F-35 အမျိုးအစားကိုယ်ပျောက်တိုက်လေယာဉ်များဝယ်ယူဖို့ ထိုင်းအစိုးရစိတ်ဝင်စားနေဟုဆို

950

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၆
ထိုင်းအစိုးရဟာ အမေရိကန်နိုင်ငံထံကနေ F-35 အမျိုးအစားကိုယ်ပျောက်တိုက်လေယာဉ်များ ၀ယ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေတယ်လို့ ကာကွယ်ရေးပစ္စည်းများထုတ်လုပ်နေတဲ့ Lockheed Martin ရဲ့ အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Lockheed Martin ရဲ့အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးဖြစ်တဲ့ တင်ကာဟေးလ်ဟာ စင်ကာပူလေ ကြောင်းပြပွဲနားချိန်မှာ အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ၎င်းက ထိုင်းနိုင်ငံဟာ F-35 အမျိုးအစားကိုယ်ပျောက်တိုက်လေယာဉ်များဝယ်ယူဖို့စိတ်ဝင် စားမှုများရှိနေကြောင်း၊ ဒါပေမယ့် တရားဝင်ကမ်း လှမ်းမှုမျိုးတော့ မရသေးဘူးလို့ဆိုပါတယ်။ ထိုင်း တော်ဝင်လေတပ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းက တိုက်လေယာဉ်လေးစင်းကို အမေရိကန်ဒေါ်လာ ၄၁၃ သန်းနဲ့ဝယ်ယူခဲ့တယ်လို့သိရပါတယ်။
ထိုင်းတော်ဝင်လေတပ်အကြီးအကဲ Napadej Dhupatemiya ကထိုင်းနိုင်ငံအနေနဲ့ F-35 တိုက်လေ ယာဉ် ၈ စင်းဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ဆိုခဲ့ပါတယ်။ Lockheed Martin ရဲ့အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးဖြစ်တဲ့ တင်ကာဟေးလ်က "အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ပေါ်လစီတွေကို စောင့်ကြည့်ရဦးမယ်။ အစိုးရအနေနနဲ့ F-35 တိုက်လေ ယာဉ်တွေကို ထိုင်းနိုင်ငံထံရောင်းချဖို့ခွင့်ပြုခြင်းရှိမရှိဆိုတာကို မသိသေးဘူး၊ " လို့ပြောပါတယ်။ F-35 တိုက်လေယာဉ်ဟာ ကမ္ဘာအကောင်းဆုံးတိုက်လေ ယာဉ်များထဲမှာပါဝင်ပြီး အဆိုပါတိုက်လေယာဉ်ကို အမေရိကန်ရဲ့အဓိက မဟာမိတ်နိုင်ငံတွေထံ ရောင်း ချပေးလျက်ရှိနေတယ်လို့သိရပါတယ်။ အင်ဒို - ပစိဖိတ်ဒေသမှာ သြစတြေးလျ၊ တောင်ကိုရီးယား၊ စင်ကာပူနိုင်ငံတို့ဟာ F-35 တိုက်လေယာဉ်များဝယ်ယူထားတယ်လို့သိရပါတယ်။
zawgyi version
F-35 အမ်ိဳးအစားကိုယ္ေပ်ာက္တိုက္ေလယာဥ္မ်ားဝယ္ယူဖို႔ ထိုင္းအစိုးရစိတ္ဝင္စားေနဟုဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၆
ထိုင္းအစိုးရဟာ အေမရိကန္ႏိုင္ငံထံကေန F-35 အမ်ိဳးအစားကိုယ္ေပ်ာက္တိုက္ေလယာဥ္မ်ား ၀ယ္ယူဖို႔ စိတ္ဝင္စားလ်က္ရွိေနတယ္လို႔ ကာကြယ္ေရးပစၥည္းမ်ားထုတ္လုပ္ေနတဲ့ Lockheed Martin ရဲ႕ အႀကီးတန္းအမႈေဆာင္အရာရွိတစ္ဦးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
Lockheed Martin ရဲ႕အႀကီးတန္းအမႈေဆာင္အရာရွိတစ္ဦးျဖစ္တဲ့ တင္ကာေဟးလ္ဟာ စင္ကာပူေလ ေၾကာင္းျပပြဲနားခ်ိန္မွာ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ ၎က ထိုင္းႏိုင္ငံဟာ F-35 အမ်ိဳးအစားကိုယ္ေပ်ာက္တိုက္ေလယာဥ္မ်ားဝယ္ယူဖို႔စိတ္ဝင္ စားမႈမ်ားရွိေနေၾကာင္း၊ ဒါေပမယ့္ တရားဝင္ကမ္း လွမ္းမႈမ်ိဳးေတာ့ မရေသးဘူးလို႔ဆိုပါတယ္။ ထိုင္း ေတာ္ဝင္ေလတပ္ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလအတြင္းက တိုက္ေလယာဥ္ေလးစင္းကို အေမရိကန္ေဒၚလာ ၄၁၃ သန္းနဲ႔ဝယ္ယူခဲ့တယ္လို႔သိရပါတယ္။
ထိုင္းေတာ္ဝင္ေလတပ္အႀကီးအကဲ Napadej Dhupatemiya ကထိုင္းႏိုင္ငံအေနနဲ႔ F-35 တိုက္ေလ ယာဥ္ ၈ စင္းဝယ္ယူဖို႔ စိတ္ဝင္စားေနတယ္လို႔ဆိုခဲ့ပါတယ္။ Lockheed Martin ရဲ႕အႀကီးတန္းအမႈေဆာင္အရာရွိတစ္ဦးျဖစ္တဲ့ တင္ကာေဟးလ္က "အေမရိကန္အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ေပၚလစီေတြကို ေစာင့္ၾကည့္ရဦးမယ္။ အစိုးရအေနနနဲ႔ F-35 တိုက္ေလ ယာဥ္ေတြကို ထိုင္းႏိုင္ငံထံေရာင္းခ်ဖို႔ခြင့္ျပဳျခင္းရွိမရွိဆိုတာကို မသိေသးဘူး၊ " လို႔ေျပာပါတယ္။ F-35 တိုက္ေလယာဥ္ဟာ ကမာၻအေကာင္းဆုံးတိုက္ေလ ယာဥ္မ်ားထဲမွာပါဝင္ၿပီး အဆိုပါတိုက္ေလယာဥ္ကို အေမရိကန္ရဲ႕အဓိက မဟာမိတ္ႏိုင္ငံေတြထံ ေရာင္း ခ်ေပးလ်က္ရွိေနတယ္လို႔သိရပါတယ္။ အင္ဒို - ပစိဖိတ္ေဒသမွာ ၾသစေၾတးလ်၊ ေတာင္ကိုရီးယား၊ စင္ကာပူႏိုင္ငံတို႔ဟာ F-35 တိုက္ေလယာဥ္မ်ားဝယ္ယူထားတယ္လို႔သိရပါတယ္။