ရေဦးမြို့နယ်၊ အင်တောကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တစ်ပါး လုပ်ကြံသတ်ဖြတ်ခံရ

1489

NP News - ဖေဖော်ဝါရီ ၂ဝ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ အင်တောကျေးရွာရှိ မင်းရွာမြောက်ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တစ်ပါးအား ဖေဖော်ဝါရီလ ၁၄ ရက်တွင် လက်နက်ကိုင်လူတစ်စုမှ သင်္ကန်းချွတ်လူဝတ်လဲကာ လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ ဖေဖော်ဝါရီလ ၁၉ ရက်ညပိုင်းထုတ်ပြန်ချက်တွင် အင်တောကျေးရွာရှိ မင်းရွာမြောက်ဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးနေထိုင်လျက်ရှိသည့် ဆရာတော် ဥူးစန္ဒေါ (ခ) ဦးစိန်မောင်း (၅၈)နှစ် ဝါတော် (၈)ဝါအား ဖေဖော်ဝါရီလ ၁၄ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အင်အား (၅ဝ) ဦးခန့်က သင်္ကန်းချွတ်လူဝတ်လဲကာကြိုးများဖြင့်တုပ်နှောင်၍ ရေဦးကုန်းကျေးရွာအုပ်စု၊ နပေါင်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း၊ အဆိုပါသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဆရာတော်အားနယ်မြေအ တွင်း လိုက်လံပိတ်ဆို့ရှာဖွေစုံစမ်းခဲ့ရာ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၈ နာရီတွင် နှောကုန်းကျေးရွာအနီးရှိ မူးဘောင်ရေမြောင်းအတွင်း၌ ဆရာတော်အား လည် ပင်းတွင် ကြိုးချည်လျက်ဖြင့်တွေ့ရှိရပြီး လက်နက် ကိုင်အဖွဲ့၏ရက်စက်စွာသတ်ဖြတ်မှုကြောင့်နဖူးပြတ် ရှဒဏ်ရာ၊ လည်ပင်းပြတ်ရှဒဏ်ရာ၊ ယာနားထင်မှ ယာပါးအထိ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရေးသားထားသည်။
မြန်မာစစ်တပ်အာဏာရယူပြီးနောက် နိုင်ငံအတွင်းနေရာအချို့တို့တွင် သံဃာတော် ၂၄ ပါးပျံလွန်တော်မူခဲ့ပြီး သံဃာတော် ၉ ပါးထိခိုက်ဒဏ်ရာများရရှိထား ခဲ့ကြောင်းသိရသည်။
zawgyi version
ေရဦးၿမိဳ႕နယ္၊ အင္ေတာေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္းမွ ဆရာေတာ္တစ္ပါး လုပ္ႀကံသတ္ျဖတ္ခံရ
NP News - ေဖေဖာ္ဝါရီ ၂ဝ
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရဦးၿမိဳ႕နယ္၊ အင္ေတာေက်း႐ြာရွိ မင္း႐ြာေျမာက္ဘုန္းေတာ္ႀကီးေက်ာင္းမွ ဆရာေတာ္တစ္ပါးအား ေဖေဖာ္ဝါရီလ ၁၄ ရက္တြင္ လက္နက္ကိုင္လူတစ္စုမွ သကၤန္းခြၽတ္လူဝတ္လဲကာ လုပ္ႀကံသတ္ျဖတ္မႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕၏ ေဖေဖာ္ဝါရီလ ၁၉ ရက္ညပိုင္းထုတ္ျပန္ခ်က္တြင္ အင္ေတာေက်း႐ြာရွိ မင္း႐ြာေျမာက္ဘုန္းေတာ္ႀကီးေက်ာင္း၌ သီတင္းသုံးေနထိုင္လ်က္ရွိသည့္ ဆရာေတာ္ ဥဴးစေႏၵါ (ခ) ဦးစိန္ေမာင္း (၅၈)ႏွစ္ ဝါေတာ္ (၈)ဝါအား ေဖေဖာ္ဝါရီလ ၁၄ ရက္၊ မြန္းလြဲ ၃ နာရီခန႔္တြင္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕အင္အား (၅ဝ) ဦးခန႔္က သကၤန္းခြၽတ္လူဝတ္လဲကာႀကိဳးမ်ားျဖင့္တုပ္ေႏွာင္၍ ေရဦးကုန္းေက်း႐ြာအုပ္စု၊ နေပါင္ေက်း႐ြာဘက္သို႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း၊ အဆိုပါသတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ဆရာေတာ္အားနယ္ေျမအ တြင္း လိုက္လံပိတ္ဆို႔ရွာေဖြစုံစမ္းခဲ့ရာ ေဖေဖာ္ဝါရီလ ၁၈ ရက္ နံနက္ ၈ နာရီတြင္ ေႏွာကုန္းေက်း႐ြာအနီးရွိ မူးေဘာင္ေရေျမာင္းအတြင္း၌ ဆရာေတာ္အား လည္ ပင္းတြင္ ႀကိဳးခ်ည္လ်က္ျဖင့္ေတြ႕ရွိရၿပီး လက္နက္ ကိုင္အဖြဲ႕၏ရက္စက္စြာသတ္ျဖတ္မႈေၾကာင့္နဖူးျပတ္ ရွဒဏ္ရာ၊ လည္ပင္းျပတ္ရွဒဏ္ရာ၊ ယာနားထင္မွ ယာပါးအထိ ျပတ္ရွဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကို ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း ေရးသားထားသည္။
ျမန္မာစစ္တပ္အာဏာရယူၿပီးေနာက္ ႏိုင္ငံအတြင္းေနရာအခ်ိဳ႕တို႔တြင္ သံဃာေတာ္ ၂၄ ပါးပ်ံလြန္ေတာ္မူခဲ့ၿပီး သံဃာေတာ္ ၉ ပါးထိခိုက္ဒဏ္ရာမ်ားရရွိထား ခဲ့ေၾကာင္းသိရသည္။