ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မှာ ရွှေဆိုင်ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဈေးဝယ်တစ်ဦးသေဆုံး

 1026

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၂
ထိုင်းနိုင်ငံ၊ Phop Phra ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်သုံးဦးက ဓားပြတိုက်ခဲ့ပြီး အနည်းဆုံး ဘတ် (၂ ဒသမ ၉) သန်းတန်ဖိုးရှိ ပစ္စည်းများနဲ့ ရွှေဆိုင်သို့လာရောက်ဝယ်သူတစ်ဦး သေဆုံးခဲ့တယ်လို့ ဖေဖော်ဝါရီ(၁၂) ရက်၊ စနေနေ့ သတင်းအရ သိရပါတယ်။

ဓားပြတိုက်မှုမှာ ဒွန်ဂျဒီ-ဝဲလ်လမ်းရှိ Krungthep 4 Phop Phra ရွှေဆိုင်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Phop Phra ရဲစခန်းမှ ဒုတိယစုံစမ်းစစ်ဆေးရေးမှူး ရဲမှူးကြီး Suwan Suwannatha က ပြောကြားခဲ့ပါတယ်။

ဖေါ့ဖရာဆေးရုံနဲ့ မနီးမဝေးမှာရှိတဲ့ အဆိုပါရွှေဆိုင်သို့ ရဲတပ်ဖွဲ့များ ရောက်ရှိလာချိန်မှာ ဆိုင်ရဲ့မှန်တံခါးဟာ ရိုက်ခွဲ ခံရလို့ပျက်စီးနေပြီး ကျည်ဆန်အပေါက်များရှိနေကာ ရွှေထည်ပစ္စည်းများ ခင်းကျင်းပြသရာနေရာမှာ ဗလာနိတ္တိ ဖြစ်နေတာကို တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

သေနတ်ဒဏ်ရာ အပြင်းအထန်ရခဲ့တဲ့ အသက် (၃ဝ) အရွယ် ရွှေလာဝယ်သူတစ်ဦးကို ဆိုင်ပိုင်ရှင်တစ်ဦးနဲ့အတူ ဖေါ့ဖရာဆေးရုံသို့ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းမှာ ဆေးရုံမှာပဲ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဓားပြတိုက်မှုဖြစ်စဉ်ဟာ လုံခြုံရေးကင်မရာမှတ်တမ်းများအရ ရှပ်အင်္ကျီလက်ရှည်၊ မျက်နှာအပြည့်ဖုံးအုပ်ကာ ဦးထုပ်အငိုက်ဆောင်းထားတဲ့အမျိုးသားသုံးဦး ကုန်တင်ကားတစ်စီးနဲ့ ရွှေဆိုင်ရှေ့မှာ ကားပါကင်ထိုးပြီး ဆိုင်ထဲ ကိုသေနတ်နဲ့ပစ်ခတ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အခင်းဖြစ်စဉ်အချိန်က ဆိုင်ရှင်နှစ်ဦးဟာ ရွှေအဆင်တန်ဆာ များကို ဝယ်ယူသူသုံးဦးထံ ရောင်းချပေးနေချိန်ဖြစ်ပါတယ်။ သေနတ်သံနဲ့အတူ ဖောက်သည်တစ်ဦး လဲကျသွား ခဲ့ပြီးနောက် ဓားပြတွေဟာ မှန်တံခါးကို ဖောက်ထွင်းဝင်ရောက်ကာ အရောင်းပြခန်းတွေကိုရိုက်ခွဲပြီး ရွှေတွေကို ၎င်းတို့အသင့်ပါလာတဲ့ အိတ်တွေထဲထည့်ယူကာ ထွက်ပြေးသွားခဲ့ကြပါတယ်။

ဘတ် (၂ ဒသမ ၉) သန်းခန့် တန်ဖိုးရှိတဲ့ ရွှေအလေးချိန် ဘတ် (၁ဝဝ) ကျော် (၁ ဒသမ ၅ ကီလိုဂရမ်) ကျော် ခိုးယူခံခဲ့ရတယ်လို့ သိရကာ ၎င်းတို့ကိုဖမ်းမိဖို့ ကြိုးပမ်းနေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံ၊ တာ့ခ္ခ႐ိုင္မွာ ေ႐ႊဆိုင္ဓားျပတိုက္မႈျဖစ္ပြားခဲ့ၿပီး ေစ်းဝယ္တစ္ဦးေသဆံုး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၂
ထိုင္းႏိုင္ငံ၊ Phop Phra ခ႐ိုင္ရွိ ေ႐ႊဆိုင္တစ္ဆိုင္ကို လက္နက္ကိုင္သံုးဦးက ဓားျပတိုက္ခဲ့ၿပီး အနည္းဆုံး ဘတ္ (၂ ဒသမ ၉) သန္းတန္ဖိုးရွိ ပစၥည္းမ်ားနဲ႔ ေရႊဆိုင္သို႔လာေရာက္ဝယ္သူတစ္ဦး ေသဆုံးခဲ့တယ္လို႔ ေဖေဖာ္ဝါရီ(၁၂) ရက္၊ စေနေန႔ သတင္းအရ သိရပါတယ္။

