မလေးရှားရောက်မြန်မာများအပေါ် နိုင်ငံကူးလက်မှတ်လိမ်လည်လုပ်ဆောင်ပေးနေသူများကို နိုင်ငံကူးလက်မှတ်ဖျက်သိမ်းခြင်းဖြင့် အရေးယူမည်ဟု မြန်မာသံရုံး သတိပေး

 664

မျိုးကြီး (NP News) - ဖေဖော်ဝါရီ ၁၇
မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအပေါ် နိုင်ငံကူးလက်မှတ်လိမ်လည်လုပ်ဆောင်ပေးနေသူများကို မြန်မာနိုင်ငံကူးလက်မှတ်ဖျက်သိမ်းခြင်းအပါအဝင် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက ဖေဖော်ဝါရီ ၁၇ ရက်တွင် သတိပေးထုတ်ပြန်ခဲ့သည်။

လူမှုကွန်ယက်စာမျက်နှာ Facebook တွင် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးနှင့်ပတ်သက်မှုရှိသည်ဟုဆိုကာ "မလေးရှားသံရုံးတာဝန်ခံ ကိုမြင့်အောင်"၊ "ကိုမင်းမင်းစိုး မလေးရှား"၊ "ရာမညမြေမှမလေးရှား အထွေထွေအကျိုးဆောင်" နှင့် "Myanmar Embassy ih Kuala Lumpur MalaySia" စသည့် အကောင့်များဖြင့် မြန်မာနိုင်ငံကူးလက်မှတ်နှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်များကို ဝန်ဆောင်မှုပေးနေသည် ဟု ရေးသားကြေညာထားသည်ကို တွေ့ရှိရကြောင်း မြန်မာသံရုံးက ဆိုသည်။

ထို့ပြင် မြန်မာသံရုံးမှဝန်ထမ်းဟုပြောဆိုကာ မြန်မာအလုပ်သမားများရှိရာ စက်ရုံများသို့ သွားရောက်ခြင်း၊ မြန်မာ သံရုံးပြင်ပတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးခြင်း၊ အသစ်ပြုလုပ်ခြင်းများဆောင်ရွက်ပေးမည် စသဖြင့် မသမာမှုများပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထက်ပါလူမှုကွန်ယက်စာမျက်နှာများသည် မြန်မာသံရုံးနှင့်လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်းနှင့် ၎င်းတို့နှင့် ပတ်သက်သည့်ကိစ္စအဝဝကိုလည်း တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ကြောင်း သံရုံးက သတိပေးထားသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို လိမ်လည်လှည့်ဖျားနေသော ပုဂ္ဂိုလ်များ၊ လူမှုကွန်ယက်အကောင့် ပိုင်ရှင်များနှင့် ၎င်းတို့နှင့်ဆက်သွယ်ဆောင်ရွက်နေသူများကို စုံစမ်းသိရှိရပါက မလေးရှားနိုင်ငံနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်းကာ အမည်မည်း(Black List) စာရင်းရေးသွင်းခြင်း၊ မြန်မာနိုင်ငံကူး လက်မှတ်ဖျက်သိမ်းခြင်းနှင့် အမှုဖွင့်အရေးယူခြင်းစသည့် ထိရောက်သော စုံစမ်းအရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သံရုံးက သတိပေးထားသည်။

Zawgyi Version;
မေလးရွားေရာက္ျမန္မာမ်ားအေပၚ ႏိုင္ငံကူးလက္မွတ္လိမ္လည္လုပ္ေဆာင္ေပးေနသူမ်ားကို ႏိုင္ငံကူးလက္မွတ္ဖ်က္သိမ္းျခင္းျဖင့္ အေရးယူမည္ဟု ျမန္မာသံ႐ုံး သတိေပး
မ်ိဳးႀကီး (NP News) - ေဖေဖာ္ဝါရီ ၁၇
မေလးရွားႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားအေပၚ ႏိုင္ငံကူးလက္မွတ္လိမ္လည္လုပ္ေဆာင္ေပးေနသူမ်ားကို ျမန္မာႏိုင္ငံကူးလက္မွတ္ဖ်က္သိမ္းျခင္းအပါအဝင္ ထိေရာက္စြာ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ျမန္မာသံ႐ုံးက ေဖေဖာ္ဝါရီ ၁၇ ရက္တြင္ သတိေပးထုတ္ျပန္ခဲ့သည္။

