ကမ္ဘာ့အံ့ဖွယ်ရေကန်ကြီးတွေထဲက တမူထူးခြား ရေကန်များ

 746

ဝတီ (NP News) - ဖေဖော်ဝါရီ ၁၄
ကမ္ဘာ့အံ့ဖွယ်ထူးခြားရေကန်ကြီးများ ကမ္ဘာပေါ်မှာ ရေကန်ပေါင်း ၁၁၇ သန်းကျော်ရှိပါတယ်။ ရေကန်ပေါင်း ၁၁၇ သန်းကျော်တောင်ရှိတာဆိုတော့ အဲဒီရေကန်တွေရဲ့ရေမျက်နှာပြင်တွေဟာ ကမ္ဘာ့မြေ မျက်နှာပြင်ရဲ့ ၄ ရာခိုင်နှုန်းနီးပါးကို ဖုံးလွှမ်းနေတာပါ။ ကမ္ဘာတဝန်းမှာ ရေကန်တွေအရမ်းပေါပေမယ့် တမူထူးခြားနေတဲ့ ရေကန်တွေကတော့ ရှားပါတယ်။ ဒါကြောင့် ဘယ်ရေကန်တွေက ဘယ်လိုတွေထူးခြားနေသလဲ ဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

zawgyi version
ကမာၻ႔အံ့ဖြယ္ေရကန္ႀကီးေတြထဲက တမူထူးျခား ေရကန္မ်ား
ဝတီ (NP News) - ေဖေဖာ္ဝါရီ ၁၄
ကမာၻ႔အံ့ဖြယ္ထူးျခားေရကန္ႀကီးမ်ား ကမာၻေပၚမွာ ေရကန္ေပါင္း ၁၁၇ သန္းေက်ာ္ရွိပါတယ္။ ေရကန္ေပါင္း ၁၁၇ သန္းေက်ာ္ေတာင္ရွိတာဆိုေတာ့ အဲဒီေရကန္ေတြရဲ႕ေရမ်က္ႏွာျပင္ေတြဟာ ကမာၻ႔ေျမ မ်က္ႏွာျပင္ရဲ႕ ၄ ရာခိုင္ႏႈန္းနီးပါးကို ဖုံးလႊမ္းေနတာပါ။ ကမာၻတဝန္းမွာ ေရကန္ေတြအရမ္းေပါေပမယ့္ တမူထူးျခားေနတဲ့ ေရကန္ေတြကေတာ့ ရွားပါတယ္။ ဒါေၾကာင့္ ဘယ္ေရကန္ေတြက ဘယ္လိုေတြထူးျခားေနသလဲ ဆိုတာ ၾကည့္လိုက္ၾကရေအာင္ပါ။

ဂျယ်လီဖစ်ရှ်ရေကန် - Jellyfish Lake
Palau ပလာဝမ်ဆိုတဲ့နိုင်ငံလေးမှာတည်ရှိတဲ့ ဒီရေကန်လေးဟာ အင်မတန်ကိုမှထူးခြားပါတယ်။ အဲဒီရေ ကန်က အလျားပေ ၁၅ဝဝ၊ အနံပေ ၅၂ဝ ရှိပါတယ်။ အနက်ကတော့ ပေ ၁ဝဝ လောက်ရှိပါတယ်။ သက် တမ်းအားဖြင့် နှစ်ပေါင်း ၁၂ဝဝဝ ရှိနေပြီဖြစ်တဲ့ ဒီရေကန်ဟာ ပင်လယ်နဲ့တစ်ဆက်တည်းမဟုတ်ဘဲ သီးခြားဖြစ်နေပါတယ်။ ဒါကြောင့် ဒီရေကန်ထဲမှာရှိနေတဲ့ဂျယ် လီဖစ်ရှ်လို့ခေါ်တဲ့ ငါးတစ်မျိုးဟာ သူတို့ကိုအမဲလိုက် စားသောက်မယ့် သတ္တဝါကြီးတွေရဲ့ရန်ကနေ ကင်းဝေးပြီး မျိုးပွားချင်တိုင်းပွားနေပါတော့တယ်။ ဂျယ်လီဖစ်ရှ်တွေက ကန်တစ်ဖက်ခြမ်းကနေ တခြားတစ်ဖက်ခြမ်းဆီ နေ့တိုင်းအုပ်လိုက်ကြီး နေရာရွှေ့ပါတယ်။ ဒီရေ ကန်ထဲမှာ အုံလိုက်ကျင်းလိုက်ကြီးရှိနေတဲ့ ဂျယ်လီဖစ်ရှ်တွေဟာ အဆိပ်ဆူးတွေလည်း လုံးဝမရှိတော့သ လောက်ပါပဲ။ ဒါကြောင့် ဒီရေကန်ဟာ ရေအောက်ငုပ်ပြီး လျှောက်လေ့လာချင်တဲ့သူတွေအတွက်ရော၊ အ ပျော်တမ်းရေငုပ်ချင်သူတွေအတွက်ပါ အကြိုက်တွေ့စရာဖြစ်နေပါတော့တယ်။ ဒီရေကန်အနီးနားမှာ အ ခြားရေကန်တွေလည်းရှိပြီး အဲဒီရေကန်တွေထဲကဂျယ်လီဖစ်ရှ်တွေကတော့ အဆိပ်ဆူးတွေရှိပါတယ်။

zawgyi version
ဂ်ယ္လီဖစ္ရွ္ေရကန္ - Jellyfish Lake
Palau ပလာဝမ္ဆိုတဲ့ႏိုင္ငံေလးမွာတည္ရွိတဲ့ ဒီေရကန္ေလးဟာ အင္မတန္ကိုမွထူးျခားပါတယ္။ အဲဒီေရ ကန္က အလ်ားေပ ၁၅ဝဝ၊ အနံေပ ၅၂ဝ ရွိပါတယ္။ အနက္ကေတာ့ ေပ ၁ဝဝ ေလာက္ရွိပါတယ္။ သက္ တမ္းအားျဖင့္ ႏွစ္ေပါင္း ၁၂ဝဝဝ ရွိေနၿပီျဖစ္တဲ့ ဒီေရကန္ဟာ ပင္လယ္နဲ႔တစ္ဆက္တည္းမဟုတ္ဘဲ သီးျခားျဖစ္ေနပါတယ္။ ဒါေၾကာင့္ ဒီေရကန္ထဲမွာရွိေနတဲ့ဂ်ယ္ လီဖစ္ရွ္လို႔ေခၚတဲ့ ငါးတစ္မ်ိဳးဟာ သူတို႔ကိုအမဲလိုက္ စားေသာက္မယ့္ သတၱဝါႀကီးေတြရဲ႕ရန္ကေန ကင္းေဝးၿပီး မ်ိဳးပြားခ်င္တိုင္းပြားေနပါေတာ့တယ္။ ဂ်ယ္လီဖစ္ရွ္ေတြက ကန္တစ္ဖက္ျခမ္းကေန တျခားတစ္ဖက္ျခမ္းဆီ ေန႔တိုင္းအုပ္လိုက္ႀကီး ေနရာေ႐ႊ႕ပါတယ္။ ဒီေရ ကန္ထဲမွာ အုံလိုက္က်င္းလိုက္ႀကီးရွိေနတဲ့ ဂ်ယ္လီဖစ္ရွ္ေတြဟာ အဆိပ္ဆူးေတြလည္း လုံးဝမရွိေတာ့သ ေလာက္ပါပဲ။ ဒါေၾကာင့္ ဒီေရကန္ဟာ ေရေအာက္ငုပ္ၿပီး ေလွ်ာက္ေလ့လာခ်င္တဲ့သူေတြအတြက္ေရာ၊ အ ေပ်ာ္တမ္းေရငုပ္ခ်င္သူေတြအတြက္ပါ အႀကိဳက္ေတြ႕စရာျဖစ္ေနပါေတာ့တယ္။ ဒီေရကန္အနီးနားမွာ အ ျခားေရကန္ေတြလည္းရွိၿပီး အဲဒီေရကန္ေတြထဲကဂ်ယ္လီဖစ္ရွ္ေတြကေတာ့ အဆိပ္ဆူးေတြရွိပါတယ္။

ရေဆူကန် - Boiling Lake
Dominica အရိုးကွဲမတတ်အေးနေတဲ့အချိန်မှာဆိုရင်တော့ အငွေ့တွေတထောင်းထောင်းထနေတဲ့ ဒီရေကန်ကြီးကိုမြင်လိုက်ရင် တစ်ခါထဲရေကန်ထဲခုန်ဆင်းပစ် လိုက်ချင်စရာကောင်းလှပါတယ်။ ဒါပေမဲ့ သွားမလုပ်လိုက်ပါနဲ့။ တစ်ခါတည်း အသက်ဆုံးသွားပါလိမ့်မယ်။ အနက် ၃၅ ပေရှိတဲ့ ဒီရေကန်ဟာ ဒိုမီနီကာမှာတည်ရှိပြီး ရေကန်ဟာ ရေဆူမှတ်နားအမြဲတမ်းရောက်နေပါတယ်။ ရေကန်ဟာ ကမ္ဘာ့မြေမျက်နှာပြင်အက် ကြောင်းတည့်တည့်ပေါ်မှာ တည်ရှိနေတာကြောင့် မြေအောက်ထဲက ဓာတ်ငွေ့တွေ၊ အပူတွေထွက်ပြီး ရေက တစ်ချိန်လုံးရေပွက်ပွက်ဆူနေတော့တာဖြစ်ပါသတဲ့။

zawgyi version
ေရဆူကန္ - Boiling Lake
Dominica အ႐ိုးကြဲမတတ္ေအးေနတဲ့အခ်ိန္မွာဆိုရင္ေတာ့ အေငြ႕ေတြတေထာင္းေထာင္းထေနတဲ့ ဒီေရကန္ႀကီးကိုျမင္လိုက္ရင္ တစ္ခါထဲေရကန္ထဲခုန္ဆင္းပစ္ လိုက္ခ်င္စရာေကာင္းလွပါတယ္။ ဒါေပမဲ့ သြားမလုပ္လိုက္ပါနဲ႔။ တစ္ခါတည္း အသက္ဆုံးသြားပါလိမ့္မယ္။ အနက္ ၃၅ ေပရွိတဲ့ ဒီေရကန္ဟာ ဒိုမီနီကာမွာတည္ရွိၿပီး ေရကန္ဟာ ေရဆူမွတ္နားအၿမဲတမ္းေရာက္ေနပါတယ္။ ေရကန္ဟာ ကမာၻ႔ေျမမ်က္ႏွာျပင္အက္ ေၾကာင္းတည့္တည့္ေပၚမွာ တည္ရွိေနတာေၾကာင့္ ေျမေအာက္ထဲက ဓာတ္ေငြ႕ေတြ၊ အပူေတြထြက္ၿပီး ေရက တစ္ခ်ိန္လုံးေရပြက္ပြက္ဆူေနေတာ့တာျဖစ္ပါသတဲ့။

ဘိုက်ကယ်လ်ရေကန် - Lake Baikal
Siberia ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသမှာရှိတဲ့ ဒီ ရေကန်ကြီးဟာ သက်တမ်းအားဖြင့် နှစ် ၂၅ သန်းကနေ သန်း ၃ဝ ကြားရှိပြီး အနက် ၅၃၈၇ ပေရှိပါတယ်။ ဒါကြောင့် ဒီရေကန်ဟာ ကမ္ဘာပေါ်မှာသက်တမ်းအရင့်ဆုံး၊ အနက်ရှိုင်းဆုံးရေကန်ကြီးပါ။ နွေဦးရာသီရောက်လို့ ရေခဲတွေစကွယ်ပျောက်လာပြီဆိုရင် ရေကန်ရဲ့ အ ရောင်ဟာ စိမ်းပြာရောင်လေးဖြစ်လာပါတယ်။ နွေရာ သီလည်းရောက်ရော သူ့ရေပြင်အရောင်ဟာရေမှော်တွေကြောင့် အစိမ်းရောင်တောက်တောက်ဖြစ်လာပါတော့တယ်။ ဆိုက်ဘေးရီးယားအအေးဒဏ်ကို အံတုနိုင်တယ်ဆိုရင်တော့ အောက်တိုဘာလကနေ ဧပြီလကြားမှာ အဲဒီရေကန်ကိုသွားလည်တာအကောင်းဆုံးပါပဲ။

zawgyi version
ဘိုက္ကယ္လ္ေရကန္ - Lake Baikal
Siberia ႐ုရွားႏိုင္ငံ၊ ဆိုက္ေဘးရီးယားေဒသမွာရွိတဲ့ ဒီ ေရကန္ႀကီးဟာ သက္တမ္းအားျဖင့္ ႏွစ္ ၂၅ သန္းကေန သန္း ၃ဝ ၾကားရွိၿပီး အနက္ ၅၃၈၇ ေပရွိပါတယ္။ ဒါေၾကာင့္ ဒီေရကန္ဟာ ကမာၻေပၚမွာသက္တမ္းအရင့္ဆုံး၊ အနက္ရႈိင္းဆုံးေရကန္ႀကီးပါ။ ေႏြဦးရာသီေရာက္လို႔ ေရခဲေတြစကြယ္ေပ်ာက္လာၿပီဆိုရင္ ေရကန္ရဲ႕ အ ေရာင္ဟာ စိမ္းျပာေရာင္ေလးျဖစ္လာပါတယ္။ ေႏြရာ သီလည္းေရာက္ေရာ သူ႔ေရျပင္အေရာင္ဟာေရေမွာ္ေတြေၾကာင့္ အစိမ္းေရာင္ေတာက္ေတာက္ျဖစ္လာပါေတာ့တယ္။ ဆိုက္ေဘးရီးယားအေအးဒဏ္ကို အံတုႏိုင္တယ္ဆိုရင္ေတာ့ ေအာက္တိုဘာလကေန ဧၿပီလၾကားမွာ အဲဒီေရကန္ကိုသြားလည္တာအေကာင္းဆုံးပါပဲ။

လဂူနာကော်လိုရာဒါ - Laguna Colorada
Bolivia ဘိုလီဗီးယားမှာရှိတဲ့ လဂူနာကော်လိုရာဒါဆိုတဲ့ဒီရေကန်ဟာ အနီရောင်နုန်းအနှစ်တွေကြောင့် တမူထူးခြားပြီး အနီရောင်ဖြစ်နေတာပါ။ ပုံမှန်အားဖြင့် သူ့ရေပြင်အရောင်က အနီရောင်ဆိုပေမယ့် တခါတလေ ကျရင်လည်း ရေမှော်ပင်တွေများလာတဲ့အခါ ရေပြင်က အစိမ်းရောင်ပြောင်းသွားပါတယ်။ ရေအပူချိန် ပြောင်းသွားတာ၊ ရေထဲမှာ ဆားပါဝင်မှုအပြောင်းအလဲ ဖြစ်သွားတာတို့ကြောင့် မှော်ပင်တွေ ထင်ထင်ရှားရှားဖြစ်လာပြီး ကန်ရေပြင်အရောင်က အစိမ်းဘက်ပြောင်း သွားတာဖြစ်ပါသတဲ့။ ဒါ့အပြင် ကန်ထဲကဆားတွေ အ ငွေ့ပျံသွားတဲ့အချိန်မှာ ကျန်ရစ်ခဲ့တဲ့ ဘေးထွက်ပစ္စည်းဖြူဖြူလေးတွေကလည်း ကန်အလယ်မှာဟိုနားတစ်နေရာ၊ ဒီနားတစ်နေရာ ပုံနေပါတယ်။ အစိမ်းရောင်ရေ ပြင်အလယ်မှာ ဒါမှမဟုတ် အနီရောင်ရေပြင်အလယ်မှာ ဖြူဖြူလေးတွေ အပုံလိုက်ကြီးဖြစ်နေတယ်ဆိုတော့ ကြည့်လို့လှပြီးရင်းလှနေတော့တာပေါ့။ ဒါတင်မက ကြိုးကြာနီတွေကလည်း အဲဒီရေကန်မှာအုပ်လိုက်ကြီးလာပြီး ကျက်စားလေ့ရှိတယ်လေ။ ဒါကြောင့် အဲဒီနေရာကိုသွားမယ်ဆိုရင် ကင်မရာမဖြစ်မနေ ယူသွားဖို့လိုပါလိမ့်မယ်။ နောက်ခံတောင်တန်းနဲ့ပနံရပြီး လှချင်တိုင်းလှနေတဲ့ဒီမြင်ကွင်းဟာ မြင်ရသူ အပေါင်းကို အသက်ရှူမှားသွားစေလောက်ပါတယ်။

zawgyi version
လဂူနာေကာ္လိုရာဒါ - Laguna Colorada
Bolivia ဘိုလီဗီးယားမွာရွိတဲ့ လဂူနာေကာ္လိုရာဒါဆိုတဲ့ဒီေရကန္ဟာ အနီေရာင္ႏုန္းအႏွစ္ေတြေၾကာင့္ တမူထူးျခားၿပီး အနီေရာင္ျဖစ္ေနတာပါ။ ပုံမွန္အားျဖင့္ သူ႔ေရျပင္အေရာင္က အနီေရာင္ဆိုေပမယ့္ တခါတေလ က်ရင္လည္း ေရေမွာ္ပင္ေတြမ်ားလာတဲ့အခါ ေရျပင္က အစိမ္းေရာင္ေျပာင္းသြားပါတယ္။ ေရအပူခ်ိန္ ေျပာင္းသြားတာ၊ ေရထဲမွာ ဆားပါဝင္မႈအေျပာင္းအလဲ ျဖစ္သြားတာတို႔ေၾကာင့္ ေမွာ္ပင္ေတြ ထင္ထင္ရွားရွားျဖစ္လာၿပီး ကန္ေရျပင္အေရာင္က အစိမ္းဘက္ေျပာင္း သြားတာျဖစ္ပါသတဲ့။ ဒါ့အျပင္ ကန္ထဲကဆားေတြ အ ေငြ႕ပ်ံသြားတဲ့အခ်ိန္မွာ က်န္ရစ္ခဲ့တဲ့ ေဘးထြက္ပစၥည္းျဖဴျဖဴေလးေတြကလည္း ကန္အလယ္မွာဟိုနားတစ္ေနရာ၊ ဒီနားတစ္ေနရာ ပုံေနပါတယ္။ အစိမ္းေရာင္ေရ ျပင္အလယ္မွာ ဒါမွမဟုတ္ အနီေရာင္ေရျပင္အလယ္မွာ ျဖဴျဖဴေလးေတြ အပုံလိုက္ႀကီးျဖစ္ေနတယ္ဆိုေတာ့ ၾကည့္လို႔လွၿပီးရင္းလွေနေတာ့တာေပါ့။ ဒါတင္မက ႀကိဳးၾကာနီေတြကလည္း အဲဒီေရကန္မွာအုပ္လိုက္ႀကီးလာၿပီး က်က္စားေလ့ရွိတယ္ေလ။ ဒါေၾကာင့္ အဲဒီေနရာကိုသြားမယ္ဆိုရင္ ကင္မရာမျဖစ္မေန ယူသြားဖို႔လိုပါလိမ့္မယ္။ ေနာက္ခံေတာင္တန္းနဲ႔ပနံရၿပီး လွခ်င္တိုင္းလွေနတဲ့ဒီျမင္ကြင္းဟာ ျမင္ရသူ အေပါင္းကို အသက္ရႉမွားသြားေစေလာက္ပါတယ္။

ဟီလီယာကန် - Lake Hillier
Australia ဒီရေကန်ဟာလည်း သိပ်ကိုထူးခြားလို့ ကမ္ဘာကျော်ပါတယ်။ သြစတြေးလျမှာရှိတဲ့ ဒီရေကန်ကြီးရဲ့ရေပြင်ဟာ ထူးထူးခြားခြား ပန်းရောင်ဖြစ်နေတာလေ။ ဒါ့အပြင် ဒီရေဟာသမုဒ္ဒရာရေထက်လည်း ဆားပါဝင်နှုန်း ဆယ်ဆပိုများပါသတဲ့။ ပန်းရောင်ရေမှော်တွေကြောင့် ရေအရောင်ကတမူထူးပြီး ပန်းရောင်ဖြစ်နေတာလို့ လူတွေက ယူဆလေ့ရှိကြပေမယ့် အဲဒီလို မဟုတ်ပါဘူးတဲ့လေ။ ဆားကို အရမ်းကြိုက်တဲ့ ဘက်တီးယားလေးတွေ ဒီရေပြင်ထဲမှာ အများကြီး ပေါက်ပွားနေလို့ ရေကဒီလိုပန်းရောင်ဖြစ်နေရတာလို့ လေ့လာချက်တွေအပြီးမှာ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။ ရေက တမူထူးခြားပြီး ပန်းရောင်ဖြစ်နေတဲ့အ ပြင် ရေကန်ပတ်ပတ်လည်မှာလည်း ဆားဖြူလွလွက ပတ်လည်ဝိုင်းနေပါတယ်။ အဲဒီဆားဖြူလွလွကိုမှ စိမ်းစိုနေတဲ့အမြဲစိမ်းသစ်တောကြီးကအပြင်ကနေ ဝန်းရံထားပါသေးတယ်။ ဒါတင်မက အဲဒီရေကန်ဟာ ပြာတောက်နေတဲ့ ပင်လယ်ပြင်ကြီးလည်း သိပ်မဝေးလှဘူးလေ။ ဒီတော့ ပန်းရောင်၊ အဖြူရောင်၊ အစိမ်းရင့်ရောင်၊ အပြာရင့်ရောင်ဆိုတဲ့ သဘာဝအလှအပကို တစ်နေရာတည်းမှာ တစုတဝေးတည်း အံ့သြစရာ မြင်တွေ့ရတာပေါ့။

zawgyi version
ဟီလီယာကန္ - Lake Hillier
Australia ဒီေရကန္ဟာလည္း သိပ္ကိုထူးျခားလို႔ ကမာၻေက်ာ္ပါတယ္။ ၾသစေၾတးလ်မွာရွိတဲ့ ဒီေရကန္ႀကီးရဲ႕ေရျပင္ဟာ ထူးထူးျခားျခား ပန္းေရာင္ျဖစ္ေနတာေလ။ ဒါ့အျပင္ ဒီေရဟာသမုဒၵရာေရထက္လည္း ဆားပါဝင္ႏႈန္း ဆယ္ဆပိုမ်ားပါသတဲ့။ ပန္းေရာင္ေရေမွာ္ေတြေၾကာင့္ ေရအေရာင္ကတမူထူးၿပီး ပန္းေရာင္ျဖစ္ေနတာလို႔ လူေတြက ယူဆေလ့ရွိၾကေပမယ့္ အဲဒီလို မဟုတ္ပါဘူးတဲ့ေလ။ ဆားကို အရမ္းႀကိဳက္တဲ့ ဘက္တီးယားေလးေတြ ဒီေရျပင္ထဲမွာ အမ်ားႀကီး ေပါက္ပြားေနလို႔ ေရကဒီလိုပန္းေရာင္ျဖစ္ေနရတာလို႔ ေလ့လာခ်က္ေတြအၿပီးမွာ သိပၸံပညာရွင္ေတြက ဆိုပါတယ္။ ေရက တမူထူးျခားၿပီး ပန္းေရာင္ျဖစ္ေနတဲ့အ ျပင္ ေရကန္ပတ္ပတ္လည္မွာလည္း ဆားျဖဴလြလြက ပတ္လည္ဝိုင္းေနပါတယ္။ အဲဒီဆားျဖဴလြလြကိုမွ စိမ္းစိုေနတဲ့အၿမဲစိမ္းသစ္ေတာႀကီးကအျပင္ကေန ဝန္းရံထားပါေသးတယ္။ ဒါတင္မက အဲဒီေရကန္ဟာ ျပာေတာက္ေနတဲ့ ပင္လယ္ျပင္ႀကီးလည္း သိပ္မေဝးလွဘူးေလ။ ဒီေတာ့ ပန္းေရာင္၊ အျဖဴေရာင္၊ အစိမ္းရင့္ေရာင္၊ အျပာရင့္ေရာင္ဆိုတဲ့ သဘာဝအလွအပကို တစ္ေနရာတည္းမွာ တစုတေဝးတည္း အံ့ၾသစရာ ျမင္ေတြ႕ရတာေပါ့။

ကီလီလ်မူတူ - Kelilmutu
Indonesia မီးတောင်ဆိုတဲ့စကားလုံးကို ကြားလိုက်တာနဲ့ လူတွေရဲ့ မျက်စိထဲမှာ ချော်ရည်တွေ၊ ပြာတွေကိုပဲ ပြေးမြင်လေ့ရှိပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားမှာရှိတဲ့ ကီလီလ်မူတူထိပ်မှာတော့ အရောင်အမျိုးမျိုးပြောင်းနေတဲ့ ရေကန်သုံးကန်ကို မြင်တွေ့ရပါလိမ့်မယ်။ ဒါကြောင့် ကီလီလ်မူတူ ရေကန်တွေဟာ သိပ္ပံ ပညာရှင်တွေကို ခေါင်းခြောက်သွားစေခဲ့ပါတယ်။ ဒီရေကန်ဘာကြောင့် အရောင်အမျိုးမျိုးပြောင်းနေရတယ်ဆိုတာ အခုထက်ထိမသိရသေးပါဘူး။ ဘယ်လိုပဲဆိုဆို ကြည့်လို့ အင်မတန်လှပြီး သိပ်ကိုထူးခြားနေတာက တော့ အသေအချာပါပဲ။ အဲဒီကိုရောက်သွားပြီဆိုရင် အနီ၊ အစိမ်း၊ အပြာ၊ အဖြူ၊ အမည်းဆိုတဲ့ ကန်ရေပြင်အရောင်အမျိုးမျိုးကို အံ့သြလောက်စရာမြင်တွေ့ရပါလိမ့်မယ်။ ဒေသခံတွေကတော့ နတ်တွေဖန်ဆင်းလို့ ရေကန်က ဒီလိုအရောင်အမျိုးမျိုးပြောင်းနေတာလို့ ယုံ ကြည်ကြပါတယ်။

zawgyi version
ကီလီလ္မူတူ - Kelilmutu
Indonesia မီးေတာင္ဆိုတဲ့စကားလုံးကို ၾကားလိုက္တာနဲ႔ လူေတြရဲ႕ မ်က္စိထဲမွာ ေခ်ာ္ရည္ေတြ၊ ျပာေတြကိုပဲ ေျပးျမင္ေလ့ရွိပါတယ္။ ဒါေပမဲ့ အင္ဒိုနီးရွားမွာရွိတဲ့ ကီလီလ္မူတူထိပ္မွာေတာ့ အေရာင္အမ်ိဳးမ်ိဳးေျပာင္းေနတဲ့ ေရကန္သုံးကန္ကို ျမင္ေတြ႕ရပါလိမ့္မယ္။ ဒါေၾကာင့္ ကီလီလ္မူတူ ေရကန္ေတြဟာ သိပၸံ ပညာရွင္ေတြကို ေခါင္းေျခာက္သြားေစခဲ့ပါတယ္။ ဒီေရကန္ဘာေၾကာင့္ အေရာင္အမ်ိဳးမ်ိဳးေျပာင္းေနရတယ္ဆိုတာ အခုထက္ထိမသိရေသးပါဘူး။ ဘယ္လိုပဲဆိုဆို ၾကည့္လို႔ အင္မတန္လွၿပီး သိပ္ကိုထူးျခားေနတာက ေတာ့ အေသအခ်ာပါပဲ။ အဲဒီကိုေရာက္သြားၿပီဆိုရင္ အနီ၊ အစိမ္း၊ အျပာ၊ အျဖဴ၊ အမည္းဆိုတဲ့ ကန္ေရျပင္အေရာင္အမ်ိဳးမ်ိဳးကို အံ့ၾသေလာက္စရာျမင္ေတြ႕ရပါလိမ့္မယ္။ ေဒသခံေတြကေတာ့ နတ္ေတြဖန္ဆင္းလို႔ ေရကန္က ဒီလိုအေရာင္အမ်ိဳးမ်ိဳးေျပာင္းေနတာလို႔ ယုံ ၾကည္ၾကပါတယ္။

Related news

© 2021. All rights reserved.