မင်းမော်ကွန်းက ရပ်တည်ချက်၊ ခံယူချက်မတူသူတွေနဲ့လမ်းခွဲလိုတာကြောင့် နှင်းဆီအငြိမ့်အဖွဲ့မှ နှုတ်ထွက်

 3595

NP News - ဖေဖော်ဝါရီ ၁ဝ
အကယ်ဒမီ မင်းမော်ကွန်းက နှင်းဆီအငြိမ့်အဖွဲ့မှ တရားဝင်နုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို မိသားစုလိုက်ရွေးချယ်သွားခဲ့တဲ့ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ မင်းမော်ကွန်းက နှင်းဆီအငြိမ့်အဖွဲ့ကနေ တရားဝင်နှုတ်ထွက်လိုက် တယ်ဆိုတဲ့သတင်းဟာ မှန်ကန်တယ်လို့ ကိုရဲမင်း(AAC) က ၎င်းကိုယ်တိုင်အသုံးပြုတဲ့ ဖေ့ဘွတ်စ်စာမျက်နှာမှာ ဖေဖော်ဝါရီလ (၉) ရက်၊ ညပိုင်းမှာ အတည်ပြုဖော်ပြခဲ့ပါတယ်။

“ကိုကျော် နှင်းဆီအဖွဲ့က နှုတ်ထွက်လိုက်တာ သတင်းအမှန်ပါ။ ရပ်တည်ချက်၊ ခံယူချက် မတူသူတွေနဲ့ လမ်းခွဲ လိုက်တာဖြစ်ပြီး အနုပညာအလုပ်တွေ အတူလုပ်ခဲ့ကြတာ မမေ့ပါဘူး။ ချစ်ခြင်းမုန်းခြင်းမပါဘူးလို့ ကိုကျော်က ပြောပါတယ်” လို့ ကိုရဲမင်း (AAC) က အတည်ပြုပါတယ်။

လွတ်မြောက်နယ်မြေမှာအတူနေထိုင်ရောက်ရှိနေတဲ့ ကိုရဲမင်း (AAC) က အခုလိုရေးသားဖော်ပြခဲ့ပေမယ့်လည်း နှင်းဆီအငြိမ့်အဖွဲ့ဝင်ဖြစ်သည့် မင်းမော်ကွန်းကိုယ်တိုင်ကတော့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာရေးသားဖော်ပြထားခြင်းမရှိတာကို တွေ့ရပါတယ်။

ကိုရဲမင်း(AAC) ဖော်ပြခဲ့တဲ့စာထဲမှာတော့ မင်းမော်ကွန်းဟာ သူ့အနေနဲ့ နှင်းဆီအငြိမ့်အဖွဲ့ထဲက ကျန်ရှိတဲ့သူတွေ အပေါ်မှာ ချစ်ခြင်း၊ မုန်းခြင်း မပါဝင်သလို တချိန်က အတူတူအလုပ်လုပ်ကိုင်ခဲ့ကြတာတွေကိုလည်း မမေ့ပျောက် ကြောင်း၊ ရပ်တည်ချက်၊ ခံယူချက်ခြင်း မတူညီလို့သာ အဖွဲ့ကနေ နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ ရေးသားထားပါ တယ်။

နှင်းဆီအငြိမ့်အဖွဲ့ကို ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်) က ဦးဆောင်စီစဉ်ခဲ့ခြင်းဖြစ်ကာ အဖွဲ့ဝင်တွေအဖြစ် အကယ်ဒမီ မင်းမော်ကွန်းအပါအဝင် နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေးတို့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သရုပ်ဆောင် မင်းမော်ကွန်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ တက်ကြွပါဝင်ဆောင်ရွက်ခဲ့သလို အာဏာရှင်ကိုအပြီးတိုင်တွန်းလှန်ကြဖို့တိုက်တွန်းနှိုးဆော်ခဲ့သူဖြစ်တာကြောင့် ပုဒ်မ ၅ဝ၅ - က နဲ့ အမှုဖွင့်အရေးယူခံခဲ့ရပြီး လွတ်မြောက်နယ်မြေသို့ ထွက်ပြေးခိုလှုံခဲ့ရကာ လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
မင္းေမာ္ကြန္းက ရပ္တည္ခ်က္၊ ခံယူခ်က္မတူသူေတြနဲ႔လမ္းခြဲလိုတာေၾကာင့္ ႏွင္းဆီအၿငိမ့္အဖြဲ႕မွ ႏႈတ္ထြက္
NP News - ေဖေဖာ္ဝါရီ ၁ဝ
အကယ္ဒမီ မင္းေမာ္ကြန္းက ႏွင္းဆီအၿငိမ့္အဖြဲ႕မွ တရားဝင္ႏုတ္ထြက္လိုက္တယ္လို႔ သိရပါတယ္။
စစ္အာဏာရွင္ဆန႔္က်င္ေရးအတြက္ လက္နက္ကိုင္ေတာ္လွန္ေရးလမ္းစဥ္ကို မိသားစုလိုက္ေ႐ြးခ်ယ္သြားခဲ့တဲ့ အဆိုေတာ္၊ ႐ုပ္ရွင္သ႐ုပ္ေဆာင္အကယ္ဒမီ မင္းေမာ္ကြန္းက ႏွင္းဆီအၿငိမ့္အဖြဲ႕ကေန တရားဝင္ႏႈတ္ထြက္လိုက္ တယ္ဆိုတဲ့သတင္းဟာ မွန္ကန္တယ္လို႔ ကိုရဲမင္း(AAC) က ၎ကိုယ္တိုင္အသုံးျပဳတဲ့ ေဖ့ဘြတ္စ္စာမ်က္ႏွာမွာ ေဖေဖာ္ဝါရီလ (၉) ရက္၊ ညပိုင္းမွာ အတည္ျပဳေဖာ္ျပခဲ့ပါတယ္။