ဓားျပတိုက္မႈမွာ ဒြန္ဂ်ဒီ-ဝဲလ္လမ္းရွိ Krungthep 4 Phop Phra ေ႐ႊဆိုင္မွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း Phop Phra ရဲစခန္းမွ ဒုတိယစုံစမ္းစစ္ေဆးေရးမွဴး ရဲမႉးႀကီး Suwan Suwannatha က ေျပာၾကားခဲ့ပါတယ္။

ေဖါ့ဖရာေဆး႐ုံနဲ႔ မနီးမေဝးမွာရွိတဲ့ အဆိုပါေရႊဆိုင္သို႔ ရဲတပ္ဖြဲ႔မ်ား ေရာက္ရွိလာခ်ိန္မွာ ဆိုင္ရဲ႕မွန္တံခါးဟာ ႐ိုက္ခြဲ ခံရလို႔ပ်က္စီးေနၿပီး က်ည္ဆန္အေပါက္မ်ားရွိေနကာ ေရႊထည္ပစၥည္းမ်ား ခင္းက်င္းျပသရာေနရာမွာ ဗလာနိတိၱ ျဖစ္ေနတာကို ေတြ႕ခဲ့ရတယ္လို႔ သိရပါတယ္။

ေသနတ္ဒဏ္ရာ အျပင္းအထန္ရခဲ့တဲ့ အသက္ (၃ဝ) အ႐ြယ္ ေရႊလာဝယ္သူတစ္ဦးကို ဆိုင္ပိုင္ရွင္တစ္ဦးနဲ႔အတူ ေဖါ့ဖရာေဆး႐ုံသို႔ပို႔ေဆာင္ခဲ့ၿပီး ေနာက္ပိုင္းမွာ ေဆး႐ုံမွာပဲ ေသဆုံးသြားခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။

ဓားျပတိုက္မႈျဖစ္စဥ္ဟာ လုံၿခဳံေရးကင္မရာမွတ္တမ္းမ်ားအရ ရွပ္အက်ႌလက္ရွည္၊ မ်က္ႏွာအျပည့္ဖံုးအုပ္ကာ ဦးထုပ္အငိုက္ေဆာင္းထားတဲ့အမ်ိဳးသားသုံးဦး ကုန္တင္ကားတစ္စီးနဲ႔ ေ႐ႊဆိုင္ေရွ႕မွာ ကားပါကင္ထိုးၿပီး ဆိုင္ထဲ ကိုေသနတ္နဲ႔ပစ္ခတ္ခဲ့တာကို ျမင္ေတြ႔ခဲ့ရပါတယ္။ အခင္းျဖစ္စဥ္အခ်ိန္က ဆိုင္ရွင္ႏွစ္ဦးဟာ ေ႐ႊအဆင္တန္ဆာ မ်ားကို ဝယ္ယူသူသုံးဦးထံ ေရာင္းခ်ေပးေနခ်ိန္ျဖစ္ပါတယ္။ ေသနတ္သံနဲ႔အတူ ေဖာက္သည္တစ္ဦး လဲက်သြား ခဲ့ၿပီးေနာက္္ ဓားျပေတြဟာ မွန္တံခါးကို ေဖာက္ထြင္းဝင္ေရာက္ကာ အေရာင္းျပခန္းေတြကို႐ိုက္ခြဲၿပီး ေ႐ႊေတြကို ၄င္းတို႔အသင့္ပါလာတဲ့ အိတ္ေတြထဲထည့္ယူကာ ထြက္ေျပးသြားခဲ့ၾကပါတယ္။

ဘတ္ (၂ ဒသမ ၉) သန္းခန႔္ တန္ဖိုးရွိတဲ့ ေ႐ႊအေလးခ်ိန္ ဘတ္ (၁ဝဝ) ေက်ာ္ (၁ ဒသမ ၅ ကီလိုဂရမ္) ေက်ာ္ ခိုးယူခံခဲ့ရတယ္လို႔ သိရကာ ၄င္းတို႔ကိုဖမ္းမိဖို႔ ႀကိဳးပမ္းေနတယ္လို႔ ရဲတပ္ဖြဲ႔ရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။

Related news

© 2021. All rights reserved.