V-day နေ့မှာ အပျော်လေးရိုက်ထားတာမို့ နှာတွေးမတွေးကြဖို့ သင်ဇာဝင့်ကျော်ပြော

16056

NP News - ဖေဖော်ဝါရီ ၁၄
ရုပ်ရှင်သရုပ်ဆောင် သင်ဇာဝင်ကျော်က ဒီကနေ့ (ဖေဖော်ဝါရီလ ၁၄ ရက်)မှာကျရောက်တဲ့ ချစ်သူများနေ့မှာ သူမရိုက်ကူးခဲ့တဲ့ဓါတ်ပုံနဲ့ပတ်သက်ပြီး ကြည့်ရှုသူတွေအားလုံး အပျော်သဘောအဖြစ်သာ သတ်မှတ်ကြဖို့နဲ့ နှာတွေး မတွေးကြဖို့ ပြောဆိုလာပါတယ်။
သင်ဇာဝင်ကျော်ဟာ ဒီကနေ့ နံနက်ပိုင်းက သူမကိုယ်တိုင်အသုံးပြုတဲ့ဖေ့ဘွတ်စ်အကောင့်မှာ သူမအတွက် လက်ဆောင်ပို့ပေးကြတဲ့ Valentine Day အမှတ်တရ ချောကလက်တွေအပြင် အမှတ်တရပန်းစည်းတွေကို ဓါတ်ပုံရိုက်ကာ ဖော်ပြခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သူမရဲ့အပေါ်ပိုင်းဗလာဖြစ်နေတဲ့ခန္ဓာကိုယ်ကို မှန်အရှေ့မှာ နောက်ကျောပေးပြီး အသဲပုံအရုပ် ခေါင်းအုံးကြီးအုပ်ထားတဲ့ပုံကို ထပ်မံ ဝေမျှခဲ့တာဖြစ်ပါတယ်။ အဆိုပါပိုစ့်တင်တဲ့အချိန်မှာတော့ သင်ဇာဝင့်ကျော်ကို ရိုင်းစိုင်းတဲ့ကွန်းမန့်အချို့ မှတ်ချက်ပြု ရေးသားခဲ့တယ်လို့ သိရပါတယ်။
ဒါ့ကြောင့်လည်း သင်ဇာဝင့်ကျော်ကိုယ်တိုင်က သူမအနေနဲ့ အဆိုပါပုံရိုက်ကူးတာဟာ သူမရဲ့အိမ်မှာ အပျော် သဘောလေးနဲ့ရိုက်ကူးတဲ့ပုံလေးသာဖြစ်ကြောင်း၊ ရိုင်းစိုင်းတဲ့ကွန်းမန့်တွေ တွေ့လို့ ကွန်းမန့်ဘောက်စ်ကို ပိတ် ထားလိုက်ပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။
“Happy Valentine’s Day, ကျေးဇူးပြု၍ အပျော်သဘောနဲ့ ကိုယ့်အိမ်မှာကိုယ်ရိုက်ပြီး တင်တာနော်။ ကိုယ့်စိတ်နဲ့ကိုယ်နှိုင်းပြီး သိပ်နှာတွေးမတွေးကြနဲ့” လို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
ဒါ့အပြင် သင်ဇာဝင့်ကျော်က ချစ်ရသူများအားလုံး Valentine’s Day မှာပျော်ရွှင်ကြပါစေလို့လည်း ဆုတောင်းပေးထားပါတယ်။

Zawgyi Version;
V-day ေန႔မွာ အေပ်ာ္ေလး႐ိုက္ထားတာမို႔ ႏွာေတြးမေတြးၾကဖို႔ သင္ဇာဝင့္ေက်ာ္ေျပာ
NP News - ေဖေဖာ္ဝါရီ ၁၄
႐ုပ္ရွင္သ႐ုပ္ေဆာင္ သင္ဇာဝင္ေက်ာ္က ဒီကေန႔ (ေဖေဖာ္ဝါရီလ ၁၄ ရက္)မွာက်ေရာက္တဲ့ ခ်စ္သူမ်ားေန႔မွာ သူမ႐ိုက္ကူးခဲ့တဲ့ဓါတ္ပုံနဲ႔ပတ္သက္ၿပီး ၾကည့္ရႈသူေတြအားလုံး အေပ်ာ္သေဘာအျဖစ္သာ သတ္မွတ္ၾကဖို႔နဲ႔ ႏွာေတြး မေတြးၾကဖို႔ ေျပာဆိုလာပါတယ္။
သင္ဇာဝင္ေက်ာ္ဟာ ဒီကေန႔ နံနက္ပိုင္းက သူမကိုယ္တိုင္အသုံးျပဳတဲ့ေဖ့ဘြတ္စ္အေကာင့္မွာ သူမအတြက္ လက္ေဆာင္ပို႔ေပးၾကတဲ့ Valentine Day အမွတ္တရ ေခ်ာကလက္ေတြအျပင္ အမွတ္တရပန္းစည္းေတြကို ဓါတ္ပုံ႐ိုက္ကာ ေဖာ္ျပခဲ့ပါတယ္။
အဲဒီေနာက္မွာေတာ့ သူမရဲ႕အေပၚပိုင္းဗလာျဖစ္ေနတဲ့ခႏၶာကိုယ္ကို မွန္အေရွ႕မွာ ေနာက္ေက်ာေပးၿပီး အသဲပုံအ႐ုပ္ ေခါင္းအုံးႀကီးအုပ္ထားတဲ့ပုံကို ထပ္မံ ေဝမွ်ခဲ့တာျဖစ္ပါတယ္။ အဆိုပါပိုစ့္တင္တဲ့အခ်ိန္မွာေတာ့ သင္ဇာဝင့္ေက်ာ္ကို ႐ိုင္းစိုင္းတဲ့ကြန္းမန႔္အခ်ိဳ႕ မွတ္ခ်က္ျပဳ ေရးသားခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ေၾကာင့္လည္း သင္ဇာဝင့္ေက်ာ္ကိုယ္တိုင္က သူမအေနနဲ႔ အဆိုပါပုံ႐ိုက္ကူးတာဟာ သူမရဲ႕အိမ္မွာ အေပ်ာ္ သေဘာေလးနဲ႔႐ိုက္ကူးတဲ့ပုံေလးသာျဖစ္ေၾကာင္း၊ ႐ိုင္းစိုင္းတဲ့ကြန္းမန႔္ေတြ ေတြ႕လို႔ ကြန္းမန႔္ေဘာက္စ္ကို ပိတ္ ထားလိုက္ၿပီျဖစ္ေၾကာင္း ေရးသားေဖာ္ျပခဲ့ပါတယ္။
“Happy Valentine’s Day, ေက်းဇူးျပဳ၍ အေပ်ာ္သေဘာနဲ႔ ကိုယ့္အိမ္မွာကိုယ္႐ိုက္ၿပီး တင္တာေနာ္။ ကိုယ့္စိတ္နဲ႔ကိုယ္ႏႈိင္းၿပီး သိပ္ႏွာေတြးမေတြးၾကနဲ႔” လို႔ ျပန္လည္ေျဖရွင္းခဲ့ပါတယ္။
ဒါ့အျပင္ သင္ဇာဝင့္ေက်ာ္က ခ်စ္ရသူမ်ားအားလုံး Valentine’s Day မွာေပ်ာ္႐ႊင္ၾကပါေစလို႔လည္း ဆုေတာင္းေပးထားပါတယ္။