“ကိုေက်ာ္ ႏွင္းဆီအဖြဲ႕က ႏႈတ္ထြက္လိုက္တာ သတင္းအမွန္ပါ။ ရပ္တည္ခ်က္၊ ခံယူခ်က္ မတူသူေတြနဲ႔ လမ္းခြဲ လိုက္တာျဖစ္ၿပီး အႏုပညာအလုပ္ေတြ အတူလုပ္ခဲ့ၾကတာ မေမ့ပါဘူး။ ခ်စ္ျခင္းမုန္းျခင္းမပါဘူးလို႔ ကိုေက်ာ္က ေျပာပါတယ္” လို႔ ကိုရဲမင္း (AAC) က အတည္ျပဳပါတယ္။

လြတ္ေျမာက္နယ္ေျမမွာအတူေနထိုင္ေရာက္ရွိေနတဲ့ ကိုရဲမင္း (AAC) က အခုလိုေရးသားေဖာ္ျပခဲ့ေပမယ့္လည္း ႏွင္းဆီအၿငိမ့္အဖြဲ႕ဝင္ျဖစ္သည့္ မင္းေမာ္ကြန္းကိုယ္တိုင္ကေတာ့ အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္ထိ တစ္စုံတစ္ရာေရးသားေဖာ္ျပထားျခင္းမရွိတာကို ေတြ႕ရပါတယ္။

ကိုရဲမင္း(AAC) ေဖာ္ျပခဲ့တဲ့စာထဲမွာေတာ့ မင္းေမာ္ကြန္းဟာ သူ႔အေနနဲ႔ ႏွင္းဆီအၿငိမ့္အဖြဲ႕ထဲက က်န္ရွိတဲ့သူေတြ အေပၚမွာ ခ်စ္ျခင္း၊ မုန္းျခင္း မပါဝင္သလို တခ်ိန္က အတူတူအလုပ္လုပ္ကိုင္ခဲ့ၾကတာေတြကိုလည္း မေမ့ေပ်ာက္ ေၾကာင္း၊ ရပ္တည္ခ်က္၊ ခံယူခ်က္ျခင္း မတူညီလို႔သာ အဖြဲ႕ကေန ႏႈတ္ထြက္ခဲ့တာျဖစ္တယ္လို႔ ေရးသားထားပါ တယ္။

ႏွင္းဆီအၿငိမ့္အဖြဲ႕ကို ဒါ႐ိုက္တာေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္) က ဦးေဆာင္စီစဥ္ခဲ့ျခင္းျဖစ္ကာ အဖြဲ႕ဝင္ေတြအျဖစ္ အကယ္ဒမီ မင္းေမာ္ကြန္းအပါအဝင္ ေနတိုး၊ ေက်ာ္ေက်ာ္ဗိုလ္၊ ထြန္းထြန္း၊ ရဲေလးတို႔နဲ႔ဖြဲ႕စည္းထားတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းဟာ စစ္အာဏာရွင္ဆန႔္က်င္ေရးလႈပ္ရွားမႈေတြမွာ တက္ႂကြပါဝင္ေဆာင္႐ြက္ခဲ့သလို အာဏာရွင္ကိုအၿပီးတိုင္တြန္းလွန္ၾကဖို႔တိုက္တြန္းႏႈိးေဆာ္ခဲ့သူျဖစ္တာေၾကာင့္ ပုဒ္မ ၅ဝ၅ - က နဲ႔ အမႈဖြင့္အေရးယူခံခဲ့ရၿပီး လြတ္ေျမာက္နယ္ေျမသို႔ ထြက္ေျပးခိုလႈံခဲ့ရကာ လက္နက္ကိုင္လမ္းစဥ္ကိုေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.