ကိုးနှစ်သမီးအရွယ်မှာပင် အောင်မြင်မှုကြီးကြီးမားမားရနေတဲ့ ကမ္ဘောဒီးယားတော်ဝင်မင်းသမီးချောလေး

1573

ဝတီ (NP News)- ဖေဖော်ဝါရီ ၁၄
ဂျန်နာနော်ရိုဒွန် (Jenna Norodom)ဆိုတဲ့ကလေးလေးဟာ ကမ္ဘောဒီးယားတော်ဝင်မင်းသမီးလေးဖြစ်ပြီး ရုပ်ရည်ချောမောလှပကာ ချစ်ဖို့ကောင်းတာ၊ ဘုရင်သွေးဘုရင်နွယ်ဖြစ်တာတို့ကြောင့် လူသိများထင်ရှားတဲ့အပြင် ငယ်ငယ်လေးကတည်းက အဆို၊ အက၊ သရုပ်ဆောင် ပိုင်နိုင်ကျွမ်းကျင်တာတို့ကြောင့်ပါ ထင်ပေါ်ကျော်ကြားပါတယ်။
သူဟာ အသက်ကလေးကသာ ကိုးနှစ်ဆိုပေမယ့် အ နုပညာလောကထဲရောက်နေတာ သုံးနှစ်တောင်ရှိသွားပါပြီ။ ငယ်ငယ်လေးနဲ့ထူးချွန်ထက်မြက်တဲ့အ တွက် သူဟာပြည်တွင်းမှာရော အချို့အာရှနိုင်ငံတွေမှာပါနာမည်ကြီးနေပါပြီ။ ကမ္ဘောဒီးယားမှာဆိုရင် သူ့ကိုခေါ်ရိုက်ချင်တဲ့ ရုပ်ရှင်ဒါရိုက်တာတွေ၊ ကြော်ငြာရှင်တွေအများကြီးပါ။ ဒါကြောင့် သူလေးဟာ ရွယ်တူ တန်းတူ ကလေးလေးတွေအတွက် အားကျစရာစံပြပုဂ္ဂိုလ်ဖြစ်နေပါတော့တယ်။ ဒီတော့ အဘက်ဘက်ကပြည့်စုံလှတဲ့ သူ့အကြောင်းကို လေ့လာကြည့်လိုက်ကြရအောင်ပါ။
zawgyi version
ကိုးႏွစ္သမီးအ႐ြယ္မွာပင္ ေအာင္ျမင္မႈႀကီးႀကီးမားမားရေနတဲ့ ကေမာၻဒီးယားေတာ္ဝင္မင္းသမီးေခ်ာေလး
ဝတီ (NP News)- ေဖေဖာ္ဝါရီ ၁၄
ဂ်န္နာေနာ္႐ိုဒြန္ (Jenna Norodom)ဆိုတဲ့ကေလးေလးဟာ ကေမာၻဒီးယားေတာ္ဝင္မင္းသမီးေလးျဖစ္ၿပီး ႐ုပ္ရည္ေခ်ာေမာလွပကာ ခ်စ္ဖို႔ေကာင္းတာ၊ ဘုရင္ေသြးဘုရင္ႏြယ္ျဖစ္တာတို႔ေၾကာင့္ လူသိမ်ားထင္ရွားတဲ့အျပင္ ငယ္ငယ္ေလးကတည္းက အဆို၊ အက၊ သ႐ုပ္ေဆာင္ ပိုင္ႏိုင္ကြၽမ္းက်င္တာတို႔ေၾကာင့္ပါ ထင္ေပၚေက်ာ္ၾကားပါတယ္။
သူဟာ အသက္ကေလးကသာ ကိုးႏွစ္ဆိုေပမယ့္ အ ႏုပညာေလာကထဲေရာက္ေနတာ သုံးႏွစ္ေတာင္ရွိသြားပါၿပီ။ ငယ္ငယ္ေလးနဲ႔ထူးခြၽန္ထက္ျမက္တဲ့အ တြက္ သူဟာျပည္တြင္းမွာေရာ အခ်ိဳ႕အာရွႏိုင္ငံေတြမွာပါနာမည္ႀကီးေနပါၿပီ။ ကေမာၻဒီးယားမွာဆိုရင္ သူ႔ကိုေခၚ႐ိုက္ခ်င္တဲ့ ႐ုပ္ရွင္ဒါ႐ိုက္တာေတြ၊ ေၾကာ္ျငာရွင္ေတြအမ်ားႀကီးပါ။ ဒါေၾကာင့္ သူေလးဟာ ႐ြယ္တူ တန္းတူ ကေလးေလးေတြအတြက္ အားက်စရာစံျပပုဂၢိဳလ္ျဖစ္ေနပါေတာ့တယ္။ ဒီေတာ့ အဘက္ဘက္ကျပည့္စုံလွတဲ့ သူ႔အေၾကာင္းကို ေလ့လာၾကည့္လိုက္ၾကရေအာင္ပါ။

