ဂျပန်အခြေစိုက် Kirin ဘီယာလုပ်ငန်းစုမြန်မာနိုင်ငံမှ ထွက်ခွာမည်ဟုဆုံးဖြတ်

 2311

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁၅
ဂျပန်နိုင်ငံအခြေစိုက်ဖြစ်သည့် Kirin ဘီယာလုပ်ငန်းစုသည် မြန်မာနိုင်ငံမှထွက်ခွာတော့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဂျပန်အဖျော်ယမကာကုမ္ပဏီ Kirin အနေဖြင့် မြန်မာ နိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများကို ထောက်ပြခဲ့ကာ မြန်မာဘီယာလုပ်ငန်းတွင် Kirin ဘီယာ၏ ဖက်စပ်လုပ်ငန်းများကိုအဆုံးသတ်ရန်အတွက် နည်းလမ်းရှာဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Myanmar Brewery Limited ကို ၁၉၉၅ ခုနှစ် မတ် လတွင် အကျိုးတူဖက်စပ်လုပ်ငန်းအနေဖြင့် တည် ထောင်ခဲ့ခြင်းဖြစ်ကာ အမေရိကန်ဒေါ်လာသန်း ၆ဝ ရင်းနှီးမြှုပ်ခဲ့ကြောင်းသိရပြီး Kirin အနေဖြင့် ရှယ် ယာ ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ထားကြောင်းသိရသည်။

ဂျပန်နိုင်ငံအခြေစိုက်ဖြစ်သည့် Kirin ဘီယာလုပ်ငန်းစုအနေဖြင့် ရှယ်ယာများကို ရောင်းချသွားမည်ဖြစ်သော်လည်း မည်သူကိုရောင်းချမည်ကိုတော့ လတ်တ လောတွင် အတိအလင်းပြောဆိုထားခြင်းမရှိသေးပေ။

"၎င်းတို့၏ ကုမ္ပဏီအတွင်းရေးကိစ္စနှင့် အဆိုပါဆုံး ဖြတ်ချက်အပေါ် သီးခြားမှတ်ချက်မပေးလိုပါ။ ရင်း နှီးမြှုပ်နှံမှုအမျိုးအစား category အရ ဘီယာလုပ် ငန်းစုထွက်သွားတာဟာ အစားထိုးဖို့လွယ်ကူတဲ့ လုပ်ငန်းဖြစ်တယ်။ ပြောရမယ်ဆိုရင် ဘီယာသောက်သုံးမှုကိုတောင် discourage ဖြစ်သွားတဲ့အတွက် လျော့ကျစေနိုင်ပါတယ်။ ဘီယာတွေဈေးတက်ရင် လျှော့သောက်ကြမှာပေါ့။ မဟုတ်ရင်လည်း အခြားဘီးယာကို အစားထိုးကြမယ်ထင်ပါတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုဟာ ထုတ်လုပ်မှုကို တွန်းအားဖြစ်စေတဲ့ productive investment မဟုတ်ပါဘူး" ရင်းနှီး မြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပြုဖြေကြားထားသည်။

ဂျပန်နိုင်ငံအခြေစိုက်ဖြစ်သည့် Kirin ကုမ္ပဏီအနေ ဖြင့် ၎င်းတို့၏အစုရှယ်ယာပမာဏမည်မျှကို ရောင်းချမည်၊ မည်သူက အစုရှယ်ယာလွှဲပြောင်းလက်ခံရယူမည်စသည့် အစုရှယ်ယာလွှဲပြောင်းရောင်းချခြင်းနှင့်စပ်လျဉ်းသည့် အချက်အလက်များအပါအဝင် အစု ရှယ်ယာလွှဲပြောင်းရောင်းချရန် တရားဝင်တင်ပြလျှောက်ထားလာခြင်းမရှိသေးကြောင်း နစကသ တင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာများကို အသိပေးပြောကြားထားသည်။

zawgyi version
ဂ်ပန္အေျခစိုက္ Kirin ဘီယာလုပ္ငန္းစုျမန္မာႏိုင္ငံမွ ထြက္ခြာမည္ဟုဆုံးျဖတ္
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၁၅

ဂ်ပန္ႏိုင္ငံအေျခစိုက္ျဖစ္သည့္ Kirin ဘီယာလုပ္ငန္းစုသည္ ျမန္မာႏိုင္ငံမွထြက္ခြာေတာ့မည္ျဖစ္ေၾကာင္း ေဖေဖာ္ဝါရီလ ၁၄ ရက္တြင္ ထုတ္ျပန္ခဲ့သည္။

