာလအတြင္း အယူခံတင္ျပေလွ်ာက္တင္ခဲ့ၿပီး သတ္မွတ္ခ်က္ႏွင့္ကိုက္ညီသည့္ ပညာေရးဝန္ထမ္းမ်ားအား ယခုကဲ့သို႔ ျပန္လည္ခန႔္အပ္ျခင္းမ်ား ေဆာင္ရြက္ လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.