သူလေးဟာ ၂ဝ၁၂ ခုနှစ်မှာ ပြင်သစ်မှာ မွေးဖွားတာဖြစ်ပြီး သူ့မိခင်က ကမ္ဘောဒီးယားတော်ဝင်မင်းသမီး နော်ရိုဒွန်ဘူဖာရီ (Norodom Buphary)ဖြစ်ပြီး သူ့ဖ ခင်ကတော့ ပြင်သစ်လူမျိုးပါ။ သူ့အထက်မှာ အကြီးတစ်ယောက်ရှိပါသေးတယ်။ သူသုံးနှစ်သမီးအရွယ်မှာ သူ့မိဘတွေက ကမ္ဘောဒီးယားကို ပြန်ပြောင်းလာကြပါတယ်။ တော်ဝင်မင်းသမီးလေးဆိုတော့ သူဟာ ကမ္ဘောဒီးယားမှာ ငယ်ငယ်လေးကတည်းက ဘာမှလိုလေသေးမရှိ၊ ပြည့်ပြည့်စုံစုံ၊ ဇိမ်ကျကျနေခဲ့ရပါ တယ်။ ပြီးတော့ ကမ္ဘောဒီးယားမှာ အကောင်းဆုံးဆိုတဲ့ ထိပ်တန်းကျောင်းမှာလည်း ပညာသင်ကြားခွင့်ရပါတယ်။ သူဟာ မိဘနှစ်ပါးဆီကနေ ပြင်သစ်စကားနဲ့ ကမ္ဘောဒီးယား စကားလေ့လာတတ်မြောက်ခဲ့တဲ့အပြင် ထိုင်းစကား၊ အင်္ဂလိပ်စကားနဲ့ တရုတ်စကားလည်း ပြောတတ်ပါသေးတယ်။ ဘာသာစကား ငါးမျိုးတတ်လို့ သူကသီချင်းတွေကိုလည်း ဘာသာစကားငါးမျိုးနဲ့ ဆိုတတ်တာပေါ့။ ကပြားဖြစ်နေလို့ ရုပ်ရည်က ထူးခြားနေတာကြောင့်ရော၊ ငယ်ငယ်လေးနဲ့ ဘာသာစကားအမျိုးမျိုးပြောတတ်တာရောကြောင့်ပါ သူဟာလူအများ စိတ်ဝင်စားတာခံရပါတော့တယ်။ သူ ဒီလိုနိုင်ငံ ခြားဘာသာစကားတွေနဲ့ သီချင်းတွေဆိုနေပုံကို သူ့ယူကျုချန်နယ်မှာဝင်ကြည့်လို့ရပါတယ်။ သူက ကမ္ဘောဒီး ယားသီချင်းတွေ၊ ထိုင်းသီချင်းတွေ အများကြီးဆိုတဲ့အပြင် ကမ္ဘာ့နာမည်ကြီးသီချင်းတွေကိုလည်း ပြန်ဆိုတေးလုပ်ပြီး ပြန်လည်သီဆိုလေ့ရှိပါတယ်။ ဥပမာအားဖြင့်ပြောရရင် Last Christmas နဲ့ I Will Always Love You အစရှိတဲ့ သီချင်းတွေပေါ့။ ဒါ့အပြင် သူက နာမည်ကြီး တရုတ်သီချင်းတစ်ပုဒ်ကိုလည်း တရုတ်ဘာသာစကားနဲ့ဆိုပြလိုက်ပါသေးတယ်။ အဲဒီသီချင်းဗီဒီယိုလေးဟာ ကြည့်ရှုမှုအကြိမ်ရေတွေ အများကြီးရခဲ့ပြီး တရုတ်ပရိသတ်တွေအတော်ကို အကြိုက်တွေ့ခဲ့ကြပါတယ်။ ဒီကပြားမင်းသမီးလေးဟာ အနုပညာမှာ ငယ်ငယ်လေးကတည်းက