ထိုင်းနိုင်ငံမှာ မှောင်ခိုသမားတွေဖမ်းဆီးထားတဲ့ မျောက်ဒါဇင်ပေါင်းများစွာကို သိမ်းဆည်းရမိ

982

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၇
ထိုင်းနိုင်ငံ၊ Saraburi ပြည်နယ်ရှိ လူမနေတဲ့အဆောက်အဦးတစ်ခုမှာ အလုံပိတ်အိတ်များ၊ သေတ္တာများနဲ့ ရောင်းဝယ်ဖောက်ကားဖို့သိမ်းဆည်းထားတဲ့ မျောက်အကောင်ရေ သုံးဆယ်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီးနောက် တောရိုင်းတိရစ္ဆာန် မှောင်ခိုသမားတွေက အဆိုပါနေရာမှာ ထားရှိခဲ့တာဖြစ်မယ်လို့ ကောက်ချက်ချခဲ့ပါတယ်။
ဖေဖော်ဝါရီလ(၁၇) ရက်၊ ကြာသပတေးနေ့က Phra Phuttabat ခရိုင်ရှိ အဆိုပါ လူမနေ အဆောက်အအုံမှ တိရစ္ဆာန်တွေရဲ့အော်ဟစ်သံတွေ ကြားရကြောင်း လမ်းသွားလမ်းလာ ကားသမား Phirom Phranavee က သတင်းပေးပို့ရာမှ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။
အဆိုပါအဆောက်အဦးမှာ ဧည့်ခန်းအတွင်း ပလပ်စတစ်ပုံးများနဲ့တစ်မျိုး၊ ရေချိုးခန်းအတွင်း နိုင်လွန်ကြိုးများနဲ့ တစ်ဖုံ တွဲလောင်းချိတ်ဆွဲထားတဲ့ မျောက်အကောင်ရေ ၂၉ ကောင်ကို တွေ့ရှိခဲ့ပြီး တိရစ္ဆာန်များကို စစ်ဆေးဖို့ တိုင်းဒေသကြီး သစ်တောစီမံခန့်ခွဲမှုရုံးမှ ကျွမ်းကျင်သူများကို ရဲတပ်ဖွဲ့က ခေါ်ယူ စစ်ဆေးစေခဲ့ပါတယ်။
ရုံးဒါရိုက်တာ Sutthipong Kaemthupthim က ၎င်းတို့ကို ဘေးမဲ့တောရိုင်းတိရစ္ဆာန်ဖြစ်တဲ့ တောရိုင်း မျောက်များဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး Pha Phuttabat ရှိ တာဝန်ကျအရာရှိ Pol Capt Nawaret Kraiyajaem ကို တိုင်ကြားခဲ့ကာ တရားခံများကို ရှာဖွေဖမ်းဆီးပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ပြစ်မှုကျူးလွန်သူတွေဟာ အမြင့်ဆုံးဒဏ်ငွေ ဘတ် ၅ဝဝဝဝဝ (သို့မဟုတ်) ထောင်ဒဏ်ငါးနှစ် ချမှတ်ခံခဲ့ရနိုင် တယ်လို့ သိရပါတယ်။
မှောင်ခိုသမားတွေဟာ အနီးအနားရှိ ရဲစစ်ဆေးရေးဂိတ်တွေရဲ့ရှာဖွေဖမ်းဆီးမှုမှ ရှောင်လွှဲဖို့ ထွက်ပြေးသွားခဲ့ကြ တာကြောင့် အဆိုပါ တောရိုင်းတိရစ္ဆာန်တွေကိုထားခဲ့ဖွယ်ရှိကြောင်း ရဲမှူးကြီး Nawaret က ဆိုပါတယ်။ တွေ့ရှိသိမ်းဆည်းရမိခဲ့တဲ့ မျောက်များကို Nakhon Nayok ပြည်နယ်ရှိ တောရိုင်းတိရိစ္ဆာန် ဂေဟာတစ်ခုသို့ ခေါ်ဆောင်သွားကာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံမွာ ေမွာင္ခိုသမားေတြဖမ္းဆီးထားတဲ့ ေမ်ာက္ဒါဇင္ေပါင္းမ်ားစြာကို သိမ္းဆည္းရမိ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၇