လူမႈကြန္ယက္စာမ်က္ႏွာ Facebook တြင္ မေလးရွားႏိုင္ငံရွိ ျမန္မာသံ႐ုံးႏွင့္ပတ္သက္မႈရွိသည္ဟုဆိုကာ "မေလးရွားသံ႐ုံးတာဝန္ခံ ကိုျမင့္ေအာင္"၊ "ကိုမင္းမင္းစိုး မေလးရွား"၊ "ရာမညေျမမွမေလးရွား အေထြေထြအက်ိဳးေဆာင္" ႏွင့္ "Myanmar Embassy ih Kuala Lumpur MalaySia" စသည့္ အေကာင့္မ်ားျဖင့္ ျမန္မာႏိုင္ငံကူးလက္မွတ္ႏွင့္ မည္သူမည္ဝါျဖစ္ေၾကာင္း သက္ေသခံလက္မွတ္မ်ားကို ဝန္ေဆာင္မႈေပးေနသည္ ဟု ေရးသားေၾကညာထားသည္ကို ေတြ႕ရွိရေၾကာင္း ျမန္မာသံ႐ုံးက ဆိုသည္။

ထို႔ျပင္ ျမန္မာသံ႐ုံးမွဝန္ထမ္းဟုေျပာဆိုကာ ျမန္မာအလုပ္သမားမ်ားရွိရာ စက္႐ုံမ်ားသို႔ သြားေရာက္ျခင္း၊ ျမန္မာ သံ႐ုံးျပင္ပတြင္ ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးေပးျခင္း၊ အသစ္ျပဳလုပ္ျခင္းမ်ားေဆာင္႐ြက္ေပးမည္ စသျဖင့္ မသမာမႈမ်ားျပဳလုပ္ေနေၾကာင္း စုံစမ္းသိရွိရသည္ဟု မေလးရွားႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံး၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အထက္ပါလူမႈကြန္ယက္စာမ်က္ႏွာမ်ားသည္ ျမန္မာသံ႐ုံးႏွင့္လုံးဝ သက္ဆိုင္ျခင္းမရွိေၾကာင္းႏွင့္ ၎တို႔ႏွင့္ ပတ္သက္သည့္ကိစၥအဝဝကိုလည္း တာဝန္ယူေျဖရွင္းေပးမည္မဟုတ္ေၾကာင္း သံ႐ုံးက သတိေပးထားသည္။

မေလးရွားႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားကို လိမ္လည္လွည့္ဖ်ားေနေသာ ပုဂၢိဳလ္မ်ား၊ လူမႈကြန္ယက္အေကာင့္ ပိုင္ရွင္မ်ားႏွင့္ ၎တို႔ႏွင့္ဆက္သြယ္ေဆာင္႐ြက္ေနသူမ်ားကို စုံစမ္းသိရွိရပါက မေလးရွားႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံရွိ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ပူးေပါင္းကာ အမည္မည္း(Black List) စာရင္းေရးသြင္းျခင္း၊ ျမန္မာႏိုင္ငံကူး လက္မွတ္ဖ်က္သိမ္းျခင္းႏွင့္ အမႈဖြင့္အေရးယူျခင္းစသည့္ ထိေရာက္ေသာ စုံစမ္းအေရးယူမႈမ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သံ႐ုံးက သတိေပးထားသည္။

Related news

© 2021. All rights reserved.