ဝါသနာကြီးတဲ့အတွက် အ သက် ခြောက်နှစ်အရွယ်မှာပဲ အနုပညာလောကထဲစဝင်ပြီး မင်းသမီးလည်းလုပ်၊ အဆိုတော်လည်းလုပ်၊ အကမယ်လည်း လုပ်ပါတယ်။ သူ့မိဘတွေကလည်း သူ လုပ်သမျှကို အားပေးပါတယ်။ ဒါ့အပြင် သူက ကျောင်းမှာလည်း ဂီတအတတ်ပညာကို သင်ယူနေပါသေးသတဲ့လေ။ ကမ္ဘောဒီးယားတော်ဝင်မျိုးနွယ်တွေထဲမှာ ဒီလို အနုပညာအလုပ်တွေ လုပ်တဲ့သူဆိုလို့ အ တော်ရှားပါတယ်။ ဒါကြောင့် ဒီတော်ဝင်မင်းသမီးချောလေးဟာ ခဏတွင်းချင်းမှာပဲ နာမည်ကြီးသွားပါတော့တယ်။ နာမည်ကြီး ကမ္ဘောဒီးယားရုပ်သံဇာတ်လမ်းနှစ်ခုမှာလည်း သူပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒါကြောင့် သူဟာ အဆိုရော၊ အကရော၊ သရုပ်ဆောင်မှာပါ ဘာမှပြောစရာမရှိအောင် ကျွမ်းကျင်နေ တော့တာပါ။ ဒါ့အပြင် သူက မော်ဒယ်ပါ လုပ်ပါသေးတယ်။
zawgyi version
သူေလးဟာ ၂ဝ၁၂ ခုႏွစ္မွာ ျပင္သစ္မွာ ေမြးဖြားတာျဖစ္ၿပီး သူ႔မိခင္က ကေမာၻဒီးယားေတာ္ဝင္မင္းသမီး ေနာ္႐ိုဒြန္ဘူဖာရီ (Norodom Buphary)ျဖစ္ၿပီး သူ႔ဖ ခင္ကေတာ့ ျပင္သစ္လူမ်ိဳးပါ။ သူ႔အထက္မွာ အႀကီးတစ္ေယာက္ရွိပါေသးတယ္။ သူသုံးႏွစ္သမီးအ႐ြယ္မွာ သူ႔မိဘေတြက ကေမာၻဒီးယားကို ျပန္ေျပာင္းလာၾကပါတယ္။ ေတာ္ဝင္မင္းသမီးေလးဆိုေတာ့ သူဟာ ကေမာၻဒီးယားမွာ ငယ္ငယ္ေလးကတည္းက ဘာမွလိုေလေသးမရွိ၊ ျပည့္ျပည့္စုံစုံ၊ ဇိမ္က်က်ေနခဲ့ရပါ တယ္။ ၿပီးေတာ့ ကေမာၻဒီးယားမွာ အေကာင္းဆုံးဆိုတဲ့ ထိပ္တန္းေက်ာင္းမွာလည္း ပညာသင္ၾကားခြင့္ရပါတယ္။ သူဟာ မိဘႏွစ္ပါးဆီကေန ျပင္သစ္စကားနဲ႔ ကေမာၻဒီးယား စကားေလ့လာတတ္ေျမာက္ခဲ့တဲ့အျပင္ ထိုင္းစကား၊ အဂၤလိပ္စကားနဲ႔ တ႐ုတ္စကားလည္း ေျပာတတ္ပါေသးတယ္။ ဘာသာစကား ငါးမ်ိဳးတတ္လို႔ သူကသီခ်င္းေတြကိုလည္း ဘာသာစကားငါးမ်ိဳးနဲ႔ ဆိုတတ္တာေပါ့။ ကျပားျဖစ္ေနလို႔ ႐ုပ္ရည္က ထူးျခားေနတာေၾကာင့္ေရာ၊ ငယ္ငယ္ေလးနဲ႔ ဘာသာစကားအမ်ိဳးမ်ိဳးေျပာတတ္တာေရာေၾကာင့္ပါ သူဟာလူအမ်ား စိတ္ဝင္စားတာခံရပါေတာ့တယ္။ သူ ဒီလိုႏိုင္ငံ ျခားဘာသာစကားေတြနဲ႔ သီခ်င္းေတြဆိုေနပုံကို သူ႔ယူက်ဳခ်န္နယ္မွာဝင္ၾကည့္လို႔ရပါတယ္။ သူက ကေမာၻဒီး ယားသီခ်င္းေတြ၊ ထိုင္းသီခ်င္းေတြ အမ်ားႀကီးဆိုတဲ့အျပင္ ကမာၻ႔နာမည္ႀကီးသီခ်င္းေတြကိုလည္း ျပန္ဆိုေတးလုပ္ၿပီး ျပန္လည္သီဆိုေလ့ရွိပါတယ္။ ဥပမာအားျဖင့္ေျပာရရင္ Last Christmas နဲ႔ I Will Always Love You အစရွိတဲ့ သီခ်င္းေတြေပါ့။ ဒါ့အျပင္ သူက နာမည္ႀကီး တ႐ုတ္သီခ်င္းတစ္ပုဒ္ကိုလည္း တ႐ုတ္ဘာသာစကားနဲ႔ဆိုျပလိုက္ပါေသးတယ္။ အဲဒီသီခ်င္းဗီဒီယိုေလးဟာ ၾကည့္ရႈမႈအႀကိမ္ေရေတြ အမ်ားႀကီးရခဲ့ၿပီး တ႐ုတ္ပရိသတ္ေတြအေတာ္ကို အႀကိဳက္ေတြ႕ခဲ့ၾကပါတယ္။ ဒီကျပားမင္းသမီးေလးဟာ အႏုပညာမွာ ငယ္ငယ္ေလးကတည္းက ဝါသနာႀကီးတဲ့အတြက္ အ သက္ ေျခာက္ႏွစ္အ႐ြယ္မွာပဲ အႏုပညာေလာကထဲစဝင္ၿပီး မင္းသမီးလည္းလုပ္၊ အဆိုေတာ္လည္းလုပ္၊ အကမယ္လည္း လုပ္ပါတယ္။ သူ႔မိဘေတြကလည္း သူ လုပ္သမွ်ကို အားေပးပါတယ္။ ဒါ့အျပင္ သူက ေက်ာင္းမွာလည္း ဂီတအတတ္ပညာကို သင္ယူေနပါေသးသတဲ့ေလ။ ကေမာၻဒီးယားေတာ္ဝင္မ်ိဳးႏြယ္ေတြထဲမွာ ဒီလို အႏုပညာအလုပ္ေတြ လုပ္တဲ့သူဆိုလို႔ အ ေတာ္ရွားပါတယ္။ ဒါေၾကာင့္ ဒီေတာ္ဝင္မင္းသမီးေခ်ာေလးဟာ ခဏတြင္းခ်င္းမွာပဲ နာမည္ႀကီးသြားပါေတာ့တယ္။ နာမည္ႀကီး ကေမာၻဒီးယား႐ုပ္သံဇာတ္လမ္းႏွစ္ခုမွာလည္း သူပါဝင္သ႐ုပ္ေဆာင္ထားပါေသးတယ္။ ဒါေၾကာင့္ သူဟာ အဆိုေရာ၊ အကေရာ၊ သ႐ုပ္ေဆာင္မွာပါ ဘာမွေျပာစရာမရွိေအာင္ ကြၽမ္းက်င္ေန ေတာ့တာပါ။ ဒါ့အျပင္ သူက ေမာ္ဒယ္ပါ လုပ္ပါေသးတယ္။

ဒီခေတ်ကလေးတွေရဲ့ထုံးစံအတိုင်း သူဟာလည်း ကေပေါ့ပ်ကို အရမ်းရူးသွပ်တာပေါ့။ သူ အကြိုက်ဆုံးကေပေါ့ပ်အဆိုတော်အဖွဲ့ကတော့ အခုခေတ်မှာနာမည်အကြီးဆုံးဖြစ်နေတဲ့ Blackpink အဖွဲ့ပဲပေါ့။ အဲဒီအဖွဲ့ထဲမှာမှ သူအကြိုက်ဆုံးကတော့ လီဆာဖြစ်ပါသတဲ့။ တချို့ကလည်း သူ့ကို လီဆာနဲ့ဆင်တယ်ဆိုပြီး လီဆာအငယ်စားလေးလို့ခေါ်ကြပါတယ်။ တော်ဝင်မင်းသမီးချောလေးဖြစ်လို့ သူဟာတော်ဝင်မျိုးနွယ် ဈေးကွက်၊ အထက်တန်းလွှာဈေးကွက်အတွက် ရည်ရွယ်ထုတ် လုပ်တဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေမှာ ပင်တိုင်မော်ဒယ်အဖြစ် ခန့်အပ်ခံရလေ့ရှိပါတယ်။ ကမ္ဘောဒီးယား ကုမ္ပဏီတွေကသာမက တရုတ်ကုမ္ပဏီအချို့နဲ့အင်ဒိုနီးရှားကုမ္ပဏီချို့ကပါ သူ့ကိုပင်တိုင် မော်ဒယ်အဖြစ် ခန့် အပ်လာကြတာပါ။ သူ့ဖေ့စ်ဘွတ်ခ်အကောင့်မှာပရိ သတ် နှစ်သန်းလောက်ရှိပြီး သူ့ယူကျုချန်နယ်ဟာလည်း ပရိသတ် ၆ သိန်းနီးပါးတောင်ရှိပါတယ်။ ဒါ့အ ပြင် သူဟာ ကလေးပီပီ TikTok ကိုလည်း လက်မလွှတ်ပါဘူး။ TikTok မှာလည်း သူ့ဗီဒီယိုတွေဟာ ကြည့်ရှုမှုအကြိမ်ရေ သန်းနဲ့ချီရထားပါတယ်။ ဒါကြောင့် သူလေးဟာ လူကသာငယ်ပေမယ့် အောင်မြင်မှုကကြီးမားနေပါပြီ။ သူ့ကိုယ်ထဲမှာ ကမ္ဘောဒီးယားတော်ဝင်သွေးတွေ စီးဆင်းနေတာဖြစ်လို့ သူဟာ ကမ္ဘောဒီးယားကိုလည်း အတော်ချစ်ပုံရပါတယ်။ မျိုး ချစ်စိတ်ရှိလို့သာ သူကကမ္ဘောဒီးယားရိုးရာဝတ်စုံတွေကို ဂုဏ်ယူစွာနဲ့ဝတ်ပြလေ့ရှိတာပေါ့။ ကမ္ဘောဒီးယားသူဖြစ်ရတာ သူဘယ်လောက်ဂုဏ်ယူတယ်၊ ကမ္ဘော ဒီးယားရိုးရာယဉ်ကျေးမှုကို သူဘယ်လောက် စိတ်ဝင်စားတယ်ဆိုတာကို သူ့သီချင်းဗီဒီယိုတွေ ကြည့်လိုက်တာနဲ့ သိမှာပါ။ သူက သူ့သီချင်းဗီဒီယိုတွေထဲမှာ ရိုးရာဝတ် စုံလှလှတွေ အမျိုးမျိုးဝတ်ပြ၊ ရိုးရာအကတွေ ကပြပြီး ကိုယ့်ရိုးရာယဉ်ကျေးမှုကို မြှင့်တင်တယ်လေ။ ကိုယ့်ရိုးရာယဉ်ကျေးမှုကို ဒီလို တစ်ဖက်တလမ်းကနေ တတ် စွမ်းသလောက် မြှင့်တင်ပေးလို့လည်း ကမ္ဘေ ာဒီးယားပရိသတ်တွေက သူ့ကို အရမ်းချစ်ကြတာပါ။
ကဲ..ဒီလောက်ဆိုရင် အတိတ်ကံကြောင့်ရော၊ ပစ္စုပ္ပန်ဘဝမှာ ကြိုးစားအားထုတ်မှုတို့ကြောင့်ပါ ပြည်တွင်းမှာ သာမက ဒေသတွင်းအာရှနိုင်ငံတွေအထိ အောင်မြင်ကျော်ကြား လူသိများနေတဲ့ ကမ္ဘောဒီးယားတော်ဝင်မင်းသမီးလေးအကြောင်း ပြည့်စုံသလောက် ဖြစ်နေပြီဖြစ်လို့ ဒီမှာပဲ နိဂုံးချုပ်လိုက်ပါရစေ။
zawgyi version