ဂ်ပန္အေဖ်ာ္ယမကာကုမၸဏီ Kirin အေနျဖင့္ ျမန္မာ ႏိုင္ငံတြင္ လူ႔အခြင့္အေရးဆိုင္ရာစိုးရိမ္မႈမ်ားကို ေထာက္ျပခဲ့ကာ ျမန္မာဘီယာလုပ္ငန္းတြင္ Kirin ဘီယာ၏ ဖက္စပ္လုပ္ငန္းမ်ားကိုအဆုံးသတ္ရန္အတြက္ နည္းလမ္းရွာဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

Myanmar Brewery Limited ကို ၁၉၉၅ ခုႏွစ္ မတ္ လတြင္ အက်ိဳးတူဖက္စပ္လုပ္ငန္းအေနျဖင့္ တည္ ေထာင္ခဲ့ျခင္းျဖစ္ကာ အေမရိကန္ေဒၚလာသန္း ၆ဝ ရင္းႏွီးျမႇဳပ္ခဲ့ေၾကာင္းသိရၿပီး Kirin အေနျဖင့္ ရွယ္ ယာ ၅၁ ရာခိုင္ႏႈန္းပိုင္ဆိုင္ထားေၾကာင္းသိရသည္။

ဂ်ပန္ႏိုင္ငံအေျခစိုက္ျဖစ္သည့္ Kirin ဘီယာလုပ္ငန္းစုအေနျဖင့္ ရွယ္ယာမ်ားကို ေရာင္းခ်သြားမည္ျဖစ္ေသာ္လည္း မည္သူကိုေရာင္းခ်မည္ကိုေတာ့ လတ္တ ေလာတြင္ အတိအလင္းေျပာဆိုထားျခင္းမရွိေသးေပ။

"၎တို႔၏ ကုမၸဏီအတြင္းေရးကိစၥႏွင့္ အဆိုပါဆုံး ျဖတ္ခ်က္အေပၚ သီးျခားမွတ္ခ်က္မေပးလိုပါ။ ရင္း ႏွီးျမႇဳပ္ႏွံမႈအမ်ိဳးအစား category အရ ဘီယာလုပ္ ငန္းစုထြက္သြားတာဟာ အစားထိုးဖို႔လြယ္ကူတဲ့ လုပ္ငန္းျဖစ္တယ္။ ေျပာရမယ္ဆိုရင္ ဘီယာေသာက္သုံးမႈကိုေတာင္ discourage ျဖစ္သြားတဲ့အတြက္ ေလ်ာ့က်ေစႏိုင္ပါတယ္။ ဘီယာေတြေဈးတက္ရင္ ေလွ်ာ့ေသာက္ၾကမွာေပါ့။ မဟုတ္ရင္လည္း အျခားဘီးယာကို အစားထိုးၾကမယ္ထင္ပါတယ္။ ဒီလို ရင္းႏွီးျမႇဳပ္ႏွံမႈဟာ ထုတ္လုပ္မႈကို တြန္းအားျဖစ္ေစတဲ့ productive investment မဟုတ္ပါဘူး" ရင္းႏွီး ျမႇဳပ္ႏွံမႈႏွင့္ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနက မွတ္ခ်က္ျပဳေျဖၾကားထားသည္။

ဂ်ပန္ႏိုင္ငံအေျခစိုက္ျဖစ္သည့္ Kirin ကုမၸဏီအေန ျဖင့္ ၎တို႔၏အစုရွယ္ယာပမာဏမည္မွ်ကို ေရာင္းခ်မည္၊ မည္သူက အစုရွယ္ယာလႊဲေျပာင္းလက္ခံရယူမည္စသည့္ အစုရွယ္ယာလႊဲေျပာင္းေရာင္းခ်ျခင္းႏွင့္စပ္လ်ဥ္းသည့္ အခ်က္အလက္မ်ားအပါအဝင္ အစု ရွယ္ယာလႊဲေျပာင္းေရာင္းခ်ရန္ တရားဝင္တင္ျပေလွ်ာက္ထားလာျခင္းမရွိေသးေၾကာင္း နစကသ တင္းထုတ္ျပန္ေရးအဖြဲ႕က မီဒီယာမ်ားကို အသိေပးေျပာၾကားထားသည္။

Related news

© 2021. All rights reserved.