ထိုင္းႏိုင္ငံ၊ Saraburi ျပည္နယ္ရွိ လူမေနတဲ့အေဆာက္အဦးတစ္ခုမွာ အလုံပိတ္အိတ္မ်ား၊ ေသတၱာမ်ားနဲ႔ ေရာင္းဝယ္ေဖာက္ကားဖို႔သိမ္းဆည္းထားတဲ့ ေမ်ာက္အေကာင္ေရ သုံးဆယ္ကို ရဲတပ္ဖြဲ႕က ေတြ႕ရိွခဲ့ၿပီးေနာက္ ေတာ႐ိုင္းတိရစာၦန္ ေမွာင္ခိုသမားေတြက အဆိုပါေနရာမွာ ထားရိွခဲ့တာျဖစ္မယ္လို႔ ေကာက္ခ်က္ခ်ခဲ့ပါတယ္။
ေဖေဖာ္ဝါရီလ(၁၇) ရက္၊ ၾကာသပေတးေန႔က Phra Phuttabat ခ႐ိုင္ရွိ အဆိုပါ လူမေန အေဆာက္အအုံမွ တိရစၧာန္ေတြရဲ႕ေအာ္ဟစ္သံေတြ ၾကားရေၾကာင္း လမ္းသြားလမ္းလာ ကားသမား Phirom Phranavee က သတင္းေပးပို႔ရာမွ ရဲတပ္ဖြဲ႕က ဝင္ေရာက္စီးနင္းခဲ့တာျဖစ္ပါတယ္။
အဆိုပါအေဆာက္အဦးမွာ ဧည့္ခန္းအတြင္း ပလပ္စတစ္ပုံးမ်ားနဲ႔တစ္မ်ဳိး၊ ေရခ်ိဳးခန္းအတြင္း ႏိုင္လြန္ႀကိဳးမ်ားနဲ႔ တစ္ဖံု တြဲေလာင္းခ်ိတ္ဆြဲထားတဲ့ ေမ်ာက္အေကာင္ေရ ၂၉ ေကာင္ကို ေတြ႕ရွိခဲ့ၿပီး တိရစာၦန္မ်ားကို စစ္ေဆးဖို႔ တိုင္းေဒသႀကီး သစ္ေတာစီမံခန႔္ခြဲမႈ႐ုံးမွ ကြၽမ္းက်င္သူမ်ားကို ရဲတပ္ဖြဲ႕က ေခၚယူ စစ္ေဆးေစခဲ့ပါတယ္။
႐ုံးဒါ႐ိုက္တာ Sutthipong Kaemthupthim က ၎တို႔ကို ေဘးမဲ့ေတာ႐ိုင္းတိရစာၦန္ျဖစ္တဲ့ ေတာ႐ိုင္း ေမ်ာက္မ်ားျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားခဲ့ၿပီး Pha Phuttabat ရိွ တာဝန္က်အရာရွိ Pol Capt Nawaret Kraiyajaem ကို တိုင္ၾကားခဲ့ကာ တရားခံမ်ားကို ရွာေဖြဖမ္းဆီးေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။
ျပစ္မႈက်ဴးလြန္သူေတြဟာ အျမင့္ဆုံးဒဏ္ေငြ ဘတ္ ၅ဝဝဝဝဝ (သို႔မဟုတ္) ေထာင္ဒဏ္ငါးႏွစ္ ခ်မွတ္ခံခဲ့ရႏိုင္ တယ္လို႔ သိရပါတယ္။
ေမွာင္ခိုသမားေတြဟာ အနီးအနားရွိ ရဲစစ္ေဆးေရးဂိတ္ေတြရဲ႕ရွာေဖြဖမ္းဆီးမႈမွ ေရွာင္လႊဲဖို႔ ထြက္ေျပးသြားခဲ့ၾက တာေၾကာင့္ အဆိုပါ ေတာ႐ိုင္းတိရစာၦန္ေတြကိုထားခဲ့ဖြယ္ရွိေၾကာင္း ရဲမွဴးႀကီး Nawaret က ဆိုပါတယ္။ ေတြ႕ရွိသိမ္းဆည္းရမိခဲ့တဲ့ ေမ်ာက္မ်ားကို Nakhon Nayok ျပည္နယ္ရွိ ေတာ႐ိုင္းတိရိစာၦန္ ေဂဟာတစ္ခုသို႔ ေခၚေဆာင္သြားကာ ထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။