ချစ်သူစုံတွဲတို့အနေဖြင့် လိင်ဆက်ဆံချိန်၌ Mask ဝတ်ဆင်ရန် ဗယ်လင်တိုင်းဒေးမတိုင်မီ ထိုင်းအစိုးရအကြံပြု

 1863

Htay Oung (NP News)- ဖေဖော်ဝါရီ ၁၃
ချစ်သူများအနေဖြင့် "နက်ရှိုင်းစွာနမ်းခြင်း"ကို မပြု လုပ်မိအောင် ကြိုးစားကြရန်၊ လိင်ဆက်ဆံစဉ်အ တွင်း မျက်နှာချင်းဆိုင်အနေအထားကိုရှောင်ရှားရန်နှင့် Mask မျက်နှာဖုံးများကို ဝတ်ဆင်ကြရန် ထိုင်းအာဏာပိုင်များက အကြံပြုထားပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါအန္တရာယ်အလားအလာများနှင့်ပတ်သက်၍ ပုံမှန်မဟုတ်သော အကြံပြုချက်များကို ရှင်းပြထား သည်ဟု AFP က ဖေဖော်ဝါရီလ ၁၂ ရက်ကရေးသားသည်။

အဆိုပါနေ့သည် ထိုင်းနိုင်ငံ၌လက်ထပ်ရန် ဆန္ဒပြုသူ များစွာတို့၏ ကြည်နူးဖွယ်ရာ အကောင်းဆုံးအား လပ်ရက်ဖြစ်သည်။ နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာသည်နှင့်အမျှ ဗယ်လင်တိုင်းဒေး အထိမ်းအမှတ်ပွဲများ၏ ကူးစက်ရောဂါအပေါ်သက် ရောက်မည့် အတိုင်းအတာကို ထိုင်းအာဏာပိုင်များက စိုးရိမ်ပူပန်နေပုံရသည်။

COVID ရောဂါသည် လိင်မှတဆင့်ကူးစက်သည့် ရေ ဂါမဟုတ်သော်လည်း အနီးကပ်ထိတွေ့ ရှုရှိုက်ခြင်း၊ တံတွေးဖလှယ်ခြင်းတို့မှတဆင့် ကူးစက်မှုဖြစ်ပွားနိုင်ကြောင်း မျိုးပွားဗေဒကျန်းမာရေးဋ္ဌာန၏ ညွှန်ကြားရေးမှူးက AFP သတင်းဌာနကို ရှင်းပြခဲ့သည်။ ထို့ ကြောင့် လိင်ဆက်ဆံစဉ် မျက်နှာဖုံးများဝတ်ဆင်အ သုံးပြုခြင်ဖြင့် COVID ရာဂါပိုးကူးစက်နိုင်ခြေကို လျော့ကျစေကြောင်း တာဝန်ရှိသူက ထောက်ခံပြောဆိုသည်။

ထိုမျှမက ချစ်သူများအနေဖြင့် မျက်နှာချင်းဆိုင်အနေ အထားဖြင့် လိင်ဆက်ဆံခြင်းနှင့်နက်ရှိုင်းစွာ နမ်းရှုပ်ခြင်းတို့ကို ရှောင်ကြဉ်ရန် အထိပင်တိုက်တွန်းထား သည်။ ၎င်း၏ အကြံပြုချက်များမှာ ထိုင်းနိုင်ငံကျန်း မာရေးဌာန၏ အလားတူ အကြံဉာဏ်များအတိုင်း လိုက်နာထားခြင်းဖြစ်သည်ဟုဆို၏။

အထူးမိုဘိုင်းအက်ပ်ပလီကေးရှင်းများကို အသုံးပြု၍ စားသောက်ဆိုင်များ၌ ဗိုင်းရပ်စ်ကူးစက်နိုင်ခြေကို အကဲ ဖြတ်ရန်နှင့် ချစ်တင်းနှောခြင်း မတိုင်မီ Rapid antigen test ခေါ် အမြန်စစ်ဆေးနည်းဖြင့် စမ်းသပ် မှုလုပ်ဆောင်ရန်ကိုလည်း ဋ္ဌာနမှူးကပြောသည်။

zawgyi version
ခ်စ္သူစုံတြဲတို႔အေနျဖင့္ လိင္ဆက္ဆံခ်ိန္၌ Mask ဝတ္ဆင္ရန္ ဗယ္လင္တိုင္းေဒးမတိုင္မီ ထိုင္းအစိုးရအႀကံျပဳ
Htay Oung (NP News)- ေဖေဖာ္ဝါရီ ၁၃