ဒီေခတ္ကေလးေတြရဲ႕ထုံးစံအတိုင္း သူဟာလည္း ေကေပါ့ပ္ကို အရမ္း႐ူးသြပ္တာေပါ့။ သူ အႀကိဳက္ဆုံးေကေပါ့ပ္အဆိုေတာ္အဖြဲ႕ကေတာ့ အခုေခတ္မွာနာမည္အႀကီးဆုံးျဖစ္ေနတဲ့ Blackpink အဖြဲ႕ပဲေပါ့။ အဲဒီအဖြဲ႕ထဲမွာမွ သူအႀကိဳက္ဆုံးကေတာ့ လီဆာျဖစ္ပါသတဲ့။ တခ်ိဳ႕ကလည္း သူ႔ကို လီဆာနဲ႔ဆင္တယ္ဆိုၿပီး လီဆာအငယ္စားေလးလို႔ေခၚၾကပါတယ္။ ေတာ္ဝင္မင္းသမီးေခ်ာေလးျဖစ္လို႔ သူဟာေတာ္ဝင္မ်ိဳးႏြယ္ ေဈးကြက္၊ အထက္တန္းလႊာေဈးကြက္အတြက္ ရည္႐ြယ္ထုတ္ လုပ္တဲ့ ကုန္ပစၥည္းအမွတ္တံဆိပ္ေတြမွာ ပင္တိုင္ေမာ္ဒယ္အျဖစ္ ခန႔္အပ္ခံရေလ့ရွိပါတယ္။ ကေမာၻဒီးယား ကုမၸဏီေတြကသာမက တ႐ုတ္ကုမၸဏီအခ်ိဳ႕နဲ႔အင္ဒိုနီးရွားကုမၸဏီခ်ိဳ႕ကပါ သူ႔ကိုပင္တိုင္ ေမာ္ဒယ္အျဖစ္ ခန႔္ အပ္လာၾကတာပါ။ သူ႔ေဖ့စ္ဘြတ္ခ္အေကာင့္မွာပရိ သတ္ ႏွစ္သန္းေလာက္ရွိၿပီး သူ႔ယူက်ဳခ်န္နယ္ဟာလည္း ပရိသတ္ ၆ သိန္းနီးပါးေတာင္ရွိပါတယ္။ ဒါ့အ ျပင္ သူဟာ ကေလးပီပီ TikTok ကိုလည္း လက္မလႊတ္ပါဘူး။ TikTok မွာလည္း သူ႔ဗီဒီယိုေတြဟာ ၾကည့္ရႈမႈအႀကိမ္ေရ သန္းနဲ႔ခ်ီရထားပါတယ္။ ဒါေၾကာင့္ သူေလးဟာ လူကသာငယ္ေပမယ့္ ေအာင္ျမင္မႈကႀကီးမားေနပါၿပီ။ သူ႔ကိုယ္ထဲမွာ ကေမာၻဒီးယားေတာ္ဝင္ေသြးေတြ စီးဆင္းေနတာျဖစ္လို႔ သူဟာ ကေမာၻဒီးယားကိုလည္း အေတာ္ခ်စ္ပုံရပါတယ္။ မ်ိဳး ခ်စ္စိတ္ရွိလို႔သာ သူကကေမာၻဒီးယား႐ိုးရာဝတ္စုံေတြကို ဂုဏ္ယူစြာနဲ႔ဝတ္ျပေလ့ရွိတာေပါ့။ ကေမာၻဒီးယားသူျဖစ္ရတာ သူဘယ္ေလာက္ဂုဏ္ယူတယ္၊ ကေမာၻ ဒီးယား႐ိုးရာယဥ္ေက်းမႈကို သူဘယ္ေလာက္ စိတ္ဝင္စားတယ္ဆိုတာကို သူ႔သီခ်င္းဗီဒီယိုေတြ ၾကည့္လိုက္တာနဲ႔ သိမွာပါ။ သူက သူ႔သီခ်င္းဗီဒီယိုေတြထဲမွာ ႐ိုးရာဝတ္ စုံလွလွေတြ အမ်ိဳးမ်ိဳးဝတ္ျပ၊ ႐ိုးရာအကေတြ ကျပၿပီး ကိုယ့္႐ိုးရာယဥ္ေက်းမႈကို ျမႇင့္တင္တယ္ေလ။ ကိုယ့္႐ိုးရာယဥ္ေက်းမႈကို ဒီလို တစ္ဖက္တလမ္းကေန တတ္ စြမ္းသေလာက္ ျမႇင့္တင္ေပးလို႔လည္း ကေမၻ ာဒီးယားပရိသတ္ေတြက သူ႔ကို အရမ္းခ်စ္ၾကတာပါ။
ကဲ..ဒီေလာက္ဆိုရင္ အတိတ္ကံေၾကာင့္ေရာ၊ ပစၥဳပၸန္ဘဝမွာ ႀကိဳးစားအားထုတ္မႈတို႔ေၾကာင့္ပါ ျပည္တြင္းမွာ သာမက ေဒသတြင္းအာရွႏိုင္ငံေတြအထိ ေအာင္ျမင္ေက်ာ္ၾကား လူသိမ်ားေနတဲ့ ကေမာၻဒီးယားေတာ္ဝင္မင္းသမီးေလးအေၾကာင္း ျပည့္စုံသေလာက္ ျဖစ္ေနၿပီျဖစ္လို႔ ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါရေစ။