ကမ္ဘာ့အချမ်းသာဆုံးသူဋ္ဌေးကြီး အီလွန်မတ်က ပရဟိတအဖွဲ့အစည်းတစ်ခုထံ အမေရိကန်ဒေါ်လာ ၆ ဘီလျံတန်ဖိုးရှိရှယ်ယာများလှူဒါန်း

2278

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၅
ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးကြီးဖြစ်တဲ့အီလွန်မတ် ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပရဟတိအဖွဲ့အစည်းတစ်ခုကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ဘီလျံ လှူဒါန်းခဲ့တယ်လို့သိရပါတယ်။
Tesla Inc,စီးပွားရေးလုပ်ငန်းစုရဲ့အမှုဆောင်အရာရှိချုပ်အီလွန်မတ်ဟာ ပရဟိတအဖွဲ့အစည်းထံ Tesla ကုမ္ပဏီရဲ့ရှယ်ယာများလှူဒါန်းပေးခဲ့တာဖြစ်ပြီး အဲဒီရှယ်ယာတွေကို စျေးနှုန်းတွက်ချက်ကြည့်ပါကအမေရိကန်ဒေါ်လာ ၅ ဒသမ ၇ ဘီလျံတန်ဖိုးရှိကြောင်းသိရပါတယ်။ အီလွန်မတ်ဟာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ ၁၉ ရက်ကနေ ၂၉ ရက်အတွင်း ပရဟတိအဖွဲ့စည်းထံရှယ်ယာ ၅ ဒသမ ၄ သန်းကျော်လှူဒါန်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ လက်ရှိအချိန်မှာ အီလွန်မတ်ဟာ သူလှူဒါန်းခဲ့တဲ့ ပရဟိတအဖွဲ့စည်းအမည်ကို ထုတ်ဖော်ပြောဆိုတာမျိုးမရှိဘူးလို့သိရပါတယ်။
အီလွန်မတ်ဟာ ပြီးခဲ့တဲ့နှစ်နောက်ပိုင်းက Tesla Inc, ကုမ္ပဏီရှိ ၎င်းပိုင်ရှယ်ယာများက ၁ဝ ရာခိုင်နှုန်းကိုအမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄ ဘီလျံနဲ့ ရောင်းချခဲ့ဖူးတယ်လို့သိရပါတယ်။ အီလွန်မတ်ဟာ အမေရိကန်ဒေါ်လာ ၂၂၇ ဘီလျံကြွယ်ဝချမ်းသာပြီး ကမ္ဘာ့အချမ်းသာဆုံးလူသားဖြစ်တယ်လို့ Bloomberg Billionaires အညွှန်ကိန်းမှာသတ်မှတ်ခံထားရသူဖြစ်ပါတယ်။
Bloomberg ဟာ ကမ္ဘာ့အချမ်းသာဆုံးလူသားများကို အဆင့်သတ်မှတ်ဖော်ပြခဲ့ရာ အီလွန်မတ်လက ထိပ်ဆုံးမှာရှိနေပြီး Amazon ကုမ္ပဏီပိုင်ရှင်ဂျက်ဖ်ဘီဇောစ့်၊ မိုက်ခရိုဆောဖ့် ကုမ္မဏီပိုင်ရှင် ဘီလ်ဂိတ်တို့က ဒုတိယနဲ့တတိယနေရာမှာရှိနေပါတယ်။Bloomberg ရဲ့ဖော်ပြချက်အရ ဂျက်ဖ်ဘီဇောစ့်ဟာ အမေရိကန်ဒေါ်လာ ၁၈ဝ ဘီလျံကြွယ်ဝချမ်းသာပြီး ဘီလ်ဂိတ်က အမေရိကန် ဒေါ် လာ ၁၂၇ ဘီလျံကြွယ်ဝချမ်းသာတယ်လို့ သိရပါတယ်။ အီလွန်မတ်ဟာ အမေရိကန်နိုင်ငံသားတွေဖြစ်တဲ့ ဘာနီဆန်းဒါးစ့်၊ ဝါရမ်တို့နဲ့ အ ငြင်းပွားမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် ရှယ်ယာတွေကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အီလွန်မတ်ရဲ့ မတ်ဖောင်ဒေးရှင်းဟာ ဘီလ်ဂိတ် နဲ့ မီလင်ဒါ ဖရမ့်ဂိတ်တို့ပြီးရင် အမေရိကန်နိုင်ငံမှာလှူဒါန်းမှုဒုတိယအများဆုံးဖောင်ဒေးရှင်းဖြစ်တယ်လို့သိရပါတယ်။
အီလွန်မတ် နဲ့ သူရဲ့ဖောင်ဒေးရှင်းဟာ ကမ္ဘာပေါ်မှာ ကာဗွန်ကင်းစင်အောင် ကူညီပေးနိုင်မယ့် နည်းပညာ ရှာဖွေဖန်တီးပေးနိုင်မယ့်သူကိုအမေရိကန် ဒေါ်လာ သန်း ၁ဝဝ ဆုချီမြှင့်ဖို့ စီစဉ်ခဲ့သလို Cameron County ဒေသရှိ စာသင်ကျောင်းများအတွက်ပြီးခဲ့တဲ့နှစ်အတွင်းအမေရိကန်ဒေါ်လာ သန်း ၂ဝ လှူဒါန်းကူညီးခဲ့တယ်လို့သိရပါတယ်။
zawgyi version
ကမာၻ႔အခ်မ္းသာဆုံးသူေ႒းႀကီး အီလြန္မတ္က ပရဟိတအဖြဲ႕အစည္းတစ္ခုထံ အေမရိကန္ေဒၚလာ ၆ ဘီလ်ံတန္ဖိုးရွိရွယ္ယာမ်ားလႉဒါန္း
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၅
ကမာၻ႔အခ်မ္းသာဆုံး သူေ႒းႀကီးျဖစ္တဲ့အီလြန္မတ္ ဟာ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလက ပရဟတိအဖြဲ႕အစည္းတစ္ခုကို အေမရိကန္ေဒၚလာ ၅ ဒသမ ၇ဘီလ်ံ လႉဒါန္းခဲ့တယ္လို႔သိရပါတယ္။
Tesla Inc,စီးပြားေရးလုပ္ငန္းစုရဲ႕အမႈေဆာင္အရာရွိခ်ဳပ္အီလြန္မတ္ဟာ ပရဟိတအဖြဲ႕အစည္းထံ Tesla ကုမၸဏီရဲ႕ရွယ္ယာမ်ားလႉဒါန္းေပးခဲ့တာျဖစ္ၿပီး အဲဒီရွယ္ယာေတြကို ေဈးႏႈန္းတြက္ခ်က္ၾကည့္ပါကအေမရိကန္ေဒၚလာ ၅ ဒသမ ၇ ဘီလ်ံတန္ဖိုးရွိေၾကာင္းသိရပါတယ္။ အီလြန္မတ္ဟာ ၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလ ၁၉ ရက္ကေန ၂၉ ရက္အတြင္း ပရဟတိအဖြဲ႕စည္းထံရွယ္ယာ ၅ ဒသမ ၄ သန္းေက်ာ္လႉဒါန္းခဲ့ျခင္းျဖစ္တယ္လို႔သိရပါတယ္။ လက္ရွိအခ်ိန္မွာ အီလြန္မတ္ဟာ သူလႉဒါန္းခဲ့တဲ့ ပရဟိတအဖြဲ႕စည္းအမည္ကို ထုတ္ေဖာ္ေျပာဆိုတာမ်ိဳးမရွိဘူးလို႔သိရပါတယ္။
အီလြန္မတ္ဟာ ၿပီးခဲ့တဲ့ႏွစ္ေနာက္ပိုင္းက Tesla Inc, ကုမၸဏီရွိ ၎ပိုင္ရွယ္ယာမ်ားက ၁ဝ ရာခိုင္ႏႈန္းကိုအေမရိကန္ေဒၚလာ ၁၆ ဒသမ ၄ ဘီလ်ံနဲ႔ ေရာင္းခ်ခဲ့ဖူးတယ္လို႔သိရပါတယ္။ အီလြန္မတ္ဟာ အေမရိကန္ေဒၚလာ ၂၂၇ ဘီလ်ံႂကြယ္ဝခ်မ္းသာၿပီး ကမာၻ႔အခ်မ္းသာဆုံးလူသားျဖစ္တယ္လို႔ Bloomberg Billionaires အၫႊန္ကိန္းမွာသတ္မွတ္ခံထားရသူျဖစ္ပါတယ္။
Bloomberg ဟာ ကမာၻ႔အခ်မ္းသာဆုံးလူသားမ်ားကို အဆင့္သတ္မွတ္ေဖာ္ျပခဲ့ရာ အီလြန္မတ္လက ထိပ္ဆုံးမွာရွိေနၿပီး Amazon ကုမၸဏီပိုင္ရွင္ဂ်က္ဖ္ဘီေဇာစ့္၊ မိုက္ခ႐ိုေဆာဖ့္ ကုမၼဏီပိုင္ရွင္ ဘီလ္ဂိတ္တို႔က ဒုတိယနဲ႔တတိယေနရာမွာရွိေနပါတယ္။Bloomberg ရဲ႕ေဖာ္ျပခ်က္အရ ဂ်က္ဖ္ဘီေဇာစ့္ဟာ အေမရိကန္ေဒၚလာ ၁၈ဝ ဘီလ်ံႂကြယ္ဝခ်မ္းသာၿပီး ဘီလ္ဂိတ္က အေမရိကန္ ေဒၚ လာ ၁၂၇ ဘီလ်ံႂကြယ္ဝခ်မ္းသာတယ္လို႔ သိရပါတယ္။ အီလြန္မတ္ဟာ အေမရိကန္ႏိုင္ငံသားေတြျဖစ္တဲ့ ဘာနီဆန္းဒါးစ့္၊ ဝါရမ္တို႔နဲ႔ အ ျငင္းပြားမႈေတြျဖစ္ေပၚခဲ့ၿပီးေနာက္ ရွယ္ယာေတြကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ အီလြန္မတ္ရဲ႕ မတ္ေဖာင္ေဒးရွင္းဟာ ဘီလ္ဂိတ္ နဲ႔ မီလင္ဒါ ဖရမ့္ဂိတ္တို႔ၿပီးရင္ အေမရိကန္ႏိုင္ငံမွာလႉဒါန္းမႈဒုတိယအမ်ားဆုံးေဖာင္ေဒးရွင္းျဖစ္တယ္လို႔သိရပါတယ္။
အီလြန္မတ္ နဲ႔ သူရဲ႕ေဖာင္ေဒးရွင္းဟာ ကမာၻေပၚမွာ ကာဗြန္ကင္းစင္ေအာင္ ကူညီေပးႏိုင္မယ့္ နည္းပညာ ရွာေဖြဖန္တီးေပးႏိုင္မယ့္သူကိုအေမရိကန္ ေဒၚလာ သန္း ၁ဝဝ ဆုခ်ီျမႇင့္ဖို႔ စီစဥ္ခဲ့သလို Cameron County ေဒသရွိ စာသင္ေက်ာင္းမ်ားအတြက္ၿပီးခဲ့တဲ့ႏွစ္အတြင္းအေမရိကန္ေဒၚလာ သန္း ၂ဝ လႉဒါန္းကူညီးခဲ့တယ္လို႔သိရပါတယ္။