ခ်စ္သူမ်ားအေနျဖင့္ "နက္ရႈိင္းစြာနမ္းျခင္း"ကို မျပဳ လုပ္မိေအာင္ ႀကိဳးစားၾကရန္၊ လိင္ဆက္ဆံစဥ္အ တြင္း မ်က္ႏွာခ်င္းဆိုင္အေနအထားကိုေရွာင္ရွားရန္ႏွင့္ Mask မ်က္ႏွာဖုံးမ်ားကို ဝတ္ဆင္ၾကရန္ ထိုင္းအာဏာပိုင္မ်ားက အႀကံျပဳထားၿပီး ကို႐ိုနာဗိုင္းရပ္စ္ေရာဂါအႏၲရာယ္အလားအလာမ်ားႏွင့္ပတ္သက္၍ ပုံမွန္မဟုတ္ေသာ အႀကံျပဳခ်က္မ်ားကို ရွင္းျပထား သည္ဟု AFP က ေဖေဖာ္ဝါရီလ ၁၂ ရက္ကေရးသားသည္။

အဆိုပါေန႔သည္ ထိုင္းႏိုင္ငံ၌လက္ထပ္ရန္ ဆႏၵျပဳသူ မ်ားစြာတို႔၏ ၾကည္ႏူးဖြယ္ရာ အေကာင္းဆုံးအား လပ္ရက္ျဖစ္သည္။ ႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈျမင့္တက္လာသည္ႏွင့္အမွ် ဗယ္လင္တိုင္းေဒး အထိမ္းအမွတ္ပြဲမ်ား၏ ကူးစက္ေရာဂါအေပၚသက္ ေရာက္မည့္ အတိုင္းအတာကို ထိုင္းအာဏာပိုင္မ်ားက စိုးရိမ္ပူပန္ေနပုံရသည္။

COVID ေရာဂါသည္ လိင္မွတဆင့္ကူးစက္သည့္ ေရ ဂါမဟုတ္ေသာ္လည္း အနီးကပ္ထိေတြ႕ ရႈရႈိက္ျခင္း၊ တံေတြးဖလွယ္ျခင္းတို႔မွတဆင့္ ကူးစက္မႈျဖစ္ပြားႏိုင္ေၾကာင္း မ်ိဳးပြားေဗဒက်န္းမာေရး႒ာန၏ ၫႊန္ၾကားေရးမႉးက AFP သတင္းဌာနကို ရွင္းျပခဲ့သည္။ ထို႔ ေၾကာင့္ လိင္ဆက္ဆံစဥ္ မ်က္ႏွာဖုံးမ်ားဝတ္ဆင္အ သုံးျပဳျခင္ျဖင့္ COVID ရာဂါပိုးကူးစက္ႏိုင္ေျခကို ေလ်ာ့က်ေစေၾကာင္း တာဝန္ရွိသူက ေထာက္ခံေျပာဆိုသည္။

ထိုမွ်မက ခ်စ္သူမ်ားအေနျဖင့္ မ်က္ႏွာခ်င္းဆိုင္အေန အထားျဖင့္ လိင္ဆက္ဆံျခင္းႏွင့္နက္ရႈိင္းစြာ နမ္းရႈပ္ျခင္းတို႔ကို ေရွာင္ၾကဥ္ရန္ အထိပင္တိုက္တြန္းထား သည္။ ၎၏ အႀကံျပဳခ်က္မ်ားမွာ ထိုင္းႏိုင္ငံက်န္း မာေရးဌာန၏ အလားတူ အႀကံဉာဏ္မ်ားအတိုင္း လိုက္နာထားျခင္းျဖစ္သည္ဟုဆို၏။

အထူးမိုဘိုင္းအက္ပ္ပလီေကးရွင္းမ်ားကို အသုံးျပဳ၍ စားေသာက္ဆိုင္မ်ား၌ ဗိုင္းရပ္စ္ကူးစက္ႏိုင္ေျခကို အကဲ ျဖတ္ရန္ႏွင့္ ခ်စ္တင္းေႏွာျခင္း မတိုင္မီ Rapid antigen test ေခၚ အျမန္စစ္ေဆးနည္းျဖင့္ စမ္းသပ္ မႈလုပ္ေဆာင္ရန္ကိုလည္း ႒ာနမႉးကေျပာသည္။

Related news

© 2021. All rights reserved.